Thursday, April 7, 2011
မြန်မာ့ရေးရာ သတင်းပဒေသာ (၇-၄-၂၀၁၁)
- မြ၀တီ ဗုံးတလုံး ထပ်မံပေါက်ကွဲ click
- UWSA နဲ့ မြန်မာတပ် ပထမအကြိမ် တိုက်ပွဲဖြစ် click
- ရှမ်းပြည်တပ်မတော် မြောက်ပိုင်းတပ်နဲ့ မြန်မာစစ်တပ်ကြား တိုက်ပွဲတွေ ဆက်ဖြစ် click
- အဝေမတည့်မှုကြောင့် လားဟူပြည်သူ့စစ်နှင့် မြန်မာစစ်တပ်အကြား ပစ်ခတ်မှုဖြစ်ပွား click
- ဗမာတပ်အင်အား ဖြည့်တင်းမှု မရပ်နားသဖြင့် ပစ်ခတ်မှု ဆက်လက်ဖြစ်ပွားနေ click
- မြန်မာနယ်စပ်အနီး တရုတ်တပ်စခန်းသစ်တွေ တည်ဆောက် click
- မြန်မာနယ်စပ်အနီး ဘင်္ဂလားဒေ့ရှ်တွင် အဆင့်မြင့် လေတပ်အခြေစိုက်စခန်း တည်ဆောက် click
- သံလွင်တာ့ဆန်း ရေကာတာစီမံကိန်း ပြန်လည်စတင်မှုနဲ့အတူ ရာဘ၊ ဘိန်းဖြူများ ပျံ့နှံ့ click
- စီးပွားရေးပိတ်ဆို့အရေးယူမှု ရုတ်သိမ်းဖို့မသင့်သေးကြောင်း အမေရိကန် ထပ်မံပြောဆို click
- အမေရိကန်ရောက် ရွှေဝါရောင်သံဃာတော်များက အမေရိကန်လွှတ်တော်အမတ်များအား မြန်မာ့အရေး တိုး မြှင့်လုပ်ဆောင်ရန် တိုက်တွန်း click
- နိုင်ငံရေးအကျဉ်းသားများ အစာငတ်ခံ ဆန္ဒပြမည်လော click
- သမ္မတ ဦးသိန်းစိန် သတင်းစာရှင်းလင်းပွဲ လုပ်မည် click
- ဗိုလ်ချုပ်မှူးကြီး သန်းရွှေ စစ်တပ်ရာထူးမှ အနားယူမယူ အတည်မပြုနိုင်သေး click
- ရန်ကုန်နှင့် မန္တလေးမြို့တော်ဝန် ပြောင်းလဲခြင်းကို တရားဝင် ထုတ်ပြန် click
- သင်္ကြန်အပြီး လမ်းပြန်ခင်းမည်ဟု ကြံ့ခိုင်ရေး ပြော click
- ဝန်ကြီးဌာန (၂) ခုလိုဟု ချင်းပါတီများ ပြော click
- ပြည်ထောင်စုညီလာခံ အစိုးရကျင်းပဖို့ တောင်းဆို (အင်တာဗျူး) click
- ကြိုးနီစနစ် မပျောက်သေးသော ကရင်ပြည်နယ်မှ မြ၀တီ click
- တရုတ်ပြည်သို့ မီးသွေး ပိုတင်ပို့၊ နမ့်ခမ်း၌ မီးသွေး ဈေးတက် click
- မြန်မာကျန်းမာရေး စောင့်ရှောက်မှု အလွန်နိမ့်ကျ click
- သွေးလှူသည့် မန္တလေးမှ မွတ်စလင်များ click
- စရိတ်မျှပေး ကျန်းမာရေးဆီသို့ (၃) (အင်တာဗျူး) click
- ဘုရားသုံးဆူနယ်စပ်တွင် ကုန်စည်ဖလှယ် ဈေးရောင်းပွဲတော် ကျင်းပ click
- အောက်ခြေဝန်ထမ်း အဆင့်အတန်း မြင့်ချင်ရဲ့ (ပေးစာ) click
- လုံခြုံရေးစရိတ် အကုန်ကျများသော်လည်း သင်္ကြန်မဏ္ဍပ်များ လူဝင်နည်း click
- သျှမ်းရိုးရာသင်္ကြန် ယူနန်တွင် စည်ကားစွာ ကျင်းပမည် click
- ရခိုင်သားကြီး ကိုလှမြင့်နဲ့ ရန်ကုန် ရခိုင်သင်္ကြန်ကိစ္စ လျှပ်တပြက် အင်တာဗျူး click
- ပြန်လည်ပြောဖြစ်ခဲ့မယ်ဆိုရင် (၂) (ဆောင်းပါး) click
- ကျနော့်အမြင်နဲ့ ကြားသိရသမျှ (၅) (ဆောင်းပါး) click
- ငါ ဆိုင်းဘုတ်ကြီး ထောင်မယ်၊ လမ်းပေါ် ဆင်းလျှောက်ကြ (ဆောင်းပါး) click
- တင်မိုးရဲ့ နောက်ဆုံးဆန္ဒ (ကဗျာ) click
- မြွေပွေး ကိုက်လို့ မသေ၊ မြက်ရှော ပတ်မှ သေမယ့် မသာ (ကဗျာ) click
- ဂျပန် ငလျင် ထပ်လှုပ် click
- ဂျပန်မှာ အင်အားပြင်း ငလျင်ထပ်လှုပ် click
- ဂျပန်မှာ ငလျင်ကြီးတခု ထပ်လှုပ် click
- ဂျပန် အင်အားကြီးငလျင် ထပ်လှုပ်ပေမယ့် ဆူနာမီ သတိပေးချက် ပြန်ရုပ်သိမ်း click
- ပြင်းအား (၇.၁) ရှိ ငလျင် ဂျပန်တွင် လှုပ်ခတ် click
- နေတိုး မှားပစ်လို့ လစ်ဗျားသူပုန်တွေ သေ click
- လူမှုကယ်ဆယ်ရေးအကူအညီတွေ လိုအပ်နေ click
- အမေရိကန်ဘတ်ဂျက် အတည်မပြုနိုင်သေး click
- အမေရိကန်လွှတ်တော်မှာ အစိုးရဘတ်ဂျက် သဘောတူမှု မရသေး click
- မြောက်ကိုးရီးယား ဆန်တင်သင်္ဘော ဘင်္ဂလာဒေခ်ျ့တွင် နစ်မြုပ် click
- ဘာဆေးမှမတိုးတဲ့ ဘက်တီးရီးယားပိုး အိန္ဒိယမှာ တွေ့ click
- ဗိုလ်ချုပ်မှူးကြီး သန်းရွှေ စစ်တပ်ကို ချုပ်ကိုင်ဆဲ click
- အဖျက်အမှောင့်သမားများကို ဖော်ထုတ်အရေးယူကြရန် သမ္မတ ပြော click
- ကယန်းဝန်ကြီး ရှမ်းတောင်ပိုင်း ဘိန်းစိုက်ပျိုးမှု ပပျောက်ရန် လုပ်ဆောင်လို click
- အာဆီယံပါလီမန်အဖွဲ့ ၀င်ရန် မြန်မာ ကြိုးပမ်း click
- ရှမ်းပြည်တပ်မတော် (မြောက်ပိုင်း) နှင့် အစိုးရစစ်တပ် ဆွေးနွေးမည်မဟုတ် click
- ကရင်ပြည်နယ် ကျောက်မီးသွေးတွင်း DKBA နှင့် KNU ပတ်သက် click
- တာလီဘန်နှင့် ဆက်စပ်မှု သံသယရှိသူများကို ရုံးထုတ် click
- တာလီဘန်နှင့် ဆက်နွယ်သူများအမှု ရခိုင်ရှေ့နေများ လိုက်ပါဆောင်ရွက်မည် click
- ဖမ်းထားသည့် ကနေဒါနိုင်ငံသားအမှု သင်္ကြန်ပြီးမှ ဆက်စစ်မည် click
- နယ်စပ်ဖြတ်ကျော်သည့် ကနေဒါနိုင်ငံသား ပြည်နှင်ဒဏ် ခံရနိုင် click
- မြို့နယ်လုံခြုံရေးအဖွဲ့ကို ငါးဦးပါဖြင့် ဖွဲ့စည်း click
- မွန်စာပေ သင်ကြားခွင့်ရရန် မွန်ပြည်နယ်ဝန်ကြီးကို တောင်းဆို click
- ကြားညပ်နေတဲ့ မြန်မာပြည် (ဆောင်းပါး) click
- RFA က ဧရာဝတီ စကားဝိုင်း (ဧပြီ ၇၊ ၂၀၁၁) click
- ငလျင်ဒဏ်ခံဒေသတွင် ဝမ်းရောဂါ စဖြစ် click
- ရှမ်းပြည်ငလျင် အပျက်အစီး ရှင်းလင်းရေး နှေးကွေး click
- လေဘေးသင့်သူများကို ကြံ့ခိုင်ရေးပါတီက ကျပ်တသောင်းစီ လှူဒါန်း click
- ဆူနာမီ၊ ဟိုက်ဒြိုဂျင်ပေါက်ကွဲမှုနဲ့ မြန်မာတွေရဲ့အလှူ click
- ထိန်းသိမ်းရေးစခန်းမှ ထွက်ပြေးသည့် မြန်မာများကို ပြန်ဖမ်း click
- မလေးရှား၌ နိုင်ငံခြားသားအလုပ်သမား တင်းကျပ်၊ မြန်မာများ စိုးရိမ် click
- ထင်းပါမစ်ယူပြီး ပျဉ်းကတိုးပင်ကြီးများ ခုတ်လှဲ click
- ဂျပန်ရောက် မင်္ဂလာဒိုး ရဲရဲတောက် သံချပ်ထုတ် click
- အရေးပေါ် ကာတွန်းပြပွဲသတင်း click
- မက္ကဆီကို နွားခြံထဲမှာ လူသေအလောင်း (၄၀) လောက် တွေ့ click
- ထိုင်းစုံတွဲ ကမ္ဗောဒီးယားက လွှတ်မပေး click
Posted by
ဒေါက်တာလွဏ်းဆွေ
at
7:31 PM
0
comments
Labels: သတင်း
ပြာခံနေသော သျှမ်းပြည်နယ် ၀န်ကြီးများအဖွဲ့ရုံး (ပေးစာ)
အစိုးရသစ်လက်အောက် ရောက်ရှိလာသည်နှင့် တစ်ပြိုင်နက်တည်း တောင်ကြီးမြို့တွင်ရှိသော ယခင်အခေါ် ပယကရုံး (ယခုအခေါ် မသိပါ) သည် အရမ်းစည်ကားလျက်ရှိနေပါသည်။ ကားကြီး၊ ကားငယ် အသွယ်သွယ် ဖြင့် ၀င်ထွက်သွားလာလှုပ်ရှားလျက်ရှိပြီး အိမ်ထောင်ပရိဘောဂမျိုးစုံဖြစ်သော ဆက်တီထိုင်ခုံများ၊ စားပွဲများ ဆိုဒ်စုံ သယ်ယူဝင်ထွက်နေသည်မှာ ဟိုတယ်တခု တည်ဆောက်နေသလို သယ်ယူလို့မပြီးနိုင် ဖြစ်နေသည်ကို တွေ့နေရပါသည်။
အဆိုပါ ပစ္စည်းများသည် ယခုအသစ်ရောက်ရှိလာသော ၀န်ကြီးများအတွက်ဖြစ်ကြောင်း၊ ၀န်ကြီးများအတွက် ပြင်ဆင်ပေးထားသော ပယကရုံးအပေါ်ထပ်ရှိ အခန်းများတွင် ရုံးထိုင်ကြသော ၀န်ကြီးများက မိမိတို့အခန်းအ တွင်း လိုအပ်သော ဇိမ်ခံပစ္စည်းများကို ၄င်းတို့ သိန်းချီရရှိသော လစာဖြင့် မ၀ယ်ယူဘဲ တပဲခြောက်ပြားမျှသာ လစာစားနေသည့် လက်အောက်ငယ်သားများအား ၀ယ်ယူခိုင်းကြောင်း၊ ၀န်ကြီးများ၏ ဌာနအလိုက် ဆိုင်ရာ ဆိုင်ရာ တပည့်လက်အောက်ငယ်သားများမှာ စားစရာ မရှိသော်ငြား မိမိတို့ အလုပ်မပြုတ်ရေး၊ နေရာရရှိရေး အတွက် ဖားနေရ၍တမျိုး၊ ကြောက်နေရ၍တဖုံ စိတ်ပင်ပန်းဆင်းရဲခြင်းကြီးစွာဖြင့် လုပ်ကိုင်ပေးနေရကြောင်း၊ ယခုဆိုလျှင် စကိုင်းနက်ဆိုသည့် စလောင်းပြာများကြောင့် ငယ်သားများမှာလည်း ပြာခံနေကြောင်း၊ ရှေ့ဘုန်း ကြီး တချက်ခေါက်လျှင် နောက်ဘုန်းကြီး (၁၀) ချက်ခေါက် ဆိုသည့် စကားအတိုင်း ဖြစ်နေရကြောင်း ... ရပ် ကွက်များအတွင်း လက်အောက်ငယ်သားများ၏ ညည်းတွားပြောဆိုနေမှုကို အထက်ပါအတိုင်း ကြားသိရသ ဖြင့် ရှမ်းပြည်နယ်ကြီးအား ခေတ်မီဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီဖော်ဆောင်ပေးမည့် ၀န်ကြီးများ၏ လုပ် ဆောင်ချက်မှာ ပြည်သူက အမှန်တကယ် တော်သည့်သူတွေ တင်မြောက်ပြီး ပြည်နယ်တိုးတက်အောင် လုပ် မည့်သူတွေ ဒါလားဆိုတာ မှတ်ယူရလောက်အောင် ဖြစ်နေပါတော့သည်။
Posted by
ဒေါက်တာလွဏ်းဆွေ
at
6:48 PM
2
comments
Labels: ပေးစာ
ခွပ်လိုက်ကြစို့ သူငယ်ချင်း (၁/၂၀၁၁)
ဘွားဘွားဒေါ်စွာကျယ်နှင့် အင်တာဗျူးခြင်း
ကျွန်ုပ်တို့၏သတင်းစာဆရာ ကိုပြာယာသည် ပါပါရာဇီ (Paparazzi) လောကနှင့် ခဏတဖြုတ် ကင်းကွာသွား ပြီးနောက် နှစ်သစ်ကူးခါနီး အခါသမယ၌ လေးသောင်းကျော်တန် မော်တော်ဆိုင်ကယ်ကြီးကို အရစ်ကျ ပေး ၀ယ်ပြီးသကာလ စတိုင်ကျကျ စီးနင်းကာ ဘွားဘွားဒေါ်စွာကျယ်၏ အိမ်သို့ ဆိုက်ရောက်လာလေ၏။
ဘွားဘွားစွာကျယ် ။ ။ ဟလို မောင်ပြာယာ၊ ကိုယ်ရောင်ကိုယ်ဝါ တောက်ပစွာနဲ့ ဘယ်သူ့ကို ဆော်ပလော်တီး ဦးမလို့လဲဟဲ့။
မောင်ပြာယာ ။ ။ အခု ကျနော် ချင်းမိုင်မှာ “သတင်းသမား အတင်းအပြောအရေး” သင်တန်းသွားတက်ပြီး ချေးချွတ် အရောင်တင် လောင်ဒရီလုပ်လိုက်လို့ ကိုယ်ရောင်ပြောင်လာတာ ဘွားဘွားရဲ့။ ဘွားဘွားလည်း မ လန်းပါလား၊ ဇာတ်ခေါင်းကွဲနေတဲ့ အမတ်တသင်းကို အုပ်ချုပ်ရတဲ့ ဇာတ်ဆရာဥက္ကဌ ဖြစ်သွားပြီကြားလို့ ကွန် ဂရက်ကျူလေးရှင်းလုပ်မလို့ လာတာပါ ဘွားဘွားရာ။
ဘွားဘွားစွာကျယ် ။ ။ ဟုတ်ပါတယ်ကွာ ကံအကြောင်းမလှလို့ ဆူနာမီမုန်တိုင်းလာခါနီး လှေစီးမိသလို၊ သေ မယ့်အပတ်မှ စစ်ထဲလိုက်မိသလို ဒို့လည်း ဥက္ကဌအဖြစ်နဲ့ အော်တိုမစ်တစ် ရောက်လာတာ မောင်ပြာယာရဲ့။
မောင်ပြာယာ ။ ။ ဟုတ်ကဲ့ အကျယ်လေး လင်းပေးပါဦး ဘွားဘွား၊ ကျနော် မောင်ပြာယာ နားတကယ်မရှင်း လို့ပါ။
ဘွားဘွားစွာကျယ် ။ ။ ဒီလိုလေ မောင်ပြာယာ၊ ဥက္ကဌကြီးက ကျန်းမာရေးမကောင်းလို့ အော်ဇီကို မြန်းတာ နှစ်အတော်ကြာပကောဟဲ့။ ဒါပေမယ့် ဒို့ ဥက္ကဌတက်ဖြစ်ရင် ဖွတ်မိကျောင်းဖြစ် မြစ်မချမ်းသာဖြစ်မှာ သေချာ တော့ အနှီဥက္ကဌကို ဘယ်သူမှဆက်သွယ်ပြီး အထွက်မခိုင်းဘူး။ ခွင့်လည်း ပေးမထားဘူး။ သူပဲ ဥက္ကဌပေါ့။ နောက် ၀န်ကြီးချုပ်က “လွှတ်တော်မပေါ်ရေး” ကင်ပိန်းမှာ လေးစားအပ်ပါသော ဥက္ကဌကြီး ရှင်းပေးပါလို့ တောင်းဆိုတော့ ဒို့ကလည်း “လေးစားအပ်ပါသော” လို့ ဆိုရင်တော့ ငါ့ပြောတာ မဖြစ်လောက်ဘူးဆိုပြီး ၀န် ကြီးချုပ်ရဲ့စာကို ဥက္ကဌဆီ ပို့လိုက်တယ်။ အဲဒီမှာ အဖျားတက်သွားပြီး ရောဂါကုဖို့ ဥက္ကဌရာထူးက အပြီးနှုတ် ထွက်သွားလို့ ဒို့က အော်တိုငုတ်တုတ် ဥက္ကဌဖြစ်သွားတာ၊ မှတ်ထားကွဲ့။
မောင်ပြာယာ ။ ။ ထားပါတော့၊ ထားပါတော့။ မှတ်သားစရာပါပဲဗျာ။ ဒါနဲ့ “လွှတ်တော်မပေါ်ရေး” ကင်ပိန်းဆို တာ ဘာကိုပြောတာလဲ အဘွား၊ ရှင်းပြပါဦး။
ဘွားဘွားစွာကျယ် ။ ။ လွှတ်တော်မပေါ်ရေးဆိုတာ တော်လှန်သော လွှတ်တော်၊ အခုတလော ရေပန်းစားနေ တဲ့ (၁၅) မိနစ်လွှတ်တော် မဟုတ်ဘူး။ ၂၀၁၀ နိုဝင်ဘာလ ပြည်တွင်းက ရွေးကောက်ပွဲမတိုင်မီ တိုင်းရင်းသား တွေနဲ့ ဖွဲ့လိုက်တဲ့ တော်လှန်သော လွှတ်တော်၊ တိုင်းရင်းသားတွေက ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲရလဒ်ကို ဆက်လက်အတည်ပြုပြီးတော့ ဒို့လိုအမတ်တွေ နတ်သက်ကြွေခါနီး အသက်ဆက်ဖို့ လွှတ်တော်ဖွဲ့တာ။ လွှတ် တော်ဖွဲ့ပြီးမှ ညွန့်ပေါင်းအစိုးရကို တကယ်နယ်မြေလည်းရှိ၊ လူထုလည်းရှိ၊ တပ်လည်းရှိတဲ့ အစိုးရအင်္ဂါရပ်နဲ့ ညီ တဲ့ ပြည်ပရောက် တိုင်းရင်းသားအစိုးရတွေနဲ့ ပေါင်းပြီး တကယ့်ကို ညွန့်ပေါင်း၊ အားရှိတဲ့ ညွန့်ပေါင်းအစိုးရ ဖွဲ့ ဖို့ပေါ့ကွာ။ မုန့်ပေါင်း အရောင်တင်လိုက်တာ။
မောင်ပြာယာ ။ ။ ဒါဆို ကောင်းသားပဲဗျာ။ ဒါနဲ့ လွှတ်တော်ဖွဲ့တာကို ဘာကြောင့် ၀န်ကြီးချုပ်က မကြိုက်ရတာ တုန်း ဘွားဘွားရဲ့။
ဘွားဘွားစွာကျယ် ။ ။ မကြိုက်ဆို၊ သူ့မွေးစားအမေ မဒမ်ဒိုနာက ပိုက်ဆံမပေးမှာစိုးလို့ပေါ့ဟဲ့။ ငါ့သား လက် နက်တွေ ဘာတွေနဲ့ ကစားပါနဲ့ကွာ။ အမေတို့ ပေါ်လစီနဲ့ မကိုက်ဘူးကွဲ့။ ငါ့သား မလုပ်၊ မရှုပ်၊ မပြုတ် အေး အေးနေပါ သားရယ်။ ဖွတ်ကလိဒင်္ဂါး သားစားဖို့ အမေ ပေးပါမယ်။ သား ၀န်ကြီးချုပ်ဆိုတဲ့ ခေါင်းပေါင်းနဲ့ နောင်ရေးအေးအောင် အိမ်လည်း ၀ယ်ထားပေးပြီ။ မင်းရဲ့ကလေးတွေလည်း ကျောင်းအကောင်းဆုံးမှာ ထား။ ငါ ပိုက်ဆံပေးထားတာ၊ ငါမကြိုက်တာ မလုပ်နဲ့လို့ မဒမ်ဒိုနာက ပြောလို့ မင်းတို့ မီဒီယာကို အသုံးပြု လွှတ် တော်ဖွဲ့တဲ့ လူတွေကို ဆဲလိုက်တာပေါ့ ၀န်ကြီးချုပ်က …။
မောင်ပြာယာ ။ ။ ဒီလိုဆိုလည်း လွှတ်တော်ဆိုတာ မွေးဖွားပြီး ရှင်သန်အောင် ဆက်မမွေးဘူးလား ဘွားဘွား။ လွှတ်တော် သေသွားပြီလား။
ဖွားဖွားစွာကျယ် ။ ။ သေသလား၊ ရှင်သလား မသိဘူး။ နို့မစို့ရလို့တော့ ငိုနေတာပေါ့။ ဒို့အမတ်တွေကိုလည်း တိုင်းရင်းသားတွေက “ဘကြီးအောင် ညာတယ်။ ခု မုန့်ဆီကြော်၊ ခု စာကလေး” တဲ့။ ၀န်ကြီးချုပ်ရဲ့ ကိုယ်စား လှယ်ဖြစ်တဲ့ ဘော်ဒါဝန်ကြီးက “၀န်ကြီးချုပ်က ထောက်ခံပါတယ်” လို့ ပြောလို့ လက်ခုပ်တောင် တီးပေးလိုက် သေး။ ခင်ဗျားတို့ဗမာတွေ ဗိုလ်ချုပ်အောင်ဆန်းကလွဲရင် ဘယ်သူမှ မယုံရဘူးတဲ့ကွာ။ ဒီလိုနဲ့ နန်းဘားမင်း တွေ စုပြီး ဒို့ပြည်ထောင်စု တည်မယ်၊ ညီစေနော်၊ ညီစေဆိုပြီး ဖက်ဒရယ်ကောင်စီပေါ်လာတာကို ဒို့က ကြိုဆို ဖို့ ဖြစ်လာတာပေါ့။ ဒို့ဗမာတွေတော့ နယ်စပ်မှာ တဦးနဲ့တဦး အပုပ်ချ၊ နောက်ကျော ဓားနဲ့ထိုးရင်း မျိုးတုံးမှာ မြင်ယောင်သေးတယ်ကွယ်။
မောင်ပြာယာ ။ ။ အို ဟိုး … ဒါကြောင့် ဘွားစွာကျယ် အာမကျယ်နိုင်၊ မလန်းနိုင်တာကိုး။ ထားပါတော့ ထားပါတော့။ ပြန်ပါဦးမယ် ပြန်ဦးမယ်ဗျာ။
နောက်ခံတီးလုံး - “ ... မဲဆောက်ထဲမှာ ဒီလိုပဲရှိတယ် ... ကျနော်တို့ မဲဆောက်ထဲမှာ ဒီလိုပဲ ... ”
Posted by
ဒေါက်တာလွဏ်းဆွေ
at
6:07 PM
0
comments
Labels: သရော်စာ
Wednesday, April 6, 2011
မြန်မာ့ရေးရာ သတင်းပဒေသာ (၆-၄-၂၀၁၁)
- အစိုးရစစ်တပ်က SSA (မြောက်ပိုင်း) ကို ဆွေးနွေးရေး ကမ်းလှမ်း click
- တာလီဘန်နဲ့ ဆက်စပ်တယ်ဆိုပြီး စွဲချက်တင် click
- သမ္မတသစ် မိန့်ခွန်းနဲ့ နိုင်ငံရေးပါတီတချို့အမြင် (သတင်းသုံးသပ်ချက်) click
- အစိုးရသစ်နဲ့ ပြန်လည်သင့်မြတ်ရေး အလားအလာ (တိုက်ရိုက်လေလှိုင်း) click
- အာဏာလွှဲသည်ဆိုသော်လည်း လူထုဘဝတိုးတက်ရေး မမြင်ရ click
- အစိုးရသစ်လက်ထက် ကချင်ပြည်နယ် စနစ်အပြောင်းအလဲ မတွေ့ရ click
- မြို့တော်ဝန်များ ခန့်အပ်ကြောင်း ကြေညာ၊ ဦးအောင်သိန်းလင်း အမည် မပါ click
- ရန်ကုန်မြို့တော်ဝန် ဦးလှမြင့် click
- နအဖ မူဝါဒဖြန့်ချိရေး ဆောင်ပုဒ်များ ပြောင်းလဲရန် လိုအပ် click
- အစိုးရသစ်ကို အပစ်အခတ်ရပ်စဲဖို့ ကေအန်ယူမှ ကြေညာချက် ထုတ်ပြန် click
- ကျောင်းသားတပ်မတော် ရဲဘော်ဟောင်းများ ပြန်လည်တွေ့ဆုံပွဲ (ဓာတ်ပုံ) click
- လူထုနဲ့ ဒေါ်အောင်ဆန်းစုကြည် အမေးအဖြေကဏ္ဍ (ဧပြီလ ၁၊ ၂၀၁၁ RFA အစီအစဉ်) click
- နိုင်ငံရေးအကျဉ်းသားများ လွတ်လာဖို့ မိသားစုတွေ မျှော်လင့် click
- မုံဂိုး တရုတ်တပ်စခန်းသစ်မှ မြန်မာဘက်ကို စောင့်ကြည့်မည် click
- အပြစ်ရှာဖို့ လာရင် အလုပ် မဖြစ်နိုင် (အင်တာဗျူး) click
- မြန်မာနိုင်ငံ ငလျင်ဘေးဒုက္ခသည်များအား တောင်ကိုရီးယားနိုင်ငံက ဒေါ်လာနှစ်သိန်း ထောက်ပံ့ click
- ထားဝယ်ခရိုင်မှ ဒုက္ခသည်များ ရိက္ခာပြတ်လပ် click
- အချိန်အခါမဟုတ် မိုးကြောင့် မတ်ပဲ (၆၀) ရာခိုင်နှုန်း ပျက်စီး click
- ပဲခူးနှင့် ဧရာဝတီတိုင်းမှာ ကလေးငယ်များ ထူးဆန်းစွာ ပျောက်ဆုံးနေ click
- မြန်မာတောင်ပေါ်သားများ ဘင်္ဂလာကို ၀င်ရောက် ဓားပြတိုက် click
- ကမ္ဘာ့ကျန်းမာရေးနေ့ မြန်မာ့ကျန်းမာရေး မကောင်း click
- အာရုံစိုက်နည်းမှုနဲ့ ဂဏမငြိမ်ဖြစ်တဲ့ ရောဂါ click
- PLHA တဦးရဲ့ ဝါကျများ အပိုင်း - ၁ (AIDS ဝေဒနာသည်တို့ရဲ့ ပင်ကိုယ်ရေးခံစားချက်များ) click
- ကျေးလက်အကြောင်း (ဘလော့ဂါ) click
- မဂ္ဂဇင်းဒိုင်ဂျက် အညွှန်း ဖတ်မိသမျှ click
- နယူးယောက်မှာ ကျင်းပတဲ့ ကြေးမုံဦးသောင်း အမှတ်တရပွဲ (ဓာတ်ပုံ) click
- US Campaign for Burma ရဲ့ နှစ်ပတ်လည် ညီလာခံ (ဧပြီ ၂ ရက်၊ ၂၀၁၁) click
- ဘ၀ထဲက ရတနာ၊ ရင်ထဲက ကဗျာ (၁၈) (ဆောင်းပါး) click
- ကန်တပ်ကီပြည်နယ်၊ ဘိုးလင်းဂရင်းမြို့၊ ဝေဠုမြိုင်တောရကျောင်း၊ ထမင်းနဲပွဲတော် (ဓာတ်ပုံ) click
- အိုင်ဗရီကို့စ် သမ္မတအိမ်တော်ကို ၀င်စီးပြီ click
- အိုင်ဗရီကို့စ် သမ္မတအိမ် သူပုန် ၀င်တိုက် click
- ယီမင်သမ္မတ နှုတ်ထွက်ရေး ဆန္ဒပြသူ သောင်းနဲ့ချီ တောင်းဆို click
- ပေါ်တူဂီ ပြည်ပက ဘဏ္ဍာရေး အကူအညီ တောင်းပြီ click
- ရန်ကုန်တွင် ချိန်ကိုက်ဗုံး တွေ့ click
- တာလီဘန်နှင့် ဆက်သွယ်သည့် သံသယဖြင့် ဖမ်းဆီးခံရသူ (၁၉) ဦးကို ယနေ့ ရုံးထုတ်ပြီ click
- အမည်မသိ လက်နက်ကိုင်တပ်ဖွဲ့နှင့် ဗမာစစ်အုပ်စု ရွှေတြိဂံတွင် တိုက်ပွဲအပြင်းအထန်ဖြစ် click
- လက်နက်ကြီး ပစ်ခတ်မှုကြောင့် ရွာသားများအား ထိမှန် click
- သျှမ်းပြည်တပ်မတော်နှင့် ဗမာစစ်တပ် တိုက်ပွဲဆက်လက်ဖြစ်ဆဲ (ပေးစာ) click
- ကရင်နီပြည်နယ်တွင် စစ်ထဲဝင်ရန် လူငယ်စာရင်းများ ကောက်ယူ click
- ရေအားလျှပ်စစ်တွက် ကျိုင်းတုံနအဖတပ် ကစားဝိုင်းဖွင့် ငွေရှာ၊ လူထုထံလည်း ကျပ်သိန်းချီကောက် click
- တပ်မတော်အရာရှိဟောင်းများကို နည်းပညာသုံး နှောင့်ယှက် click
- ဗိုလ်ချုပ်မှူးကြီး မိသားစုပိုင် ဓာတ်ဆီဆိုင်များ အခွင့်အရေး ပိုရ click
- အစိုးရသစ်၏ ဒေသဆိုင်ရာ အုပ်ချုပ်ရေးရုံးများ အပြောင်းအလဲသိပ်မရှိ click
- အစိုးရသစ်အပြောင်းအလဲ ပြည်ပသံရုံးများ အခြေအနေ click
- စစ်ယူနီဖောင်းကနေ အရပ်ဝတ်ပြောင်းတာပါ (ဗိုလ်ချုပ်သန်းရွှေအကြောင်း ရေးသည့် စာရေးဆရာနှင့် မေး မြန်းခန်း) click
- အာတီမီစီနင်းဆေး ယဉ်ပါးကြောင်း ဝန်ကြီး သံသယဖြစ် click
- ကနေဒါနိုင်ငံသားကို ရန်ကုန်မြို့ကို ခေါ်ဆောင်စစ်ဆေးမည် click
- တာလေအတွက် NLD (၁၇) သိန်းလှူ click
- ငလျင်သင့်များအတွက် နွေဦးအိုးဝေ ကဗျာထုတ် click
- တီးတိုးငွေကြေးများ အပိုင်း (၃) click
- ရန်ကုန်သွား တောလား (ထွေရာလေးပါး) click
- အတွေးဇာတ်ဆောင်ရဲ့ အိပ်မက်ခရီးရှည် (အောက်မေ့ဖွယ်) click
- ကန်တော်ကြီး ကန်ပတ်လမ်း မဏ္ဍပ်ထပ်ဝက်လျှော့ click
- ငါး၊ ပုဇွန် မွေးမြူပါက ဓာတုဆေးဝါး မသုံးရန် တားမြစ် click
- ဓားပြမတိုက် ကြော်ငြာရိုက် click
- ဟောလိဝုဒ်ရောက် မြန်မာလူငယ် ဒါရိုက်တာနှင့် စကားစမြည် (အင်တာဗျူး) click
- မဟန်လှတဲ့ ဈေးချို သန့်စင်ခန်းခ ဝင်ကြေးက (ပေးစာ) click
- အာဏာမသိမ်းပါဘူးလို့ ထိုင်းစစ်ခေါင်းဆောင်တွေ ပြော click
- ဆင့်ကွဲပေါက်ဗုံး အသုံးပြုမှု ထိုင်း ဝေဖန်ခံရ click
- လူ (၁) သန်းကျော် မြေပြိုမယ့် အန္တရာယ်နဲ့ ရင်ဆိုင်နေရ click
- ဟင်းရွက်စားသုံးမှုတွေ ကျဆင်း click
Posted by
ဒေါက်တာလွဏ်းဆွေ
at
8:03 PM
0
comments
Labels: သတင်း
ဦးခွန်ထွန်းဦးကို တိုင်းရင်းသားသူရဲကောင်းဆု ချီးမြှင့် (ရုပ်သံ)
Posted by
ဒေါက်တာလွဏ်းဆွေ
at
12:42 PM
0
comments
Labels: ဗွီဒီယိုမှတ်တမ်း
Tuesday, April 5, 2011
ရဲဘော်ကျော်သန်း - ရန်ငါမခွဲ တို့အထဲကြောင့် ဘီလူးသွားကို လဖြဲတည်း
Posted by
ဒေါက်တာလွဏ်းဆွေ
at
11:13 PM
11
comments
Labels: ဆောင်းပါး
မြန်မာ့ရေးရာ သတင်းပဒေသာ (၅-၄-၂၀၁၁)
- SSPP/SSA တိုက်ပွဲ မြို့နယ် (၁၀) ခုသို့ ပျံ့နှံ့၊ စစ်အုပ်စု အကျအရှုံးများ click
- တရုတ်နယ်စပ် လဂျားယန်ဂိတ်ကို မြန်မာဘက်က ပိတ် click
- မြန်မာကျောက်စိမ်းများ တရုတ်နယ်စပ်တွင် ဖမ်းဆီးခံရ click
- တရုတ်-မြန်မာဆက်ဆံရေး ဘယ်လောက်အကျိုးများမလဲ click
- ကွန်ဟိန်းက ဗုံးခွဲတိုက်ခိုက်မှု click
- ဇာဂနာအကြောင်း မှတ်တမ်းရုပ်ရှင် (၁၅) နိုင်ငံမှာ ပြသ click
- ပြည်တွင်းငြိမ်းချမ်းရေးအတွက် ပါတီတွေ တောင်းဆို click
- ကြံ့ခိုင်ရေးပါတီအမတ်တွေကြား သဘောထားတွေ ကွဲနေ click
- NDF အမတ်တချို့ ခွဲထွက် click
- အမျိုးသားဒီမိုကရေစီအင်အားစုပါတီမှ အမတ်အချို့ ခွဲထွက် click
- ရွေးကောက်ပွဲဝင်ရင် NDF က NLD နဲ့ ပြန်ပေါင်းမယ် click
- လူငယ်လုပ်ငန်းများအတွက် မန္တလေးနှင့် စစ်ကိုင်းတိုင်းမှာ ဆွေးနွေး click
- ဂျပန်ငလျင်အတွက် ဝမ်းနည်းခြင်း အခမ်းအနား ကျင်းပ click
- ဂျပန်ပြည်က ငလျင်နှင့် ဆူနာမိသင့်ပြည်သူများအတွက် အန်အယ်လ်ဒီပါတီက ဆုတောင်းပွဲ ကျင်းပ click
- မကွေးတိုင်း လယ်သမားများ သမ္မတကို တိုင်းတန်း click
- သီတဂူတရားပွဲတွင် ရေလှူသူ (၅) ဦး ပျောက်ဆုံးနေ click
- တောင်ကိုရီးယားသွားလိုသူများ အလုပ်သမားရုံးမှန် ရိုက်ခွဲ click
- ရခိုင့်ယဉ်ကျေးမှု၊ သမိုင်းများ ဖော်ပြခွင့်နှင့် ရခိုင်စာ သင်ကြားခွင့်ရရှိရေး RDF မှ တောင်းဆိုမည် click
- မွန်ဒေသအတွင်း ဒုက္ခသည်စခန်းများကို ရိက္ခာအကူအညီ လျှော့ချ click
- ကြေးမုံဦးသောင်း (အောင်ဗလ) ကွယ်လွန်ခြင်း (၃) နှစ်ပတ်လည် နယူးယောက်မှာ ကျင်းပ click
- အပြောင်းအလဲနဲ့ ကျနော်တို့ရဲ့တာဝန် (ဆောင်းပါး) click
- အဆိုးကို အဆိုးအဖြစ်သာ ကြည့်မြင်ကြပါစို့ (ဆောင်းပါး) click
- သန်းထွန်း ၈၈ (၁၉၂၃-၂ဝဝ၅) (ဆောင်းပါး) click
- မစ်ရှီဂန်က ပေးတဲ့စာ (၆၂) (ဆောင်းပါး) click
- မောင်တောကို ရန်ကုန်က လူတွေ ရွှေ့ click
- မြန်မာ (၄၀) ကျော် မလေးထိန်းသိမ်းရေးစခန်းက ထွက်ပြေးလွတ်မြောက် click
- မလေးရှား ထိန်းသိမ်းရေးစခန်းမှ မြန်မာအကျဉ်းသား တရာကျော် ထွက်ပြေး click
- ယာဉ်တိုက်မှုကြောင့် သေဆုံးသူ မြန်မာအလုပ်သမားများ၏ ဈာပန ကျင်းပ click
- ရေဘေးကြောင့် ထိုင်းတောင်ပိုင်း မြန်မာများ အလုပ်ရပ်နား click
- အစာရေစာပြတ်လတ်နေတဲ့ လေဘေးဒဏ်သင့် တံငါရွာလေး click
- ရန်ကုန် လိုင်းဖုန်းနံပါတ်တချို့ ပြောင်း click
- ယခုနှစ် စုပေါင်းကေ့ထျိုးဘိုးပွဲတော် သွားလာရေး အခက်ခဲရှိ click
- မိုးမိုးအင်းလျား ဓာတ်ပုံများ click
- ကန်တော်ကြီး ကန်ပတ်လမ်း မဏ္ဍပ်ထပ်ဝက်လျှော့ click
- မင်္ဂလာဒိုးကလည်း သံချပ်ထိုးမယ် click
- မြူတိမ်ဝေဝေ … တောင်ခိုးဝေးဝေး (၅) (အခန်းဆက်) click
- အိုင်ဗရီကို့စ် သမ္မတ အာခံနေဆဲ click
- ဘက်ဂ်ဘို အာဏာစွန့်လွှတ်ချိန်နီး click
- ဘက်ဘို လုံခြုံရေးအတွက် ဆက်လက်ဆွေးနွေးနေဆဲ click
- အာဏာသိမ်းရေး ကောလာဟလ ထိုင်းဗိုလ်ချုပ်ကြီး ငြင်းဆို click
- အစိုးရလုပ်ငန်းတွေ မရပ်ဆိုင်းရေး ပါတီနှစ်ရပ် အကြိတ်အနယ် ညှိနိုင်း click
- ဓာတ်သတ္တိကြွ ရေယိုစိမ့်မှု ဂျပန် တားဆီးနိုင် click
- တရုတ် နာမည်ကျော် ဒီဇိုင်းအနုပညာရှင် အိုင်ဝေေ၀ကို ဖမ်းဆီး click
- အိန္ဒိယမှ သားများနဲ့ သမီးများ click
- အမေရိကန် အထူးကိုယ်စားလှယ် တကယ်ထူးမည်လား click
- အစိုးရသစ် နယ်စပ်အရေး ကိုင်တွယ်ရန် တရုတ် မျှော်လင့် click
- ရေနံချက်စက်ရုံတည်ရန် ဦးပိုင်နှင့် တရုတ် စာချုပ်ချုပ် click
- ကချင်ပြည်နယ်သို့ တရုတ်ပစ္စည်း တင်သွင်းသည့် အဓိကလမ်းကြောင်း ပိတ်ခံရ click
- သမ္မတမိန့်ခွန်းများ အကောင်အထည်ဖော်ရန် နိုင်ငံရေးပါတီများ တိုက်တွန်း click
- ကြံ့ဖွံ့ထိပ်ပိုင်းခေါင်းဆောင်များအကြား မကျေနပ်မှုများရှိ click
- ကြံ့ဖွံ့ပါတီဝင်ခွင့် ရရန် ဒေါက်တာတူးဂျာ ယုံကြည်နေဆဲ click
- နှစ်ခြမ်းကွဲတာမဟုတ်ဟု ဦးခင်မောင်ဆွေ ပြော click
- အပစ်ရပ်ရန် အစိုးရသစ်ကို KNU တောင်းဆို click
- ဗိုလ်ကြီးဟောင်း နေမျိုးဇင်၏ ကိုယ်ရေးအကျဉ်း အာဏာပိုင်များ စစ်ဆေး click
- ငလျင်ဒဏ်ခံရသူများအတွက် ၀မ်းနည်းခြင်းအခမ်းအနား အဖွဲ့ချုပ် ကျင်းပ click
- ဖိလစ်ပိုင်က မြန်မာငလျင်အတွက် ငွေလှူ click
- ငလျင်သင့်သူအချို့ အကူငွေ အပြည့်မရရှိ click
- ဒေါ်အောင်ဆန်းစုကြည်သား သင်္ကြန်တွင်း ရဟန်းခံမည် click
- (၂၆) နှစ်မြောက် KWO နေ့ ကျင်းပပြီးစီး click
- အင်တာနက်ဆိုင်များ ရှောင်တခင် စစ်ဆေးခံရ click
- စက်မှု (၁) ဝင်းမှ ဆိုင်များ ဖယ်ရှားရန် ကြိုးစားမှု မအောင်မြင် click
- မြန်မာဖွား CIA ဝန်ထမ်းဟောင်း ချင်းမိုင်တွင် ကွယ်လွန် click
- ရန်ငါမခွဲ တို့အထဲကြောင့် ဘီလူးသွားကို လဖြဲတည်း (ဆောင်းပါး) click
- အစမရိုးတဲ့ အစိုးရ (ဆောင်းပါး) click
- တီးတိုးငွေကြေးများ အပိုင်း (၂) (ဆောင်းပါး) click
- မြန်မာအချုပ်သားများ မလေးထောင်က ထွက်ပြေးလွတ်မြောက် click
- မလေးရှားထိမ်းသိန်းစခန်းမှ အကျဉ်းသား (၁၀၉) ယောက် ထွက်ပြေးလွတ်မြောက် click
- နယူးဒေလီတွင် ချင်းဒုက္ခသည် အမျိုးသမီးတဦး မုဒိမ်းကျင့်ခံရ click
- နေပြည်တော်တွင် ၀က်များ သေဆုံး click
- ထိုင်းတောင်ပိုင်းရှိ မြန်မာအလုပ်သမားများ ရေဘေးဒုက္ခကြုံနေ click
- ထိုင်းရေကြီးမှု သေဆုံးသူ (၅၀) အထိ ရှိလာ (ဓာတ်ပုံသတင်း) click
- သဘာဝဘေးဒဏ်ကြောင့် မြန်မာနိုင်ငံတွင် ကပ်ဘေးများ ကြုံနိုင် click
- မဟာချိုင် ယာဉ်တိုက်မှု မွန်အလုပ်သမား အများစု သေဆုံးဒဏ်ရာရ click
- ဆင်းရဲသူများအတွက် အမေ့ကရုဏာဆေးခန်း (၂) ဖွင့်လှစ် click
- နိုင်ငံခြားသား ထိန်းသိမ်းရေးစခန်း မီးလောင် click
- စစ်တွေ ရခိုင်ရိုးရာသင်္ကြန် စည်ကားသိုက်မြိုက်စွာ ကျင်းပမည် click
- ရခိုင်သင်္ကြန်ခွေ သုံးခု ထွက်ရှိ သတင်း အမှားပြင်ဆင်ချက် click
- အယ်လ်ခေးဒါတွေအပေါ် အမေရိကန်ရဲ့သဘောထား ဗလောင်းဗလဲ လုပ်ပြန်ပြီ click
- (၅၁) ယောက်သေ၊ (၂၉,၀၀၀) နာမကျန်းဖြစ်၊ ဘတ် (၆.၁) ဘီလျံ ကယ်ဆယ်ရေးရန်ပုံငွေကျ click
Posted by
ဒေါက်တာလွဏ်းဆွေ
at
8:07 PM
0
comments
Labels: သတင်း
မတ်လ (၂၁) ရက် - ကမ္ဘာ့ကဗျာနေ့ (ရုပ်သံမှတ်တမ်း)
Posted by
ဒေါက်တာလွဏ်းဆွေ
at
7:03 PM
0
comments
Labels: ဗွီဒီယိုမှတ်တမ်း
စတုတ္ထလှိုင်းလာနေပြီလော ... ငါတို့အရေးကော အသို့နည်း (၂)
သမိုင်းတခေတ်ဆန်းချိန်
မကြာခင်ကပဲ အီဂျစ်နဲ့ ကျူနီးရှားကို သွားရောက်ခဲ့တဲ့ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန်း က အာရပ်ကမ္ဘာက အပြောင်းအလဲတွေဟာ ၁၉၈၉ က ဖြစ်ခဲ့တဲ့ အဖြစ်အပျက်ထက် မလျော့တဲ့ အပြောင်းအ လဲတွေကို ဆောင်ကြဉ်းလာလိမ့်မယ်လို့ ပြောလိုက်ပါတယ်။ ပထမသက္ကရာဇ် ၁၉၈၉ က ဆိုဗီယက်ကွန်မြူနစ် စနစ် နိဂုံးချုပ်ပြီး ဒီမိုကရေစီနိုင်ငံတွေ အလျှိုလျှိုပေါ်ပေါက်ခဲ့တယ်။ အခုကြုံနေရတဲ့ အာရပ်ကမ္ဘာက ဒီမိုကရေ စီလှိုင်းတွေကလည်း ၁၉၈၉ တုန်းကလိုပဲ တကမ္ဘာလုံးကို ရိုက်ခတ်တော့မယ်လို့ ဘန်ကီမွန်းက ဆိုလိုက်တာ ပါ။ သမိုင်းတခေတ်ဆန်းချိန် (epochal) လို့ ဘန်ကီမွန်း ရည်ညွှန်းတဲ့ သက္ကရာဇ်နှစ်ခု (၁၉၈၉၊ ၂၀၁၁)၊ အဖြစ် အပျက်နှစ်ခု (ဒီမိုကရေစီအရေးလှုပ်ရှားမှုကြီးနှစ်ခု) စလုံးထက် (တကယ်တော့) မြန်မာပြည်က ဒီမိုကရေစီ ရေး တောင်းဆိုတာတွေက တာထွက်စောခဲ့ကြပါတယ်။ ဒါပေမယ့် အမှန်တကယ်ပဲ နောက်ကျခဲ့ပါတယ်။
မိန့်ခွန်းနှစ်ခု၊ အဖြစ်အပျက်နှစ်ခု
၁၉၈၇ ခုနှစ်၊ ဇွန်လ (၁၂) ရက်
ဘာလင်မြို့က ဘာလင်တံတိုင်းကြီးအနီး၊ ဘရန်ဒန်ဘာ့ဂ် ဂိတ်မှာ အမေရိကန်သမ္မတ ရော်နယ်ရေဂင်က ဘာ လင်မြို့သူမြို့သား (၂,၀၀၀) ကို မိန့်ခွန်းပြောရင်း ဆိုဗီယက်ခေါင်းဆောင် မီခေးလ်ဂေါ်ဘာချက်ဗ်ကို အခုလို ပြောလိုက်ပါတယ်။
“မစ္စတာ ဂေါ်ဘာချက်ဗ် ... ဒီတံတိုင်းကြီးကို ဖြိုလိုက်ပါတော့”
နောက်ထပ် (၂) နှစ်မပြည့်ခင် ၁၉၈၉ နိုဝင်ဘာလမှာတော့ ဘာလင်တံတိုင်းကြီးကို အရှေ့ဂျာမဏီနဲ့အနောက် ဂျာမဏီက ပြည်သူတွေက ဖြိုချလိုက်ပါတယ်။
၂၀၀၉ ခုနှစ် ဇွန်လ (၄) ရက်
အမေရိကန်ရဲ့ ပထမဆုံး လူမည်းသမ္မတ (မွတ်စလင်အနွယ်က ဆင်းသက်လာသူ) ဘာရက်ခ်အိုဘားမားက အီဂျစ်နိုင်ငံ၊ ကိုင်ရိုတက္ကသိုလ်မှာ ပရိသတ် (၃,၀၀၀) ကို မျက်နှာမူပြီး မွတ်စလင်ကမ္ဘာကို မိန့်ခွန်း ပြောပါ တယ်။
“ကမ္ဘာပေါ်က ဘယ်နေရာမှာပဲဖြစ်ဖြစ် ပြည်သူတွေ တင်မြှောက်တဲ့ အာဏာပိုင် ပြည်သူ့အစိုးရဆိုတာကို တိုင်း တာဖို့ စံနှုန်းက တမျိုးတည်းရှိပါတယ်။ အဲဒါကတော့ အာဏာကို အကျပ်ကိုင်တာ မဟုတ်ဘဲနဲ့ အများသဘော ဆန္ဒနဲ့အညီ ရယူတာဖြစ်ရမယ်” စသည်ဖြင့် ...။
နောက်ထပ် (၂) နှစ်မပြည့်ခင် ၂၀၁၁ နှစ်ဆန်းမှာတော့ အီဂျစ်က သိန်းသန်းချီတဲ့ ပြည်သူလူထုတွေဟာ အ နှစ် (၃၀) ကြာ အာဏာရှင် မူဘာရက်ကို ဆန္ဒပြ ဖြုတ်ချလိုက်ပါတယ်။ အရှေ့အလယ်ပိုင်းနဲ့ မြောက်အာဖရိ ကနိုင်ငံတွေမှာ ဒီမိုကရေစီလှုပ်ရှားမှုတွေ လှိုင်းထန်နေပါတော့တယ်။
သမိုင်းနောက်ကြောင်းပြန်
၁၉၈၉ မှာ ဘာလင်တံတိုင်း ပြိုတာကို ကမ္ဘာပေါ်မှာ လစ်ဘရယ်ဒီမိုကရေစီက လုံးဝအနိုင်ရသွားပြီ၊ ၀ါဒပြိုင်ပွဲ မရှိတော့ဘူး၊ သမိုင်းနိဌိတံသွားပြီလို့ ဖရန့်စစ်ဖူကူယားမားက စာတစောင် ပေတဖွဲ့နဲ့ ရေးခဲ့ပါတယ်။ အရှေ့ဥ ရောပနိုင်ငံတွေ ဒီမိုကရေစီအသွင်ကူးပြောင်းသွားကြပါတယ်။ တကယ်တမ်း နှစ်ပေါင်း (၂၀) လွန်ပြီးတဲ့အချိန် မှာ ဆိုဗီယက်အဖွဲ့ဝင်ဟောင်း (၂၈) နိုင်ငံမှာ (၁၃) နိုင်ငံပဲ တကယ်လွတ်လပ်တဲ့ နိုင်ငံဖြစ်တယ်လို့ Freedom House ရဲ့ သုတေသနပြုချက်က ဆိုပါတယ်။ မကြာခင်ကပဲ အသက် (၈၀) ပြည့်သွားတဲ့ ဂေါ်ဘာချက်ဗ်က လက်ရှိ ရုရှားဝန်ကြီးချုပ် ဗလာဒီမာပူတင်ဟာ သူ့ထက်တောင် ကွန်မြူနစ်ဆန်သေးတယ်လို့ ပြောပါတယ်။ ဆို လိုတာကတော့ တချို့နိုင်ငံတွေဟာ ဒီမိုကရေစီအသွင်ကူးပြောင်းပြီးမှ အာဏာရှင်စနစ်ကို နောက်ကြောင်းပြန် သွားတတ်တဲ့ သဘောကို ထောက်ပြချင်တာပါ၊ ဒါကိုပဲ ဟန်တင်တန်ရဲ့ နောက်ပြန်လှိုင်း (Reverse Wave) လို့ ယူဆသူတွေ မနည်းပါဘူး။ ဒီလိုယူစရာ အခြားအချက်အလက်တွေလည်း မနည်းမနော ရှိပါတယ်။
Freedom House ရဲ့ သုတေသနပြုချက်အရ ၂၀၁၀ ခုနှစ်မှာ ဒီမိုကရေစီနိုင်ငံ (၁၁၄) နိုင်ငံ (၂၀၀၅ ခုနှစ်က ၁၂၃ နိုင်ငံ ရှိခဲ့တာပါ) ရှိပြီး နဂိုထက် ဒီမိုကရေစီအခွင့်အရေး ယုတ်လျော့သွားတဲ့ နိုင်ငံ (၇၇) (အန်ဂျီအိုတွေ၊ မီဒီယာတွေ၊ အတိုက်အခံတွေ၊ နိုင်ငံသားတွေ နိုင်ငံရေးအခွင့်အရေး ပိုဆုံးရှုံးလာတာကို ဆိုလိုတာပါ)၊ နဂို ထက် တိုးတက်လာတဲ့ နိုင်ငံ (၅၇) နိုင်ငံလို့ ဆိုပါတယ်။ တတိယနောက်ပြန်လှိုင်း မဟုတ်ရင်တောင် ဒီမိုကရေ စီ အရေးနိမ့်လာနေတယ် (Democratic Recession) လို့ ပညာရှင်အသိုင်းအ၀ိုင်းက သဘောတူကြပါတယ်။ တိုက်တိုက်ဆိုင်ဆိုင် အရှေ့အလယ်ပိုင်းက ဒီမိုကရေစီလှိုင်းတွေ အခုလောက် ပြင်းထန်မလာခင်လေးမှာပဲ သ မိုင်းနိဂုံးဆရာကြီး (ဖူကူယားမား) ကပဲ The Financial Times မှာ US Democracy Has Little to Teach China ဆိုတဲ့ ဆောင်းပါးတပုဒ်ရေးပြီး အမေရိကန်နိုင်ငံရေးစနစ်ရဲ့ အားနည်းချက်တွေ ဝေဖန်၊ တရုတ်နိုင်ငံ ရေးစနစ်ရဲ့ အားကောင်းချက်တွေကို ချီးကျူးတာ လုပ်ခဲ့ပါသေးတယ်။
မိအေးနှစ်ခါနာ
ဒုတိယနောက်ပြန်လှိုင်းကာလ (၁၉၆၀-၁၉၇၀) နှစ်တွေမှာ လက်တင်အမေရိက၊ အာဖရိက၊ အာရှမှာ အာဏာ ရှင်စနစ်တွေ ပေါ်ပေါက်လာခဲ့တဲ့အချိန်မှာ လွတ်လပ်ရေး (၁၀) နှစ်သား မြန်မာပြည်မှာလည်း စစ်အာဏာရှင် စနစ်သစ် ပေါ်ပေါက်လာခဲ့ပါတယ်။ (၂၆) နှစ်အကြာ အရှေ့ဥရောပမှာ ဒီမိုကရေစီလှိုင်းတွေ ပြင်းထန်မလာ ခင် တနှစ်စောပြီး ၁၉၈၈ မှာ မြန်မာပြည်မှာ တပါတီစနစ်ကို အရင်ဖြုတ်ချလိုက်ပါတယ် (ဦးနေ၀င်းက ဆိုဗီ ယက်ပြိုမယ် ဆိုတာကို တနှစ်၊ နှစ်နှစ်လောက် ကြိုသိခဲ့တယ်လို့ ဦးချစ်လှိုင်က ပေါ်ပြူလာဂျာနယ်ကို ပြောပါ တယ်။ ဒါလည်း စောတာပါပဲ။ မြန်မာပြည်က အာဏာရှင်တွေရဲ့ ဉာဏ်ရည်ကို လျှော့တွက်လို့မရပါဘူး၊ စိတ် ၀င်စားစရာ ကောင်းပါတယ်)။ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပပြီး တတိယ ဒီမိုကရေစီ လှိုင်းနဲ့ ပါတော့မယ့်ဆဲဆဲ အနိုင်ရပါတီကို စစ်တပ်က အာဏာမလွှဲဘဲ အာဏာဆက်သိမ်းထားတဲ့အတွက် ဒု တိယနောက်ပြန်လှိုင်းထဲမှာပဲ ကျန်နေခဲ့ပါတယ်။ ပြန်ကြည့်ရင် မြန်မာပြည်ထက် နောက်ကျပြီး သို့မဟုတ် အ နည်းငယ်စောပြီး ဒီမိုကရေစီတောင်းဆိုတဲ့ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်တို့က ဒီမိုကရေစီအခြေကျနေပြီ၊ မြန်မာပြည် အခြေအနေက အခုထိ မရေရာသေးပါဘူး။ တခါ ၁၉၈၈ ကနေ နောက်ထပ်အနှစ် (၂၀) နီးပါးအကြာ ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေး ဖြစ်ပေါ်ခဲ့ပြန်တယ်။ နှိပ်ကွပ်ခံရပြန်ပါတယ်။ မြန်မာပြည်က ရွှေဝါရောင်တော်လှန် ရေးရော၊ အီရန်က မြစိမ်းရောင်တော်လှန်ရေးရော ၂၀၁၁ အာရပ်ကမာရဲ့ စပယ်တော်လှန်ရေးထက် (၂) နှစ်၊ (၃) နှစ်လောက် တာထွက်စောခဲ့ပါတယ်။
အရေးတော်ပုံနှစ်ခု၊ ရွေးကောက်ပွဲနှစ်ခု
တခါက ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တယောက်က ၂၀၁၀ ရွေးကောက်ပွဲဟာ ၂၀၀၇ ရွှေဝါရောင် လှုပ်ရှားမှုကနေ ထွက်ပေါ်လာတဲ့ ရလဒ်လို့ပြောပါတယ်။ အဲ့ဒီရှုထောင့်ကပြောရင် ၁၉၈၈ ဒီမိုကရေစီတောင်း ဆိုမှုရဲ့ရလဒ်က ၁၉၉၀ ရွေးကောက်ပွဲရလဒ်ဖြစ်ပြီ။ ၂၀၀၇ ရဲ့ရလဒ်ကတော့ ၂၀၁၀ လို့ ပြောနိုင်ပါလိမ့်မယ်။ ဒီရလဒ်နှစ်ခုစလုံးကို မြင်လိုက်ရပါပြီ၊ (မြင်သာတဲ့ ရလဒ်တွေကို ဆိုလိုတာပါ) ကြမ်းရှလွန်းပါတယ်။ ဒါပေမယ့် ဒီမိုကရေစီအရေးတော်ပုံက မပြီးသေးပါဘူး။
ဘယ်လိုအပြောင်းအလဲမျိုးလဲ
နိုင်ငံရေးအပြောင်းအလဲက အမျိုးမျိုးဖြစ်နိုင်ပါတယ်။ အာရပ်ကမ္ဘာက အဖြစ်အပျက်တချို့ကို ကြည့်မယ်ဆိုရင် ကျုနီးရှားနဲ့ အီဂျစ်အဖြစ်အပျက်ဂယက်ကြောင့် (ဂျော်ဒန်၊ အိုမန်၊ ကူဝိတ်) တို့မှာ အာဏာရှင်တွေက လူမှုဖူလုံ ရေး အစီအစဉ်တွေကို ကောက်ခါငင်ခါ ကြေညာလာတာ တွေ့ရပါတယ်။ လူထုကို ချွေးသိပ်ဖို့၊ အာရုံလွှဲဖို့၊ အ ချိန်ဆွဲဖို့ ဒါမျိုးတွေ ဖြစ်တတ်ပါတယ် (ဒါမျိုးကို မြန်မာတွေကတောင် အာရတ်တွေကို ပြန်ပြောပြနိုင်ပါတယ်)။ အီဂျစ်မှာတော့ ဖွဲ့စည်းပုံဆန္ဒခံယူပွဲလုပ်ပြီး ဒီနှစ်မကုန်ခင် ရွေးကောက်ပွဲလုပ်ဖို့ ပြင်နေပါပြီ။ မြန်မာပြည်နဲ့ မတူ တာက ဖွဲ့စည်းပုံဆန္ဒခံယူပွဲဟာ လွတ်လပ်ပြီး တရားမျှတမှု၊ ပွင့်လင်းမြင်သာမှု ရှိခဲ့ပါတယ်။ ဒီအတိုင်း ဆက် သွားရင် အီဂျစ်မှာ လူထုကို တကယ်ကိုယ်စားပြုတဲ့ ဒီမိုကရေစီအစိုးရတရပ် မကြာခင် ပေါ်ပေါက်လာဖို့ ရှိပါ တယ်။ အပြောင်းအလဲက သေချာပါတယ်။ ဒါပေမယ့် အီဂျစ်အပါအ၀င် အာရပ်ကမ္ဘာတခုလုံး ဒီမိုကရေစီကို ဘယ်လိုအသွင်ပြောင်းမလဲဆိုတာ သိပ်တော့မသေချာသေးပါဘူး။ သေချာတဲ့အကြောင်းက လူထုရဲ့ ဒီမိုက ရေစီအာသီသနဲ့ သတ္တိဖြစ်ပြီး မသေချာတဲ့အကြောင်းက အသွင်ကူးပြောင်းတဲ့ နိုင်ငံတွေမှာ ဖြစ်တတ်တဲ့ သ ဘောနဲ့ အာရပ်ကမ္ဘာရဲ့ ရေခံမြေခံကိစ္စဖြစ်နေပါတယ်။
ဘယ်လိုရေခံမြေခံလဲ
အာရပ်ကမ္ဘာရဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းရေးကနေ မြန်မာပြည်အတွက် အရေးကြီးတဲ့ သင်ခန်းစာတချို့ ထွက်ပေါ်လာမယ်လို့ ယူဆရပါတယ်။ အထူးသဖြင့် လစ်ဗျားက လက်နက်ကိုင်တော်လှန်ရေး၊ ပြည်ပနိုင်ငံ တွေရဲ့ စစ်ရေးအရ ကြားဝင်ဆောင်ရွက်မှုနဲ့ အီဂျစ်က အစီအစဉ်တကျ အသွင်ကူးပြောင်းရေး (အိုဘားမားစ ကားအတိုင်း) တို့ရဲ့ရလဒ်တွေကနေ ထွက်ပေါ်လာမှာဖြစ်ပါတယ်။ နောက်တချက် စဉ်စားမိတာက တတိယ ကမ္ဘာရဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းရေး နမူနာပါ။ အခုထိ ဒီမိုကရေစီအသွင်ကူးပြောင်းရေး အယူအဆတ ချို့ဟာ တတိယကမ္ဘာအတွက် မမီတဲ့ပန်းလို ဖြစ်နေပါတယ်။
ဒီမိုကရေစီအသွင်ကူးပြောင်းရေး အဆင်ပြေချောမွေ့ဖို့ဆိုရင် ...
၁။ နိုင်ငံရဲ့စီးပွားဖွံ့ဖြိုးမှုနဲ့ တိုင်းပြည်ရဲ့ဓနတောင့်တင်းမှုရေချိန် ရှိရမယ်။
အာရပ်နိုင်ငံတွေရဲ့ ဆင်းရမွဲတေမှု အခြေအနေဆိုးပါတယ်။
၂။ အင်တီကျူးရှင်း အားကောင်းဖို့ လိုပါတယ်။
အများစု မရှိသလောက် ဖြစ်နေပါတယ်။ လစ်ဗျားမှာဆို လုံးဝမရှိပါဘူး။
၃။ တိုင်းရင်းသားမျိုးနွယ်စု၊ ဘာသာစကားကွဲပြားမှု
ဆူနီ-ရှီရိုက်ပြဿနာ ရှိနေပါတယ်။ ဒါပေမယ့် အီဂျစ်လူထုဆန္ဒပြပွဲကို ကြည့်ရင် ဆူနီ-ရှီရိုက် ညီညွတ်ခဲ့ကြပါ တယ်။
၎။ ဒီမိုကရေစီနိုင်ငံရေးနှင့် အကျွမ်းတ၀င်ရှိမှု
ဟန်တင်တန်က အာရပ်ယဉ်ကျေးမှုဟာ ဒီမိုကရေစီကို အားမ ပေးဟု ဆိုခဲ့ဖူးသလို ပုပ်ရဟန်းမင်းကြီးဘန်နီ ဒစ် (Pope Bennedict XVI) ကလည်း အစ္စလာမ်ဘာသာနဲ့ ဒီမိုကရေစီ သဟဇာတ မဖြစ်နိုင်လို့ ပြောဖူးပါ တယ်။ ဘာရိန်း၊ ဂျော်ဒန်၊ ကူဝိတ်၊ မော်ရိုကိုတို့မှာ ပါတီစုံစနစ်နဲ့ ပါလီမန်အတွေ့အကြုံ အထိုက်အလျောက်ရှိပါ တယ်။
၅၊ နိုင်ငံသားတွေရဲ့ ပညာတတ်မှု၊ လူလတ်တန်းစားတည်ရှိမှု
ကျူနီးရှားကလွဲလို့ တခြားနိုင်ငံတွေမှာ မရှိသ လောက်ဖြစ်ပါတယ်။
၆။ ပြင်ပကမ္ဘာနှင့် အဆက်အဆံရှိမှု
အာရပ်ကမ္ဘာမှာ တနိုင်ငံနှင့် တနိုင်ငံ မတူ။
ဒီအချက်တွေကို ကြည့်ပြီး အာရပ်က ဒီမိုကရေစီအသွင်ကူးပြောင်းရေးကတော့ ခက်ခဲမယ်၊ ရှည်ကြာမယ်လို့ ထောက်ပြကြတာတွေ ရှိပါတယ်။ ဒါပေမယ့် ပြန်ထောက်စရာ တချက်က အိန္ဒိယနိုင်ငံ လွတ်လပ်ရေးရခါစ အ ခြေအနေကို ဒီအချက်တွေနဲ့ မှတ်ကျောက်တင်မယ်ဆိုရင် တခုမှ စရွေးမကိုက်လှပါဘူး။ ဒါပေမယ့် အိန္ဒိယဟာ အဲဒီအခြေအနေအောက်ကပဲ ကမ္ဘာမှာ အင်အားအကြီးဆုံး ဒီမိုကရေစီနိုင်ငံအဖြစ် ဒီကနေ့ ရပ်တည်နေနိုင်ပါ တယ်။ နောက်တချက်ကလည်း ဒီမိုကရေစီအသွင်ကူးပြောင်းမှုဖြစ်သွားတဲ့ ဆာဟာရတပိုင်း နိုင်ငံတချို့ထက် စာရင် အာရပ်တွေက အစစအရာရာ သာပါသေးတယ်။ ဆာဟာရတပိုင်း နိုင်ငံတွေမှာလည်း ဂါနာ၊ ဘီနင်တို့ ဒီမိုကရေစီအသွင်ကူးပြောင်းရေး အောင်မြင်သလို ကင်မရွန်း၊ တိုဂိုကတော့ အာဏာရှင်စနစ် တကျော့ပြန် သွားခဲ့ကြပါတယ်။ Congo ကွန်ဂိုမှာတော့ ပြည်တွင်းစစ်ဖြစ်ကောင်းတုန်းပါပဲ။
ဒီမိုကရေစီရုန်းကုန်မှုတိုင်းမှာ မစွန့်စားရတာ မရှိပါဘူး။ ရှုပ်ထွေးမှုတွေလည်း ရှိတာပါပဲ။ အရှေ့ဥရောပ ဒီမိုက ရေစီတိုးတက်မှုမှာလည်း ပြဿနာမကင်းပါဘူး။ အရှေ့ဥရောပက အသွင်ကူးပြောင်းတဲ့ကာလတွေမှာ အာ ဏာရှင်တွေရဲ့ လူရင်းတွေ၊ အစွန်းရောက်သမားတွေ၊ နိုင်ငံရေးအချောင်သမားတွေ၊ ဒုစရိုက်သမားတွေလည်း သူတို့အကျိုးစီးပွားအတွက် ၀င်လုံးခဲ့ကြပါတယ်။ ဒီလို အခက်အခဲတွေရှိပေမယ့် ဒါတွေက ရေရှည် ဒီမိုကရေစီ အပြောင်းအလဲကို လမ်းကြောင်းမပြောင်းနိုင်ပါဘူး။ စိုးရိမ်စရာမဟုတ်ပါဘူး။ ကမ္ဘာပေါ်က လူတွေဟာ တနေ့ ထက်တနေ့ လွတ်လပ်မှု၊ လူ့သားဂုဏ်သိက္ခာ၊ လူ့အခွင့်အရေး၊ တရားမျှတမှုတွေကို ဆက်တိုက်တောင်းဆိုနေ ကြဦးမှာပါပဲ။
အစိုးရအပြောင်းအလဲ
အာဏာရှင်တွေလက်အောက်က ပြည်သူတွေက အစိုးရအပြောင်းအလဲကို တောင်းဆိုတာ သဘာဝပါပဲ။ ဒါ ပေမယ့် အရှေ့ဥရောပနိုင်ငံတွေနဲ့ အာရပ်ကမ္ဘာက အစိုးရတွေကြားမှာ မျဉ်းပြိုင်ဆွဲလို့မရတာတွေ ရှိပါတယ်။ အရှေ့ဥရောပနိုင်ငံတွေဟာ ပြင်ပကမ္ဘာနဲ့ အဆက်ပြတ်ပြီး ဆိုဗီယက်ကို မှီခိုခဲ့ကြပါတယ်။ ဂေါ်ဘာချက်ဗ်ပေါ် လစီအရ တခြားနိုင်ငံတွေရဲ့ ပြည်တွင်းကိစ္စတွေမှာ ၀င်မကူတဲ့ အခြေအနေ၊ သူတို့နိုင်ငံတွေက လူထုဆန္ဒပြပွဲ တွေ ဖြစ်လာတဲ့အခါမှာ ပြိုဆင်းသွားတာဖြစ်ပါတယ်။ ဒါပေမယ့် အာရပ်ကမ္ဘာက အာဏာရှင်တွေက (အီဂျစ်နဲ့ ဂျော်ဒန်ကလွဲလို့ တခြားနိုင်ငံတွေဟာ သူတို့နိုင်ငံက ရေနံနဲ့ သဘာဝဓာတ်ငွေ့အပေါ်မှာ မှီခိုကြပါတယ်။ ဒီအ ရင်းအမြစ်တွေလည်း ရုတ်တရက် ကုန်ခမ်းသွားမယ့် အခြေအနေ မရှိပါဘူး။ ဒါကြောင့် အာဏာရှင်တွေခေတ် ဟာ ချက်ချင်းကြီး (အရှေ့ဥရောပမှာလို) နိဂုံးချုပ်သွားလိမ့်မယ်လို့ မျှော်လင့်လို့မရပါဘူး။ တချက်ရှိတာက အီ ဂျစ်စစ်တပ်ကို အမေရိကန်က နှစ်စဉ်သန်း (၁,၅၀၀) စစ်ရေးအထောက်အပံ့ပေးခဲ့ပါတယ်။ အီဂျစ်မှာ ထောက် လှမ်းရေးနဲ့ သတင်းပေး (၂) သန်း ရှိပါတယ်။ အရွယ်ရောက်သူ အယောက် (၄၀) မှာ ထောက်လှမ်းရေးတ ယောက်နှုန်းဖြစ်ပါတယ်။ ပါလီမန်မှာ မူဘာရတ်က (၉၀) ရာခိုင်နှုန်း ထိန်းချုပ်ထားပါတယ်။ ဒါပေမယ့် အခု အီ ဂျစ်မှာ မူဘာရတ်ခေတ် နိဂုံးချုပ်သွားပါပြီ။
ဘယ်က စလုပ်မလဲ
ဒီမိုကရေစီ အပြောင်းအလဲက နေ့ချင်းညချင်း ရနိုင်တာမဟုတ်ပါဘူး။ အခု ရေတွင်းတူး အခုရေကြည် မ သောက်နိုင်ဘူးလို့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ပြောဖူးပါတယ်။ မှန်ပါတယ်။ ဒါပေမယ့် အာဏာရှင်စနစ်ကနေ အပြောင်းအလဲမှာ လွတ်လပ်စွာ ဆန္ဒထုတ်ဖော်ခွင့်၊ နိုင်ငံရေးစုရုံးခွင့်၊ ဖွဲ့စည်းခွင့်၊ စနစ်ဟောင်းက ဖိနှိပ်တဲ့ ဥပ ဒေတွေ ဖယ်ရှားပေးဖို့တို့ကိုတော့ ချက်ချင်းလုပ်ပေးဖို့လိုပါတယ်။ နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးဖို့ လိုပါတယ်။ ဒါတွေ မရှိဘဲနဲ့ အသွင်ကူးပြောင်းရေး စနေပြီလို့ ပြောနေလို့မရပါဘူး။
အမှန်တကယ် တည်ငြိမ်စေချင်ရင် ...
တည်ငြိမ်တဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းရေး ဖြစ်ဖို့ဆိုရင် ...
၉-၁ တမျိုးသားလုံး national dialogue ဒိုင်ယာလော့ဂ် လိုပါတယ် (အမျိုးသားညီလာခံလိုတော့ မဟုတ်ပါ ဘူး)။
၉-၂ ကြားဖြတ်အစိုးရ၊ အတိုက်အခံတွေ၊ လူမှုအသင်းအဖွဲ့တွေနဲ့ အသွင်ကူးပြောင်းရေးအတွက် စည်းမျဉ်း၊ ဒီဇိုင်း၊ အချိန်ဇယား လိုပါတယ် (လမ်းပြမြေပုံ ၇ ချက် မဟုတ်ပါဘူး)။
၉-၃ လူထုထောက်ခံတဲ့ ဖွဲ့စည်းပုံအသစ် ရေးဖို့လိုတယ် (၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ မဟုတ်ပါဘူး)။
၉-၄ ရွေးကောက်ပွဲ မလောနဲ့၊ အကန့်အသတ်မရှိလည်း ရွှေ့မထားနဲ့၊ ရွေးကောက်ပွဲကို စနစ်တကျ၊ မျှမျှတတ ဖြစ်အောင်လုပ် (၂၀၁၀ ရွေးကောက်ပွဲလို မဟုတ်ပါဘူး)။
၉-၅ နိုင်ငံရေးအင်အားစုအသစ်တွေကို ဖွဲ့စည်းခွင့်ပြု။
၉-၆ ရွေးကောက်ပွဲဥပဒေဟာ အရေးကြီးတဲ့ လူမှုအစိတ်အပိုင်းတွေအားလုံး ပါလီမန်ထဲမှာ ကိုယ်စားပြုခွင့်ရ တာမျိုး ဖြစ်ဖို့လို (လက်ရှိ ကြံ့ဖွံ့လက်ဝါးကြီးအုပ် ပါလီမန်မျိုး မဟုတ်ပါဘူး)။
၉-၇ နိုင်ငံရေးတခုတည်းနဲ့ မလုံလောက်ပါဘူး၊ စီးပွားရေးမှာ နှစ်ပေါင်းများစွာ ဖိနှိပ်ထားတဲ့ elites တစုရဲ့ အ ကျိုးစီးပွားအတွက်ပဲဆိုရင် လူထုကို အကျိုးမပြုရင် မကြာခင်မှာ ကသောင်းကနင်း ဖြစ်လာဦးမှာပဲ။
၉-၆ အလုပ်အကိုင်အခွင့်အရေးတွေ၊ အခွင့်အလမ်းတွေ ဖန်တီးပေးရမယ်။
၉-၁၀ အင်စတီကျူးရှင်းတွေ ဖန်တီးမွေးဖွားမှု၊ ပြုပြင်ပြောင်းလဲမှုတွေလုပ်ဖို့ (Fundamental Institutional Reform) လိုအပ်ပါတယ်။ ဥပမာ - ကမ္ဘာနဲ့ရင်ပေါင်တန်းနိုင်၊ ၀င်ဆံ့နိုင်တဲ့ အရည်အချင်းရှိတဲ့ လူငယ်မျိုးဆက် တွေကို ပေါ်ပေါက်လာဖို့ ပညာရေးစနစ်ကို ပြောင်းလဲဖို့လိုပါတယ်။ အဂတိလိုက်စားမှုတွေ မရှိဖို့၊ ဆုံးဖြတ် ချက်ချတဲ့အပိုင်းမှာ တာဝန်ခံမှုနဲ့ ပွင့်လင်းမှုရှိဖို့ စီးပွားရေးလုပ်ငန်းတွေ၊ လူမှုအဖွဲ့တွေကိုလည်း ပါဝင်ခွင့်ပြုဖို့၊ အန်ဂျီအိုတွေ၊ သမဂ္ဂတွေ၊ အသင်းအပင်း၊ အဖွဲ့အစည်းတွေ ဖွဲ့စည်းခွင့်ပြုဖို့ ... စတာတွေ ဖြစ်ပါတယ်။
မြန်မာပြည်ရဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းရေး
မြန်မာပြည်က ဒီမိုကရေစီအသွင်ကူးပြောင်းရေးဟာ ရေရှည်တည်တံ့ဖို့ အချက်အလက်တွေ (အားလုံးနီးပါး) လစ်ဟာခဲ့တာ အားလုံးသိကြပါတယ်။ ဒါပေမယ့် အချိန်မီပါသေးတယ်။ သမ္မတသစ်ရဲ့ ပထမဆုံးမိန့်ခွန်းမှာ ဒီမိုကရေစီအခြေခံတွေကို ပြောသွားတာရှိပါတယ်။ လက်တွေ့လုပ်ဖို့ပဲ လိုပါတယ်။ ပြောရရင် နံပါတ် (၈) ကို အရင်စဖို့ ဖြစ်ပါတယ်၊ အမှန်တကယ် တည်ငြိမ်ချင်ရင် နံပါတ် (၉) ရဲ့ အဆင့်တွေအားလုံးကို (တနည်းနည်းနဲ့) ပြန်ဖြတ်သန်းဖို့ လိုပါတယ်။ ပြည်တွင်းပြည်ပက အတိုက်အခံတွေ သာမက ပြည်သူလူထုနဲ့ နိုင်ငံတကာက လည်း သတိနဲ့ စောင့်ကြည့်နေတာ သေချာပါတယ်။
ဒေါ်အောင်ဆန်းစုကြည်က “အကောင်းမြင်တာလည်းမဟုတ်၊ အဆိုးမြင်တာလည်းမဟုတ်၊ ဓမ္မဓိဌာန်ကျကျပဲ မြင်တယ်” လို့ ပြောပါတယ် (အဓိပ္ပာယ်က ကျယ်ပြန့်ပါတယ်)။ အစိုးရသစ်နဲ့ နိုင်ငံရေးဆွေးနွေးလိုတယ်လို့ ဂျာမန်ဝန်ကြီးချုပ်နဲ့ ဖုန်းပြောစဉ်က ပြောခဲ့တယ်လို့ သိရပါတယ်။ အဲဒီကနေ နံပါတ် (၉) ကို ခရီးဆက်နိုင်ပါ လိမ့်မယ်။ တကယ်အရေးကြီးတာက ဘယ်လိုအစိုးရမျိုးပဲဖြစ်ဖြစ် လူ့အခွင့်အရေးကို လေးစားဖို့နဲ့ နောက်ပိုင်း အရေးပါလာတဲ့ အင်တာနက်လွတ်လပ်ခွင့်ကို လေးစားဖို့ဖြစ်ပါတယ်။ အခုရှိနေတဲ့ နိုင်ငံရေးအင်အားစုတွေ အားလုံးကလည်း အဲဒီလိုအပ်ချက်တွေအတွက် ပြည်သူလူထုနဲ့အတူ နည်းပေါင်းစုံနဲ့ ရုန်းကန်ဖို့ တာဝန်ရှိပါ တယ်။ ၂၀၁၀ ရွေးကောက်ပွဲကို အမှီပြုပေါ်လာတဲ့ နိုင်ငံရေးပါတီတွေအနေနဲ့လည်း လူထုကို တလွဲမျှော်လင့် ချက် မပေးဖို့နဲ့ ပွင့်လင်းဖို့ (မညာဖို့) တာဝန်ရှိပါတယ်။ ကျန်တာကို ပြည်သူလူထုက သူ့ဘာသာ ဆုံးဖြတ်ပါ လိမ့်မယ်။ ပြည်သူတွေရဲ့အင်အားကို တားဆီးလို့ မရကောင်းပါဘူး။ အရှေ့အလယ်ပိုင်းက စတုတ္ထလှိုင်းက အခုတင်ပဲ နယ်နိမိတ်ကို ကျော်ခဲ့ပါပြီ။
ကမ္ဘောဒီယား ပြည်ပရောက်အတိုက်အခံဖြစ်တဲ့ Sam Rainsy က “သူတို့ (အာရတ်တွေ) က ကျနော်တို့ကို ဒီ လိုလုပ်ရတယ်လို့ နမူနာပြလိုက်တာပဲဗျ။ အခုလူတွေက အပြောင်းအလဲက ဖြစ်နိုင်တယ် (Change is Possible) ဆိုတဲ့ အိုင်ဒီယာရသွားပြီ၊ ဒါ အရေးအကြီးဆုံးပဲ” တဲ့။
အာရပ်ကမ္ဘာက ဆန္ဒပြပွဲတွေက ၂၀၀၉ မှာ နှိပ်ကွပ်ခံခဲ့ရတဲ့ အီရန်က အစိမ်းရောင်လှုပ်ရှားမှု (Green Movement) ကို တကျော့ပြန် နိုးထလာစေလိမ့်မယ်လို့ တချို့က နိမိတ်ဖတ်ကြပါတယ်။ မြန်မာပြည်လူထု တွေကလည်း အာရပ်ကမ္ဘာက လှုပ်ရှားမှုအကြောင်းတွေ အယ်ဂျာဇီးရားတီဗွီက လွှင့်နေတာကို ၁၉၈၈ ခုနှစ် လူထုလှုပ်ရှားမှုအမှတ်နဲ့၊ ၂၀၀၇ ရွှေဝါရောင်လှုပ်ရှားမှုအမှတ်နဲ့ ငေးကြည့်ကြပါတယ်။ လစ်ဗျားကို အမေရိကန် နဲ့ မဟာမိတ်တပ်တွေ လေကြောင်းကဗုံးကြဲတော့ “နေပြည်တော်ကို ဘယ်တော့ကြဲမလဲဟင်” လို့ အချင်းချင်း လက်တို့ မေးနေကြပါတယ်။ သောမတ်ဖရီးမင်းစကား ငှားပြောရရင် “ဒါ အစပဲ ရှိပါသေးတယ်”။
နိဂုံး
ကမ္ဘာ့ပြည်သူတွေရဲ့ ဒီမိုကရေစီအရေးတော်ပုံတိုင်းမှာ မြန်မာတွေက အမြဲတမ်း တာထွက်စောခဲ့တဲ့အတိုင်း အ ခုလည်း စောပြန်ပါပြီ (၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးက ၂၀၁၁ အာရပ်ကမ္ဘာရဲ့ စပယ်တော်လှန်ရေးထက် စောတာကို ဆိုလိုတာပါ)။ တချက်ရှိတာက ၁၉၄၈ (လွတ်လပ်ရေးခေတ်ဦး ဒီမိုကရေစီခေတ်) က ဟန်တင် တန်ရဲ့ ဒုတိယလှိုင်းခေတ်ဖြစ်ပြီး လက်ရှိဒီမိုကရေစီလှိုင်းဟာ ဆိုဗီယက်ပြိုဆင်းသွားတဲ့ တတိယလှိုင်းခေတ် လည်း မဟုတ်တော့ပါဘူး။ တတိယလှိုင်းရေးတဲ့ ဟန်တင်တန်လည်း ကွယ်လွန်သွားပါပြီ။ အနှစ် (၆၀) ကျော် နောက်ကျပြီးမှ ပေါ်ပေါက်လာတဲ့ စတုတ္ထလှိုင်းဆိုတာကို မမေ့ကြဖို့ ဖြစ်ပါတယ်။ ဟန်တင်တန်ရဲ့ ဒုတိယဒီမို ကရေစီလှိုင်းဖျား ၁၉၄၇ မှာ မားမားရပ်ပြီး အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းက အခုလို မိန့် ခွန်းပြောဖူးပါတယ်။
“သူများ တလှမ်း လှမ်းရင် ကိုယ်က ဆယ်လှမ်း လှမ်းနိုင်မှ တော်ကာကျမယ်။ ... ... ပြဲနေအောင် လုပ်နိုင်မှ တော်ကာကျမယ်”
အလုပ်နဲ့ သက်သေပြဖို့ လမ်းညွှန်ခဲ့တယ်လို့ နားလည်မိပါတယ်။ ။
Ref: The Fourth Wave? Democracy in Egypt by By Shashank Joshi / The Backlash again democracy by By Carl Gershman / The Fourth Wave by BY IAN BREMMER / The Fourth Global Wave of Democratization / Starting in Egypt; The Fourth Wave of Democratization? by Stephen R. Grand / Huntington’s Clash Revisited by By DAVID BROOKS / This is Just the Start by By THOMAS L. FRIEDMAN / Why Balin Wall Came Down: Reagan’s Role, Diplomacy by By Romesh Ratnesar / Poor Quality Governance in the Arab World by Rupert Taylor / US Democracy Had Little to Teach China by By Francis Fukuyama / Obama’s Cairo Speech: A New Beginning
Posted by
ဒေါက်တာလွဏ်းဆွေ
at
10:32 AM
1 comments
Labels: ဆောင်းပါး
Monday, April 4, 2011
မြန်မာ့ရေးရာ သတင်းပဒေသာ (၄-၄-၂၀၁၁)
- သမ္မတအိမ်ကို သိမ်းလိုက်ပြီလို့ ၀ါတာရာ ပြော click
- သံတမန်ရေး ဆွေးနွေးမှုတွေကြားက လစ်ဗျားမှာ တိုက်ပွဲတွေ ဆက်ဖြစ် click
- အနောက်အုပ်စုအတွက် ယီမင် ဘယ်လောက်အရေးကြီးသလဲ click
- နျူကလီးယား အဆိပ်သင့်ရေတွေ ဂျပန်နိုင်ငံ ပင်လယ်ထဲ စွန့်ပစ် click
- သမ္မတ အိုဘားမား ၂၀၁၂ ခု ရွေးကောက်ပွဲအတွက် မဲဆွယ်ဖို့ ပြင်ဆင် click
- အောက်လွှတ်တော်အမတ် Eddie Bernice Johnson အကြောင်း တစေ့တစောင်း click
- ခလရ (၉၁) တပ်ရင်းမှာ လိုက်လျောမှုပြု click
- ဗိုလ်ချုပ်မှူးကြီးသန်းရွှေ စစ်တပ်ရာထူးမှ အနားယူကြောင်း သတင်းထွက် click
- စစ်အစိုးရ အကြီးအကဲ ရာထူးက အနားယူ click
- အစိုးရသစ် ကတိတည်၊ မတည် နိုင်ငံရေးပါတီတွေ စောင့်ကြည့်မည် click
- အစိုးရသစ်ကို ယုံကြည်မှုမရှိကြာင်း KNU ကြေညာချက်ထုတ်ပြန် click
- တွေ့ဆုံဆွေးနွေးရန် အစိုးရသစ်ကို KNU တောင်းဆို click
- လယ်သမားများအရေး အစိုးရသစ် ဖြေရှင်းမပေး click
- အစိုးရသစ်နဲ့ မြန်မာ့စီးပွားရေး အလားအလာ click
- အမျိုးသားဒီမိုကရေစီအင်အားစုပါတီ နှစ်ခြမ်းကွဲ click
- သွေးလှူဒါန်းမှု အကူအညီပေးနေသူ ဗိုလ်ကြီးဟောင်း အဖမ်းခံရ click
- ထိန်းသိမ်းခံ ဗိုလ်ကြီးဟောင်း၏ အိမ် ရှာဖွေခံရ click
- ဝေါ်လေဒေသတိုက်ပွဲ ဆက်လက် ဖြစ်ပွားနေဆဲ click
- စစ်ပြေးရွာသားများ၏ နေအိမ်၊ ခြံဝင်း သိမ်းဆည်းခံရမည်ဟု သတင်းများ ထွက်ပေါ်နေ click
- မြန်မာပြည်ဖွား CIA သေနတ်သမား ချင်းမိုင်တွင် သေဆုံး click
- ရော့စ်ဒန်ကလေကို စွဲချက်တင်လိုက်ပြီ click
- ကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့ ဒဂုံမြို့သစ်မှာ ဖွဲ့စည်း click
- မြန်မာ ဆက်သွယ်မည့် ရထားလမ်း ဘင်္ဂလာဒေခ်ျ့တွင် စတင်တည်ဆောက်ပြီ click
- စံပြကျေးရွာများတွင် နေထိုင်ရန် ဗမာပြည်မှ အိမ်ထောင်စု (၁၄၃) စု မောင်တောသို့ ရောက်ရှိ click
- ‘ငုံ့မခံရဖို့ တုံ့ပြန်ကြစို့’ သံချပ်ခွေ ထုတ်ဝေ click
- ကြက်ဖ၊ ကြက်မ သရော်စာ click
- မြန်မာ-လာအိုနယ်စပ်တွင် ငလျင်ထပ်လှုပ် click
- ငလျင်ဒဏ် စိုးရိမ်သည့် တာလေဒေသခံများ ဘာသာရေး အားထားရှာ click
- မြန်မာရေလုပ်သား ရာနဲ့ချီ ကပ္ပလီပင်လယ်ပြင်မှာ ပျောက်ဆုံးဆဲ click
- မဟာချိုင် ကားတိုက်မှု မြန်မာတွေ သေဆုံး click
- မဟာချိုင် မြန်မာအလုပ်သမားအချို့ ကားတိုက်သေဆုံး click
- ကားတိုက်မှုကြောင့် ထိုင်းနိုင်ငံမှာ မြန်မာအလုပ်သမား အများအပြား သေဆုံး click
- မြန်မာအမျိုးသမီးများကို ရဲအယောင်ဆောင် အဓမ္မကျင့်သူ ဖမ်းဆီးခံရ click
- ရခိုင်သဟာရအသင်းကြီး မှတ်စုမှတ်တမ်း click
- စရိတ်မျှပေး ကျန်းမာရေးဆီသို့ (၂) (အင်တာဗျူး) click
- လူကြီး သင်ပုန်းကြီး (ဆောင်းပါး) click
- စွပ်စွဲချက်များ အခြေအမြစ်မရှိဟု FTUB ဦးမောင်မောင် ဖြေရှင်း click
- NDF နှစ်ခြမ်းကွဲ click
- အမေရိကန် အထူးကိုယ်စားလှယ်ခန့်ရေး NLD နှင့် နိုင်ငံရေးပါတီများ ကြိုဆို click
- ပဲခူး အန်အယ်လ်ဒီ အခမဲ့ ဆေးဝါးကုသရေး ဆောင်ရွက် click
- ထောင်ဝင်စာတွေ့ရေးအတွက် ရှမ်း NLD ထောက်ပံ့မည် click
- သွေးလှူဒါန်းမှု ကူညီသူ အဖမ်းခံရ click
- သွေးအကူပေးသူ ဗိုလ်ကြီးဟောင်း စစ်ကြောရေးရောက် click
- တပ်ပေါင်းစုမှ ကျန်ရစ်သော “၀” တပ်မတော်နှင့် ဆက်လက်တိုက်ပွဲဝင်မည် click
- မဟာမိတ်များ စုံညီသည့် WNO ခေါင်းဆောင် ဈာပန တခမ်းတနား ကျင်းပ click
- သမ္မတ ပြောကြားချက် အောက်ခြေအဖွဲ့များက အကောင်အထည်ဖော်ရန်လို click
- ငလျင်ဒဏ်သင့်ပြည်သူ မိသားစုတစုလျှင် ဒု-သမ္မတသစ် ကျပ်ငွေ (၂) သိန်းစီ ထောက်ပံ့ click
- UMFCCI ဥက္ကဌနေရာ လျှို့ဝှက်မဲစနစ်ဖြင့် ရွေးချယ်မည် click
- သင်္ကြန်အတွက် အာဏာပိုင်များ ငွေကောက်ခံ click
- ငုံ့မခံရဖို့ တုံ့ပြန်ကြစို့ သံချပ်ခွေ ထွက်ပြီ click
- “ငုံ့မခံရဖို့ တုံ့ပြန်ကြစို့” သင်္ကြန် သံချပ်ခွေ ထွက်ပြီ click
- စိန်ခေါ်မှုများအောက်က အစိုးရသစ် (အယ်ဒီတာ့အာဘော်) click
- အောင်ပွဲသို့ချီရာဝယ် ... (ဆောင်းပါး) click
- တီးတိုးငွေကြေးများ အပိုင်း (၁) click
- အိုဘယ့် ကယ်တင်ရှင် (ဆောင်းပါး) click
- No Easy Road စာအုပ်ရေးသားခဲ့တဲ့ နိုင်ငံရေးအကျဉ်းသားဟောင်း ကိုသီဟရာဇာနှင့် အင်တာဗျူး click
- မုန်တိုင်းမိ ကျားဖောင်နဲ့ ငါးဖမ်းလှေများမှ ရေလုပ်သား ပျောက်ဆုံးမှု ထင်ထားသည်ထက် အဆများစွာ ဆိုး ရွား (နောက်ဆက်တွဲသတင်း) click
- ရွှေ့ပြောင်းမြန်မာအလုပ်သမားတွေ ပါတဲ့ ကား ယာဉ်တိုက်မှုဖြစ် click
- ယာဉ်တိုက်မှုကြောင့် မြန်မာအလုပ်သမားများ သေဆုံး click
- မဟာချိုင် ယာဉ်တိုက်မှု မြန်မာများ သေဆုံး ဒဏ်ရာရ click
- ထိုင်းနိုင်ငံရောက် ရေဘေးသင့် မြန်မာအလုပ်သမားများကို ကူညီမည် click
- ရန်ကုန်မှ အိုးမဲ့အိမ်မဲ့များ ရခိုင်တွင် နေရာချထား click
- ဖူးခက်မြို့တွင် ရဲအယောင်ဆောင် မုဒိမ်းသမား ဖမ်းမိ click
- ယခုနှစ် နေလှမ်းဆားလုပ်ငန်း အရှုံးပေါ် click
- စားသုံးကုန်များ သက်သာချောင်ချိစွာ ၀ယ်ယူနိုင်ရေး ဖွင့်ပွဲ စတင် click
- ဒန်ကလေအမှု ရက်ချိန်းထပ်ပေး click
- ကရင်နီမျိုးနွယ်စုများ၏ နှစ်သစ်ကူးနေ့ကို ပြည်တွင်း ကရင်နီ အများစု မသိကြ click
- ၂၀၁၁ မြန်မာနှစ်သစ် မေတ္တာနန္ဒ၀ိဟာရကျောင်း သင်္ကြန်ဈေး ကုသိုလ်ပွဲ ဆင်နွှဲ click
- ယဉ်ကျေးမှုပျောက်တဲ့ မြန်မာပြည် (၂) (ဆောင်းပါး) click
- နျူကလီးယား ဓာတ်သတ္တိကြွပစ္စည်း ပျံ့နှံ့မှု အန္တရာယ်များ (ဆောင်းပါး) click
- ထိုင်းနိုင်ငံမြောက်ပိုင်းနဲ့ တောင်ပိုင်းမှာ အရေးပေါ်အခြေအနေ သတိပေးနှိုးဆော်ထား click
- အပူတပြင်း ရှာဖွေရေး (၃) ရက်ကြာ စီမံကိန်းကို အဆုံးသတ် click
Posted by
ဒေါက်တာလွဏ်းဆွေ
at
8:02 PM
1 comments
Labels: သတင်း





















