Thursday, April 7, 2011

ပြာခံနေသော သျှမ်းပြည်နယ် ၀န်ကြီးများအဖွဲ့ရုံး (ပေးစာ)

တောင်ကြီးသား

အစိုးရသစ်လက်အောက် ရောက်ရှိလာသည်နှင့် တစ်ပြိုင်နက်တည်း တောင်ကြီးမြို့တွင်ရှိသော ယခင်အခေါ် ပယကရုံး (ယခုအခေါ် မသိပါ) သည် အရမ်းစည်ကားလျက်ရှိနေပါသည်။ ကားကြီး၊ ကားငယ် အသွယ်သွယ် ဖြင့် ၀င်ထွက်သွားလာလှုပ်ရှားလျက်ရှိပြီး အိမ်ထောင်ပရိဘောဂမျိုးစုံဖြစ်သော ဆက်တီထိုင်ခုံများ၊ စားပွဲများ ဆိုဒ်စုံ သယ်ယူဝင်ထွက်နေသည်မှာ ဟိုတယ်တခု တည်ဆောက်နေသလို သယ်ယူလို့မပြီးနိုင် ဖြစ်နေသည်ကို တွေ့နေရပါသည်။

အဆိုပါ ပစ္စည်းများသည် ယခုအသစ်ရောက်ရှိလာသော ၀န်ကြီးများအတွက်ဖြစ်ကြောင်း၊ ၀န်ကြီးများအတွက် ပြင်ဆင်ပေးထားသော ပယကရုံးအပေါ်ထပ်ရှိ အခန်းများတွင် ရုံးထိုင်ကြသော ၀န်ကြီးများက မိမိတို့အခန်းအ တွင်း လိုအပ်သော ဇိမ်ခံပစ္စည်းများကို ၄င်းတို့ သိန်းချီရရှိသော လစာဖြင့် မ၀ယ်ယူဘဲ တပဲခြောက်ပြားမျှသာ လစာစားနေသည့် လက်အောက်ငယ်သားများအား ၀ယ်ယူခိုင်းကြောင်း၊ ၀န်ကြီးများ၏ ဌာနအလိုက် ဆိုင်ရာ ဆိုင်ရာ တပည့်လက်အောက်ငယ်သားများမှာ စားစရာ မရှိသော်ငြား မိမိတို့ အလုပ်မပြုတ်ရေး၊ နေရာရရှိရေး အတွက် ဖားနေရ၍တမျိုး၊ ကြောက်နေရ၍တဖုံ စိတ်ပင်ပန်းဆင်းရဲခြင်းကြီးစွာဖြင့် လုပ်ကိုင်ပေးနေရကြောင်း၊ ယခုဆိုလျှင် စကိုင်းနက်ဆိုသည့် စလောင်းပြာများကြောင့် ငယ်သားများမှာလည်း ပြာခံနေကြောင်း၊ ရှေ့ဘုန်း ကြီး တချက်ခေါက်လျှင် နောက်ဘုန်းကြီး (၁၀) ချက်ခေါက် ဆိုသည့် စကားအတိုင်း ဖြစ်နေရကြောင်း ... ရပ် ကွက်များအတွင်း လက်အောက်ငယ်သားများ၏ ညည်းတွားပြောဆိုနေမှုကို အထက်ပါအတိုင်း ကြားသိရသ ဖြင့် ရှမ်းပြည်နယ်ကြီးအား ခေတ်မီဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီဖော်ဆောင်ပေးမည့် ၀န်ကြီးများ၏ လုပ် ဆောင်ချက်မှာ ပြည်သူက အမှန်တကယ် တော်သည့်သူတွေ တင်မြောက်ပြီး ပြည်နယ်တိုးတက်အောင် လုပ် မည့်သူတွေ ဒါလားဆိုတာ မှတ်ယူရလောက်အောင် ဖြစ်နေပါတော့သည်။

တောင်ကြီးသား

2 comments:

umhomemart said...

Many people confuse with politic as a danger crime, but it isn't true.
Stand for the right things for country is the sole of politic mind.
Taungyi people need to be united and have to change the attitude the management policy.If you all don't do they will never work for us,but we all have to serve them for ever.

* said...

အသုံးမကျသော အောင်ဆန်းစုကြည်
နှစ်ပေါင်း ၂၀ ကျော်ပြီ။
ဘာမှ ဖြစ်ဖြစ်မြောက်မြောက် အပြောင်းအလဲကို မလုပ်နိုင်ခဲ့။
သူနာမည်ကြီးတာပဲရှိသည်။
ကုန်ဈေးနှုန်းကျဆင်းရေး မလုပ်နိုင်ခဲ့။
လူ့အခွင့်အရေး မလုပ်နိုင်ခဲ့။
ဒီမိုကရေစီရေး မလုပ်နိုင်ခဲ့။
သူလုပ်နိုင်ခဲ့သည်မှာ
ကမ္ဘာ့မီဒီယာများ၊ သူ့ကို ချစ်သူ ခင်သူများကြောင့် နာမည်ကောင်းကောင်းကြီးပြီး ကမ္ဘာကျော်ကြီး ဖြစ်လာသည်။
နိုဗယ်ဆုရသည့် အတွက် ဒေါ်လာငွေ အတော်များများရသည်။
သူ့သားနှစ်ယောက် ဘေးကင်းသည့် နိုင်ငံတွင် ရှိသည့်အတွက် သူမထင်ရာ လုပ်နိုင်သည်။ အဖမ်းခံရလည်း အရေးမကြီး။ တစ်ယောက်တည်း ခံရသည်။ သူ့သား ၂ ယောက်မငတ်။ ပေါ်တာ ထမ်းရတာ သူသားမပါ။ စစ်သားတွေ ထောင်ထဲ ထည့်ပြီး ရိုက်တာ သူ့သားမပါ။ သူ့ကိုလည်း ရိုက်မည် မဟုတ်သည်ကို သိသည့်အတွက် တော်အော် မြောက်အော်လောက်တော့ အော်သည်။
လူစုစု လုပ်ပြီး စကားပြောရတာကို ပျော်သည်။ လူတွေ အချစ်ခံနေရတာကို ပျော်သည်။
သို့သော် ဘာမှ အပြောင်းအလဲ မလုပ်နိုင်။
ကုန်ကုန်ပြောရလျှင် ရန်ကုန်း မီးလင်းလာအောင်မျှ သူမှ မတောင်းဆိုနိုင်။ အကျယ်ချုပ်ချုပ်ထားလျှင် အေးဆေးနေလိုက်သည်။ မတရားတဲ့ အမိန့်ကို ဖီဆန်ဟု ပြောသော်လည်း သူမကိုယ်တိုင်ကတော့ နာခံသည်။
မတရာဖမ်းတာကို ခံသည်။ မတရာဖမ်းထားလည်း ရန်ငြိုးမထားဟု သူတော်ကောင်းလေသံနှင့် ပြောတတ်သည်။ သူမ မသိသည်မှာ သူမကို ထိုသို့ လက်ဖျားနှင့်မျှ မထိသော်လည်း သူမ အတွက် အသက်သေကြေခဲ့ ရသော ရဟန်ရှင်လူ ပြည်သူအပေါင်း၏ မျက်နှာကိုမျှ မထောက်ဘဲ သူမဖာသာ သူမ သဘောအတိုင်း ကျေအေးလိုက်သည်။ ကမ္ဘာသိ ဘာမှ မတောင်းဆိုခဲ့။
တိုင်ရင်းသားဒေသများတွင် ထိုးစစ်ဆင်နွဲနေသော မြန်မာ့ တပ်မတော်သားများအား ထိုးစစ်မဆင်ရန် ဘာမျှ မပြော။ တောင်းပန် နားချခြင်းမရှိ။ ကမ္ဘာသိလည်း မတောင်းဆို။ တိုင်းရင်းသားများကိုသာ စည်လုံးရေး အရေးကြီးသည် ဘာညာပြောသည်။ တိုင်းရင်းသားများက မြန်မာတပ်မတော်သားတွေ သတ်သမျှ လည်စင်ခံ လူမျိုးပျောက်ခံကာ ငြိမ်းချမ်းစွာ နေရမလို ဖြစ်နေသည်။
သူမ လုပ်နိုင်တာ မလုပ်။ ရှေ့တန်းထွက်နေသော စစ်သားများကို မတိုင်ခိုက် ကြရန် အများကြီးပြောနိုင်သည်။ ပြောနိုင်သော အခွင့်လည်းရှိသည်။ ကမ္ဘာကိုလည်း ထိုထိုးစစ်ကို ရပ်ဖို့ တောင်းဆိုနိုင်သည်။ ကမ္ကာ့ ခေါင်းဆောင်များကို လည်းတောင်းဆိုနိုင်သည်။
အမှန်ကတော့ မီးခဲ သူမလက်ပေါ် မရှိသေး၍ နားလည်ဟန်မတူ။
ရှေ့တန်းမှာ စစ်သားတွေ ပေါ်တာထမ်းခိုင်းတာ သူ့သား ၂ ယောက် မပါ၍ အရေးမကြီးပါ။
ရှေ့တန်းမှ မိုင်းနင်း၍ ခြေထောက်ပြတ်တာ သူ့သား ၂ ယောက် မဟုတ်၍ ဂရုစိုက်စရာ မလိုပါ။
ရှေ့တန်းမှ အုပ်စုလိုက် မုဒိမ်းကျင့် ခံရသော မိန်းမ သည် သူမကိုယ်တိုင် မဟုတ်သောကြောင့် ပြောပေးနေရန် မလိုပါ။
ရှေ့တန်းမှာ ရွာလုံးကျွတ် မီးရှို့ခံရခြင်းသည် သူ့အိမ် မိုးယိုတာလောက် အရေးမကြီးပါ။
တိုင်းပြည်ငြိမ်းချမ်းရေးကို တောင်းဆို ပေးမည် ဆိုသော ဒေါ်အောင်ဆန်း စုကြည်သည် တကယ်တော့ မစွမ်းပါ။