Sunday, January 30, 2011

ရန်ကုန်ပြန်တုန်း ရန်ကုန်က ပြောပြလို့ ကျနော် သိခဲ့ရတဲ့ ရန်ကုန်အကြောင်း

ရန်ကုန်ပြန်တုန်း ရန်ကုန်က ပြောပြလို့
ကျနော် သိခဲ့ရတဲ့ ရန်ကုန်အကြောင်း
မားဆိုး

(၁)

‘ရန်ကုန်’
‘မဟာရန်ကုန်’ တဲ့လေ ...
ရန်အပေါင်း ကုန်စင်တဲ့ အထိမ်းအမှတ်
အလောင်းဘုရား ကင်ပွန်းတပ်ခဲ့တဲ့ မြို့။

(၂)

အဲ့ဒီမြို့ကြီးပေါ့ ... ‘မီဂါစီးတီး’ တဲ့
ရွံစရာ အနာကြီးနဲ့ ကိုယ့်အမြီးကိုယ်ပြန်မြို
ကိုယ့်အနာဖေး ကိုယ်ပြန်ခွာ
တစက်လေးမှ မသာယာနိုင်တဲ့ မြို့။

ယင်တလောင်းလောင်း၊ ပြည်တစိုစို
ညနေညိုချိန် ‘အေ့’ ခနဲ ယင်းထ
လှောင်ချိုင့်ထဲက ရုန်းမပြနိုင်သေးတဲ့ မြို့။

အနာဂတ်နိုင်ငံတော်ကို ရည်စူး
ပင်လုံရေသောက်မြစ်အတွက်
သွေးမြေကျ အာဇာနည်တွေ
ခေါင်းမော့ရင်ကော့ လက်ပမ်းပေါက်ခတ်ခဲ့ဖူးတဲ့ မြို့။

အောင်ကျော်၊ ဖုန်းမော်
ဝင်းမော်ဦး၊ ...၊ ...၊ ...
အာဏာရှင်စနစ်အောက်မှာ
ပလိုင်းပေါက်နဲ့ အိပ်မက်ကောက်ရင်း
“မိုးပေါ်ထောင်မဖောက်ဘူး” လို့ အပြောခံလိုက်ရတဲ့ မြို့။

၆၂ - ၇၄ - ၇၆ - ၈၈ - ၉၆ - ၂၀၀၇
လောကဓံထွန်သွားရဲ့ ရိုက်ပုတ်မောင်းမဲမှုတွေကြား
နေသားတကျ စီးမျော
သွေးကြွေးအထပ်ထပ်၊ သမိုင်းအဆက်ဆက်
ဖွတ်သထက် ညစ်ပတ်လာတဲ့ မြို့။

လူတစုက သုဘရာဇာလုပ်
လူတစုက ဂုပ်သွေးစုပ်ရင်း
ကျန်တဲ့ သတ္တဝါ (၆) သန်းကျော်က
ကိုယ့်အထုပ် ကိုယ်ပြန်ဖြည်ပြနေတဲ့ မြို့။

သေနတ်ဖောက်သံကို ပန်းနဲ့ ပေါက်သလောက် သဘောထား
ဆူးအထပ်ထပ်ကြားမှာ သွေးရည်လိမ်းကျံနေပေမယ့်
“ဟန် .. ကိုယ့်ဖို့ပါကွာ ... ” တဲ့
ရင်ဘတ်ပိန်ပိန်လေး ကောကော့ပြတတ်သေးတဲ့ မြို့။

ရွှေကျောင်းပြောင်ပြောင် ဝမ်းခေါင်ခေါင်လို့ ဆိုရမလား
တချို့က မင်္ဂလာ (၆) ကြိမ် ဆောင်နေချိန်
တချို့က နို့ညှာကလေး သေလို့တောင်မှ
မသင်္ဂြိုဟ်နိုင်တဲ့ မြို့။

ဒေါင်းယောင်ဆောင်သော ကျီး
ခြင်္သေ့ယောင်ဆောင်ထားတဲ့ ဖွတ်
အဖြူအစိမ်းဝတ်လို့ လမ်းသလားပြ
ရေပေါ်ဆီလက်တဆုပ်စာက
ထူးခတ်တာ ခံလိုက်ရတဲ့ မြို့။

ဘီယာဆိုင်၊ မာဆက်
ညကလပ်နဲ့ ကေတီဗွီ
မာကျူရီမီးသီးတွေကြား
ပျော်တော်ဆက်တဲ့ ညီမလေးတွေ
ဈေးကောင်းမရနိုင်သေးတဲ့ မြို့။

တချိန်တုန်းကတော့
စင်္ကာပူနဲ့ အမြွှာညီအစ်မတဲ့
ခုကျတော့ ...
ဂိုချောက်တောင်၊ ဟူဂျင်တောင်းတို့က
နှပ်ပစ်၊ သလိပ်ဟပ်သမျှ ခံနေရတဲ့
အရပ်ပျက်မသာသာ တတိယကမ္ဘာက မြို့။

နွေရာသီဈေးကွက်၊ မြက်တုခင်း လေ့ကျင့်ရေးကွင်း
အသင်းပြောင်းရွှေ့ခ၊ နိုင်ငံခြားသားနည်းပြ
ဂျိုလေးတသသ
ခွာလေး တကြွကြွလုပ်
ဆန်မရှိ သောက်စားကြီး
သုဝဏ္ဏကွင်းထဲ --ီး၊ လချီး အတိုင်းခံရတဲ့ မြို့။

ငွေစကား၊ ကြေးစကား ပြောရင်း
“အနုပညာသမားပါ ...” လို့ ကိုယ့်ကိုယ်ကိုယ် တံဆိပ်ကပ်ဂုဏ်ဖော်
ဆိုက္ကားသမားနဲ့ အဆိုတော်
ထပ်တူညီအချိုးကျတဲ့ မြို့။

‘ဒုတိယတန်းတနေရာ’ မှာ
‘ငါးကျပ်တန်တရွက်’ ကျပျောက်တုန်း
‘မိုးလိုက်လို့ရွာ’ ခံရ
ပိုးထိုးလောက်ကိုက်၊ အခွံချည်းကျန်ခဲ့တဲ့ မြို့။

မီးပျက်၊ ဖုန်ထူ၊ ရေမရှိ
‘ရေမီးရှား’ လို့ အခေါ်ခံရတော့
ဆတ်ဆတ်ခါ နာလိုက်သေးရဲ့
အသည်းကြားက မဲတပြားအတွက်
လမ်းတခြမ်း ခင်းခင်းပြတတ်
ကိုရီးယားဘာသာစာတန်းထိုး အိပ်မက်အသိုးတွေနဲ့ မြို့။

ရာစုနှစ်ဝက်နီးပါး ခြေတော်အတင်ခံ
နုတလှည့်၊ ကြမ်းတဖုံ
လက်သရမ်းခံခဲ့ရပုံများ
ရင်ဘတ်စည်တီး ခါးစည်းခံရင်း
လင်ကောင်ဖော်ရခက်နေတဲ့ မြို့။

ဘူတာရုံမှာ သင်္ဘောကြီးတွေ ကပ်တယ်
လေယာဉ်ပျံကို ခဲနဲ့ ပေါက်ရင် ထိမယ်
တလုံး၊ နှစ်လုံး၊ သုံးလုံး ...
မနက်တနပ် ညတနပ်
လက်ဖက်ရည်ဆိုင်မှာ အိပ်မက်မက်တတ်တဲ့ မြို့။

ရှမ်းခေါက်ဆွဲ၊ မာလာဟင်း
သမီးရည်းစား အတွဲများစွာ
တခါသုံးဆပ်ပြာနဲ့ တဆက်ရှင်စာ ဟိုတယ်ခန်းမှာ
စာရိတ္တတွေ ကျကျပျောက်နေကြတဲ့ မြို့။

လှည်းတန်းမီးပွိုင့် အရမ်းကျပ်သတဲ့
ဆင်ခြေဖုံးမို့ မီးဖြတ်သတဲ့
‘စကော့ဈေး၊ လေဟာပြင်၊ သိမ်ကြီးဈေး၊ တရုတ်တန်း’
ခုချိန်ထိ အကြွေ (၁၀၀) ပြန်မအမ်းနိုင်သေးတဲ့ မြို့။

တတိယနိုင်ငံတွေဆီက လွင့်ဖိတ်လာတဲ့
ဆီဦးထောပတ်နံ့တွေ ရှုရင်း
ရေဒီယိုအစုတ်ကလေး ရင်မှာပိုက်
ဗိုက်ဟောင်းလောင်းနဲ့ ငိုက်တတ်သေးတဲ့ မြို့။

“ကိုယ့်ဝမ်းနာ ကိုယ်သာသိပါ အမေရယ်” တဲ့
ခဲတံကို တံတွေးဆွတ်ရင်းပြော
တောက အမေတွေဆီ စာလှမ်းလှမ်းရေးတတ်တဲ့
စားပွဲထိုး၊ အိမ်ဖော်
လက်ပွေ့သည်လေးများ ပျော်စံရာ မြို့။

‘မီဂါစီးတီး’ ဆိုတာ အဲ့ဒီမြို့ကြီးပါပဲ။

( ၃ )

အဲ့ဒီ မီဂါစီးတီးကြီးမှာပဲ
တိုက်ပျော်၊ သေပျော်
ကျနော် အထင်ကြီးတဲ့ သူရဲကောင်းတွေရှိတယ်။

အဲ့ဒီ မီဂါစီးတီးကြီးမှာပဲ
ဟိန်းသံဟောက်သံ မကြောက်တတ်တဲ့
ရဲရဲတောက် လူငယ်တွေ ရှိတယ်။

အဲ့ဒီ မီဂါစီးတီးကြီးမှာပဲ
စည်းအထပ်ထပ်၊ ရိုးအကာကာ
ပါဝါ ၅၄ လည်း ရှိတယ်။

အဲ့ဒီ မီဂါစီးတီးကြီးမှာပဲ
အပြန်နောက်ကျတဲ့ သားကို
တံခါးဝ ခါးထောက်
မျက်နှာမာမာနဲ့ ငေါက်တတ်တဲ့
ကျနော့် မွေးမေမေ ရှိတယ်။

အဲ့ဒီ မီဂါစီးတီးကြီးမှာပဲ
မှီခိုသူ ...
အမေ တစ်၊ ညီ တစ်၊ ညီမလေး တစ်
ကျနော် ချစ်ရတဲ့ အိမ်ကလေးရှိတယ်။

ဘာပဲဖြစ်ဖြစ်
‘ရန်ကုန်’ ကိုတော့ စစ်မရှုံးစေချင်ဘူး
အဲ့ဒီ မီဂါစီးတီး ‘မဟာရန်ကုန်’ ဆိုတာကြီးကို
ကျနော် ချစ်တယ်။ ။

(ဆတ်သွား-ပုသိမ်-ရေနံချောင်း ... ရင်ဘတ်ချင်း ဂျပ်ပင်ထိုးပြီး ရေးတယ်)

မားဆိုး
(၂၅-၀၁-၂၀၁၀)

15 comments:

နွေမင်းလွင် said...

ကောင်းလိုက်တဲ့ ကဗျာလေးဗျာ...ဖတ်ရတာကျေးဇူးတင်ပါတယ်

naylinnhtun said...

သိပ်ကိုပြည့်စုံအောင်ဖော်ညွှန်းနိုင်တဲ့ ကဗျာ၊စာတန်း(အက်ဆေး)ကြီးတစ်ပုဒ်ပါပဲခင်ဗျာ
ရသပေါင်းစုံနဲ့ အဲ့..မဟာရန်ကုန်ကို ကျွန်တော်လည်းချစ်ဆဲပါ ၊အဲ့ဒီ ၂ လင်ကွာ ကံဆိုးမရွာကြီးကို ပွေ့ ဖတ်နမ်းရူပ်ချင်နေတုံးပါ

လေးစားအားပေးလျက်(လှိုင်ဘွား)

Computer said...

Straight from the heart TO
Straight to the heart !

mg said...

သာယာလှပတဲ့ ရွှေနိုင်ငံ သာယာလှပဖွံ့ဖြိုးတိုးတတ်သော
ရွှေမြို့တော်ကို အဆိုးမြင်ဝါဒီများဖြင့်စွဲကပ်မြင် မယောင်ရာဆီလူး သူများမင်္ဂလာဆောင်ပါဆွဲထည့် ကောက်ကျစ်သည့်စိတ်ဓာတ်
ညစ်ပေသည့်လက်များနဲ့ရေး
ဒီလိုလူတွေဝေးဝေးကို ရောက်တာ
ဘာများဆန်းသလဲ။

Unknown said...

စောက်သုံးမကျတဲ့ ကောင်
ကိုယ့် မြို့ ကိုယ် မကောင်းပြော
သူများတွေမဂံလာဆောင်တာ
မင်း စောက်ခွက်ကို လာတတ်နင်းနေလား
စောက်သုံးမကျတဲ့ အတွေးနဲ့ 
မင်းလိုကောင်မျိုး အခု အဝေးရောက်နေတာ
နည်းတောင်နည်းသေးတယ်
ထောင်ထဲကိုရောက်၇မှာ
အေး ... တစ်နေ တော့ေ၇ာက်မှာပေါ့ကွာ
စောက်သုံးမကျတဲ့ ကောင်

Unknown said...

သို့ /အကိုကြီးမားဆိုး

အကို သိလဲ အေးအေးနေပေါ့၊ ခုတော့
အကိုမွှေးတဲ့မီး အမေနဲ့ ကျနော်တို့ မောင်နှမတတွေ လိုက်ရှင်းနေရပြီ။

ပင်လုံရေသောက်မြစ်အတွက်
သွေးမြေကျ အာဇာနည်တွေက
ရွံစရာ အနာကြီး၊ယင်တလောင်းလောင်း၊ ပြည်တစိုစို
လင်ကောင်ဖော်ရခက်နေတဲ့ မြို့မှာမှ ခေါင်းမော့ရင်ကော့လက်ပမ်းပေါက်ခတ်ခဲ့ဖူးတယ်.လို့ အဓိပ္ပာယ်ရောက်သွားပါတယ်ဆိုပြီး
အာဇာနည်တွေရဲ့ ကျန်ရစ်သူမိသားစုတွေက အကိုကို
လာ ကရိုင်း တော့မယ်။

အောင်ကျော်၊ ဖုန်းမော်၊ဝင်းမော်ဦးတို့ ကိုလဲ
"ပလိုင်းပေါက်နဲ့ အိပ်မက်ကောက်ရင်း" ဆိုပြီး
အကိုက စော်ကားတာတဲ့။

"လူတစုက သုဘရာဇာလုပ်" ဆိုလို့ 
ဦးကျော်သူ တို့ အုပ်စုက
သူတို့ အကြောင်းသိရစေမယ်..ပြောပြီး မေမေရဲ့  နာမည် မှတ်သွားတယ်။
မီးရှို့ ရင် တပိုင်းပဲ ရှို့ ခိုင်းမလား ပြောတတ်ပါဘူးအကိုရယ်။ အမေကတော့ သူသေရင်
ဦးကျော်သူ တို့ ကို အသိမပေးနဲ့ တဲ့။

မနေ့ တနေ့ က ဦးကျော်သူ တို့ အုပ်စုမှာ
ဗီဒီယိုရိုက်၊ ကူညီနေတဲ့အဆိုတော် ဆောင်းဦးလှိုင်ကတော့ "ဆိုက္ကားသမားနဲ့ အဆိုတော်
ထပ်တူညီအချိုးကျတဲ့ မြို့" လို့ ကြားကြားချင်းပဲ
ကလဲ့စားချေမယ်ဆိုပြီး ညီမလေးကို လာကြုနေပြီ။
အဖေပျောက်ဖြစ်လာမဲ့ တူလား၊ တူမလား။
တွေးကြည့် ရင်လေးပါသဘိ အကိုရယ်။

ညီမတွေကလည်း အကိုမူးပြီး ရေးနေတာလားတဲ့။
အပေါ်မှာ " ပျော်တော်ဆက်တဲ့ ညီမလေးတွေ
ဈေးကောင်းမရနိုင်သေးတဲ့ မြို့ " လို့ ရေးပြီး
အောက်ဖက်လဲကျရော " မှီခိုသူ ...
အမေ တစ်၊ ညီ တစ်၊ ညီမလေး တစ် " လို့ 
ရေးထားတော့ ညီမလေး မားစုပ် နဲ့ မားစို့  တို့ 
တတွေ "ညီမလေး တစ်" ဆိုတာ သူ့ ပြောတာလား၊
ငါ့ ပြောတာလား..နဲ့  ဖြစ်နေလေကြတယ်အကိုရေ။

တော်သေးပြီ၊
အကို ချစ်တဲ့ညီလေး မားမှုတ်။

Unknown said...

ရန်ကုန်ကို သာယာလှပစွာ ဖွံဖြိုးနေတဲ့ ဆိုတဲ့ ငမောင်ရေ-- မင်းရန်ကုန်မရောက်တာ ကြာပီဆိုမှန်း သိပ်သေချာသွားတာပေါ့။ လမ်းတစ်ခြမ်းခင်း အောက်သိန်းလင်းရဲ့ အောက်ဆွဲမှန်း သိပ်သိသာလွန်းပါတယ်ကွာ။ ရန်ကုန်က လမ်းတွေက မင်းမျက်ခွက်ကြီးလို အပေါက်ဗရပွနဲ့ဆိုတာ မျက်စိရှိရက်နဲ့ မမြင်တာ အဲံ့ပါရဲ့. ပြည်သူတွေ ငတ်နေပါတယ်ဆိုမှ မင်းတို့က ပိုက်ဆံရှိတိုင်း လူ့တော်သလင်းလုပ်မှာကို အားပေးနေကြတာလား။ စုတ်ပဲ့တဲ့ စိတ်။ ကျက်သရေကင်းမဲ့တဲ့ လက်နဲ့ လျှောက်ဆော့။ အတွင်းယုတ်စိတ်ဓာတ်နဲ့ အာနာရှင်ရဲ့ သပေါက်မသားတွေ ------ ဝေးဝေးရောက်တဲ့သူက တော်သေးတယ်နော်။ အနီးက မင်းတို့တတွေ ဖိုးခင်ညွန့်ကို ကြည့်ထား။ သန်းရွှေ အသုံးမလိုတော့ရင် ကိုယ်ဆံပင် ကိုယ်ညှပ် ကိုယ့်ခေါင်းကိုယ်ဖြတ်နေရမယ်။

Taw Lu Thit said...

အဲ့ဒီမီဂါစီးတီးမြို့ကြီးထဲမှာ
လင်သေလို့ သားတကွဲ
လူထုကိုဖိနှိပ်သမျှ
မချိအောင်နာ
ကျောနဲ့ကာ ရင်နဲ့ကာ
လူထုကိုချစ်တဲ့
လူထုကချစ်တဲ့
ငြိမ်းချမ်းရေးရဲ့ မိခင်
မျိုးဆက်သစ်တွေရဲ့ အမေ
မုဆိုးမကြီးရှိတယ်
သားနှစ်ယောက်နဲ့ ဝေးပေမဲ့
သား နှစ်ထောင် မက အစားပြန်ရထားတဲ့
အမေလဲ ရှိတယ်။

mg said...

တကယ်တော့ လမ်းတစ်ဝက်ပဲခင်းပေးတယ် မဲပေးမှ ဆက်ခင်းမယ်ဆိုတဲ့စကားဟာ ယုတ်တိမရှိပါဘူး။
အထက်က ဒီလမ်းကို ခင်းပါဆိုရင် ခင်းကိုခင်းရမှာပါ။ဒါက မဲပေးမှလုပ်ရမယ့် ကိစ္စမဟုတ်ပါဘူး။

လမ်းတစ်ဝက်ခင်းပြီး ဆက်မခင်းသေးပဲ ရပ်တန့်ထားရတဲ့နေရာတွေရှိမှာပါ။ဒါတွေဟာ လိုအပ်ချက် တစ်ခုခုကြောင့် ခဏတာပဲဖြစ်ပါတယ်။ငွေကြေးဘက်ဂျက်
ကြောင့်ဖြစ်နိုင်သလို အချိန်ခါမပေးနိုင်တဲ့အတွက်ကြောင့် တစ်ကြောင်း အကြောင်းအမျိုးမျိုးကြောင့် ခေတ္တခဏသာ ရပ်နားခြင်းသာဖြစ်ပါတယ်။

ဒါကိုအမြင်မှားအောင်အတွက် မဲပေးမှ ဒီလမ်းကို ဆက်ခင်းပေးမယ် ဘာညာပြောနေတာတွေဟာ ယုတ်တိမရှိလှပါဘူး။

ရန်ကုန်မှာ ချိုင့်ခွက်လမ်းတွေရှိနေသေးသလို တိုးတတ်ကောင်းမွန်တဲ့လမ်းတွေလည်း အများကြီးရှိတယ်ဆိုတာကိုလည်း လက်ခံရမှာမဟုတ်လား။ဒီလိုဆို တိုးတတ်တာတွေအရှိတရားတွေကိုလည်း ဖော်ထုတ်ချီးကျူးရမှာဖြစ်သလို လိုအပ်တဲ့အရာတွေကိုလည်း ဖော်ထုတ်ဝေဖန်ပေးရမှာမဟုတ်လား။

အခုတော့ မကောင်းတာပဲပြော မကောင်းတာပဲရှာ မကောင်းသောစကားတွေနဲ့ပဲအဆုံးသတ်နေတော့ စာကြောင်းတစ်ခုက ဖတ်ရတာအရသာမရှိသလို
ဂန္တ၀င်လည်း မဆန်လွန်းလှပါဘူးဗျာ။

Unknown said...

(သမီးရည်းစား အတွဲများစွာ
တခါသုံးဆပ်ပြာနဲ့ တဆက်ရှင်စာ ဟိုတယ်ခန်းမှာ
စာရိတ္တတွေ ကျကျပျောက်နေကြ)

" မားစုပ်ရေ၊ မင်းအကိုမားဆိုးတော့
ငါတို့နှစ်ယောက်ကိုစောင်းမြောင်းပြောနေသလားတောင်ကိုယ် တော့ထင်တယ် "

" ဒါနဲ့ မင်းကိုမေးရအုန်းမယ် "
( ပျော်တော်ဆက်တဲ့ ညီမလေးတွေ ဈေးကောင်းမရနိုင်သေးတဲ့ )... ၊
ပြီးတော့..
( အပြန်နောက်ကျတဲ့ သားကို
တံခါးဝ ခါးထောက် မျက်နှာမာမာနဲ့ ငေါက်တတ်တဲ့
ကျနော့် မွေးမေမေ ရှိတယ် )..တဲ့၊ "

" ဧကန္တ၊ မင်းအကို ရန်ကုန်ပြန်လာတုန်း
ည ည ထွက်ပြီး ဂေါင်း လုပ်သွားတယ်နဲ့ တူတယ် "

" အကိုမားဆိုး ရေးတာတွေ မှတ် မှတ် ပြီး၊
တွေးမနေပါနဲ့  "

" အကိုမားဆိုး ဆို သူ့ ညီမ အကြောင်းကောင်းကောင်းသိတယ်၊ သူ့ ညီမ မှတ်တာတွေကိုပါ "

" ဘာများတုန်း "

" ကြီးသည် ငယ်သည် ထိုနှစ်လီ၊မားဆိုး ညီမ မသိပါ။
ကြာကြာ စိမ်သည့် ထိုလက်ညှိုး ကောင်းသည်
မှတ်ဖွယ်ရာ" တဲ့။

" မင်းကတော့လေ စကားအကောင်းပြောနေရင်း.."

Anonymous said...

ကဗျာက ကောင်းတာ မကောင်းတာ အသာထားလို့၊ ရွာဦးဘုန်းကြီးကျောင်းမှာ ဘုန်းဘုန်းတို့ ဆွမ်းဘုဉ်းပေးခါနီး တုံးမောင်းခေါက်လိုက်ရင် ပတ်ဝန်းကျင်ကခွေးတွေ အုပ်လိုက်ကျင်းလိုက်ကို စီကနဲ အူကနဲ သံပြိုင်ညီညီဝိုင်းဟောင်ကြသလို စစ်ကျွန်တွေ တအုံအုံတစီစီ စည်ကားလှစွာ အူနေကြပုံကတော့ ကြည့်ရတာရွှင်မြူးစရာပါပဲ။

Unknown said...

ခက်တော့နေပြီ ငမောင်ရေ။ မင်းက ပြောလေ ကဲလေ မန်းလေ ပြဲလေ ထဲပါနေတဲ့ အစားမျိုးဆိုတော့လည်း ပြောရဆိုရ တယ်လက်ပေါက်ကပ်တာကိုး။ မင်းပြောနေတာက စကားနိုင်ပြောရရင် ပီးရော ငါ့စကားနွားရ အညင်းသန် အနိုင်ရဆိုတာလိုမျိုးဖြစ်နေတယ်။ ရန်ကုန်မြို့မှာ အမြဲတမ်းကောင်းနေတဲ့ ပြန်ခင်းဖို့ ပြောနေစရာမလိုတဲ့ မင်းဆိုလိုတဲ့ လမ်းတွေ မရှိဘူး မဟုတ်ဘူး ရှိပါတယ်။ လမ်းတင်ကောင်းတာမဟုတ်ဘူးဟေ့။ လေယာဉ်ပေါ်က ကြည့်လို့ တမြို့လုံး မှောင်နေတာတောင် အဲဒီလမ်းတွေက လင်းနေမယ်။ ရေမီးအစုံဆိုပါတော့ကွာ။

အဲလိုလမ်းတွေရှိပါတယ်။ ဒါပေမဲ့ အဲဒီနေရာတွေဟာ မင်းတို့ ပထွေးတွေကိုယ်တိုင်သော်၎င်း။ ပတ်သက်ရာ ပတ်သက်ကြောင်း သာပေါင်းညာစား လုပ်ငန်းရှင်အနည်းအကျဉ်း နေတဲ့ နေရာတွေပါ။ ပြောရရင်တော့ ဂျိုကုပ်ရွာတွေမှာ ကောင်းစားနေတာပါ။ သာမန်လူတန်းစာနေတဲ့ လမ်းမှန်သမျှ ဘယ်တုန်းက ကောင်းဖူးလို့လဲ။ ပြီးတော့ လမ်းခင်းမယ်ဆိုလိုက်တိုင်း လမ်းတွေ ကောင်းသွားတယ် ဆိုတာခေတ္တ ခန။ လာ ကန်ထရိုက်ယူလုပ်တဲ့ ၀ိသမ လေဘသားနဲ့ အမိန့်ပေးတဲ့ လာဘ်စားတဲ့ အာဏာပိုင်တွေချည်း ကောင်းစားသွားကြတာပါ။ မဲပေးတယ် မဲမပေးဘူးဆိုတာ အလကားပဲ။ ဘယ်သူမှ မဲမပေးလည်း မင်းတို့ဖာသာ ကြေငြာချင်တာ ကြေငြာနေတာပဲ။ ကလေးက အစ ခွေးက အစသိပါတယ်ကွာ။

အမှန်တရားကို မျက်လုံးပိတ်ငြင်းပြီး ပြည်သူတွေကိုယ်စား မခံစားပေးတဲ့ အစားထဲကဆိုတော့ ဘယ်လိုဆက်ကြမတုန်း။ မကောင်းတာကို ဝေဖန် ကောင်းတာကို ပြောဆိုလို့------- ပြောချင်ပါတယ်။ ကောင်းတာလေးတွေ လုပ်လာတာ နှစ် ၂၀ ကျော်ပါပြီ။ ကောင်းစားတာက မင်းအဘတွေချည်းကောင်းနေတော့လည်း ခက်တယ်ကွာ

Unknown said...

ဆက်ဆက် ခင်းမည် မခင်းမည်၊ ကိုမှောင် မသိပါ။
ခင်းထားသည့် လမ်း ခဏပမ်း ၊
ကောင်းသည် မှတ်နေရှာ။

ဘတ်ဂျက် ပျောက်သည် မပျောက်သည်၊
ကိုမှောင် မသိပါ။
ခင်းရက်တန်းလန်း၊ ဘတ်ဂျက်မှန်း၊
စောင့်သည် သနားဖွယ်ရာ။

ရွှေကျောင်းပြောင်ပြောင် ဝမ်းခေါင်ခေါင်
မားဆိုး၊ ပြောသည်သာ။၊
ကြာကြာခေါင်သည့် ထိုကျောင်းမျိုး ခေါက်တံ
ပျောက်ဖွယ်ရာ။

Unknown said...

ဒီ နေ့ ကျွန်တော့ companyက မန်နေဂျာ တစ်ယောက် ကကျွန်တော့ ကိုမေး တယ် သူ တို့ ရန်ကုန် မှာ installation သွားလုပ်ရမယ် သုံးည အိပ် လေးရက် ခရီး (Client ကို တော့မပြော ပြတော့ ပါဘူး သူတို့ကို ထား တာ Traders မှာ)
နေ့ဘက် မှာ အလုပ်လုပ် ညဘက်မှာ နားပေါ့ ကြားကြား ခြင်း လိုက်သွားခြင်လိုက် တာဗျာ အိမ်လဲ ပြန်ရ မယ် ပေါ့ ပြောကြည့်သေးတယ် ရမလား လို့ ဒါပေမဲ့ ကျွန်တော်က သူ့management အောက် ကမ ဟုတ်တော့မရ ပါ ဘူး
ဒါပေမဲ့ သူကမေးတယ် ပီး တော့ သူနဲ့ လိုက်မဲ့ တစ်ယောက် ကလဲမေး တယ် Yangon မှာ ညဘက် ဘယ်သွားလယ် လို့ ရလဲ
ကျွန်တော် ချက်ချင်းမဖြေ နိုင်ဘူး ဗျ ပီးတော့ သူတို့မေး တဲ့ အထဲ မမှာ JJ (ဂျေဂျေ)
တော်တော် ပြော ရူရတယ် ပိတ်သွားပီ လို့ ဟုတ်မဟုတ် မသိပေမဲ့ မသွားစေချင်ဘူး DJ Bar လောက်စိုတော်သေး
ပီးတော့ Massage တဲ့ ပြောလိုက်ပါတယ် Grand Mee Ya Hta မှာ Spa ရှိတယ် လို့ ပြောပီး Website ကိုပြ ရတယ် တခြား တွေမသွားစေချင်ဘူး
မနဲကာ ရ တယ် မဟုတ်ရင် ပြန်လာရင် ပြောတော့မှာ China Town ကိုမေးတယ် အင်းမ်... ရပါ တယ် လို့ စားလို့သောက်ဖို့ စိုသွားလို့ ရတယ် လို့
သူတို့ မေးတာကို ပဲ ဖြေ လိုက်ရ တာပါ ကျွန်တော်ဘာအကြံပေး ရမ လဲမသိတာ တော့တကယ် ဗျ
ရွှေတိဂုံ ဘုရား ပဲသွား ဖူးခိုင်းစရာ ရှိတယ်ထင်တယ်
ဒါမှမဟုတ် ရန်ကုံတက္ကသိုလ် ပဲ သွား ကြည့်ခိုင်း ရမ လား မီးမှောင်မှောင် နဲ့ (တစ်ချိန်က အလွန်နမည်ကြီး ပါတယ် စိုပီး)
ပြောပေး ကျပါကောင်း ကောင်း ကန်းကန်း လေး တွေရှိ ရင် အပြောမခန်နိုင်လို့ပါ

Unknown said...

GUEST COLUMN မှ ဟီး သို့ 

(ဟီး- "နည်းနည်းပါးပါး မှတ်သားစရာလေးတွေပါရင် မပြေဘူး"
ဟီး- "ဒေါက်တာလွမ်းဆွေဘလော့မှာ comment ရေးတဲ့လူအချို့ သိပ်ကျပ်မပြည့်သလို ဥပမာ Yoo, Mg စသည်")

အလယ်တန်းကျောင်းသားဘ၀ထဲက ဟာသ ကာတွန်းဆရာဗျ။
ဆွဲတဲ့ပုံတွေက ကိုဟန်လေးတို့ လို မပီပြင်တော့
မဂ္ဂဇင်းစာပေါလောကထဲ ၀င်ကလောင်သွေးတဲ့အထဲ
ရောက်သွားခဲ့ဖူးတယ်။
ခု..တခါတလေ သိတာလေး တည်တည်တံ့တံ့
ဝင်ရေးတာကလွဲလို့ ကျနော့် comment မှာ မှတ်သားစရာ လုးံဝမပါပါဘူး။ ပျော်စေပျက်စေ ၀င် ဟာသ လုပ်နေတာပါ။
အားလုးံကိုလေးစားပါတယ်။
ဝတ်ဆင်ထားတဲ့ အ၀တ်အစားလေးတွေကိုပဲ ဟာသ
လုပ်နေတာပါ။

January 31, 2011 10:54 PM