Saturday, April 17, 2010

လူထုတိုက်ပွဲကော်မတီ (၂၀၁၀) ၏ ‘ဘူး’ သင်္ကြန်သံချပ်ပြိုင်ပွဲ ပထမဆုရ ‘မင်္ဂ လာမောင်’ သံချပ်အဖွဲ့၏ ပြိုင်ပွဲဝင်ခန်း - အပိုင်း (၁) မှ (၈) အထိ

အပြည့်အစုံသို့...

မြန်မာ့ရေးရာ သတင်းပဒေသာ (၁၇-၄-၂၀၁၀)

- မြစ်ဆုံ ရေအားလျှပ်စစ် လုပ်ငန်းခွင် ဗုံးပေါက်ကွဲ click
- မြစ်ဆုံရေအားလျှပ်စစ်နယ်မြေ ဗုံးကွဲမှု သေကြေထိခိုက် click
- မြစ်ဆုံရေကာတာစီမံကိန်းဝန်းကျင် ဗုံးများ ဆက်တိုက်ကွဲ click
- ကချင်ပြည်နယ် မြစ်ဆုံမှာ ဗုံးကွဲ click
- မြစ်ဆုံမှာ ဗုံးကွဲမှုတွေ ဆက်တိုက်ဖြစ်ခဲ့ click
- ဧရာဝတီ-မြစ်ဆုံ၌ အေးရှားဝေါလ်ကုမ္ပဏီ အဆောက်အဦးအတွင်း ဗုံးပေါက်ကွဲ click
- ရန်ကုန်မြို့၌ ဗုံးပေါက်ကွဲမှု တရားခံမပေါ်သေးပါ click
- အင်းစိန်ရဲသားများလက်ချက် လူငယ်တဦး အသက်ဆုံး click
- ဘလော့ဂါ နေဘုန်းလတ် ရွှေကလောင်ဆုရ click
- နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ ဦးစီးပြီး ကန့်ကွက်ဆန္ဒပြ click
- ထိတ်လန့်မှုများနှင့် အဆုံးသတ်ခဲ့ရသည့် သင်္ကြန်မှတ်တမ်း click
- သင်္ကြန်အတက် မန္တလေးမှာ မိုးသက်လေပြင်းကျ click
- သင်္ကြန်မဏ္ဍပ် ဗုံးပေါက်ကွဲမှု ပြည်ပအစိုးရများ ရှုတ်ချ click
- ၂၀၁၀ ဧပြီ မြန်မာနှစ်သစ်ကူး - နာရေးကူညီမှုအသင်းနဲ့အတူ ကုသိုလ်ယူကြ click
- မြန်မာပြည်အရပ်ရပ်၌ နှစ်ဆန်းတရက်နေ့ ကုသိုလ်ပွဲများ ပြုလုပ် click
- ဘင်္ဂလားဒေ့ရှ်နယ်စပ်တွင် ရခိုင်နှစ်ဆန်းတရက်နေ့ အခမ်းအနား ကျင်းပ click
- ဟိုတုန်းက သင်္ကြန်နဲ့ အခု သင်္ကြန် (သတင်းဆောင်းပါး) click
- ၂၀၁၀ ရွေးကောက်ပွဲက တိုင်းရင်းသားပါတီတွေ ဘာမျှော်လင့်ပါသလဲ (တိုက်ရိုက်လေလှိုင်း) click
- နိုင်ငံရေးနဲ့ သတင်းလွတ်လပ်ခွင့်မရှိတဲ့ ရွေးကောက်ပွဲ ဘာလဲ ဘယ်လဲ (တိုက်ရိုက်လေလှိုင်း) click
- Irrawaddy Myitsone Dam under Attack click
- RRC organizes meeting in Cox’s Bazaar to drive the Rohingya refugee click
- Traffic police officer collects money from motorcyclists in Mauungdaw click
- Nasaka picks up a villager for extending home click
(ကြားဖြတ်သတင်း) - ဧရာဝတီ-မြစ်ဆုံဆည်ဆောက်လုပ်ရေးစီမံကိန်းကို လုပ်ကိုင်ဆောင်ရွက်နေသည့် အေး ရှားဝေါလ်ဒ် ကုမ္ပဏီရုံးခန်းရှေ့တွင် ဧပြီလ (၁၇) ရက် နံနက် (၄) နာရီ (၄၅) မိနစ်က ဗုံး (၃) လုံး ဆက်တိုက် ပေါက်ကွဲရာ (၄) ဦး သေဆုံးပြီး (၁၂) ဦး ဒဏ်ရာရ၊ သေဆုံးဒဏ်ရာရသူအများစုသည် ဧရာဝတီ-မြစ်ဆုံဆည် ဆောက်လုပ်ရေးစီမံကိန်းကို လာရောက်လုပ်ကိုင်ပေးနေကြသည့် တရုတ်အလုပ်သမားများဖြစ် (KNG)
- ဒေါ်အောင်ဆန်းစုကြည်အိမ်၏ တဘက်ကမ်း အင်းလျားကန်တွင် NLD အဖွဲ့ဝင်တို့ ငါးလွှတ် click
- အတိုက်အခံခေါင်းဆောင် ဦးဝင်းတင်နဲ့ မေးခွန်းများ click
- တရုတ်ဝန်ကြီးချုပ်က မြန်မာပြည်ခရီးစဉ်ကို ဆိုင်းငံ့ click
- မဲဆောက်မြို့မှာ ကျင်းပတဲ့ စုပေါင်းသက်ကြီးပူဇော်ပွဲ click
- ရန်ကုန်သင်္ကြန်၌ သေဆုံးသွားသူတွေအတွက် ဆုတောင်းပွဲပြုလုပ်ရန် ပြင်ဆင်နေခြင်း click
- ဗုံးပေါက်ကွဲ၍ သေဆုံးဒဏ်ရာရမှု အခြေအနေ၊ သင်္ကြန်အတက်နေ့မြင်ကွင်း click
- ဗုံးပေါက်မှုကြောင့် မန္တလေးသင်္ကြန် လုံခြုံမှုတင်းကျပ် click
- ရန်ကုန်သင်္ကြန်၌ ဗုံးဖောက်မှုကို နိုင်ငံတကာက ရှုတ်ချ click
- မြန်မာ့ရိုးရာ သင်္ကြန်ပွဲ (ဆောင်းပါး) click
- ဘန်ကောက်မြို့က မန်းတောင်ရိပ်ခို (ဆောင်းပါး) click
- ဂွကျကျ အကြိုတနေ့တာနှင့် ဘတ်စ်ကားပေါ်က ကိုရွှေမြန်မာ (ဆောင်းပါး) click
- လိုင်ဇာ အ၀င် (ခရီးသွားဆောင်းပါး) click
- Four killed, 12 injured in bomb blasts in Irrawaddy-Myitsone dam site click
- Bomb blasts hit dam project click
- A Series of Bomb Blasts in Northern Burma click
- 115 Rangoon Bomb Victims Still in Intensive Care click
နိုင်ငံတကာ ထိပ်တန်းသတင်း (၁၇-၄-၂၀၁၀)
- ပါကစ္စတန် ဒုက္ခသည်စခန်းမှာ အသေခံဗုံးခွဲ click
- Volcanic ash cloud grounds 16,000 flights Saturday click
- Ash plume threatens more air chaos click
- Volcanic Ash from Iceland Continues to Disrupt Air Travel click
- Volcanic ash: Europe flights grounded for third day click
- Poland remembers air crash victims click
- Deaths reported in Pakistan blasts click
- Bomb strikes IPL cricket match in Bangalore, police say click
- EU says Sudan election 'failed' to meet standards click
- Iran calls for new nuclear body click
- China Quake Death Toll Passes 1,100 click
- Call for Tibetan Volunteers click
- North Korea denies sinking South's warship click
- Thai PM boosts army security role click
- Thai Army Chief Takes Charge of Restoring Order click
- Toyota is recalling another 600,000 vehicles in US click
- Despite Success Against Avian Flu, H5N1 Virus Remains Entrenched in 5 Countries click

အပြည့်အစုံသို့...

လူထုတိုက်ပွဲကော်မတီ (၂၀၁၀) ၏ ဘူးလှုပ်ရှားမှုပိုစတာ + ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်စန်းစန်းနှင့် ဦးအောင်ထွန်းစိန်တို့၏ မဲဆန္ဒရှင်များသို့ ပန် ကြားလွှာ

say ‘NO’ movement poster+daw san san+u aung tun sein

အပြည့်အစုံသို့...

အာဏာလမ်းဝပေါ်က ပထမဆုံးနေ့များ

အာဏာလမ်းဝပေါ်က ပထမဆုံးနေ့များ
ဂါမဏိ
ရှုခင်း

အတိုက်အခံပါတီကြီးဟာ ရွေးကောက်ပွဲမှာ ရှင်းရှင်းလင်းလင်း အနိုင်ရခဲ့ပေမယ့် အာဏာရှင်တွေဟာ တော် တော်နဲ့ ရွေးကောက်ပွဲရလဒ်ကို မထုတ်ပြန်ပေးဘဲ နောက်ဆုံးမှာ မလွှဲသာလို့ ထုတ်ပြန်လိုက်ရပြီးနောက် ဒီရွေး ကောက်ပွဲဟာ အာဏာလွှဲမပေးလောက်သေးဘူး၊ နောက်ထပ် ရွေးကောက်ပွဲသစ်လုပ်ဖို့ လိုတယ်ဆိုပြီး ရွေး ကောက်ပွဲ ထပ်လုပ်ခဲ့ပါတယ်။ အာဏာရှင်ကြီးဟာ ရွေးကောက်ပွဲအသစ်မှာတော့ သေချာပေါက်အနိုင်ရအောင် အဘက်ဘက်က ပြင်ဆင်ခဲ့ပါ တယ်။ ရွေးကောက်ပွဲသစ်အကြိုကာလမှာ အတိုက်အခံပါတီကြီးကိုလည်း အမျိုး မျိုး နှိပ်ကွပ် ညစ်ပတ် အကြမ်းဖက်ခဲ့ပါတယ်။ ဒါကြောင့် အတိုက်အခံပါတီကြီးဟာ နောက်ဆုံးမှာ ရွေးကောက် ပွဲသစ်ကို မဝင်ဖို့ ဆုံးဖြတ်လိုက်ရပါတော့တယ်။ အတိုက်အခံမရှိတဲ့ ရွေးကောက်ပွဲမှာ အာဏာရှင်ကြီးဟာ မဲ (၈၅) ရာခိုင်နှုန်းကျော်နဲ့ အနိုင်ရသွားပါတော့တယ်။

အတိုက်အခံပါတီကြီးဟာ ရွေးကောက်ပွဲမဝင်လိုက်တဲ့အတွက် နောက်ဆုံးနေ့များ ရောက်သွားပြီ၊ နိဂုံးချုပ်သွား ပြီလို့ အာဏာရှင်အောက်ဆွဲတွေက ဝမ်းသာအားရ လက်ခမောင်းခတ်ခဲ့ကြပါတယ်။ ဒါပေမယ့် ဒီပါတီကြီးဟာ မိမိမူလရပ်တည်ချက်ပေါ်မှာပဲ ခိုင်ခိုင်မာမာ ဆက်လက်တိုက်ပွဲဝင်ခဲ့တဲ့အတွက် ရွေးကောက်ပွဲသစ်ပြီးလို့ (၃) လအကြာမှာ အာဏာခွဲဝေရေးစာချုပ်ချုပ်နိုင်ခဲ့ပြီး နောက်ထပ် (၆) လအကြာမှာတော့ အာဏာရပါတီနဲ့ အ တိုက်အခံပါတီတို့ရဲ့ အမျိုးသားညီညွတ်ရေး(ညွန့်ပေါင်း)အစိုးရကို အောင်မြင်စွာဖွဲ့စည်းနိုင်ခဲ့တဲ့အတွက် ဒီမိုက ရေစီလမ်းကြောင်းပေါ် စတင်ခြေချနိုင်ခဲ့ပါတော့တယ်။

“အခုလည်း ဗမာပြည်မှာ NLD က ၂၀၁၀ ရွေးကောက်ပွဲအတွက် မှတ်ပုံမတင်ဖို့ ဆုံးဖြတ်လိုက်တဲ့အတွက် ဆုံးဖြတ်ချက် မှားသွားပြီ၊ ရက် (၆၀) ပြည့်ရင် နိုင်ငံရေးပါတီအဖြစ်က ပျက်ပြယ်သွားတော့မယ်၊ ပါတီတခုအဖြစ် ရပ်တည်နိုင်မယ့် နောက်ဆုံးနေ့တွေကို ရောက်နေပြီလို့ စစ်ကျွန်အလံရှူးတွေ၊ အာဏာရှင်ပွဲစားတွေက ဟောင်သံပေးနေကြပါတယ်။ ဒါပေမယ့် အာဖရိကတိုက်က ဇင်ဘာဘွေနိုင်ငံမှာ အခုလို ရွေးကောက်ပွဲမဝင်တာ လုံးဝမှန်သွားပြီး နောက်ဆုံးမှာ အာဏာရှင်က လျှော့ခဲ့ရတာ သာဓက အထင်အရှား ရှိနေပါတယ်”
ဖြစ်စဉ်

အခုဖော်ပြခဲ့တဲ့ မြင်ကွင်းဟာ အာဖရိကတိုက်က ဇင်ဘာဘွေနိုင်ငံမှာ ၂၀၀၈ ခုနှစ်က တကယ်ဖြစ်ခဲ့ပါတယ်။ အတိုက်အခံ MDC ပါတီခေါင်းဆောင် စဗန်ဂီရိုင်က အာဏာရှင် မူဂါဘီကို ၂၀၀၈ ခုနှစ် မတ် (၂၉) ရက် ရွေး ကောက်ပွဲမှာ အနိုင်ရခဲ့ပေမယ့် မူဂါဘီက မဲလိမ်ပြီး MDC ပါတီဟာ မဲ (၅၀) ရာခိုင်နှုန်းကျော်မရလို့ဆိုကာ ဒုတိ ယအချီ ရွေးကောက်ပွဲကို ၂၀၀၈ ခု ဇွန် (၂၇) ရက်မှာ ပြန်လုပ်ခိုင်းခဲ့ပါတယ် (တကယ်တော့ စဗန်ဂီရိုင်ဟာ မဲ ၅၁ သို့မဟုတ် ၆၇ ရာခိုင်နှုန်းရခဲ့ပေမယ့် မူဂါဘီက ကလိမ်ကညစ်လုပ်ပြီး အတိုက်အခံက ၄၇.၉ ရာခိုင်နှုန်း၊ မူဂါ ဘီက ၄၃.၂ ရာခိုင်နှုန်းရတယ်လို့ ရွေးကောက်ပွဲပြီး တလအကြာ မေလ ၂ ရက်နေ့ကျမှ တရားဝင်ကြေညာ ခဲ့တာဖြစ်ပါတယ်)။

အဲဒီပထမရွေးကောက်ပွဲပြီးတော့ အတိုက်အခံပါတီဌာနချုပ်ကို ဝင်စီးနင်းပြီး ရုံးချုပ်မှာ ရှိနေသူအားလုံးကို ဖမ်း သွားတာ၊ လွှတ်တော်အမတ်တွေအပါအဝင် ပါတီဝင်တွေကို ဖမ်းတာ၊ ရိုက်နှက်တာ၊ သတ်ဖြတ်တာ (ပထမရွေး ကောက်ပွဲနဲ့ ဒုတိယရွေးကောက်ပွဲကြားမှာ အတိုက်အခံပါတီဝင် အနည်းဆုံး ၄၃ ယောက် အသတ်ခံခဲ့ရပါ တယ်)။ ရပ်ထဲရွာထဲ လျှို့ဝှက်ဗုံးခွဲတာတွေ၊ အတိုက်အခံကို မဲပေးခဲ့တဲ့ မဲဆန္ဒရှင်ပြည်သူလူထုတွေ တိုင်းရင်း သားလူမျိုးစုငယ်တွေကို နှိပ်စက်ညှဉ်းပန်းတာ၊ ခြိမ်းခြောက်အကျပ်ကိုင်တာတွေ အကြီးအကျယ်လုပ်ခဲ့တာ ကြောင့် ဇွန် (၂၂) ရက်မှာ စဗန်ဂီရိုင်ရဲ့ MDC ပါတီက ရွေးကောက်ပွဲမဝင်ဖို့ သမိုင်းဝင်ဆုံးဖြတ်ချက်ကို ချလိုက် ပါတယ်။ ဒီလိုနဲ့ ဒုတိယအကြိမ် ရွေးကောက်ပွဲမှာ အာဏာရှင် မူဂါဘီဟာ ပြိုင်ဘက်မရှိဘဲ မဲဆန္ဒ ၈၅.၅ ရာခိုင် နှုန်းရပြီး နိုင်သွားပါတော့တယ်။

နိုင်ငံတကာပိုင်းမှာတော့ ကုလသမဂ္ဂမှာ တရုတ်နဲ့ ရုရှားတို့က ဗီတိုအာဏာသုံး ကာကွယ်ပေးပေမယ့် ကမ္ဘာ့ နိုင်ငံတွေက ပြင်းထန်ထိရောက်တဲ့ စီးပွားရေးပိတ်ဆို့မှုတွေ ချမှတ်နိုင်ခဲ့ပြီး အဓိက ထောက်ခံပေးနေတဲ့ တောင် အာဖရိကနိုင်ငံကိုယ်၌က အင်တင်တင်ဖြစ်လာ၊ (အာဖရိကတိုက်ရဲ့အာဆီယံဖြစ်တဲ့) အာဖရိကသမဂ္ဂကလည်း ဖိအားပေး၊ အဓိက နိုင်ငံခြားငွေ ရှာပေးနေတဲ့ စိန်တွေလည်း ရောင်းမရအောင် ပိတ်ဆို့ခံရ၊ တနိုင်ငံလုံး ကာလ ဝမ်းရောဂါဖြစ်တာကလည်း အာဏာရှင်အစိုးရ ဘယ်လိုမှထိန်းမရသလို တရုတ်၊ ရုရှားလည်း မကယ်နိုင်ဖြစ်ခဲ့ ရပါတယ်။

ဒီလိုနဲ့ ဇွန်လ (၂၇) ရက်ရွေးကောက်ပွဲမှာ မူဂါဘီ မဲ “အပြတ်အသတ်” နဲ့အနိုင်ရပြီး သမ္မတဖြစ်ခဲ့ပေမယ့် MDC ပါတီက ပြင်းထန်လှတဲ့ အကြမ်းဖက်မှုကို ရင်ဆိုင်ပြီး ကြံ့ခိုင်တဲ့ရပ်တည်ချက်နဲ့ တိုက်ပွဲဝင်မှုကြောင့် မူဂါဘီ နိုင် ပြီး တလမပြည့်ခင် ဇူလိုင် (၂၅) ရက်မှာ အိမ်နီးချင်း တောင်အာဖရိကနိုင်ငံ ပရီတိုးရီးယားမြို့တော်မှာ အာဏာ ရအစိုးရနဲ့ အတိုက်အခံတွေအကြား ဒိုင်ယာလော့ စလုပ်ခဲ့ရပါတယ်။ တချိန်က မူဂါဘီကို ထောက်ခံခဲ့တဲ့ တောင်အာဖရိကသမ္မတ အမ်ဘီကီက ကြားဝင်စေ့စပ်ပေးခဲ့တာ ဖြစ်ပါတယ်။ စက်တင်ဘာ (၁၁) ရက်မှာတော့ မူဂါဘီဟာ ဆဗန်ဂီရိုင်နဲ့ အာဏာခွဲဝေရေးစာချုပ်ကို လက်မှတ်ထိုးလိုက်ရပါတော့တယ်။ ဒီစာချုပ်အရ မူဂါဘီ ဟာသမ္မတရာထူးကို ဆက်ယူထားပေမယ့် ဆဗန်ဂီရိုင်နဲ့ MDC ပါတီကို ဝန်ကြီးချုပ်ရာထူးနဲ့ အစိုးရဝန်ကြီးရာ ထူးအားလုံး ပေးလိုက်ရပါတော့တယ်။ ဒါပေမဲ့ မူဂါဘီက အမျိုးသားလုံခြုံရေးကောင်စီကို ဆက်ကိုင်ထားပြီး စစ် တပ်ကို ဆက်လက်ချုပ်ကိုင်ထားပါတယ်။ ၂၀၀၉ ဖေဖော်ဝါရီ (၁၃) ရက်မှာတော့ ဆဗန်ဂီရိုင်ဟာ ဝန်ကြီးချုပ် အဖြစ် ကျမ်းသစ္စာကျိန်ဆိုပြီး တရားဝင် ရာထူးလက်ခံခဲ့ပါတယ်။

အခုအချိန်မှာ ဇင်ဘာဘွေနိုင်ငံဟာ တင်းပြည့်ကျပ်ပြည့် ဒီမိုကရေစီနိုင်ငံ မဖြစ်သေးပါဘူး။ မူဂါဘီနဲ့ လက်ကိုင် တုတ် ကြံ့ဖွတ်တွေ၊ စစ်တပ်၊ ရဲ၊ လုံထိန်းတို့ဟာ လစ်ရင်လစ်သလို MDC ပါတီနဲ့ ပြည်သူပြည်သားတွေအပေါ် နှိပ်စက်တာ မတရားလုပ်တာတွေ ရှိနေပါသေးတယ်။ ဒါပေမယ့် ရွေးကောက်ပွဲမတိုင်မီကာလကနဲ့ စာရင်တော့ MDC ပါတီအတွက် အခွင့်အလမ်း အများကြီး ရသွားပါပြီ။ နိုင်ငံအပေါ် စီးပွားရေးပိတ်ဆို့မှုတွေ ရုပ်သိမ်းပြီး ဝန် ကြီးချုပ် ဆဗန်ဂီရိုင် အစိုးရအဖွဲ့အနေနဲ့ စီးပွားရေးပြုပြင်ပြောင်းလဲမှုတွေကို အတိုင်းအတာတခုအထိ အတော် အတန်လုပ်နိုင်လာပါတယ်။ မူဂါဘီအနေနဲ့ အာဏာရှင်စနစ်ကို ဆက်လက်ထိန်းသိမ်းဖို့ ကြိုးစားနေသော်လည်း ရာနှုန်းပြည့်လုပ်ချင်သလို လုပ်လို့ မရတော့ပါဘူး။ ဒီလိုနဲ့ အတိုက်အခံ MDC ပါတီရဲ့ နိဂုံးလို့ မဟာပညာကျော် များ တွက်ဆခဲ့တာဟာ အာဏာလမ်းမ နိဒါန်းအစဖြစ်နေတာ တွေ့ရပါတော့တယ်။

နောက်ခံ

ဇင်ဘာဘွေနိုင်ငံဟာ ၁၉၈၀ ခုနှစ်မှာ လက်ရှိသမ္မတမူဂါဘီ ခေါင်းဆောင်တဲ့ လက်နက်ကိုင်တော်လှန်ရေးနည်း အခြေခံနဲ့ အာဏာရလာပြီး လွတ်လပ်ရေးရလာခဲ့ပါတယ်။ တချိန်က မာ့က်စ်ဝါဒ မော်စီတုံးဝါဒတွေ ကြွေးကြော် တဲ့တော်လှန်ရေးသမားဖြစ်ခဲ့ပေမယ့် အာဏာရလာတဲ့အခါ ဇိမ်တွေ့သွားလို့ ကုလားထိုင်ပေါ်က မဆင်းတော့ ဘဲအတိုက်အခံတွေ တိုင်းရင်းသားလူမျိုးငယ်တွေအားလုံးကို ရက်ရက်စက်စက် နှိမ်နင်းခဲ့ပါတယ်။ (၁၉၈၂ နဲ့ ၁၉၈၅ ကြားမှာတင် လူ ၂၀,၀၀၀ ကျော် အသတ်ခံခဲ့ရတယ်။) တိုင်းပြည်ရဲ့ စည်းစိမ်ဥစ္စာအားလုံးကိုလည်း ကိုယ်ပိုင်လို သဘောထား သုံးဖြုန်းပစ်ခဲ့တဲ့အတွက် တချိန်က အာဖရိကတိုက်မှာ အချမ်းသာဆုံးစာရင်းဝင်ခဲ့တဲ့ ဇင်ဘာဘွေဟာ စီးပွားရေးဒလဟောကျဆင်းပြီး ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ နိုင်ငံရေး ဒုက္ခပေါင်းစုံဖိစီး လို့အာဖရိကတိုက်ရဲ့လူမမာကြီး ဖြစ်လာခဲ့ပါတယ် (တနိုင်ငံလုံး ထမင်းတွေငတ်၊ ကာလဝမ်းရောဂါတွေ ဖြစ် နေချိန်မှာ အာဏာရှင် သမ္မတ မူဂါဘီကတော့ အာဖရိကတိုက်မှာ အခမ်းနားဆုံး နန်းတော်ကြီးဆောက်ပြီး နေ ခဲ့ပါတယ်)။

တော်လှန်ရေးအောင်မြင်ပြီး နိုင်ငံလွတ်လပ်ရေးသက်တမ်း အနှစ် (၂၀) သို့မဟုတ် မူဂါဘီ အာဏာရှင်လုပ်နေ ခဲ့တဲ့အနှစ် (၂၀) လုံးလုံး ဘာမြေယာတော်လှန်ရေးမှ မလုပ်ခဲ့ဘဲ စီးပွားရေးတွေ ချွတ်ခြုံကျလာလို့ ကျောင်း သားတွေ၊ အလုပ်သမားတွေ၊ အစိုးရဝန်ထမ်းတွေ၊ တိုင်းရင်းသားလူနည်းစုတွေရဲ့ နိုင်ငံရေးမကျေနပ်မှုတွေ များသထက်များလာတဲ့ ၂၀၀၀ ပြည့်နှစ်ဝန်းကျင်ကျမှ လူထုကို အာရုံလွှဲဖို့ လူဖြူမြေရှင်ကြီးတွေပိုင်တဲ့ မြေယာ တွေကိုသိမ်းယူ၊ မြေယာဝေခြမ်းရေးတွေလုပ်ပြီး တော်လှန်ရေးရဲဘော်ဟောင်းတွေ၊ ကျေးလက်လူထုတွေကို စည်းရုံးချွေးသိပ်ဖို့ လုပ်လာတာဖြစ်ပါတယ်။

ဒါပေမယ့် ငွေကြေးဖောင်းပွမှုက (ဒေါ်လာ သန်း ၁၀၀,၀၀၀ - 100 billion dollar တန် သို့မဟုတ် ၁၀၀,၀၀၀, ၀၀၀,၀၀၀ တန် ငွေစက္ကူတွေ ထုတ်ရလောက်အောင်) ရာခိုင်နှုန်း (၂၃၁) သန်း အထိတက်လာပြီး အလုပ် လက်မဲ့နှုန်းက (၉၀) ရာခိုင်နှုန်းကိုရောက်လာတော့ ဘယ်လိုဘဲ အလိမ်အညာမှိုင်းတွေတိုက်ပေမယ့် ဒီမိုကရေ စီလိုလားတဲ့ ပြည်သူ့ဘက်တော်သားတွေဟာ အကြမ်းဖက်ဖိနှိပ်မှုတွေ အပြင်းအထန် နှိပ်ကွပ်မှုတွေကြားက နေကြံ့ကြံ့ခံတိုက်ပွဲဝင်ခဲ့ကြရာက အခု နောက်ဆုံးမှာ ပြည်သူ့အစိုးရရှေ့ပြေး အာဏာခွဲဝေကြားဖြတ်အစိုးရအ ဆင့်ကို ရောက်လာပြီဖြစ်ပါတယ်။

လက်တွေ့

အခုလည်း ဗမာပြည်မှာ NLD က ၂၀၁၀ ရွေးကောက်ပွဲအတွက် မှတ်ပုံမတင်ဖို့ ဆုံးဖြတ်လိုက်တဲ့အတွက် ဆုံး ဖြတ်ချက် မှားသွားပြီ၊ ရက် (၆၀) ပြည့်ရင် နိုင်ငံရေးပါတီအဖြစ်က ပျက်ပြယ်သွားတော့မယ်၊ ပါတီတခုအဖြစ် ရပ်တည်နိုင်မယ့် နောက်ဆုံးနေ့တွေကိုရောက်နေပြီလို့ စစ်ကျွန်အလံရှူးတွေ၊ အာဏာရှင်ပွဲစားတွေက ဟောင် သံပေးနေကြပါတယ်။ ဒါပေမယ့် အာဖရိကတိုက်က ဇင်ဘာဘွေနိုင်ငံမှာ အခုလို ရွေးကောက်ပွဲမဝင်တာ လုံး ဝမှန်သွားပြီး နောက်ဆုံးမှာ အာဏာရှင်က လျှော့ခဲ့ရတာ သာဓက အထင်အရှား ရှိနေပါတယ်။ ဒါကြောင့် NLD ပါတီဝင်တွေ၊ ၉၀ ခုမှာ နိုင်ပြီးသား လွှတ်တော်ကိုယ်စားလှယ်တွေကသာ တကယ်လုပ်မယ်ဆိုရင် လက်ရှိကာ လဟာ NLD ရဲ့ အာဏာလမ်းဝက ပထမဆုံးနေ့များ ဖြစ်သွားပါလိမ့်မယ်။

ဂါမဏိ

အပြည့်အစုံသို့...

Friday, April 16, 2010

ခံစားမိသလို ရေးဖွဲ့ပါသည်

ခံစားမိသလို ရေးဖွဲ့ပါသည်
အက်စစ်
(ဘလော့ဂ်အီးမေးလ်သို့ ရောက်ရှိလာသော စာတပုဒ်အား စာဖတ်သူများ တွေးဆဆင်ခြင်နိုင်ရန်
တင်ဆက်လိုက်ခြင်းဖြစ်ပါသည်။ ရေးသူ၏ အာဘော်သာဖြစ်ပါသည်)


“ရန်ကုန်မဟာသင်္ကြန်ကတော့ သွေးတွေနဲ့ အရုပ်ဆိုး အကျည်းတန်သွားပြီ” လို့ ပြောသူက ပြော၊ “အပြစ်မဲ့ ပြည်သူတွေတော့ ခံရရှာပြန်ပြီ၊ ဘယ်သူတွေပဲလုပ်လုပ် ရှုတ်ချပါတယ်” လို့ ဆိုသူက ဆို၊ သူ လုပ်သယောင် အမည်ခံချင်သူက ခံချင်၊ ဒါကတော့ မြန်မာစစ်အစိုးရရဲ့ ပက်စက်လှတဲ့အကြံလို့ ဝေဖန်သူတွေကလည်း ဝေဖန် ကြနဲ့ပေါ့။

မြန်မာပြည်မှာ သင်္ကြန်လို ရက်တိုတိုလေးထဲက မိနစ်ပိုင်းလေးမှာမှ အရုပ်ဆိုး အကျည်းတန်ခဲ့တာ မဟုတ်ပါ ဘူး။ နှစ်ပေါင်းများစွာကတည်းက အပြစ်မဲ့တဲ့ ပြည်သူတွေ သေခဲ့ရ၊ ဘ၀တွေပျက်ခဲ့ရ၊ နှိပ်စက်ညှင်းပန်းခံခဲ့ရနဲ့ ဒီနေ့ထိ မပြီးဆုံးသေးတဲ့ နာတာရှည်ဝေဒနာတွေနဲ့ နှစ်ရှည်ငရဲထဲ ဖြတ်သန်းနေရတာတွေကို ပြန်ပြောင်းသတိ ရနေမယ်ဆိုရင် မနေ့တနေ့က လူ (၉) ယောက်လောက် သေတာဟာ ဘာမှဟုတ်လောက်တဲ့အရာတွေ မ ဟုတ်ဘူးလို့ ပြောနိုင်ပါတယ်။

မြန်မာပြည်ကြီးထဲက အပြစ်မဲ့ ပြည်သူတွေအဖို့တော့ အရုပ်ဆိုး အကျည်တန်တဲ့ ဖြစ်ရပ်တွေ ဖြစ်နေတာဟာ ကြာခဲ့ပါပြီလို့လည်း ပြောရမှာပါ။ တရားသဘောနဲ့ ရှုမြင်ရင် ဘယ်သူမဆို သေကြေဒဏ်ရာရတယ်ဆိုတာ မ ကောင်းပါဘူး။ ဒါပေမယ့် သူတို့အကုသိုလ် ကံတရားတွေကြောင့် အကြောင်းရှိလို့ အကျိုးတွေဖြစ်လာတယ် ဆို တာကတော့ ဘာသာတရားအရ မငြင်းပယ်နိုင်တဲ့ အရာတွေပါ။

“လူမသိ သူမသိ သေခဲ့ရတဲ့ ဘ၀တွေ၊ လူသိသူသိ နှိပ်စက်ရိုက်နှက်လို့ သေခဲ့ရတဲ့ ပြည်သူတွေ၊ လက်ပြန်ကြိုးတုပ်ပြီး စစ်ခွေးတိုက်က လောကငရဲ ခံနေရတဲ့၊ ခံနေရဆဲ နိုင်ငံရေးအကျဉ်းသားတွေ၊ ပူပင်သောကတွေနဲ့ သားသမီးတွေအတွက် ဒုက္ခပင်လယ်ဝေနေရတဲ့ မိဘတွေ ... သူတို့တွေ သူတို့တွေအတွက် ကိုယ်ချင်စာတရား ထားနိုင်ကြဖို့ အသိတရားတွေရှိဖို့ အားလုံးက မကြိုးစားသင့်ဘူးလား”

လူမသိ သူမသိ သေခဲ့ရတဲ့ ဘ၀တွေ၊ လူသိသူသိ နှိပ်စက်ရိုက်နှက်လို့ သေခဲ့ရတဲ့ ပြည်သူတွေ၊ လက်ပြန်ကြိုး တုပ်ပြီး စစ်ခွေးတိုက်က လောကငရဲ ခံနေရတဲ့၊ ခံနေရဆဲ နိုင်ငံရေးအကျဉ်းသားတွေ၊ ပူပင်သောကတွေနဲ့ သား သမီးတွေအတွက် ဒုက္ခပင်လယ်ဝေနေရတဲ့ မိဘတွေ .. သူတို့တွေ သူတို့တွေအတွက် ကိုယ်ချင်စာတရား ထား နိုင်ကြဖို့ အသိတရားတွေရှိဖို့ အားလုံးက မကြိုးစားသင့်ဘူးလား။

စားဝတ်နေရေးအတွက် တိရိစ္ဆာန်တွေလို ရုန်းကန်နေရတဲ့ ပြည်သူတွေက အခုလို ပျော်ပျော်ရွှင်ရွှင်ကြီး ရေက စားနေနိုင်ကြပ့ါမလား။ အဲဒီတော့ အပြစ်ရှိ ပြည်သူတွေ စတေးခံရတာလို့ပဲ မှတ်ရလေမလားပဲ။ ဘာကြောင့်လဲ ဆိုတော့ အဲဒီလို ငွေသိန်းနဲ့ချီပြီး ပျော်ပွဲကျင်းပနိုင်တဲ့ ရေကစားမဏ္ဍပ်ကြီးတွေမှာ ရေကစားနိုင်ကြသူတွေက လူတွေကို လူလိုမထင်တဲ့ အသိုင်းအ၀န်းက လူတွေဖြစ်နေလို့ပါပဲ။ အဲဒီနားမှာ လုံခြုံရေးနဲ့ တာဝန်ယူပေးနေရ သူတွေက ကောက်ကျစ်ယုတ်မာမူတဲ့ အာဏာရှင်တွေရဲ့ လက်ပါးစေတွေဖြစ်သလို သူတို့ရဲ့ လူလွန်မသား သားသမီးတွေ ပျော်ပါးဖို့ လုပ်ပေးနေရသူတွေ၊ စစ်တပ်ရဲ့ပါမစ်ရလို့ ကောင်းစားနေတဲ့ အနုပညာလောကသား တွေဆိုတော့ ကြင်နာသနားစိတ်တွေ ပျောက်ကွယ်သွားမိတယ်။

သတင်းတွေကတော့ နိုင်သူတွေ ရေးစတမ်း ခေတ်ကြီးထဲမှာ အခွင့်ရေးရသူတွေက လိုသလို ရေးကြပါလိမ့် မယ်။ အမှန်တရားကို လိုလားသူတွေကလည်း သူ့နည်းသူဟန်နဲ့ ဖော်ထုတ်ကြပါလိမ့်မယ်။ သမိုင်းဆိုတာက ခေတ်ကာလ ဘယ်လောက်ကြာကြာ လိမ်ညာလို့မရတာတော့ အမှန်ပါပဲ။

သြော် ... တရားရစရာကောင်းတာက ပြည်ပက လုပ်စားသူတွေပါ။ ဘာလုပ်လုပ် သူတို့ပဲ လုပ်သလို ပြော၊ ဘာ ဖြစ်ဖြစ် သူတို့ပဲ ခိုင်းထားသလို ပြော၊ လှည့်ပတ်ပြီး ငွေတောင်းကြ၊ လူတွေ အထင်ကြီးအောင် ပြောကြ၊ စစ် လားဆေးလား ခံရပြီဆိုတော့ ပြေးလွှားကြ ပုန်းအောင်းကြနဲ့ သူတို့ကိုယ်သူတို့  ဒီမိုကရေစီဘက်တော်သားကြီး တွေ၊ အကြမ်းမဖက်သူတွေအဖြစ်လည်း မျက်နှာတွေကို လိုသလို ပြောင်းတတ်ကြပါတယ်။ သူတို့ကို ထင် ယောင်ထင်မှားဖြစ်အောင်လည်း လုပ်တတ်ကြပါသေးတယ်။ ဘာအလုပ်မှမလုပ်တဲ့ သူတို့တွေက ပြည်သူတွေ ရဲ့ မျက်နှာတွေကို ရောင်းစားသူ ရောင်းစား၊ ကိုယ်ကျိုးရှာသူတွေက ရှာ၊ စစ်အုပ်စု ချပေးတဲ့ လမ်းကြောင်းတ ကြောင်းပေါ်လာတိုင်း အရိုးလိုက်လုနေတဲ့ အုပ်စုတွေ ဖြစ်လိုဖြစ်နဲ့ သူတို့အလှည့်လည်း ဘယ်တော့ရောက်လာ လေမလဲ တွေးတောဆင်ခြင်နေမိပါတယ်။

ဖြစ်ရပ်တွေဟာ အကြောင်းရှိလို့ ဖြစ်လာရတာတွေပါ။ နှစ်သစ်သင်္ကြန်ဆိုတာက အကျည်းတန် အရုပ်ဆိုးနေတဲ့ တိုင်းပြည်မှာ နှစ်သစ်မင်္ဂလာဆိုတာ မရှိပါဘူး။ အ,မင်္ဂလာတွေ အနိဌာရုံတွေ နေ့စဉ်ဖြစ်ပျက်နေတဲ့ တိုင်းပြည် မှာ သွေးထွက်သံယိုမှုတွေက ထူးခြားမှုမရှိပါဘူး။ အကြင်နာ မေတ္တာတွေ ထားချင်တယ်ဆိုရင် ကိုယ့်လုပ်နေတဲ့ အပျော်အလုပ်တွေကို ဘေးဖယ်ပြီး ပြည်သူတွေအတွက် ဘာလုပ်ပေးနိုင်မလဲဆိုတာ ကိုယ့်ဘာသာ မေးခွန်း ထုတ်ရမှာပါ။ တိုင်းပြည်ကြီး တည်ငြိမ်အေးချမ်းနေပါပြီဆိုတဲ့ စစ်အုပ်စုအတွက်ကတော့ သွေးပျက်ခြောက်ခြား စရာကောင်းတဲ့ အိပ်မက်တွေကို စတင်မက်ရပြီ။ သူတို့ရဲ့ လက်ပါးစေတွေ၊ ဆွေမျိုးမိသားစုဝင်တွေက ဒီနှစ်အ တာမှာ သွေးတွေနဲ့ ပက်ဖျန်းကြရပြီဆိုတော့ ...။

အက်စစ်

အပြည့်အစုံသို့...

မြန်မာ့ရေးရာ သတင်းပဒေသာ (၁၆-၄-၂၀၁၀)

- ဗုံးပေါက်ကွဲအပြီး စိုးရိမ်မှုတွေနဲ့ သင်္ကြန်ပွဲ click
- လုံခြုံရေးတင်းကျပ်တဲ့ကြားထဲ သင်္ကြန်ကို ဆင်နွှဲ click
- ရန်ကုန်သင်္ကြန် ဗုံးပေါက်ကွဲမှုနဲ့ ပျောက်နေတဲ့ ကွင်းဆက်များ click
- ရန်ကုန်သင်္ကြန် ဗုံးပေါက်ကွဲမှု (ဗွီဒီယိုသတင်း) click
- မြန်မာအပါအ၀င် (၃) နိုင်ငံ ခရီးစဉ်ကို ငလျင်ဘေးကြောင့် တရုတ်ဝန်ကြီးချုပ် ရွှေ့ဆိုင်း click
- နယ်ခြားစောင့်တပ် ဖွဲ့စည်းရေး လူထုရှင်းလင်းပွဲလုပ် click
- နယ်ခြားစောင့်တပ်အသွင်ပြောင်းရေး ၀ တပ်ဖွဲ့ကို စစ်အစိုးရ ဖိအားပေး click
- မြန်မာဒုက္ခသည်တွေကို စောင့်ရှောက်ဖို့ မလေးရှားကို UNHCR တိုက်တွန်း click
- မီးတွင်းထဲ မိခင်တွေ သေဆုံးမှုနှုန်း သိသိသာသာ ကျဆင်းလာ click
- သံလွင်ပေါ်က ရေကာတာ (မျက်မှောက်ရေးရာ) click
- (၃၅) နှစ်အတွင်း မြန်မာ့သစ်တောဧရိယာ ၂၀% ခန့်လျော့ click
- မုန်းတယ် (ကဗျာ) click
- BGF impasse explained to people by Kachin leaders click
- Poor turnout for festival finalé in Rangoon click
- Myanmar new year ushers in after water festival click
- Burma Video Journalists: Courageous Reporting From A Closed Country click
- ကန်တော်ကြီး ဗုံးပေါက်ကွဲမှုတွင် မယက ဥက္ကဋ္ဌ ဒဏ်ရာရရှိ click
- သေဆုံးသူများအနက် မြို့နယ်စည်ပင် အုပ်ချုပ်ရေးမှူးပါဝင်၊ ဒဏ်ရာရသူ အရေအတွက် (၁၂၅) ဦး click
- ဗုံးပေါက်ကွဲပြီးနောက် ရန်ကုန်သင်္ကြန် အခြေအနေ click
- သင်္ကြန်ဗုံးပေါက်ကွဲမှုအတွက် အမေရိကန် ရှုတ်ချ click
- ရန်ကုန်သင်္ကြန်ဗုံး လက်သည်မဖော်နိုင် click
- မြန်မာသင်္ကြန် ဗုံးကွဲ (၉) ယောက် သေ click
- ရန်ကုန် X20 မဏ္ဍပ် ဗုံးကွဲ၊ အနည်းဆုံး လူ (၅) ဦး သေဆုံး click
- ကန်တော်ကြီးက အိတ်စ်တူးအိုမဏ္ဍပ်တွင် ဗုံးပေါက်ကွဲမှုဖြစ်ပွား click
- ရန်ကုန် ကန်တော်ကြီးက အိတ်စ်တူးအိုမဏ္ဍပ်တွင် ဗုံးပေါက်ကွဲခြင်း (ဧပြီ ၁၅ ရက်၊ ၂၀၁၀) click
- မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်မူဝါဒ ပြန်သုံးသပ်နိုင်ခြေရှိ click
- ဘလော်ဂါ နေဘုန်းလတ်ကို နိုင်ငံတကာလူ့အခွင့်အရေးဆု ချီးမြှင့် click
- ပြည်သူ့ဂုဏ်ရည်ဆုအတွက် ဆန်ကာတင် (၅) ဦး ရွေးချယ် click
- တွံတေးအဖွဲ့ချုပ်က နိုင်ငံရေးအကျဉ်းသားလွတ်မြောက်ရေးအတွက် လှူဒါန်း click
- နာဂစ်ဒဏ်ခံရသည့် ဧရာဝတီမြစ်ဝကျွန်းပေါ်တွင် ရေရှားပါး click
- မြန်မာမိသားစုအသိုင်းအ၀ိုင်း သတင်းများ click

သင်္ကြန်အကျနေ့က ရန်ကုန်က မဏ္ဍပ်တွေမှာ ပြည်တွင်းက တော်လှန်ရေးရဲဘော်များ လိုက်ကပ်ခဲ့တဲ့ “ပြည်သူ့အစိုးရ ဖွဲ့စည်းရေး ... ဒို့အရေး” ကြွေးကြော်သံပါ ဒေါ်အောင်ဆန်းစုကြည်ပုံ ပိုစတာ
- ပိတောက်မြေမှ ခမောက်ဝေတဲ့ လှုပ်ရှားမှု click
- သင်္ကြန်အကြတ်နေ့ click
- သွေးစွန်သည့် ရန်ကုန်သင်္ကြန် click
- မန္တလေးမြို့က သင်္ကြန်ပွဲအခြေအနေ click
- ရန်ကုန်မြို့က သင်္ကြန်ပွဲအခြေအနေ click
- နေပြည်တော်က သင်္ကြန်ပွဲအခြေအနေ click
- တိုကျိုသင်္ကြန် မင်္ဂလာဒိုးဖျော်ဖြေမှုနဲ့ ဓာတ်ပုံမှတ်တမ်း (ဧပြီ ၁၁ ရက်၊ ၂၀၁၀) click
- တိုကျိုသင်္ကြန်အကြောင်း တွေ့ဆုံမေးမြန်းခြင်း အပိုင်း (၁) click
- တိုကျိုသင်္ကြန်အကြောင်း တွေ့ဆုံမေးမြန်းခြင်း အပိုင်း (၂) click
“သင်္ကြန်မှာ ခွက်စုတ်လေးနဲ့ ပက်ပါ။ ဗုံးနဲ့ မပစ်ပါနဲ့” (ကာတွန်း မောင်ရစ် - မိုးမခ၀က်ဘ်ဆိုက်)
- Township Chairman among injured in bomb blasts click
- Myanmar urges vigilance after deadly bombs click
- Myanmar blasts blamed on terrorists click
- Casualties rise to 178 in Myanmar water festival bomb blasts click
- US condemns Burma blasts click
- US sympathizes with Burma bomb blast victims click
- Nine die in Rangoon bombings click
- Will you stand with Aung San Suu Kyi? click
- People's power click
- Today's Terrorism in Burma click
- Christians forced to donate for Buddhist Festival click
နိုင်ငံတကာ ထိပ်တန်းသတင်း (၁၆-၄-၂၀၁၀)
- လူအုပ်ထဲက အကြမ်းဖက်သမားတွေကို နှိမ်နှင်းဖို့ အရေးပေါ်ဌာနက အဓိဋ္ဌာန်ပြု click
- ဗြိတိန်နိုင်ငံရေးခေါင်းဆောင်တွေ စကားစစ်ထိုးပွဲလုပ် click
- တရုတ်ပြည် ချင်ဟိုင်ပြည်နယ်က လူ (၅၈၉) ဦး သေဆုံးတဲ့ ငလျင် click
- Red shirt leader escapes hotel raid click
- Thai Anti-Government Leaders Escape Capture click
- Anti-government leaders evade Thai government forces click
- Thai PM puts army chief in charge of security click
- Ash cloud disrupts global aviation click
- Volcanic ash still causing travel chaos click
- Europe flights could be grounded into weekend by ash click
- Volcanic Ash Cloud Halts Flights Across Europe click
- British party leaders clash in first debate click
- Khatami 'banned' from leaving Iran click
- Ahmadinejad: Iran is Obama's only way to stay in power click
- Deaths in Pakistan hospital blast click
- Pakistan 'failed to protect Bhutto' click
- Insurgents Kill 4 German Soldiers in Northern Afghanistan click
- Kyrgyzstan Confirms President's Resignation click
- Kyrgyzstan extends US lease on Manas air base click
- Vote counting on after Sudan poll click
- Chinese premier visits quake zone as death toll climbs click
- Cold grips China quake survivors click
- 'External blast' sank S Korea ship click
- Massive fireball reported across Midwestern sky click

အပြည့်အစုံသို့...

မဟာသင်္ကြန်အတက်နေ့တွင် မဲဆောက်မြို့၌ လူထုတိုက်ပွဲကော်မတီ (၂၀၁၀) ၏ ‘ဘူး’ သင်္ကြန်သံချပ်ပြိုင်ပွဲနှင့် ဆုပေးပွဲအခမ်းအနား ကျင်းပ

မဟာသင်္ကြန်အတက်နေ့တွင် မဲဆောက်မြို့၌ လူထုတိုက်ပွဲကော်မတီ (၂၀၁၀)
‘ဘူး’ သင်္ကြန်သံချပ်ပြိုင်ပွဲနှင့် ဆုပေးပွဲအခမ်းအနား ကျင်းပ

သတင်းနှင့် ဓာတ်ပုံ - ကိုလတ်
၂၀၁၀ ခုနှစ် သင်္ကြန်အကြတ်နေ့နှင့် အတက်နေ့ (ဧပြီလ ၁၅၊ ၁၆) တို့တွင် လူထုတိုက်ပွဲကော်မတီ (၂၀၁၀) ၏ (၇) ဦး ကော်မတီဝင် မန်းစိန်ဟန်နှင့်အဖွဲ့မှ ကြီးမှူး၍ နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးအဖြေရှာရေးမှတပါး နအဖ စစ်အုပ်စုနှင့် မပူးပေါင်း မဆောင်ရွက်ရေး “ဘူးလှုပ်ရှားမှု” အဖြစ် ‘ဘူး’ သင်္ကြန်သံချပ်ပြိုင်ပွဲကို မဲဆောက်မြို့၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။

အဆိုပါ ‘ဘူး’ သင်္ကြန်သံချပ်ပြိုင်ပွဲသို့ ၀င်ရောက်ယှဉ်ပြိုင်ကြသည့် သင်္ကြန်သံချပ်အဖွဲ့များနှင့် လာရောက်ကြည့် ရှုအားပေးကြသည့် ဧည့်ပရိသတ်များကို ‘ဘူးမဏ္ဍပ်’ မှ ဘူးသီးကြော်၊ မုန့်လက်ဆောင်းတို့ဖြင့် နှစ်ရက်ဆက် တိုက် ဧည့်ခံကျွေးမွေးခဲ့ကြောင်း သတင်းရရှိသည်။

သင်္ကြန်သံချပ်ပြိုင်ပွဲကို အမှတ်ပေး ဒိုင်လူကြီး (၅) ဦး ထားရှိကာ နှစ်ရက်ကြာ ကျင်းပခဲ့ပြီး ပထမဆုကို ‘မင်္ဂလာ မောင်’ သင်္ကြန်သံချပ်အဖွဲ့ကလည်းကောင်း၊ ဒုတိယဆုကို ‘မင်းမဟော်’ သင်္ကြန်သံချပ်အဖွဲ့ကလည်းကောင်း၊ တတိယဆုကို ‘ဒေါင်းမောင်မောင်’ သင်္ကြန်သံချပ်အဖွဲ့ကလည်းကောင်း၊ နှစ်သိမ့်ဆုကို ‘ဖွတ်ကျား’ သင်္ကြန်သံ ချပ်အဖွဲ့ကလည်းကောင်း အသီးသီး ဆွတ်ခူးရရှိခဲ့ကြောင်း သတင်းရရှိသည်။

လူထုတိုက်ပွဲကော်မတီ (၂၀၁၀) အနေနှင့် နအဖစစ်အစိုးရ ပြုတ်ကျသည်အထိ “ဘူးလှုပ်ရှားမှု” များကို ပြည် တွင်းပြည်ပ၌ ကျယ်ကျယ်ပြန့်ပြန့် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပြီး မြန်မာနိုင်ငံသား ဒီမိုကရေစီတိုက်ပွဲ ၀င် အင်အားစုများ၏ ထောက်ပံ့ထည့်ဝင် ပံ့ပိုးကူညီမှုများဖြင့်သာ ဆက်လက်တိုက်ပွဲဝင် လှုပ်ရှားဆောင်ရွက် သွားမည်ဖြစ်ကြောင်းလည်း သိရသည်။ လူထုတိုက်ပွဲကော်မတီ (၂၀၁၀) ကို မြန်မာပြည်တွင်း၌ ပြည်သူ့အစိုးရ တရပ် အမြန်ဆုံး ဖွဲ့စည်းရေးနှင့် လူထုတိုက်ပွဲဖော်ဆောင်ရေးအတွက် ၂၀၁၀ ခုနှစ် ဧပြီလ (၃) ရက်နေ့တွင် မဲ ဆောက်မြို့၌ ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

မယ်တော်ဆေးခန်း သင်္ကြန်မဏ္ဍပ်မှလည်း ကာရာအိုကေ သီချင်းဆိုပြိုင်ပွဲကို ကျင်းပပြုလုပ်ပြီး ဆုရရှိသူများကို ဆုများပေးအပ်ချီးမြှင့်ခဲ့ကြောင်း သတင်းရရှိသည်။

အပြည့်အစုံသို့...

ရန်ကုန်မြို့ ကန်တော်ကြီး ဗုံးပေါက်ကွဲမှုတွင် နအဖ စစ်အုပ်စုနှင့် ပတ်သက်ဆက် နွယ်သည့် အသိုင်းအ၀ိုင်းများမှ မိသားစုဝင်အများစု သေကြေဒဏ်ရာရဟု သိရ

ဓာတ်ပုံသတင်း - ညီလင်းဆက်၊ နစ်နေမန်း၊ ဒီမိုဝေယံဘလော့ဂ်၊ မဇ္ဈိမ၊ မိုးမခ၀က်ဘ်ဆိုက်နှင့် စီအန်အန်

အပြည့်အစုံသို့...

Thursday, April 15, 2010

မြန်မာ့ရေးရာ သတင်းပဒေသာ (၁၅-၄-၂၀၁၀)

- ရန်ကုန်သင်္ကြန်မဏ္ဍပ် ဗုံးပေါက်ကွဲရာ သွားရောက်ကြည့်ရှုသူအချို့ကို စစ်တပ်က ဖမ်းဆီးထားဟုဆို၊ စစ်အာ ဏာရှင်တို့၏ နိုင်ငံရေးအကြမ်းဖက်ရန် လုပ်ကြံမှု ဓာတ်ပြားဟောင်းဖွင့်ပြီလားဟု သံသယရှိကြ click
- ရန်ကုန် ကန်တော်ကြီး ကရ၀ိတ်ဝင်ပေါက်အနီး ဗုံးဆက်တိုက်ပေါက်၊ အနည်းဆုံး (၉) ဦးသေ click
- ရန်ကုန်သင်္ကြန် ဗုံးပေါက်ကွဲ၊ (၉) ဦးသေ (၉၄) ဦး ဒဏ်ရာရ click
- ကန်တော်ကြီး ဗုံးကွဲမှုကြောင့် ရေကစားသူ (၁၀) ဦးခန့် သေဆုံး click
- ရန်ကုန်သင်္ကြန် ဗုံးကွဲပြီး လူ (၈) ဦး သေဆုံး click
- ကန်တော်ကြီး X2O မဏ္ဍပ်ရှေ့တွင် ဗုံးသုံးလုံး ပေါက်၊ (၃၀) ဦးသေ၊ အများအပြား ဒဏ်ရာရ click
- ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးရေး ကမ္ဘာ့ဒီမိုကရေစီညီလာခံ တောင်းဆို click
- စစ်တွေတွင် လုံထိန်းတဦး အသတ်ခံရ click
- ဧပြီ (၂၂) နောက်ဆုံးထား အကြောင်းပြန်ရန် ဒုဗိုလ်ချုပ်ကြီးရဲမြင့်က မွန်ပြည်သစ်ပါတီအား တိုက်တွန်း click
- ၀ အဆိုပြုချက်သစ်ကို နအဖ ပယ်ချ click
- မြန်မာနှင့် တိုက်ရိုက်ဆက်ဆံရေးမူဝါဒကို အမေရိကန် ပြန်သုံးသပ်ဖွယ်ရှိ click
- အမေရိကန်နဲ့ မြန်မာဆက်ဆံရေး သုံးသပ်ဖို့လို click
- အာဆီယံ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုတွေက မြန်မာနိုင်ငံရဲ့ ဝေစု click
- တရုတ်ပြည်ဘက်သို့ သစ်ခိုးထုတ်မှု နှစ်ဆတိုးလာ click
- နာဂစ်ဒေသ ရေရရှိရေး NLD ကူညီ click
- အောင်လံတွင် မြေကျူးကျော်ခံရသည်ဟု တရားစွဲသူက ယခုမှ မြေပိုင်ခွင့်လျှောက် click
- မြေဇာပင်နိုင်ငံများ (နိဂုံးပိုင်း) click
- အရေးတော်ပုံ ရင်ခုန်သူများ - အပိုင်း (၂၄) နိဂုံး click
- သင်္ကြန်အကြိုနေ့ မြင်ကွင်းစုံ click
- ဒက္ကားမြို့တွင် ရခိုင်သင်္ကြန်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပ click
- စစ်တွေသင်္ကြန် ရန်ပွဲနှင့်ဖွင့် click
- မြောက်ဦးသင်္ကြန် စည်ကားမှုမရှိ click
- ဒီနှစ်သင်္ကြန် ပျော်ကြရဲ့လား (ဆွေးနွေးဖလှယ်) click
- ကိုဇာဂနာ ဖတ်ဖို့ ဟာသ - သင်္ကြန်စာ (အတို့အထိ) click
- ၂၀၁၀ သင်္ကြန်အတာနှစ်ကူးမှာ မိုးမခချစ်သူများထံ မိုးမခက အမှတ်တရ အလှူခံပါတယ် click
- Myanmar blasts kill at least 24 - sources click
- Hospital: Myanmar blasts kill at least 20 click
- Serial blasts in Rangoon kill nine; 62 injured click
- Nine killed in Rangoon bomb blasts: official click
- At least 6 people killed, 75 injured in Myanmar water festival explosions click
- Chinese premier postpones visit to Brunei, Indonesia, Myanmar click
- China and Burma restrict cross border travel click
- Burmese Army extorts money from opium growers click
- Senior Burmese Army officer threatens to eliminate KIO click
နိုင်ငံတကာ ထိပ်တန်းသတင်း (၁၅-၄-၂၀၁၀)
- တရုတ်ငလျင် (၆၀၀) ကျော်သေဆုံး၊ (၁၀,၀၀၀) ကျော် ဒဏ်ရာရ click
- ကီရစ်ကစ္စတန် သမ္မတ ဘာကီးယက်ဗ် ကာဇက်စတန် နိုင်ငံကို ထွက်ပြေး click
- အိုက်စလန်မီးတောင်ကြောင့် လေယာဉ်တွေ ရပ် click
- ထိုင်းနိုင်ငံရေးပဋိပက္ခ ဆွေးနွေးသုံးသပ်ချက် click
- အနီဝတ် ဆန္ဒပြသူတွေ ဘန်ကောက်မြို့လယ်မှာ ပြန်လည်စုရုံး click
- စစ်တပ်က ရှပ်နီတွေကို ပစ်တယ်ဆိုတာ ၀န်ခံ click
- ငလျင်ကြောင့် လူ (၆၀၀) နီးပါး သေဆုံး click
- Battle to reach China quake victims click
- Death Toll from Chinese Earthquake Rises Above 600 click
- Icelandic volcanic ash alert grounds UK flights click
- Iceland volcano causes flight chaos click
- Gunfire at Rally for Deposed Kyrgyzstan President click
- Shooting disrupts Kyrgyzstan rally click
- Ousted Kyrgyz president unhurt as rally turns rowdy click
- Kyrgyzstan's ousted leader Bakiyev 'must stand trial' click
- Hamas executes 2 for Israeli collaboration click
- Sudan 'poll shooting' kills nine click
- China's Economic Growth Surges click
- South Korea raises sunken navy ship click
- Stern of South Korea naval ship lifted from sea bed click
- Mazda recalls 90,000 vehicles click
- Indonesia protests follow clashes over Muslim tomb click
- Thai protesters settle into city centre click
- Hong Kong paper apologises for wrong Hu Jintao caption click

အပြည့်အစုံသို့...

သင်္ကြန်အကြတ်နေ့တွင် ‘ဘူး’ လှုပ်ရှားမှုအဖြစ် မဲဆောက်မြို့၌ ‘ဘူး’ သင်္ကြန်သံ ချပ်ပြိုင်ပွဲ ကျင်းပပြီး ဘူးမဏ္ဍပ်၌ ဘူးသီးကြော်ကျွေး

ဓာတ်ပုံ - ကိုလတ်

အပြည့်အစုံသို့...

Wednesday, April 14, 2010

မြန်မာ့ရေးရာ သတင်းပဒေသာ (၁၄-၄-၂၀၁၀)

- ကေအိုင်အေက ပြည်ထောင်စုတပ်မှာ ပါမယ်လို့ဆို click
- တရုတ်ဝန်ကြီးချုပ် မြန်မာပြည် လာမည် click
- မြန်မာပြည် အမျိုးသားပြန်လည်သင့်မြတ်ဖို့ တရုတ် တိုက်တွန်း click
- တရုတ်ဝန်ကြီးချုပ် မြန်မာပြည် အမျိုးသားပြန်လည်သင့်မြတ်ရေးကို ဦးတည်စေချင် click
- ၀ါရှင်တန် နျူကလီးယား ဆွေးနွေးပွဲ၊ ၀မ်ကျားပေါင်ရဲ့ မြန်မာနိုင်ငံခရီးစဉ် click
- နအဖ စစ်အစိုးရကို လွှတ်တော်ကိုယ်စားလှယ်များ စုပေါင်းပြီး တရားစွဲမည် click
- ဒေါ်အောင်ဆန်းစုကြည်အတွက် ဆုတောင်းခြင်းနှင့် ပြည်သူ့ပန်ကြားချက် ဖြန့်ဝေမှု click
- NLD ဆုံးဖြတ်ချက်အပေါ် ဒေါက်တာဇာနည်ရဲ့ အမြင်သုံးသပ်ချက် click
- အ၀ါရောင်လှုပ်ရှားမှုအတွက် တိုက်တွန်း click
- သင်္ကြန်ရေကစားပွဲတွေ လုံခြုံရေး တင်းတင်းကျပ်ကျပ်နဲ့ ကျင်းပ click
- မြန်မာသင်္ကြန် မစည်ကားမှာကို စစ်အစိုးရ စိုးရိမ် click
- သင်္ကြန်ကြိုကြပြီ click
- ၂၀၁၀ ဧပြီ မြန်မာနှစ်ကူး အတာသင်္ကြန်မြင်ကွင်း - ရိုးရာရေသဘင် click
- မဟာသင်္ကြန်အကျနေ့ (၁၄-၄-၂၀၁၀) ရန်ကုန်မြို့ (ဓာတ်ပုံမှတ်တမ်း) click
- ပြည်တွင်းက ဖတ်မိသမျှ ဂျာနယ်အပိုင်းအစ click
- ရင်ထဲက စကား click
- မစ်ရှီဂန်မှ ပေးသောစာ - (၁) (အသံလွှင့်ဆောင်းပါး) click
- နယူးယောက်တွင် ပြုလုပ်တဲ့ မြန်မာ့အရေး ရန်ပုံငွေပွဲတခု (၇-၄-၂၀၁၀) (ဓာတ်ပုံမှတ်တမ်း) click
နိုင်ငံတကာ ထိပ်တန်းသတင်း (၁၄-၄-၂၀၁၀)
- တရုတ်မြေငလျင် လူပေါင်း ရာချီ သေဆုံး click
- ၀န်ကြီးချုပ် ဖြုတ်ချနိုင်ရေး ရှပ်နီဝတ်တွေ ထပ်ဆန္ဒပြဖို့ ခြိမ်းခြောက် click
- အကြမ်းဖက် ဆန္ဒပြသမားတွေကို ထိုင်းအစိုးရ ဖမ်းဆီးဖို့ ကြိုးပမ်း click
- ထိုင်း ဒုတိယ၀န်ကြီးချုပ်နဲ့ တွေ့ဆုံမေးမြန်းခန်း (ဗွီဒီယို) click
- နျူကလီးယားလက်နက် ကင်းမဲ့တဲ့ ကမ္ဘာဖြစ်ရေး ကြီးမားသော အားထုတ်မှု click
- နိုင်ငံတကာ နျူကလီးယား ထိပ်သီးဆွေးနွေးပွဲ ၀ါရှင်တန်မှာ ကျင်းပ click
- နျူကလီးယားပစ္စည်းတွေ ကာကွယ်ဖို့ သဘောတူ click
- ပြင်သစ်အများစုက အရင်းရှင်စနစ်အပေါ် အကောင်းမမြင် click
- Thai Government Vows to Track Down Armed Protesters click
- 110 Dead as Cyclone Slams Eastern India, Bangladesh click
- China Rushes to Help 10,000 People Injured in Powerful Earthquake click
- Polish Interim President to Set Election Date Next Week click
- US, Kyrgyzstan Holding Talks Amid Political Crisis click
- UN Diplomats Hold 'Constructive' Talks on Iran Sanctions click
- US Concerned About Alleged Syrian Missile Transfer click
- Pakistani Officials: US Missiles Kill 4 in Pakistan click

အပြည့်အစုံသို့...

သင်္ကြန်အကျနေ့တွင် မဲဆောက်မြို့အနီးရှိ ပါချရွန်ရေတံခွန်၌ မြန်မာပြည်သား များ ပျော်ရာပျော်ကြောင်း ရှာဖွေနေကြပုံ

ဓာတ်ပုံ - ကိုလတ်

အပြည့်အစုံသို့...

Tuesday, April 13, 2010

မြန်မာ့ရေးရာ သတင်းပဒေသာ (၁၃-၄-၂၀၁၀)

- ၂၀၁၀ ဧပြီလ မြန်မာအတာသင်္ကြန်နှင့် နှစ်သစ်ကူးကို အမျိုးသားရေးအသိဖြင့် ဆင်နွှဲကြရန် နှိုးဆော် click
- ALD ရွေးကောက်ပွဲ မ၀င်ရန် ယတိပြတ် ဆုံးဖြတ်ပြီ click
- ALD ရွှေးကောက်ပွဲမ၀င် ဆုံးဖြတ်ချက်အပေါ် ဦးအေးသာအောင်ရဲ့ ပြောကြားချက် click
- အတိုက်အခံခေါင်းဆောင် ဦးဝင်းတင်နဲ့ မေးခွန်းများ click
- ရွေးကောက်ပွဲပညာပေးလုပ်မှဖြစ်မည်ဟု အမျိုးသားရေး ဦးဝင်းနိုင် ပြောဆို click
- ဒီတချီ အပီလုပ်ဖို့လိုပီ (ဆောင်းပါး) click
- ဦးဝင်းဖေရဲ့ ဒေါ်အမာ ကွယ်လွန်ခြင်း (၂) နှစ်ပြည့် အမှတ်တရ စကားများ click
- ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးစစ်ဆေးမှု ခံယူ click
- ဒေါ်အောင်ဆန်းစုကြည် ခေတ္တဆေးရုံတက်ခြင်း click
- ဒေါ်ခင်မာအေး (၂ )နှစ်မြောက် အမှတ်တရဆွမ်းကျွေး ပြုလုပ် click
- စအဖ အရာရှိနှစ်ဦးကို စိတ်ကြွဆေးပြား ရောင်းမှုဖြင့် ဖမ်းဆီး click
- ဖားကန့် ကျောက်စိမ်းနယ်မြေမှာ အတင်းအဓမ္မ စစ်သားစုဆောင်း click
- ချောက်မြို့နယ်၌ ရေနံမြေအရာရှိက ငွေလိမ်မှုများ ပြုလုပ်နေ click
- ရိုဟင်ဂျာဒုက္ခသည်အသစ် လက်မခံတော့ဟု ဘင်္ဂလားဒေ့ရှ်အစိုးရ ပြော click
- ရန်ကုန်မြို့တော်ဝန် မဟာသင်္ကြန်မဏ္ဍပ်ဖွင့်ပွဲ အခမ်းအနား (၁၃-၄-၂၀၁၀) ဓာတ်ပုံသတင်း click
- နေပြည်တော်သင်္ကြန် စည်ကားဖွယ်ရှိ click
- ရန်ကုန်မြို့၌ သင်္ကြန်အကြိုအတွက် ပြင်ဆင်မှုများ click
- အလိုတော်ကျ ရန်ကုန်သင်္ကြန် click
- မလေးရှား မြန်မာ့ဘုန်းတော်ကြီးကျောင်းတွင် သင်္ကြန်အကြိုအလှူပွဲ ကျင်းပ click
- ဂျပန်ရောက် မြန်မာတို့ ချယ်ရီပင်အောက်မှာ သင်္ကြန်ပွဲကျင်းပ click
- ဆန်ဖရန်စစ္စကိုဒေသ မေတ္တာနန္ဒကျောင်း နိဗ္ဗာန်ဈေးနဲ့ နွေဦးသင်္ကြန် ၂၀၁၀ click
- တိုကျိုသင်္ကြန်အကြောင်း တွေ့ဆုံမေးမြန်းခြင်း - အပိုင်း (၁) click
- ဝေဒနာ ပိတောက် (၀တ္ထတို) click
- သင်္ကြန်သတင်း (ကဗျာ) click
- ကန်တော်ကြီး မျှော်စင်ကျွန်းတွင် ပြုလုပ်ခဲ့တဲ့ ဖန်ဆင်းရှင် ဖျော်ဖြေပွဲက အငြိမ့်တင်ဆက်မှု (ဗွီဒီယို) click
- ပိတောက်မပွင်တဲ့ သင်္ကြန်တွေ လွန်ပါစေ (ဆောင်းပါး) click
နိုင်ငံတကာ ထိပ်တန်းသတင်း (၁၃-၄-၂၀၁၀)
- နျူကလီးယားညီလာခံ နိုင်ငံ (၅၀) နီးပါးက ခေါင်းဆောင်တွေ တက် click
- နျူကလီးယားလက်နက် အကြမ်းဖက်သမားများလက်ဝယ် မရောက်ရေး ထိပ်သီးညီလာခံ ဦးစားပေး click
- ၀ါရှင်တန်က နျူကလီးယားလုံခြုံရေး ညီလာခံ click
- နယူးယောက်သတင်းများနဲ့ ထိုင်းနိုင်ငံဆန္ဒပြပွဲ နောက်ဆုံးရ သတင်းများ click
- ထိုင်းနိုင်ငံမှာ ငြိမ်းချမ်းစွာ တွေ့ဆုံဆွေးနွေးကြဖို့ ကလင်တန် တောင်းဆို click
- ထိုင်းလွှတ်တော်ကို ဖျက်သိမ်းဖို့ ကာကွယ်ရေးဦးစီးချုပ် တိုက်တွန်း click
- အောက်လွှတ်တော် ဖျက်သိမ်းဖို့ ချာဗာလစ် ထပ်ပြော click
- ထိုင်းတပ်သား (၂၀၀) ဒဏ်ရာရ click
- သေတာ ၂၁ ယောက်ရှိပြီ click
- အဓိကရုဏ်းမှာ ထိခိုက်သူ (၂၇၆) ယောက် ဆေးရုံပေါ်မှာ ရှိနေတုန်း click
- ထိုင်းဆန္ဒပြပွဲ အရှိန်မြှင့် click

အပြည့်အစုံသို့...

ဧရာဝတီ ကိုကြည်ဝေနှင့် ကိုအောင်ဇော်သို့ ...

ကမာပုလဲ

ခုရက်ပိုင်းမှာ NLD (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်) အပေါ် ဝေဖန်ချက် သတင်းဆောင်းပါးနှစ်ပုဒ်ကို တပြိုင် နက်ဖတ်လိုက်ရပါတယ်။ ထူးခြားမှုမရှိပေမယ့် တိုက်တိုက်ဆိုင်ဆိုင်ရှိလှတာက အဲဒီဆောင်းပါးနှစ်ပုဒ်လုံးဟာ ချင်းမိုင်အခြေစိုက် ၀က်ဘ်ဆိုက်မီဒီယာတခုတည်းမှာ ဖေါ်ပြထားတာဖြစ်တယ်။ ရေးဟန်ချင်းလည်းဆင် ဆိုလို ချက်ခြင်းလည်းတူ တင်ပြတဲ့နေ့ရက်ကလည်း တရက်တည်းဖြစ်နေတယ်။ မတူတာက ကလောင်အမည်တွေ ဖြစ်ပါတယ်။ တယောက်က ဧရာဝတီ သတင်းဝက်ဘ်ဆိုက်ရဲ့ တာဝန်ခံ အောင်ဇော် ဖြစ်ပြီး တယောက်ကတော့ ကြည်ဝေ လို့ အမည်ခံထားတယ်။

သူတို့ရဲ့ ဆောင်းပါးတွေကို အမည်ဖော်ပြရရင် အောင်ဇော်က “NLD မမှားသင့်တာ မှားခဲ့လေ သလား” ဖြစ်ပြီး ကြည်ဝေ ကတော့ “NLD ၏ နောက်ဆုံးနေ့များ” တို့ဖြစ်ပါတယ်။ ဆောင်းပါးနှစ်ပုဒ်စလုံးရဲ့ ဆိုလိုရင်းကတော့ နအဖရဲ့ ၂၀၁၀ ရွေးကောက်ပွဲဥပဒေအရ ပါတီမှတ်ပုံတင်ခြင်းအပေါ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ မှတ်ပုံမ တင်ဘူးဆိုတဲ့ ဆုံးဖြတ်ချက်ကို မ၀ံ့မရဲ မျှော့သွေးစမ်း ဝေဖန်လိုက်တာဖြစ်ပါတယ်။ ဆောင်းပါးနှစ်ပုဒ်စလုံးရဲ့ ရပ်ခံချက်က နအဖရဲ့ ရွေးကောက်ပွဲဥပဒေပါ သတ်မှတ်ရက်အတွင်း ပါတီများမှတ်ပုံမတင်ခဲ့ရင် ပါတီတည်ရှိမှု အလိုလို ပျက်ပျယ်စေရမည် ဆိုတာကို ဖြစ်ပါတယ်။ ဒီတော့ မေလ (၅) ရက်နေ့မှာ သတ်မှတ်ရက်ပြည့်မှာမို့ NLDပါတီအနေနဲ့ တရားဝင်ပါတီအဖြစ်မှ ပျက်ပျယ်သွားပြီလို့ ဆိုချင်တာပါပဲ။ ဒါဟာ ဆောင်းပါး နှစ်ပုဒ်လုံးရဲ့ တူညီတဲ့ တူရူချက်လည်းဖြစ်ပါတယ်။ စေတနာအရလည်း “မမှားသင့်တာ မှားခဲ့လေတဲ့ NLD ၏ နောက်ဆုံး နေ့များ” ဆိုတာကကို ရှင်းပြီးဖြစ်နေပါတယ်။

“ဆောင်းပါးရှင် နှစ်ယောက်စလုံးကို ပြောချင်တာက NLD ဟာ ၈၈၈၈ အရေးတော်ပုံကြီးရဲ့ အောင်သီးအောင်ပွင့်ဖြစ်တယ်။ အရေးတော်ပုံကြီးဟာ ဗိုလ်နေ၀င်း၊ န၀တ၊ နအဖ စစ်အုပ်စု အဆက်ဆက်ရဲ့ ဥပဒေအရ ပေါ်ပေါက်လာတာတွေ မဟုတ်ဘူးဆိုတာ ရှင်းပြနေရင် အတော့်ကိုလည်း ရယ်စရာကောင်းလိမ့်မယ်”

နိုင်ငံရေးပါတီများ ရှိခြင်း၊ ပျက်ခြင်း

ဒီနေရာမှာ နိုင်ငံရေးပါတီများ တည်ရှိခြင်း၊ ပျက်သုဉ်းခြင်းနဲ့ ပတ်သက်လို့ ဆောင်းပါးရှင် နှစ်ယောက်စလုံးက န၀တ၊ နအဖရဲ့ ဥပဒေအပေါ်မှာ လုံးလုံးပုံအပ်ထားပါတယ်။ ဆိုလိုတာက နအဖ လက်မခံရင်၊ ဖျက်ရင် ပျက်ရ တော့မယ်ပေါ့။ ဒီလိုဆိုရင် န၀တ၊ နအဖက မဖျက်ဘဲ ပျက်သွားတဲ့ နိုင်ငံရေးပါတီတွေအပေါ် ဘယ်လိုသဘော ထားမလဲ။ ၈၈၈၈ အရေးတော်ပုံရဲ့ အသီးအပွင့် ၁၉၉၀ ရွေးကောက်ပွဲမတိုင်မီမှာ နိုင်ငံရေးပါတီတွေ ရာနဲ့ချီ ရှိခဲ့ ကြတယ်။ အဲဒီထဲက နအဖက မတရားအသင်းကြေညာပြီးဖျက်တာ ဘယ်နှစ်ပါတီရှိသလဲ။ အဲဒီ အဖျက်ခံရတဲ့ ပါတီတွေကရော တကယ်ပျက်သွားပြီလို့ ပြောနိုင်ပါသလား။ ထားပါလေ၊ လူထုဘက်က ရပ်တည်တဲ့ နိုင်ငံရေး ပါတီတွေဟာ ဖိနှိပ်သူအစိုးရ (နောက်ပိုင်းမှာ ရန်သူလို့ပဲရေးပါမယ်။) တည်ထောင်ပေးလို့ ရပ်တည်ရှင်သန်လာ တာမဟုတ်ပါဘူး။ အရေးတော်ပုံတွေနဲ့ လူထုက မွေးဖွားပေးလိုက်တာပါ။ ဒါကြောင့် လူထုထောက်ခံတဲ့၊ အရေး တော်ပုံအဆက်ဆက်မှာ အစဉ်အလာရှိခဲ့တဲ့ တိုက်ပွဲဝင် နိုင်ငံရေးပါတီတွေဟာ ရန်သူအစိုးရတွေ ဖျက်တိုင်း မ ပျက်ပါဘူး။

၁၉၆၂ မှာ ဗိုလ်နေ၀င်း ဖျက်ပစ်ခဲ့တဲ့ ကျောင်းသားသမဂ္ဂ၊ ပြည်သူ့တိုးတက်ရေးပါတီ ... အစရှိသဖြင့် တို့ဟာ ၈၈၈၈ အရေးတော်ပုံကြီးနဲ့ အရေးတော်ပုံကြီးအပြီးမှာ ဂုဏ်သိက္ခာရှိရှိ လူထုရင်ခွင်ထဲကနေ ပြန်ပေါ်လာတယ် ဆိုတာ သတိချပ်အပ်ပါတယ်။ ခု ဗိုလ်နေ၀င်းရဲ့ မြေးတပည့် ရန်သူစစ်အုပ်စုက မတရားအသင်းကြေညာကာ ထပ်မံဖျက်သိမ်းထားလို့ မရှိတော့ဘူး နိတ္ထိတံသွားပြီလို့ ပြောလို့ရမလား။ မရပါဘူး။ အဲဒီလို ပြောလို့ရရင် ဗိုလ် နေ၀င်းလည်း နန်းပေါ်က ဆင်းပြေးရမှာ မဟုတ်ဘူးပေါ့နော။ သမိုင်းက သူ့အလုပ် သူလုပ်ပါတယ်။

ဆောင်းပါးရှင် နှစ်ယောက်စလုံးကို ပြောချင်တာက NLD ဟာ ၈၈၈၈ အရေးတော်ပုံကြီးရဲ့ အောင်သီးအောင် ပွင့်ဖြစ်တယ်။ အရေးတော်ပုံကြီးဟာ ဗိုလ်နေ၀င်း၊ န၀တ၊ နအဖ စစ်အုပ်စု အဆက်ဆက်ရဲ့ ဥပဒေအရ ပေါ် ပေါက်လာတာတွေ မဟုတ်ဘူးဆိုတာ ရှင်းပြနေရင် အတော့်ကိုလည်း ရယ်စရာကောင်းလိမ့်မယ်။ ဆိုတော့ NLDဟာ လူထုအလိုကျ လူထုဘက်က ရပ်တည်တဲ့ ဒီမိုကရေစီရေး နိုင်ငံရေးပါတီကြီးဖြစ်တယ်။ အဲဒီနိုင်ငံရေး ပါတီမှာ နိုင်ငံရေးပါတီတို့ရဲ့ အားနည်းချက် အားသာချက်လည်း သဘာဝကျကျရှိမယ်။ အတွေးအခေါ် အယူ အဆတွေ၊ လုပ်နည်းလုပ်ဟန်တွေမှာလည်း မတူကွဲပြားတဲ့ အမြင်တွေကို ညှိရ၊ နှိုင်းရ တာတွေလည်းရှိမယ်။ ဖက်ဆစ်ဆန်တဲ့ ရန်သူစစ်အစိုးရရဲ့ စနစ်တကျ ဖိနှိပ်မှုအောက်မှာ သေလောက်အောင် အနာတရဖြစ်နေတာ လည်း ရှိမယ်။ ပါတီတွင်း ပြိုကွဲသွားစေနိုင်တဲ့ သပ်လျှိုသွေးခွဲမှုတွေကိုလည်း ရင်းဆိုင်ဖြေရှင်းကျော်လွှားနေရ မယ်။ ဒါဟာ လူထုဘက်က အမှန်အကန် ရပ်တည်လိုတဲ့ စစ်အာဏာရှင်စနစ်အောက်က တိုက်ပွဲဝင်နိုင်ငံရေးပါ တီတရပ်ရဲ့ ရင်ဆိုင်ဖြေရှင်းရမယ့် ဘ၀ပြဿနာတွေဖြစ်တယ်။

အဓိကကျတာက ပါတီရဲ့ ရပ်တည်ချက်ပါ။ လူထုအကျိုးစီးပွားဘက်က ရဲရဲရပ်မလား၊ ဖိနှိပ်သူ ရန်သူစစ်အစိုးရ အလိုကျ ရပ်မလား ဆိုတာပါပဲ။ လူထုအကျိုးစီးပွားဘက်ကရပ်ရင် လူထုက တရားဝင် ရပ်တည်နိုင်အောင် တိုက်ပွဲဝင်သွားမှာပါ။ စစ်အုပ်စုအလိုကျ ရပ်ရင်တော့ ဒီခေတ်က ခွေးကတက်မပြောနဲ့ မြောင်းပုပ်မြောင်းဆွေး ထဲမှာတောင် ကိုယ့်အတွက် နေရာက ခပ်ရှားရှားပါ။ ဒါကြောင့် NLDဟာ လူထုအကျိုးစီးပွားဘက်ကရပ်သရွေ့ NLD မပျက်နိုင်ပါ။ ဆိုင်းဘုတ်နဲ့ ပါတီရုံးတွေ မည်ကာမတ္တသာရှိပြီး နိုင်ငံရေးဝိညာဉ်သေနေတဲ့ ပါတီအဖြစ်မျိုး၊ ရန်သူ့အလိုကျ၊ ရန်သူပြဌာန်းတဲ့ ဥပဒေနဲ့ ပြည်သူကို ဖိနှိပ်အုပ်ချုပ်နေရတဲ့ သမိုင်းတရားခံ နိုင်ငံရေးပါတီဘ၀ မျိုးကို NLD မရွေးချယ်ခဲ့တာဖြစ်တယ်။ ဒါဟာ တိုက်ပွဲတရပ်မှာ အဆင့်သစ်တရပ်ကို အောင်မြင်စွာ တက် ရောက်သွားနိုင်ခြင်းလည်း ဖြစ်တယ်။

ဆောင်းပါးရှင် နှစ်ယောက်စလုံးကို နိဂုံးချုပ်ပြောချင်တာက ဆောင်းပါးရှင် နှစ်ယောက်စလုံးဟာ သတင်း ဆောင်းပါးရှင်တွေဖြစ်နေတာမို့ ဒီကနေ့ NLD ပါတီမှာ ပါတီအပေါ်မှာရော လူထုအပေါ်မှာရော ပြတ်သားတဲ့ ရပ်တည်ချက်နဲ့ အကောင်းဆုံး စည်းရုံးလမ်းပြ ခေါ်ဆောင်ပေးနေသူတွေထဲမှာ အဘဦးဝင်တင် (ဟံသာဝတီ) ဟာ ထိပ်ဆုံးကပါပါတယ်။ သူဟာ ကမ္ဘာသိ ဂုဏ်သိက္ခာရှိတဲ့ သတင်းသမားတယောက်လည်းဖြစ်တယ်။ နောက်တယောက်က ပါတီဝင် မဟုတ်ပေမယ့် ပါတီကို အကောင်းဆုံး ၀ိုင်းရံပေးနေတဲ့ သတင်းစာဆရာကြီး လူထုဦးစိန်ဝင်း ဖြစ်တယ်။ သူလည်း ကမ္ဘာသိ ဂုဏ်သိက္ခာရှိတဲ့ သတင်းသမားကြီးတယောက်ဖြစ်တယ်။ သူတို့ နှစ်ဦးစလုံး လူထုအကျိုးစီးပွားဘက်က ပြတ်ပြတ်သားသား ရပ်တည်ပါတယ်။ ဒါကြောင့် လူထုကလည်း သူတို့ ကို အားကိုးယုံကြည်တယ်။ ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦးတို့ကအစ သူတို့ကို လေးစားချစ်ခင်ယုံကြည် တယ်…။ ရှေ့မှာ နိုင်ငံရေးသမားပဲဖြစ်ဖြစ်၊ သတင်းသမားပါ ဆိုသူပဲဖြစ်ဖြစ် ရပ်တည်ချက် ယောင်ဝါးလို့ မရဘူး ဆိုတာ သေချာတယ်။ အညှာအတာကင်းတဲ့ သမိုင်းလမ်းပေါ် လျှောက်နေကြတာမို့ပါ။ ဒါလောက်ပါပဲ …။

ကမာပုလဲ
၂ ၀ ၁ ဝ

ရည်ညွှန်း။ ။ အောင်ဇော် - “NLD မမှားသင့်တာ မှားခဲ့လေသလား” (ဧရာဝတီ Saturday, April 10, 2010)
ကြည်ဝေ - “NLD ၏ နောက်ဆုံးနေ့များ” (ဧရာဝတီ Saturday, April 10, 2010)

အပြည့်အစုံသို့...