Saturday, April 17, 2010

အာဏာလမ်းဝပေါ်က ပထမဆုံးနေ့များ

အာဏာလမ်းဝပေါ်က ပထမဆုံးနေ့များ
ဂါမဏိ
ရှုခင်း

အတိုက်အခံပါတီကြီးဟာ ရွေးကောက်ပွဲမှာ ရှင်းရှင်းလင်းလင်း အနိုင်ရခဲ့ပေမယ့် အာဏာရှင်တွေဟာ တော် တော်နဲ့ ရွေးကောက်ပွဲရလဒ်ကို မထုတ်ပြန်ပေးဘဲ နောက်ဆုံးမှာ မလွှဲသာလို့ ထုတ်ပြန်လိုက်ရပြီးနောက် ဒီရွေး ကောက်ပွဲဟာ အာဏာလွှဲမပေးလောက်သေးဘူး၊ နောက်ထပ် ရွေးကောက်ပွဲသစ်လုပ်ဖို့ လိုတယ်ဆိုပြီး ရွေး ကောက်ပွဲ ထပ်လုပ်ခဲ့ပါတယ်။ အာဏာရှင်ကြီးဟာ ရွေးကောက်ပွဲအသစ်မှာတော့ သေချာပေါက်အနိုင်ရအောင် အဘက်ဘက်က ပြင်ဆင်ခဲ့ပါ တယ်။ ရွေးကောက်ပွဲသစ်အကြိုကာလမှာ အတိုက်အခံပါတီကြီးကိုလည်း အမျိုး မျိုး နှိပ်ကွပ် ညစ်ပတ် အကြမ်းဖက်ခဲ့ပါတယ်။ ဒါကြောင့် အတိုက်အခံပါတီကြီးဟာ နောက်ဆုံးမှာ ရွေးကောက် ပွဲသစ်ကို မဝင်ဖို့ ဆုံးဖြတ်လိုက်ရပါတော့တယ်။ အတိုက်အခံမရှိတဲ့ ရွေးကောက်ပွဲမှာ အာဏာရှင်ကြီးဟာ မဲ (၈၅) ရာခိုင်နှုန်းကျော်နဲ့ အနိုင်ရသွားပါတော့တယ်။

အတိုက်အခံပါတီကြီးဟာ ရွေးကောက်ပွဲမဝင်လိုက်တဲ့အတွက် နောက်ဆုံးနေ့များ ရောက်သွားပြီ၊ နိဂုံးချုပ်သွား ပြီလို့ အာဏာရှင်အောက်ဆွဲတွေက ဝမ်းသာအားရ လက်ခမောင်းခတ်ခဲ့ကြပါတယ်။ ဒါပေမယ့် ဒီပါတီကြီးဟာ မိမိမူလရပ်တည်ချက်ပေါ်မှာပဲ ခိုင်ခိုင်မာမာ ဆက်လက်တိုက်ပွဲဝင်ခဲ့တဲ့အတွက် ရွေးကောက်ပွဲသစ်ပြီးလို့ (၃) လအကြာမှာ အာဏာခွဲဝေရေးစာချုပ်ချုပ်နိုင်ခဲ့ပြီး နောက်ထပ် (၆) လအကြာမှာတော့ အာဏာရပါတီနဲ့ အ တိုက်အခံပါတီတို့ရဲ့ အမျိုးသားညီညွတ်ရေး(ညွန့်ပေါင်း)အစိုးရကို အောင်မြင်စွာဖွဲ့စည်းနိုင်ခဲ့တဲ့အတွက် ဒီမိုက ရေစီလမ်းကြောင်းပေါ် စတင်ခြေချနိုင်ခဲ့ပါတော့တယ်။

“အခုလည်း ဗမာပြည်မှာ NLD က ၂၀၁၀ ရွေးကောက်ပွဲအတွက် မှတ်ပုံမတင်ဖို့ ဆုံးဖြတ်လိုက်တဲ့အတွက် ဆုံးဖြတ်ချက် မှားသွားပြီ၊ ရက် (၆၀) ပြည့်ရင် နိုင်ငံရေးပါတီအဖြစ်က ပျက်ပြယ်သွားတော့မယ်၊ ပါတီတခုအဖြစ် ရပ်တည်နိုင်မယ့် နောက်ဆုံးနေ့တွေကို ရောက်နေပြီလို့ စစ်ကျွန်အလံရှူးတွေ၊ အာဏာရှင်ပွဲစားတွေက ဟောင်သံပေးနေကြပါတယ်။ ဒါပေမယ့် အာဖရိကတိုက်က ဇင်ဘာဘွေနိုင်ငံမှာ အခုလို ရွေးကောက်ပွဲမဝင်တာ လုံးဝမှန်သွားပြီး နောက်ဆုံးမှာ အာဏာရှင်က လျှော့ခဲ့ရတာ သာဓက အထင်အရှား ရှိနေပါတယ်”
ဖြစ်စဉ်

အခုဖော်ပြခဲ့တဲ့ မြင်ကွင်းဟာ အာဖရိကတိုက်က ဇင်ဘာဘွေနိုင်ငံမှာ ၂၀၀၈ ခုနှစ်က တကယ်ဖြစ်ခဲ့ပါတယ်။ အတိုက်အခံ MDC ပါတီခေါင်းဆောင် စဗန်ဂီရိုင်က အာဏာရှင် မူဂါဘီကို ၂၀၀၈ ခုနှစ် မတ် (၂၉) ရက် ရွေး ကောက်ပွဲမှာ အနိုင်ရခဲ့ပေမယ့် မူဂါဘီက မဲလိမ်ပြီး MDC ပါတီဟာ မဲ (၅၀) ရာခိုင်နှုန်းကျော်မရလို့ဆိုကာ ဒုတိ ယအချီ ရွေးကောက်ပွဲကို ၂၀၀၈ ခု ဇွန် (၂၇) ရက်မှာ ပြန်လုပ်ခိုင်းခဲ့ပါတယ် (တကယ်တော့ စဗန်ဂီရိုင်ဟာ မဲ ၅၁ သို့မဟုတ် ၆၇ ရာခိုင်နှုန်းရခဲ့ပေမယ့် မူဂါဘီက ကလိမ်ကညစ်လုပ်ပြီး အတိုက်အခံက ၄၇.၉ ရာခိုင်နှုန်း၊ မူဂါ ဘီက ၄၃.၂ ရာခိုင်နှုန်းရတယ်လို့ ရွေးကောက်ပွဲပြီး တလအကြာ မေလ ၂ ရက်နေ့ကျမှ တရားဝင်ကြေညာ ခဲ့တာဖြစ်ပါတယ်)။

အဲဒီပထမရွေးကောက်ပွဲပြီးတော့ အတိုက်အခံပါတီဌာနချုပ်ကို ဝင်စီးနင်းပြီး ရုံးချုပ်မှာ ရှိနေသူအားလုံးကို ဖမ်း သွားတာ၊ လွှတ်တော်အမတ်တွေအပါအဝင် ပါတီဝင်တွေကို ဖမ်းတာ၊ ရိုက်နှက်တာ၊ သတ်ဖြတ်တာ (ပထမရွေး ကောက်ပွဲနဲ့ ဒုတိယရွေးကောက်ပွဲကြားမှာ အတိုက်အခံပါတီဝင် အနည်းဆုံး ၄၃ ယောက် အသတ်ခံခဲ့ရပါ တယ်)။ ရပ်ထဲရွာထဲ လျှို့ဝှက်ဗုံးခွဲတာတွေ၊ အတိုက်အခံကို မဲပေးခဲ့တဲ့ မဲဆန္ဒရှင်ပြည်သူလူထုတွေ တိုင်းရင်း သားလူမျိုးစုငယ်တွေကို နှိပ်စက်ညှဉ်းပန်းတာ၊ ခြိမ်းခြောက်အကျပ်ကိုင်တာတွေ အကြီးအကျယ်လုပ်ခဲ့တာ ကြောင့် ဇွန် (၂၂) ရက်မှာ စဗန်ဂီရိုင်ရဲ့ MDC ပါတီက ရွေးကောက်ပွဲမဝင်ဖို့ သမိုင်းဝင်ဆုံးဖြတ်ချက်ကို ချလိုက် ပါတယ်။ ဒီလိုနဲ့ ဒုတိယအကြိမ် ရွေးကောက်ပွဲမှာ အာဏာရှင် မူဂါဘီဟာ ပြိုင်ဘက်မရှိဘဲ မဲဆန္ဒ ၈၅.၅ ရာခိုင် နှုန်းရပြီး နိုင်သွားပါတော့တယ်။

နိုင်ငံတကာပိုင်းမှာတော့ ကုလသမဂ္ဂမှာ တရုတ်နဲ့ ရုရှားတို့က ဗီတိုအာဏာသုံး ကာကွယ်ပေးပေမယ့် ကမ္ဘာ့ နိုင်ငံတွေက ပြင်းထန်ထိရောက်တဲ့ စီးပွားရေးပိတ်ဆို့မှုတွေ ချမှတ်နိုင်ခဲ့ပြီး အဓိက ထောက်ခံပေးနေတဲ့ တောင် အာဖရိကနိုင်ငံကိုယ်၌က အင်တင်တင်ဖြစ်လာ၊ (အာဖရိကတိုက်ရဲ့အာဆီယံဖြစ်တဲ့) အာဖရိကသမဂ္ဂကလည်း ဖိအားပေး၊ အဓိက နိုင်ငံခြားငွေ ရှာပေးနေတဲ့ စိန်တွေလည်း ရောင်းမရအောင် ပိတ်ဆို့ခံရ၊ တနိုင်ငံလုံး ကာလ ဝမ်းရောဂါဖြစ်တာကလည်း အာဏာရှင်အစိုးရ ဘယ်လိုမှထိန်းမရသလို တရုတ်၊ ရုရှားလည်း မကယ်နိုင်ဖြစ်ခဲ့ ရပါတယ်။

ဒီလိုနဲ့ ဇွန်လ (၂၇) ရက်ရွေးကောက်ပွဲမှာ မူဂါဘီ မဲ “အပြတ်အသတ်” နဲ့အနိုင်ရပြီး သမ္မတဖြစ်ခဲ့ပေမယ့် MDC ပါတီက ပြင်းထန်လှတဲ့ အကြမ်းဖက်မှုကို ရင်ဆိုင်ပြီး ကြံ့ခိုင်တဲ့ရပ်တည်ချက်နဲ့ တိုက်ပွဲဝင်မှုကြောင့် မူဂါဘီ နိုင် ပြီး တလမပြည့်ခင် ဇူလိုင် (၂၅) ရက်မှာ အိမ်နီးချင်း တောင်အာဖရိကနိုင်ငံ ပရီတိုးရီးယားမြို့တော်မှာ အာဏာ ရအစိုးရနဲ့ အတိုက်အခံတွေအကြား ဒိုင်ယာလော့ စလုပ်ခဲ့ရပါတယ်။ တချိန်က မူဂါဘီကို ထောက်ခံခဲ့တဲ့ တောင်အာဖရိကသမ္မတ အမ်ဘီကီက ကြားဝင်စေ့စပ်ပေးခဲ့တာ ဖြစ်ပါတယ်။ စက်တင်ဘာ (၁၁) ရက်မှာတော့ မူဂါဘီဟာ ဆဗန်ဂီရိုင်နဲ့ အာဏာခွဲဝေရေးစာချုပ်ကို လက်မှတ်ထိုးလိုက်ရပါတော့တယ်။ ဒီစာချုပ်အရ မူဂါဘီ ဟာသမ္မတရာထူးကို ဆက်ယူထားပေမယ့် ဆဗန်ဂီရိုင်နဲ့ MDC ပါတီကို ဝန်ကြီးချုပ်ရာထူးနဲ့ အစိုးရဝန်ကြီးရာ ထူးအားလုံး ပေးလိုက်ရပါတော့တယ်။ ဒါပေမဲ့ မူဂါဘီက အမျိုးသားလုံခြုံရေးကောင်စီကို ဆက်ကိုင်ထားပြီး စစ် တပ်ကို ဆက်လက်ချုပ်ကိုင်ထားပါတယ်။ ၂၀၀၉ ဖေဖော်ဝါရီ (၁၃) ရက်မှာတော့ ဆဗန်ဂီရိုင်ဟာ ဝန်ကြီးချုပ် အဖြစ် ကျမ်းသစ္စာကျိန်ဆိုပြီး တရားဝင် ရာထူးလက်ခံခဲ့ပါတယ်။

အခုအချိန်မှာ ဇင်ဘာဘွေနိုင်ငံဟာ တင်းပြည့်ကျပ်ပြည့် ဒီမိုကရေစီနိုင်ငံ မဖြစ်သေးပါဘူး။ မူဂါဘီနဲ့ လက်ကိုင် တုတ် ကြံ့ဖွတ်တွေ၊ စစ်တပ်၊ ရဲ၊ လုံထိန်းတို့ဟာ လစ်ရင်လစ်သလို MDC ပါတီနဲ့ ပြည်သူပြည်သားတွေအပေါ် နှိပ်စက်တာ မတရားလုပ်တာတွေ ရှိနေပါသေးတယ်။ ဒါပေမယ့် ရွေးကောက်ပွဲမတိုင်မီကာလကနဲ့ စာရင်တော့ MDC ပါတီအတွက် အခွင့်အလမ်း အများကြီး ရသွားပါပြီ။ နိုင်ငံအပေါ် စီးပွားရေးပိတ်ဆို့မှုတွေ ရုပ်သိမ်းပြီး ဝန် ကြီးချုပ် ဆဗန်ဂီရိုင် အစိုးရအဖွဲ့အနေနဲ့ စီးပွားရေးပြုပြင်ပြောင်းလဲမှုတွေကို အတိုင်းအတာတခုအထိ အတော် အတန်လုပ်နိုင်လာပါတယ်။ မူဂါဘီအနေနဲ့ အာဏာရှင်စနစ်ကို ဆက်လက်ထိန်းသိမ်းဖို့ ကြိုးစားနေသော်လည်း ရာနှုန်းပြည့်လုပ်ချင်သလို လုပ်လို့ မရတော့ပါဘူး။ ဒီလိုနဲ့ အတိုက်အခံ MDC ပါတီရဲ့ နိဂုံးလို့ မဟာပညာကျော် များ တွက်ဆခဲ့တာဟာ အာဏာလမ်းမ နိဒါန်းအစဖြစ်နေတာ တွေ့ရပါတော့တယ်။

နောက်ခံ

ဇင်ဘာဘွေနိုင်ငံဟာ ၁၉၈၀ ခုနှစ်မှာ လက်ရှိသမ္မတမူဂါဘီ ခေါင်းဆောင်တဲ့ လက်နက်ကိုင်တော်လှန်ရေးနည်း အခြေခံနဲ့ အာဏာရလာပြီး လွတ်လပ်ရေးရလာခဲ့ပါတယ်။ တချိန်က မာ့က်စ်ဝါဒ မော်စီတုံးဝါဒတွေ ကြွေးကြော် တဲ့တော်လှန်ရေးသမားဖြစ်ခဲ့ပေမယ့် အာဏာရလာတဲ့အခါ ဇိမ်တွေ့သွားလို့ ကုလားထိုင်ပေါ်က မဆင်းတော့ ဘဲအတိုက်အခံတွေ တိုင်းရင်းသားလူမျိုးငယ်တွေအားလုံးကို ရက်ရက်စက်စက် နှိမ်နင်းခဲ့ပါတယ်။ (၁၉၈၂ နဲ့ ၁၉၈၅ ကြားမှာတင် လူ ၂၀,၀၀၀ ကျော် အသတ်ခံခဲ့ရတယ်။) တိုင်းပြည်ရဲ့ စည်းစိမ်ဥစ္စာအားလုံးကိုလည်း ကိုယ်ပိုင်လို သဘောထား သုံးဖြုန်းပစ်ခဲ့တဲ့အတွက် တချိန်က အာဖရိကတိုက်မှာ အချမ်းသာဆုံးစာရင်းဝင်ခဲ့တဲ့ ဇင်ဘာဘွေဟာ စီးပွားရေးဒလဟောကျဆင်းပြီး ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ နိုင်ငံရေး ဒုက္ခပေါင်းစုံဖိစီး လို့အာဖရိကတိုက်ရဲ့လူမမာကြီး ဖြစ်လာခဲ့ပါတယ် (တနိုင်ငံလုံး ထမင်းတွေငတ်၊ ကာလဝမ်းရောဂါတွေ ဖြစ် နေချိန်မှာ အာဏာရှင် သမ္မတ မူဂါဘီကတော့ အာဖရိကတိုက်မှာ အခမ်းနားဆုံး နန်းတော်ကြီးဆောက်ပြီး နေ ခဲ့ပါတယ်)။

တော်လှန်ရေးအောင်မြင်ပြီး နိုင်ငံလွတ်လပ်ရေးသက်တမ်း အနှစ် (၂၀) သို့မဟုတ် မူဂါဘီ အာဏာရှင်လုပ်နေ ခဲ့တဲ့အနှစ် (၂၀) လုံးလုံး ဘာမြေယာတော်လှန်ရေးမှ မလုပ်ခဲ့ဘဲ စီးပွားရေးတွေ ချွတ်ခြုံကျလာလို့ ကျောင်း သားတွေ၊ အလုပ်သမားတွေ၊ အစိုးရဝန်ထမ်းတွေ၊ တိုင်းရင်းသားလူနည်းစုတွေရဲ့ နိုင်ငံရေးမကျေနပ်မှုတွေ များသထက်များလာတဲ့ ၂၀၀၀ ပြည့်နှစ်ဝန်းကျင်ကျမှ လူထုကို အာရုံလွှဲဖို့ လူဖြူမြေရှင်ကြီးတွေပိုင်တဲ့ မြေယာ တွေကိုသိမ်းယူ၊ မြေယာဝေခြမ်းရေးတွေလုပ်ပြီး တော်လှန်ရေးရဲဘော်ဟောင်းတွေ၊ ကျေးလက်လူထုတွေကို စည်းရုံးချွေးသိပ်ဖို့ လုပ်လာတာဖြစ်ပါတယ်။

ဒါပေမယ့် ငွေကြေးဖောင်းပွမှုက (ဒေါ်လာ သန်း ၁၀၀,၀၀၀ - 100 billion dollar တန် သို့မဟုတ် ၁၀၀,၀၀၀, ၀၀၀,၀၀၀ တန် ငွေစက္ကူတွေ ထုတ်ရလောက်အောင်) ရာခိုင်နှုန်း (၂၃၁) သန်း အထိတက်လာပြီး အလုပ် လက်မဲ့နှုန်းက (၉၀) ရာခိုင်နှုန်းကိုရောက်လာတော့ ဘယ်လိုဘဲ အလိမ်အညာမှိုင်းတွေတိုက်ပေမယ့် ဒီမိုကရေ စီလိုလားတဲ့ ပြည်သူ့ဘက်တော်သားတွေဟာ အကြမ်းဖက်ဖိနှိပ်မှုတွေ အပြင်းအထန် နှိပ်ကွပ်မှုတွေကြားက နေကြံ့ကြံ့ခံတိုက်ပွဲဝင်ခဲ့ကြရာက အခု နောက်ဆုံးမှာ ပြည်သူ့အစိုးရရှေ့ပြေး အာဏာခွဲဝေကြားဖြတ်အစိုးရအ ဆင့်ကို ရောက်လာပြီဖြစ်ပါတယ်။

လက်တွေ့

အခုလည်း ဗမာပြည်မှာ NLD က ၂၀၁၀ ရွေးကောက်ပွဲအတွက် မှတ်ပုံမတင်ဖို့ ဆုံးဖြတ်လိုက်တဲ့အတွက် ဆုံး ဖြတ်ချက် မှားသွားပြီ၊ ရက် (၆၀) ပြည့်ရင် နိုင်ငံရေးပါတီအဖြစ်က ပျက်ပြယ်သွားတော့မယ်၊ ပါတီတခုအဖြစ် ရပ်တည်နိုင်မယ့် နောက်ဆုံးနေ့တွေကိုရောက်နေပြီလို့ စစ်ကျွန်အလံရှူးတွေ၊ အာဏာရှင်ပွဲစားတွေက ဟောင် သံပေးနေကြပါတယ်။ ဒါပေမယ့် အာဖရိကတိုက်က ဇင်ဘာဘွေနိုင်ငံမှာ အခုလို ရွေးကောက်ပွဲမဝင်တာ လုံး ဝမှန်သွားပြီး နောက်ဆုံးမှာ အာဏာရှင်က လျှော့ခဲ့ရတာ သာဓက အထင်အရှား ရှိနေပါတယ်။ ဒါကြောင့် NLD ပါတီဝင်တွေ၊ ၉၀ ခုမှာ နိုင်ပြီးသား လွှတ်တော်ကိုယ်စားလှယ်တွေကသာ တကယ်လုပ်မယ်ဆိုရင် လက်ရှိကာ လဟာ NLD ရဲ့ အာဏာလမ်းဝက ပထမဆုံးနေ့များ ဖြစ်သွားပါလိမ့်မယ်။

ဂါမဏိ

2 comments:

Win said...

ဆောင်းပါးရှင်ပြောသလိုဆို အာဏာရှင်အောက်ဆွဲ တွေလက်ခမောင်းခတ်နေသလို NLD တွေလည်း ဆင်လီးခွေးမျှော်လုပ်နေတယ်ပေါ့ ကောင်းပါတယ် မျှော်လင့်ချက်ရှိတော့ ရှင်သန်တာပေါ့

Unknown said...

ရင်ဘတ်ကို ထုတ်ချင်းပေါက် ဟက်ကိုထိရောဗျိုး။ အားရှိတယ်ဗျာ ။ ဆက်လျှောက်ကြမယ် ။ တို့လမ်းကို တို့ဆက်လျှောက်မယ် ။