Tuesday, April 13, 2010

ဧရာဝတီ ကိုကြည်ဝေနှင့် ကိုအောင်ဇော်သို့ ...

ကမာပုလဲ

ခုရက်ပိုင်းမှာ NLD (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်) အပေါ် ဝေဖန်ချက် သတင်းဆောင်းပါးနှစ်ပုဒ်ကို တပြိုင် နက်ဖတ်လိုက်ရပါတယ်။ ထူးခြားမှုမရှိပေမယ့် တိုက်တိုက်ဆိုင်ဆိုင်ရှိလှတာက အဲဒီဆောင်းပါးနှစ်ပုဒ်လုံးဟာ ချင်းမိုင်အခြေစိုက် ၀က်ဘ်ဆိုက်မီဒီယာတခုတည်းမှာ ဖေါ်ပြထားတာဖြစ်တယ်။ ရေးဟန်ချင်းလည်းဆင် ဆိုလို ချက်ခြင်းလည်းတူ တင်ပြတဲ့နေ့ရက်ကလည်း တရက်တည်းဖြစ်နေတယ်။ မတူတာက ကလောင်အမည်တွေ ဖြစ်ပါတယ်။ တယောက်က ဧရာဝတီ သတင်းဝက်ဘ်ဆိုက်ရဲ့ တာဝန်ခံ အောင်ဇော် ဖြစ်ပြီး တယောက်ကတော့ ကြည်ဝေ လို့ အမည်ခံထားတယ်။

သူတို့ရဲ့ ဆောင်းပါးတွေကို အမည်ဖော်ပြရရင် အောင်ဇော်က “NLD မမှားသင့်တာ မှားခဲ့လေ သလား” ဖြစ်ပြီး ကြည်ဝေ ကတော့ “NLD ၏ နောက်ဆုံးနေ့များ” တို့ဖြစ်ပါတယ်။ ဆောင်းပါးနှစ်ပုဒ်စလုံးရဲ့ ဆိုလိုရင်းကတော့ နအဖရဲ့ ၂၀၁၀ ရွေးကောက်ပွဲဥပဒေအရ ပါတီမှတ်ပုံတင်ခြင်းအပေါ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ မှတ်ပုံမ တင်ဘူးဆိုတဲ့ ဆုံးဖြတ်ချက်ကို မ၀ံ့မရဲ မျှော့သွေးစမ်း ဝေဖန်လိုက်တာဖြစ်ပါတယ်။ ဆောင်းပါးနှစ်ပုဒ်စလုံးရဲ့ ရပ်ခံချက်က နအဖရဲ့ ရွေးကောက်ပွဲဥပဒေပါ သတ်မှတ်ရက်အတွင်း ပါတီများမှတ်ပုံမတင်ခဲ့ရင် ပါတီတည်ရှိမှု အလိုလို ပျက်ပျယ်စေရမည် ဆိုတာကို ဖြစ်ပါတယ်။ ဒီတော့ မေလ (၅) ရက်နေ့မှာ သတ်မှတ်ရက်ပြည့်မှာမို့ NLDပါတီအနေနဲ့ တရားဝင်ပါတီအဖြစ်မှ ပျက်ပျယ်သွားပြီလို့ ဆိုချင်တာပါပဲ။ ဒါဟာ ဆောင်းပါး နှစ်ပုဒ်လုံးရဲ့ တူညီတဲ့ တူရူချက်လည်းဖြစ်ပါတယ်။ စေတနာအရလည်း “မမှားသင့်တာ မှားခဲ့လေတဲ့ NLD ၏ နောက်ဆုံး နေ့များ” ဆိုတာကကို ရှင်းပြီးဖြစ်နေပါတယ်။

“ဆောင်းပါးရှင် နှစ်ယောက်စလုံးကို ပြောချင်တာက NLD ဟာ ၈၈၈၈ အရေးတော်ပုံကြီးရဲ့ အောင်သီးအောင်ပွင့်ဖြစ်တယ်။ အရေးတော်ပုံကြီးဟာ ဗိုလ်နေ၀င်း၊ န၀တ၊ နအဖ စစ်အုပ်စု အဆက်ဆက်ရဲ့ ဥပဒေအရ ပေါ်ပေါက်လာတာတွေ မဟုတ်ဘူးဆိုတာ ရှင်းပြနေရင် အတော့်ကိုလည်း ရယ်စရာကောင်းလိမ့်မယ်”

နိုင်ငံရေးပါတီများ ရှိခြင်း၊ ပျက်ခြင်း

ဒီနေရာမှာ နိုင်ငံရေးပါတီများ တည်ရှိခြင်း၊ ပျက်သုဉ်းခြင်းနဲ့ ပတ်သက်လို့ ဆောင်းပါးရှင် နှစ်ယောက်စလုံးက န၀တ၊ နအဖရဲ့ ဥပဒေအပေါ်မှာ လုံးလုံးပုံအပ်ထားပါတယ်။ ဆိုလိုတာက နအဖ လက်မခံရင်၊ ဖျက်ရင် ပျက်ရ တော့မယ်ပေါ့။ ဒီလိုဆိုရင် န၀တ၊ နအဖက မဖျက်ဘဲ ပျက်သွားတဲ့ နိုင်ငံရေးပါတီတွေအပေါ် ဘယ်လိုသဘော ထားမလဲ။ ၈၈၈၈ အရေးတော်ပုံရဲ့ အသီးအပွင့် ၁၉၉၀ ရွေးကောက်ပွဲမတိုင်မီမှာ နိုင်ငံရေးပါတီတွေ ရာနဲ့ချီ ရှိခဲ့ ကြတယ်။ အဲဒီထဲက နအဖက မတရားအသင်းကြေညာပြီးဖျက်တာ ဘယ်နှစ်ပါတီရှိသလဲ။ အဲဒီ အဖျက်ခံရတဲ့ ပါတီတွေကရော တကယ်ပျက်သွားပြီလို့ ပြောနိုင်ပါသလား။ ထားပါလေ၊ လူထုဘက်က ရပ်တည်တဲ့ နိုင်ငံရေး ပါတီတွေဟာ ဖိနှိပ်သူအစိုးရ (နောက်ပိုင်းမှာ ရန်သူလို့ပဲရေးပါမယ်။) တည်ထောင်ပေးလို့ ရပ်တည်ရှင်သန်လာ တာမဟုတ်ပါဘူး။ အရေးတော်ပုံတွေနဲ့ လူထုက မွေးဖွားပေးလိုက်တာပါ။ ဒါကြောင့် လူထုထောက်ခံတဲ့၊ အရေး တော်ပုံအဆက်ဆက်မှာ အစဉ်အလာရှိခဲ့တဲ့ တိုက်ပွဲဝင် နိုင်ငံရေးပါတီတွေဟာ ရန်သူအစိုးရတွေ ဖျက်တိုင်း မ ပျက်ပါဘူး။

၁၉၆၂ မှာ ဗိုလ်နေ၀င်း ဖျက်ပစ်ခဲ့တဲ့ ကျောင်းသားသမဂ္ဂ၊ ပြည်သူ့တိုးတက်ရေးပါတီ ... အစရှိသဖြင့် တို့ဟာ ၈၈၈၈ အရေးတော်ပုံကြီးနဲ့ အရေးတော်ပုံကြီးအပြီးမှာ ဂုဏ်သိက္ခာရှိရှိ လူထုရင်ခွင်ထဲကနေ ပြန်ပေါ်လာတယ် ဆိုတာ သတိချပ်အပ်ပါတယ်။ ခု ဗိုလ်နေ၀င်းရဲ့ မြေးတပည့် ရန်သူစစ်အုပ်စုက မတရားအသင်းကြေညာကာ ထပ်မံဖျက်သိမ်းထားလို့ မရှိတော့ဘူး နိတ္ထိတံသွားပြီလို့ ပြောလို့ရမလား။ မရပါဘူး။ အဲဒီလို ပြောလို့ရရင် ဗိုလ် နေ၀င်းလည်း နန်းပေါ်က ဆင်းပြေးရမှာ မဟုတ်ဘူးပေါ့နော။ သမိုင်းက သူ့အလုပ် သူလုပ်ပါတယ်။

ဆောင်းပါးရှင် နှစ်ယောက်စလုံးကို ပြောချင်တာက NLD ဟာ ၈၈၈၈ အရေးတော်ပုံကြီးရဲ့ အောင်သီးအောင် ပွင့်ဖြစ်တယ်။ အရေးတော်ပုံကြီးဟာ ဗိုလ်နေ၀င်း၊ န၀တ၊ နအဖ စစ်အုပ်စု အဆက်ဆက်ရဲ့ ဥပဒေအရ ပေါ် ပေါက်လာတာတွေ မဟုတ်ဘူးဆိုတာ ရှင်းပြနေရင် အတော့်ကိုလည်း ရယ်စရာကောင်းလိမ့်မယ်။ ဆိုတော့ NLDဟာ လူထုအလိုကျ လူထုဘက်က ရပ်တည်တဲ့ ဒီမိုကရေစီရေး နိုင်ငံရေးပါတီကြီးဖြစ်တယ်။ အဲဒီနိုင်ငံရေး ပါတီမှာ နိုင်ငံရေးပါတီတို့ရဲ့ အားနည်းချက် အားသာချက်လည်း သဘာဝကျကျရှိမယ်။ အတွေးအခေါ် အယူ အဆတွေ၊ လုပ်နည်းလုပ်ဟန်တွေမှာလည်း မတူကွဲပြားတဲ့ အမြင်တွေကို ညှိရ၊ နှိုင်းရ တာတွေလည်းရှိမယ်။ ဖက်ဆစ်ဆန်တဲ့ ရန်သူစစ်အစိုးရရဲ့ စနစ်တကျ ဖိနှိပ်မှုအောက်မှာ သေလောက်အောင် အနာတရဖြစ်နေတာ လည်း ရှိမယ်။ ပါတီတွင်း ပြိုကွဲသွားစေနိုင်တဲ့ သပ်လျှိုသွေးခွဲမှုတွေကိုလည်း ရင်းဆိုင်ဖြေရှင်းကျော်လွှားနေရ မယ်။ ဒါဟာ လူထုဘက်က အမှန်အကန် ရပ်တည်လိုတဲ့ စစ်အာဏာရှင်စနစ်အောက်က တိုက်ပွဲဝင်နိုင်ငံရေးပါ တီတရပ်ရဲ့ ရင်ဆိုင်ဖြေရှင်းရမယ့် ဘ၀ပြဿနာတွေဖြစ်တယ်။

အဓိကကျတာက ပါတီရဲ့ ရပ်တည်ချက်ပါ။ လူထုအကျိုးစီးပွားဘက်က ရဲရဲရပ်မလား၊ ဖိနှိပ်သူ ရန်သူစစ်အစိုးရ အလိုကျ ရပ်မလား ဆိုတာပါပဲ။ လူထုအကျိုးစီးပွားဘက်ကရပ်ရင် လူထုက တရားဝင် ရပ်တည်နိုင်အောင် တိုက်ပွဲဝင်သွားမှာပါ။ စစ်အုပ်စုအလိုကျ ရပ်ရင်တော့ ဒီခေတ်က ခွေးကတက်မပြောနဲ့ မြောင်းပုပ်မြောင်းဆွေး ထဲမှာတောင် ကိုယ့်အတွက် နေရာက ခပ်ရှားရှားပါ။ ဒါကြောင့် NLDဟာ လူထုအကျိုးစီးပွားဘက်ကရပ်သရွေ့ NLD မပျက်နိုင်ပါ။ ဆိုင်းဘုတ်နဲ့ ပါတီရုံးတွေ မည်ကာမတ္တသာရှိပြီး နိုင်ငံရေးဝိညာဉ်သေနေတဲ့ ပါတီအဖြစ်မျိုး၊ ရန်သူ့အလိုကျ၊ ရန်သူပြဌာန်းတဲ့ ဥပဒေနဲ့ ပြည်သူကို ဖိနှိပ်အုပ်ချုပ်နေရတဲ့ သမိုင်းတရားခံ နိုင်ငံရေးပါတီဘ၀ မျိုးကို NLD မရွေးချယ်ခဲ့တာဖြစ်တယ်။ ဒါဟာ တိုက်ပွဲတရပ်မှာ အဆင့်သစ်တရပ်ကို အောင်မြင်စွာ တက် ရောက်သွားနိုင်ခြင်းလည်း ဖြစ်တယ်။

ဆောင်းပါးရှင် နှစ်ယောက်စလုံးကို နိဂုံးချုပ်ပြောချင်တာက ဆောင်းပါးရှင် နှစ်ယောက်စလုံးဟာ သတင်း ဆောင်းပါးရှင်တွေဖြစ်နေတာမို့ ဒီကနေ့ NLD ပါတီမှာ ပါတီအပေါ်မှာရော လူထုအပေါ်မှာရော ပြတ်သားတဲ့ ရပ်တည်ချက်နဲ့ အကောင်းဆုံး စည်းရုံးလမ်းပြ ခေါ်ဆောင်ပေးနေသူတွေထဲမှာ အဘဦးဝင်တင် (ဟံသာဝတီ) ဟာ ထိပ်ဆုံးကပါပါတယ်။ သူဟာ ကမ္ဘာသိ ဂုဏ်သိက္ခာရှိတဲ့ သတင်းသမားတယောက်လည်းဖြစ်တယ်။ နောက်တယောက်က ပါတီဝင် မဟုတ်ပေမယ့် ပါတီကို အကောင်းဆုံး ၀ိုင်းရံပေးနေတဲ့ သတင်းစာဆရာကြီး လူထုဦးစိန်ဝင်း ဖြစ်တယ်။ သူလည်း ကမ္ဘာသိ ဂုဏ်သိက္ခာရှိတဲ့ သတင်းသမားကြီးတယောက်ဖြစ်တယ်။ သူတို့ နှစ်ဦးစလုံး လူထုအကျိုးစီးပွားဘက်က ပြတ်ပြတ်သားသား ရပ်တည်ပါတယ်။ ဒါကြောင့် လူထုကလည်း သူတို့ ကို အားကိုးယုံကြည်တယ်။ ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦးတို့ကအစ သူတို့ကို လေးစားချစ်ခင်ယုံကြည် တယ်…။ ရှေ့မှာ နိုင်ငံရေးသမားပဲဖြစ်ဖြစ်၊ သတင်းသမားပါ ဆိုသူပဲဖြစ်ဖြစ် ရပ်တည်ချက် ယောင်ဝါးလို့ မရဘူး ဆိုတာ သေချာတယ်။ အညှာအတာကင်းတဲ့ သမိုင်းလမ်းပေါ် လျှောက်နေကြတာမို့ပါ။ ဒါလောက်ပါပဲ …။

ကမာပုလဲ
၂ ၀ ၁ ဝ

ရည်ညွှန်း။ ။ အောင်ဇော် - “NLD မမှားသင့်တာ မှားခဲ့လေသလား” (ဧရာဝတီ Saturday, April 10, 2010)
ကြည်ဝေ - “NLD ၏ နောက်ဆုံးနေ့များ” (ဧရာဝတီ Saturday, April 10, 2010)

28 comments:

Unknown said...

It's a must read. Thanks.
Zin

ကိုချစ်ဖေ said...

ကောင်းသဗျို့ကမာပုလဲ ဒူးခေါင်းနဲ့ရပ်ရတဲ့ ရပ်တည်ရေးထက် ပြည်သူဖက်က ရဲရဲရပ်ခံတဲ့ ပါတီအဖြစ်ကပို ကျက်သရေရှိပါတယ်..ရုံးခန်းရှိရုံ ဆိုင်းဘုတ်ရှိရုံသက်သက်သင်းသတ်ခံရတဲ့ ပါတီသစ်ပင်ကြီးထက်စာရင် လွတ်မြောက်ရေးတိုက်ပွဲဆိုတာ ရွက်ကျပင်ပေါက်ပါတယ်
သမိုင်းကပဲ လူထုကပဲ အမှန်တရားကိုချစ်တာမို့ ..တချိန်ကြရင် အဖြေလာပါတယ်ဗျား..

Unity To Fight Dictatorship said...

ဂျာနယ်လစ်သမားရဲ့ကျင့်စဉ်က ဘက်မလိုက်ရဘူး။ ဟိုဘက်ဒီဘက်မပါရဘူးဆိုတာကို ဧရာဝတီကိုကိုင်ထားတဲ့အောင်ဇော်တို့က ဂျာနယ်လစ် သဘောထားတွေဖေါက်ပြီး ဘာလို့ ဟိုဘက်ဒီဘက်ကပ်ချင်ကြရတာလဲက စဉ်းစားစရာပါပဲ။

eagle said...
This comment has been removed by the author.
eagle said...
This comment has been removed by the author.
eagle said...

သတင်းသမားစစ်စစ်ဆိုသူများနှင့် သူတို့၏ရပ်တည်ချက်

ပြည်တွင်း သတင်းမီဒီယာတို့သည် လွတ်လပ်စွာ ထုတ်ဖေါ်၊ရေးသား၊ ပြောဆိုပိုင်ခွင့် မရှိ။ ပြည်တွင်း၌ သတင်း မှန်ကိုရေးသားလိုသူ၊လူထုဖက်ရပ်တည်၍ သတင်းရေးသားလိုသူများသည် အမြဲ ထောင်နူတ်ခမ်းဝသို့ လျှောက်နေရသည်။ ပြည်တွင်း၌ သတင်းသမားဖြစ်လိုသူများသည် အရည်အချင်းသာမက အတတ်ပညာအရပါ အပြိုင်အဆိုင် ကြိုးစားဆောင်ရွက်ကြရသည်။ ပြည်တွင်း၌ သတင်းသမားစစ်စစ် တစ်ယောက်ဖြစ်ရန် မလွယ်ကူပါ။ သို့သော် ပြည်ပတွင်းမှု...
ပြည်ပသတင်းဌါနများသည် ၈၈ဒီမိုကရေစီလှုပ်ရှားမှု၏ အသီးအပွင့်အဖြစ် လွန်ခဲ့သည့် ၁၅နှစ်ကျော်လောက်မှ စတင်၍ တစစ ကြီးထွားဖွံဖြိုးလာခဲ့သည်။ငွေကြေး ထောက်ပံ့မှုများမှ တဆင့် သတင်းမီဒီယာ ဌါနများ အပြိုင်အဆိုင် ပေါ်ထွန်းပေါက်ဖွါး လာခဲ့ကြသည်။ ထိုသို့ပေါ်ထွန်းလာသည်မှာ သတင်းလွတ်လပ်ခွင့် ငတ်မွတ်နေသည့် ပြည်သူများအတွက် အလွန်အကျိုးရှိ သော်လည်း ပြည်ပ၌ သတင်းသမားဆိုသူ အချို့နှင့် အချို့သတင်းဌါနများ၏ ရေးသားပြောဆိုပုံများ၊ရပ်တည်ချက်သဘောထားများက ရွံရှာဖွယ်ရာ အလွန်ဆိုးရွားလှသည်။သတင်းတင်ပြပုံနှင့် သတ်ပုံမှားယွင်းမှုများကို စာဖတ်သူများ၊သတင်းနားထောင်သူများ အနေနှင့် ဖြည့်စွက်ပြင်ဆင်၊ ဖတ်ရှုနားထောင်နိုင်စွမ်းရှိသော်လည်း အတွေးခေါ်မှားယွင်းမှုများနှင့် ဖေါက်ပြန်သည့်ရပ်တည်ချက်များကိုတော့ နားလည်ဖြည့်စွက်၍ ဖတ်ရှုပေးနိုင်မည် မဟုတ်ပေ။
ဥပမာအနေနှင့်တင်ပြရလျှင်
လွန်ခဲ့သည့်နှစ်အတော်အတန်ကပင် တချို့သတင်းဌါနများ၌ မြန်မာစစ်အစိုးရ၊ မြန်မာအစိုးရဟု ရေးသားပြောဆိုလာကြ သည်။ တချို့ဆိုလျှင် ဗမာအစိုးရဟုပင် ဆိုးဆိုးရွားရွား ပြောဆိုသုံးနှုန်းလာကြသည်။ နအဖသည်ပင်လျှင် သူတို့ကိုယ်သူတို့ န၀တ၊နအဖဟုသုံးနှုန်းနေကြသည်ကို အချို့ပြည်ပမီဒီယာများ၌ အဘယ်ကြောင့် မသုံးနှုန်းနိုင်ရသနည်း။ စစ်ကောင်စီဟူသော စကားရပ်အစား အစိုးရဆိုသော အသုံးအနှုန်းဖြင့် တရားဝင်မှုကို နအဖအား ဖေါ်ဆောင်ပေးနေသည်လားဟု မေး စရာရှိလာသည်။ ထို့အပြင် မိမိကိုယ် မိမိ သတင်းသမားစစ်စစ်ဟု အမည်ခံ၍ ဘက်မရှိဘူးဟု ကြွေးကြော်အော်ဟစ်ကာ စစ်ဖိနပ်လျှာဖြင့်လျှက်၍ အရသာခံလျှက်ရှိသော ဖေါက်ပြန်သူများ၏ ပြောဆိုရေးသားမှုများကို လှိုင်လှိုင်ကြီး ဖေါ်ပြတင်ဆက်လာရင်း ကိုယ်ကိုယ်တိုင်ဖေါက်ပြန်လာကြသည်။ အသံစုံဖို့ လိုသည်ဟုဆိုသော ထိုသတင်းသမားများကို မေးလိုသည်မှာ အသံစုံရန်အလို့ဌာ ထွက်သည့်အသံအားလုံးကို ဖေါ်ထုတ် တင်ပြသင့်ပါသလား။ ထိုသို့ဆိုလျှင် ခွေးဟောင်သံများ၊ဇိမ်ခန်းကဲ့သို့သော်နေရာ များမှ ထွက်ရှိလာသော်အသံများနှင့် အလားတူသောအသံများကို အသံစုံရန်အလို့ဌာ ထုတ်ဖေါ်တင်ပြ ရေးသားသင့်ပါသလား။ သတင်းသမားဆိုတာ `မှန်လိုပဲ အရှိကို အရှိအတိုင်းတင်ပြတယ် ဘက်မရှိဘူး´ဟု ဆိုသော ထိုဂျာနယ်လစ် ဂျာနယ်ညစ်များ သည် သူတို့၏ မှန်များကို ထောင်ချင်သလိုထောင်၍ လှည့်ချင်သည့်ဘက် လှည့်တတ်ကြလေ သည်။ ဂုဏ်သိက္ခာရှိသည့် သတင်းသမားများ ကဲ့သို့ ပြည်သူလူထုဘက်သို့ အမြဲ မလှည့်ကြ။ လက်ရှိ ပြည်ပ သတင်းဌါနများနှင့် နိုင်ငံခြားအစိုးရ သတင်းဌါနများတွင် လုပ်ကိုင်နေကြသူ အများစုသည် ၈၈ဒီမိုကရေစီအရေးတော်ပုံ (သို့) နိုင်ငံရေးနှင့် ပတ်သက်ဆက်နွယ်၍ ပြည်ပသို့ ရောက်ရှိလာကာ လုပ်ကိုင်နေသူများပင် ဖြစ်သည်။ ထိုသူတို့အား စားဝတ်နေရေးအတွက် အရေးတော်ပုံနှင့်၊စာပေ၊လူထုအကျိုးကို မပြုလျှင်ပင် နားလည်ပေးနိုင်သော်လည်း ဖေါက်ပြန်သည့် အတွေးအခေါ်များနှင့် ဂုဏ်သိက္ခာမဲ့သည့် လုပ်ရပ်များကိုတော့ လက်မခံနိုင်ပေ။

ပြည်တွင်း၌ သတင်းမှန်ရေးသား၍၊ ကမ္မ၀ါစာလက်ဝယ်ရှိ၍၊ ရှေ့နေလိုက်၍၊ ဒေါ်စုပုံလက်ဝယ်ရှိ၍ မတရား ဖမ်းစီးခံနေရသည့် အချိန်တွင် ဦးသုဝေတို့ တစ်သိုက်မှာ ချင်းမိုင်-ရန်ကုန် အသွားအပြန်လုပ်၍ နအဖမှ သူပုန်ဟုခေါ်ဆိုသတ်မှတ်သူများနှင့် တစ်စားပွဲတည်းထိုင် နိုင်ငံရေးဆွေးနွေးဝိုင်းလုပ် နိုင်သည်မှာ အံသြစရာတော့ မရှိ။ သို့သော် ဖေါက်ပြန်သည့် နအဖ၏ ရွေးကောက်ပွဲ နှပ်ကြောင်းဝင်ရန် ဖဲချိုးပေးနေသည့် ဦးသုဝေကဲ့သို့သော သူများအား ဒိုင်ခံကာ ၀ိုင်းထောင်ပေးနေသည့် အဆိုပါ ဂျာနယ်လစ်သမားများ၏ သတင်းဂုဏ်သိက္ခာမှာ ပူဆွေးနေသည့် အသုဘအိမ်များတွင် ဖဲဝိုင်းဒိုင်ခံ၍ လုပ်ကိုင်စားသောက်နေသူများနှင့် အလားတူပင် ဖြစ်သည်။ နောင်တွင် အေးလွင်လိုလူမျိုးပါ ပြည်ပတွင် ပွဲထုတ်လာတော့ပေမည်။....

Eagle

eagle said...

သတင်းစာအတတ်ပညာအနေနှင့် ကြည့်မည်ဆိုလျှင်လည်း ပြည်ပတွင် ဆွဲခန့်သတင်းသမားများ၊ Figure ကို တိုက်လျှင် Figure ဖြစ်မည်ဟု ထင်နေသူများ၊ သြော်ချလောက်သည့် ပညာရှင်များ၊သုတေသီများကို အဖန်အထပ်ထပ် ဖတ်ကြားနေရသည်။ သတင်း၊ဆောင်းပါးများတွင် ခိုင်လုံတိကျသည့် စာညွန်းမပါ၊ အကိုးအကားမပါ ရေးသားနေကြသည်။ လျှို့ဝှက်ရမည့်ကိစ္စရပ်များအား နာမည်နှင့်တကွ ဖေါ်ပြ၍ ကိုယ့်အကြိုက်ကိုယ်ထည့်ချင်သည့် သတင်းများအား နီးစပ်သူတစ်ဦး၊ အမည်မဖေါ်လိုသူတစ်ဦးဟုဆိုကာ ရေးသားကြပြန်သည်။ တချို့သတင်းသမားဆိုသူများသည် ငါတို့က အတိုက်အခံသတင်းတွေလဲ ထည့်ပေးနေတာပဲဟု ဆိုကြသည်။ သူတို့အတွက် သတင်းဖြစ်လျှင် ဒေါ်လာရသည်ကို နားလည်ပေးနိုင်သော်လည်း ဇွတ်အတင်း သွတ်သွင်း၍ သတင်းလုပ်နေသူများကို မည်သို့မှ နားလည်းပေးလို့ မရ။

ထို့အပြင် သုတေသီဆိုသူများသည် မည်သည့်ဘွဲ့နှင့် မည်ကဲ့သို့ သုတေသီဖြစ်၍ ဒေါက်တာ(ပါရဂူ)ဆိုသူများသည်လည်း မည်သည့်ဘွဲနှင့် မည်သို့ ဒေါက်တာဖြစ်ကြသည်မသိ ဝေဖန်ရေးသား ပြောဆိုနေကြသည်။ (မှတ်ချက်။ Academic field ကို ဆိုလိုပါသည်။)

အချို့သတင်းဌါနများဆိုလျှင် ဆောင်းပါးရေးသူအား မိတ်ဆက်ပေးရာတွင် အတော်ပင် ဆိုးဆိုးရွားရွား ဖေါ်ပြကြသည်။ ရေးသူအား အထင်ကြီးလာစေရန် ဖေါ်ပြပေးသည်လား၊ သူတို့သတင်းဌါနအား အထင်ကြီးအောင်ဖေါ်ပြသည်လားတော့ မသိ။ စာရေးသူသည် --- သတင်းစာပညာသင်ကြားပို့ချပေးနေသည့် ဆရာတစ်ဦးဖြစ်သည်တို့၊ စာရေးသူသည် --- နိုင်ငံရေးသိပ္ပံ၊ဂျာနယ်လစ်ဇစ်၊ရုပ်ရှင် ဘာသာရပ်များ သင်ကြားနေသူ တစ်ဦးဖြစ်သည်တို့ စသည်ဖြင့် ဖေါ်ပြကြသည်။ အကြောင်းသိများကတော့ ဖတ်ပြီး ပြုံးရယ်နေကြသည်။
(ပုဂိုလ်ရေးတိုက်ခိုက်လိုသည့်အတွက် မဟုတ် အများနှင့်သက်ဆိုင်သည့် နေရာများတွင် ဖေါ်ပြနေသည့်အတွက် ဖြစ်သည်)

သေချာသည်ကတော့...အနှီးဂျာနယ်လစ် စစ်စစ်ဆိုသူများအတွက် မဝေးတော့သည့် အချိန်၊လွတ်လပ်ပွင့်လင်းသည့် ခေတ်ကာလတွင် နေရာရှိမည် မဟုတ်ပေ။ သူတို့၏ ဖြတ်သန်းမှုနှင့် သမိုင်းကို သူတို့ကိုယ်တိုင်ပင် တန်းဖိုးဖြတ်ပေးခဲ့ကြသည်။
Eagle

စာကြွင်း။ အကြောင်းသိတွေရှိနေသရွေ့
စင်ပေါ်တက်ဖို့ မကြံနဲ့ ရ၀တ ဥက္ကဌတောင်မဖြစ်စေရဘူးဟု ဆိုသည့် မိတ်ဆွေတစ်ယောက်၏ စကားကို အမြဲကြားယောက်နေမိသည်။

Unknown said...

အချင်းချင်း ညီညွှတ်အောင် အရင်တည်ဆောက်ကြ...ညီညွှတ်မယ့်ပုံလည်း မပေါ်ပါဘူး...တစ်ယောက်က ဒီလိုလုပ်ရင် နောက်တစ်ယောက်ကဖော်ကောင်လုပ်ပြီး ဝေဖန်တယ်...နောက်တစ်ယောက်က ဒီလိုလုပ်ရင် ဟိုတစ်ယောက်က လိုက်ပြီးပြောနေကြတယ်...ပြောရရင်တော့ အဝေ မတဲ့ကြဘူးဖြစ်နေတယ်...ဦးနီကတော့ ဘယ်လို သူ့ဇနီးနဲ့ သားသမီးတွေကတော့ အခုဘယ်ကိုရောက်လို့ ဘယ်လိုခံစားနေရတယ် စတဲ့ စတဲ့ အသံဗလံတွေကလည်း လိုက်ပြီးမေးစရာကိုမလိုဘူး...

ဒီမိုး ဒီလေ ဒီလူတွေနဲ့တော့ နအဖ ကိုတိုက်ဖို့နေနေသာသာ ကိုယ်အချင်းချင်းကိုပဲ အရင်စည်းလုံးရပ်တန့်နိုင်အောင် လုပ်ကြပါအုံး ;)

eagle said...

အော်...ပြောဖို့ ကျန်သွားလို့။

စာရေးသူ Eagle သည် ကိုယ့်ထမင်းကိုယ်စား၍ comment များတွင် အမြင်မတော်သည်များကို
တခါတရံ ၀င်ရောက်ရေးသားနေသူ ဖြစ်သည်။

moethee.blogspot.com said...

ဧရာဝတီ မှာဒီလိုမျိုးဆောင်းပါးရေးရင် တစ်ပုဒ်ကို ဒေါ်လာ ၅၀၀ ပေးမယ်ဆိုပြီး နအဖဒလံတွေက စည်းရုံးနေတယ်ကြားပါတယ်၊
ကိုအောင်ဇော်တို့ ဘယ်လောက်ရပြီးသွားပြီလဲမေးကြည့်ကြပါအုံး၊

မန်းကိုကို said...

ဆရာ eagle ကလည်း တယ်ဆော်သကိုးဗျ၊ ကောင်းပါတယ်ဗျာ ဆောင်းပါးနှစ်ပုဒ် ဖတ်ရတာပေါ့။ ကိုယ်စိတ်ပါ၊ စိတ်သန် အာရုံထားတဲ့ကဏ္ဍထင်ပါရဲ့ဗျာ၊ ကျွန်တော်တောင်မတွေးမိဘူး။ ဒီလိုမတူတဲ့အတွေး၊ မညီတဲ့စိတ်ကူးတွေ ဖတ်ရတာ ဒီကနေ့အဖို့တော့ ဆာ့ဖ်လုပ်ရတာ တန်သွားတာပေါ့။ အားပေးပါတယ်၊ ကြုံရင်လည်း ရေးကြပါအုံး။

သတိ said...

အားလုံးသတိ

ဟားဟား.. မောင်သတိမြင်တာတော့ဗျာ.. အန်အယ်ဒီရဲ့ နောက်ဆုံးနေ့များကို မရေးသင့်.. အန်အယ်ဒီကြီး မှိုင်တွေငေးမောနေတာကို မပြောသင့်.. အန်အယ်ဒီကြီး ဘယ်လိုတက်ကြွနေတာ ဟုတ်သော်ရှိမဟုတ်သော်ရှိ ရေးမှပဲ သတင်းသမား ပီသတယ်လို့ ဆောင်းပါးရှင်က နာလည်နေပုံပါလားဗျာ.. စာနယ်ဇင်း ကျင့်ဝတ်မှာ ဘက်မရှိရဘူးဆိုရင် ဘာကြောင့်အန်အယ်ဒီ နောက်ဆုံးနေ့ဆိုတာကို စာနယ်ဇင်းက မရေးရမလဲ.. နားမလည်ပါဘူး.. ပေါ်လစီသမားတွေ ကိုယ့်ဘာသာ ဖြေတွေးတွေး ဖြည့်တွေးတွေး.. အများပြည်သူကို တင်ပြမဲ့ စာနယ်ဇင်းကတော့ ဖြေလို့ ဖြည့်လို့ မရပါဘူး.. ပေါ်လစီသဘောအရ ခုချိန်မှာ ဒီလိုစိတ်ကျစရာတွေ မရေးပါနဲ့ဆိုရင်တောင် ဒါဟာ ဘက်လိုက်ရေးသားဖို့ တောင်းဆိုတာမို့ ငါတကောကောတဲ့ လေသံနဲ့ ပစ်စရာမရှိလှပါဘူးဗျာ..

နောက်တစ်ခု.. အတော်ရီစရာကောင်းတာက အရေးတော်ပုံရဲ့ အသီးအပွင့်နဲ့ ပေါ်ပေါက်လာတယ်ဆိုတဲ့ အဲဒီအဖွဲ့အစည်းက ဒီနအဖ န၀တကထုတ်တဲ့ ဥပဒေတွေနဲ့ပဲ မွေးဖွားရပ်တည်ခဲ့တာ မဟုတ်ဘူးလား.. ဒီဥပဒေတွေနဲ့ တည်လာခဲ့ပီး တည်တုန်းကတော့ ဥပဒေနဲ့အညီ ပျက်ပြယ်ပီဆိုမှ ဒီလူတွေဥပဒေ ဂရုမစိုက်လေသံပစ်တာတော့ ဆောင်းပါးရှင်အိုင်ဒီယာကို အီလည်လည်ဖြစ်ရပါ့ဗျာ.. လိုတစ်မျိုး မလိုတစ်မျိုးကို ဆောင်းပါးတစ်ခုထဲမှာ မြင်နေတော့လဲ.. ဟားဟား.

ကဲသက်သာ

မောင်သတိ

Unknown said...

အရမ်းကောင်းတယ်ကုမာပုလဲရေ...
ရောသားရိမ်း....ဘာသားရိမ်းနဲ့ 
ပူးသတ်သလိုလို.....ပူးကပ်သလိုလိုလူတွေတွက်ဖတ်သင့်တယ်....

Unknown said...

အင်း..ကြောင်သူတော် အောင်ဇော် တို့ကတော့ အနံ့လေးတွေလှိုင်နေတာပဲနော်..တခုပြီးတခုပဲ

CODE9 said...

အေးဗျာ၊ ကိုအောင်ဇော်တို့ သမိုင်းကြီးမလိုလိုနဲ့နောက်ဆုံးတော့ ရှုးသွားတာ စိတ်မကောင်းပါဘူးဗျ။ ကျနော် ဧရာဝတီမဂ္ဂဇင်းကို အတော် အထင်ကြီးလေးစားတာဗျ။ အခုတော့......

Unknown said...

အင်း..ကြောင်သူတော် အောင်ဇော် တို့ကတော့ အနံ့လေးတွေလှိုင်နေတာပဲနော်..တခုပြီးတခုပဲ

Win said...

ကမာပုလဲ ရေ ၀မ်းသာသဗျာ NLD ဒီလိုဆောင်းပါးနှစ်ခု လိုမျိုးတွေကြောင့်စိတ်ပြောင်းပြီး ရွေးကောက်ပွဲပြန်ဝင်ပါ့မယ် လုပ်နေမှာစိုးရိမ်မိတာ အခုတော့ခင်ဗျားတို့လို ငပိန်းတွေရှိတာ ထူလဒူ NLD ကို လွတ်တော်မှာ မတွေ့ရမှာကိုစိတ်အေးမိသဗျာ အောင်ဇော်တို့ကိုလည်း လက်သရမ်းဖို့ပြောချင်တယ် ရမ်းချင်ရင်လည်း မေလ ၁၀ရက်လောက်မှရမ်းဖို့ပြောချင်သဗျ

Thit Sinn More said...

ကိုပေါက်ရေ ... ပြောသင့်၊ ရေးသင့်တဲ့ ကိစ္စတခုပါ။ သူတို့ပိုင်တဲ့ ကမ္ဘာတခုဆိုတော့ ပြည်သူလူထုနဲ့စာဖတ်သူကို ဂရုမစိုက်တော့ဘူး။

ko said...

ကိုယ့်ခြေထောက်ပေါ် ရပ်ဖို့ကြိုးစားနေသူတစ်ယောက်အနေနဲ့ ဘဝမှာ စီးပွားရေးပဲဖြစ်ဖြစ်..လူမှု့ရေးပဲဖြစ်ဖြစ်..မျှမျှတတနဲ့
အောင်မြင်အောင်စွမ်းဆောင်နိုင်သူတိုင်းကိုလေးစားပါတယ်..

ဒါပေမဲ့ ကိုယ်လက်ထဲမိုက်ရှိလို့ပြောချင်ရာပြောမယ်
ဆိုတဲ့ရပ်ကွက်ထဲကကြံ့ဖွံလိုတော့မလုပ်စေချင်ပါ..
အောက်တန်းအလွန်ကျပါတယ်..

ကိုအောင်ဇော်နဲ့ကိုကြည်ဝေတို့အနေနဲ့
တခြားတဖက်က(လက်ဖမိုးဖက်) အမြင်ကိုပြောချင်တယ်ဆိုရင်လည်း မပြောခင်
ဆရာဗန်းမော်တင်အောင်ရဲ့ စကားအမှတ်ရစေချင်တယ်...


" အမှန်ဆိုတာ နှစ်မျိုးမဖြစ်နိုင်ဘူးလားဆရာ…. ပိုက်ဆံတပြားရဲ့ ခေါင်းနဲ့ ပန်းလိုပေါ့၊ ဆရာ့ဘက်က ကြည့်တော့ ခေါင်း၊ ကျွန်တော့ဘက်က ကြည့်တော့ ပန်း။ ကဲ နှစ်ခုစလုံးမှန်မနေဘူးလား။

စာရေးဆရာက ခေါင်းညိတ်လိုက်ပြီး မှန်ပါတယ်။

ခင်ဗျားပြောသလို အမှန်ဆိုတာ အနည်းဆုံး နှစ်မျိုးဖြစ်နိုင်တယ်။ ဒါပေမဲ့ တရားကတော့ နှစ်မျိုးမရှိဘူး။ လောကီရော သံသရာပါ ကောင်းတဲ့တရား တမျိုးပဲရှိတယ်။
ကျွန်တော့ကို နားလည်အောင် ရှင်းပြပါအုံး….
အမှန်တရားဆိုတာ ခင်ဗျားတို့ ကြားဖူးတယ်မဟုတ်လား….

ဟုတ်ကဲ့… ကြားဖူးပါတယ်..

ခင်ဗျားတို့ပြောသလို အမှန်ဟာ အနည်းဆုံးနှစ်မျိုးဖြစ်နိုင်တယ်။ ဒါပေမဲ့ လူလောက ဖြစ်စဉ်ထဲက အမှန်တွေကိုတော့ တရားနဲ့ မှတ်ကျောက် တင်ကြည့်ရတယ်။ တရားနဲ့ အမှတ်ကျောက်တင်ခံနိုင်မှသာ အမှန်တရားလို့ခေါ်တယ်။ တနည်းအားဖြင့် တရားမှသာ အမှန်ဖြစ်တယ်။ မတရားတာ မှန်သမျှ အမှားပဲ။

ထပ်ရှင်းပါအုံး ဆရာ….

ကောင်းပြီး မြန့်မာ့သမိုင်းကို ပြန်ကြည့်ရင် တောင်သူလယ်သမားအရေးတော်ပုံဆိုတာ ခင်းဗျားတို့ တွေ့ရမယ်။
ဆရာစံနဲ့ တောင်သူလယ်သမားတွေ အင်္ဂလိပ်ကို တော်လှန်ခဲ့တဲ့ အရေးတော်ပုံမဟုတ်လား။

ဟုတ်တယ်

ဒီကိစ္စမှာ လယ်သမားတွေ သူပုန်ထတာကို အင်္ဂလိပ်အစိုးရက မလိုလားဘူး၊ မှားတယ်လို့ပြောတယ်။ သူတို့အတွက် အမှန်က မြန်မာနိုင်ငံကို ဆက်လက်ကျွန်ပြုပြီး ဂုတ်သွေးစုပ် အမြတ်ထုတ်ဖို့ပဲ။ လယ်သမားတွေဘက်ကကြည့်တော့ ဒီတိုင်းပြည်က တို့တိုင်းပြည် ကျွန်ဖြစ်ရတာ အနေဆင်းရဲ အစားဆင်းရဲနဲ့ သေတောင်မှတည့် သြော် ကောင်း၏ ဘ၀မို့လို့ သူပုန်ထတာ မှန်တယ်။ ဒီအမှန်နှစ်ခုကို တရားနဲ့ မှတ်ကျောက်တင်ကြည့်ရင် ဘယ်လိုအဖြေထွက်မလဲ။

လယ်သမားတွေ သူပုန်ထတာ အမှန်တရားပဲ…
ဘာကြောင့်လဲ ဆိုတော့ အင်္ဂလိပ်က သူများတိုင်းပြည်ကို မတရားသိမ်းပိုက်ထားတာကိုး စာရေးဆရာက ကျေနပ်စွာ ပြုံးလိုက်ပြီး မှန်တယ် ခင်ဗျားပြောတာမှန်ပါတယ်။


အမှန်တရားကို ရွေးချယ်နိုင်မှ သူရဲကောင်းဖြစ်နိုင်တယ်။
တနည်းအားဖြင့် သူရဲကောင်းဟာ အမှန်တရားဘက်က ရဲရဲကြီး ရပ်တည်ရမယ်။ ကိုယ်က သူရဲကောင်း မဖြစ်ခဲ့တောင်မှ သူရဲကောင်းတွေရဲ့ လုပ်ရပ်ကို လက်ခုပ်တီး အားပေးရဲတဲ့ ပြည်သူကောင်းတော့ ဖြစ်ရမယ်။ အချောင်သမား မဖြစ်ပါစေနဲ့…"

Unknown said...

ကမာပုလဲကို သိပ်ကျေးဇူးတင်ကြောင်းပါဗျား--နအဖရဲ.ရွေးကောက်ပွဲအမိန်.ထွက်လာမှဖားအော်သံ တညံညံပေါ.နှစ်ချို.ဧရာဝတီဖားကြီးလေ အမွှေးတောင် တော်တော်ရှည်နေပြီ အသံလည်းတော်တော်ကျယ်လာပြီ သူ.၀ပ်ကျင်းထဲကနေ စွတ်အော်နေပြီ အသိမမှားဖို.သတိထားကြဗျို.လျှပ်တပျက်ရိုက်ချက်တွေနဲ.ရိုက်ပေးကြပါဗျို.

Unknown said...

ကမာပုလဲကို သိပ်ကျေးဇူးတင်ကြောင်းပါဗျား--နအဖရဲ.ရွေးကောက်ပွဲအမိန်.ထွက်လာမှဖားအော်သံ တညံညံပေါ.နှစ်ချို.ဧရာဝတီဖားကြီးလေ အမွှေးတောင် တော်တော်ရှည်နေပြီ အသံလည်းတော်တော်ကျယ်လာပြီ သူ.၀ပ်ကျင်းထဲကနေ စွတ်အော်နေပြီ အသိမမှားဖို.သတိထားကြဗျို.လျှပ်တပျက်ရိုက်ချက်တွေနဲ.ရိုက်ပေးကြပါဗျို.

Htut Foundation said...

မိတ်ဆွေတို့ ...
ကျွန်တော်တို့  မြန်မာပြည်ဖွား မြန်မာပြည်သားများတို့  ကြားဖူး..မြင်ဖူး... တွေ့ မြင်ဖူးကြတယ်မဟုတ်ပါလား...။
ဘုန်းကြီးကျောင်းအောက်မှ " ခွေး " တွေလေ...။
ဘုန်းကြီးကျောင်းအောက်မှ ခွေးများဟာ... အိမ်မွေးခွေးများတွေလို... တာဝန်သိတတ်ခြင်းနှင့် သစ္စာတရားထားရှိရန်မလို...။
ဘုန်းကြီးကျောင်းအောက်မှ ခွေးများရဲ့  တခုတည်းသော တာဝန်သည်... ဘုန်းကြီးကျောင်းပေါ်မှတီးသော ကြေးစည်သံကြားရင်
အုပ်စုအလိုက် ကောင်းကင်မော့ကာ အားခွန်စိုက်၍ " အူ " ရတဲ့ အလုပ်သည်သာ ဘုန်းကြီးကျောင်းအောက်မှ ခွေးမျာ၏
အခုတည်းသော တာဝန်ဝတ္တရားဖြစ်ပေသည်။
ဘုန်းကြီးကျောင်းအောက်ခွေးများအနေနှင့် ကျောင်းတော်ပေါ်မှ တီးသော ကြေးစည်သံတို့ သည်.........
ဘုရားဆွမ်းတော်ကပ်လို့ တီးသော ကြေးစည်သံလား....?
မွေးနေ့ အလှူ ရေစက်ချလို့ တီးသော ကြေးစည်သံလား...?
အသုဘ ရက်လည်ဆွမ်းကျွေး ရေစက်ချ အမျှဝေလို့ တီးသော ကြေးစည်သံလား...?
ခွဲခြားနားလည်စရာလို... ဘုန်းကြီးကျောင်းအောက်မှခွေးများဖြစ်ကြတဲ့အတွက်...
ကြေးစည်သံကြားလို့ ... အူနေကြခြင်းဖြစ်ပါကြောင်း...

( စိုးမိုး )

Htut Foundation said...
This comment has been removed by the author.
kyaw said...

ချ ကြကွ.. ဒါမှ .. နအဖ.ပျော်မှာ;D

Unknown said...

နအဖက မပျော်ပါဘူး။ နအဖက လူသစ်ထပ်မွေးဖို့ ခေါင်းကိုက်နေမှာ။

Unknown said...

ရှင်းပါတယ်
သတင်းသမားဆိုတာ
ဘက်လိုက်ရမယ်ပေါ့
ခင်ဗျားတို့ လောကကို နားလည်ပါပြီဗျာ

charlie said...

doesn't matter which side you are on,
you have to put faith on whatever you write on the journals. Because there's too many people reading and counting it everyday for journal like IRRAWADDY. Doesn't matter who side you' re on you just need to write whatever you believe in it, people can understand that and they'll decided that's who side you're on.Doesn't matter what you do,you just need to do it right for you and people around you.Now for one last time which side you are on IRRAWADDY ? please don't say that's there no side.Cause there always be a side that's all DEMOCRACY about.Still think there's no side? Too bad for you and good luck with that.
Charlie

ei ko said...

မိုဟာမက်အောင်ဇော်ေ၇ အဖေတူသမီးဆိုပြီယူကေက၊
ကောင်မလေးကိုကြော်ငြာထုတ်၊၇ိုဟင်ဂျာဆိုသူများကို
တိုင်း၇င်းသားဆိုပြီးဇွတ်ထောက်ခံပြီးအင်တာဗျူး၊မင်းပုံ
နဲ.မင်း၇ုပ်ကိုကြည်.ပြီးတိုင်းပြည်နဲ.လူမျိုးဘယ်လောက်
ချစ်မဲ.ကောင်ဆိုတာသိတယ်။စက်တင်ဘာတော်လှန်ေ၇း
တုံးကသတင်းလေး၂ ပုဒ်လောက်ဟန်ပြတင်ပြီးတော.
ပိုက်ဆံတွေအလှူခံ၊ဒီပိုက်ဆံတွေအသံပျောက်။ဂျော.ဘုနဲ.တွေ.တုန်းစီးပွါးပိတ်တာနအဖအလိုကျဖွင်.ဖို.ပြော အခုတော.ဒေါ်စုနဲ. NLD ကိုအခွင်.အေ၇း၇တုံးပြည်သူနဲ.
သွေးခွဲဖို.ကြိုးစား၊မိုဟာမက်အောင်ဇော်မင်းဘယ်သူလဲ