Friday, April 16, 2010

မဟာသင်္ကြန်အတက်နေ့တွင် မဲဆောက်မြို့၌ လူထုတိုက်ပွဲကော်မတီ (၂၀၁၀) ၏ ‘ဘူး’ သင်္ကြန်သံချပ်ပြိုင်ပွဲနှင့် ဆုပေးပွဲအခမ်းအနား ကျင်းပ

မဟာသင်္ကြန်အတက်နေ့တွင် မဲဆောက်မြို့၌ လူထုတိုက်ပွဲကော်မတီ (၂၀၁၀)
‘ဘူး’ သင်္ကြန်သံချပ်ပြိုင်ပွဲနှင့် ဆုပေးပွဲအခမ်းအနား ကျင်းပ

သတင်းနှင့် ဓာတ်ပုံ - ကိုလတ်
၂၀၁၀ ခုနှစ် သင်္ကြန်အကြတ်နေ့နှင့် အတက်နေ့ (ဧပြီလ ၁၅၊ ၁၆) တို့တွင် လူထုတိုက်ပွဲကော်မတီ (၂၀၁၀) ၏ (၇) ဦး ကော်မတီဝင် မန်းစိန်ဟန်နှင့်အဖွဲ့မှ ကြီးမှူး၍ နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးအဖြေရှာရေးမှတပါး နအဖ စစ်အုပ်စုနှင့် မပူးပေါင်း မဆောင်ရွက်ရေး “ဘူးလှုပ်ရှားမှု” အဖြစ် ‘ဘူး’ သင်္ကြန်သံချပ်ပြိုင်ပွဲကို မဲဆောက်မြို့၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။

အဆိုပါ ‘ဘူး’ သင်္ကြန်သံချပ်ပြိုင်ပွဲသို့ ၀င်ရောက်ယှဉ်ပြိုင်ကြသည့် သင်္ကြန်သံချပ်အဖွဲ့များနှင့် လာရောက်ကြည့် ရှုအားပေးကြသည့် ဧည့်ပရိသတ်များကို ‘ဘူးမဏ္ဍပ်’ မှ ဘူးသီးကြော်၊ မုန့်လက်ဆောင်းတို့ဖြင့် နှစ်ရက်ဆက် တိုက် ဧည့်ခံကျွေးမွေးခဲ့ကြောင်း သတင်းရရှိသည်။

သင်္ကြန်သံချပ်ပြိုင်ပွဲကို အမှတ်ပေး ဒိုင်လူကြီး (၅) ဦး ထားရှိကာ နှစ်ရက်ကြာ ကျင်းပခဲ့ပြီး ပထမဆုကို ‘မင်္ဂလာ မောင်’ သင်္ကြန်သံချပ်အဖွဲ့ကလည်းကောင်း၊ ဒုတိယဆုကို ‘မင်းမဟော်’ သင်္ကြန်သံချပ်အဖွဲ့ကလည်းကောင်း၊ တတိယဆုကို ‘ဒေါင်းမောင်မောင်’ သင်္ကြန်သံချပ်အဖွဲ့ကလည်းကောင်း၊ နှစ်သိမ့်ဆုကို ‘ဖွတ်ကျား’ သင်္ကြန်သံ ချပ်အဖွဲ့ကလည်းကောင်း အသီးသီး ဆွတ်ခူးရရှိခဲ့ကြောင်း သတင်းရရှိသည်။

လူထုတိုက်ပွဲကော်မတီ (၂၀၁၀) အနေနှင့် နအဖစစ်အစိုးရ ပြုတ်ကျသည်အထိ “ဘူးလှုပ်ရှားမှု” များကို ပြည် တွင်းပြည်ပ၌ ကျယ်ကျယ်ပြန့်ပြန့် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပြီး မြန်မာနိုင်ငံသား ဒီမိုကရေစီတိုက်ပွဲ ၀င် အင်အားစုများ၏ ထောက်ပံ့ထည့်ဝင် ပံ့ပိုးကူညီမှုများဖြင့်သာ ဆက်လက်တိုက်ပွဲဝင် လှုပ်ရှားဆောင်ရွက် သွားမည်ဖြစ်ကြောင်းလည်း သိရသည်။ လူထုတိုက်ပွဲကော်မတီ (၂၀၁၀) ကို မြန်မာပြည်တွင်း၌ ပြည်သူ့အစိုးရ တရပ် အမြန်ဆုံး ဖွဲ့စည်းရေးနှင့် လူထုတိုက်ပွဲဖော်ဆောင်ရေးအတွက် ၂၀၁၀ ခုနှစ် ဧပြီလ (၃) ရက်နေ့တွင် မဲ ဆောက်မြို့၌ ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

မယ်တော်ဆေးခန်း သင်္ကြန်မဏ္ဍပ်မှလည်း ကာရာအိုကေ သီချင်းဆိုပြိုင်ပွဲကို ကျင်းပပြုလုပ်ပြီး ဆုရရှိသူများကို ဆုများပေးအပ်ချီးမြှင့်ခဲ့ကြောင်း သတင်းရရှိသည်။

No comments: