Saturday, August 28, 2010

ကြားနေရမယ့်အချိန် ရောက်ပြီလား

ထွန်းအောင်ကျော်

မီဒီယာသမားတွေကို ရဲဘော်ကျော်သန်း ဝေဖန်လိုက်လို့ မီဒီယာသမားဖြစ်တဲ့ ကိုမောင်မောင်မြင့်က တုံ့ပြန်ဝေ ဖန်တာတွေ ဖတ်လိုက်ရပါတယ်။ ကျနော်ကတော့ ဟိုလူတော် ဒီလူတော်ပြောပြီး ကြားက မင်္ဂလာယူတတ်သူ မဟုတ်တဲ့အတွက် ကျနော့်အတွေ့အကြုံကို တင်ပြမယ်။ ကျနော်ကတော့ လူမိုက်လို့ပဲ ပြောရမလား ကိုယ်က မှားနေတယ်ထင်တာကို အားမနာတမ်းပြောတတ်လို့လားတော့မသိ၊ သူငယ်ချင်းတွေက ကျောင်းနေစဉ်က “တစောက်ကမ်း” ဆိုတဲ့ ဘွဲ့ကို ပေးခဲ့ကြပါတယ်။

အဓိကတော့ ကိုယ်တင်ပြချက်တွေဟာ ကိုယ်ကျိုးမဖက်ဖို့လိုပါတယ်။ မီဒီယာဆိုတာ သုံးတတ်ရင်ဆေး၊ မသုံး တတ်ရင်ဘေးလို့ နိုင်ငံရေးသမားတွေက ယုံကြည်ကြပါတယ်။ မီဒီယာကို သုံးတတ်ရင် မီဒီယာရဲ့ပံ့ပိုးမှုနဲ့ ရွေး ကောက်ပွဲတွေမှာ ပြိုင်ဘက်ကို အနိုင်ရတတ်သလို မီဒီယာကို မသုံးတတ်ရင် ချီးသေးကအစ မကောင်းတာမှန် သမျှ အငြှိုးနဲ့ အပုပ်ချတာကိုခံရပြီး ကိုယ်ကျိုးနည်းတတ်ပါတယ်။

မြန်မာနိုင်ငံလို စစ်အာဏာရှင်စနစ်အောက်မှာ နှစ်ပေါင်းများစွာရောက်နေတဲ့ ပြည်သူတွေဟာ မဆလ၊ နဝတ၊ နအဖအစဉ်အဆက် ပြည်သူပိုင် (၎င်းတို့ပိုင်) လုပ်ထားတဲ့ မီဒီယာရဲ့ နားမုဒိမ်းကျင့်နေတာကို နေ့စဉ်နဲ့အမျှ ခံ နေကြရပါတယ်။ ငါတို့အစိုးရလုပ်တာ အကုန်မှန်တယ်၊ ဒါတို့ ခေါင်းဆောင်ကြီးများ တိုင်းပြည်ကို စည်းကမ်းရှိ စွာ ပြုပြင်နေတယ်။ တံတားတွေ ဆောက်နေတယ်၊ လမ်တွေခင်းနေတယ်၊ အနှစ်သာရရှိသော ခေါင်းဆောင် ကြီး၏ မိန့်ခွန်း၊ အတိုက်အခံ ပြည်ပပုဆိန်ရိုးများ ကျဆုံးရမည် ... စသည်ဖြင့် တွင်တွင်ကြီး မျက်စိမုဒိမ်း၊ နားမု ဒိမ်း နေ့စဉ်ကျင့်နေသည့် အသုံးတော်ခံ မီဒီယာများကို တန်ပြန်နိုင်ရန် ပြည်သူ့အကျိုးပြု မီဒီယာများလိုအပ်ပါ သည်။ ၈၈ နောက်ပိုင်း RFA နှင့် DVB တို့သည် ဒီမိုကရေစီအရေးကိုဇောင်းပေးမည့် သတင်းမီဒီယာများအဖြစ် ထွက်ပေါ်လာသည်မှာ ကျနော်တို့အားလုံးအတွက် အားတက်စရာပါ။

“ဒုတိယကမ္ဘာစစ်အတွင်း အင်္ဂလိပ်နှင့် ဂျာမန်တိုက်နေစဉ် အင်္ဂလိပ်ဘက်မှ အသံလွှင့်သူများကလည်း မည်ကဲ့သို့ အောင်ပွဲခံနေသည်၊ ရန်သူမည်မျှကျဆုံးသည်ကို ပြောနေသကဲ့သို့ ဂျာမန်မှလည်း ထိုနည်းတူပြောလျက် ဝါဒဖြန့်ချိကြသည်။ ယနေ့မြန်မာပြည်သည် ပြည်သူလူထုနှင့် စစ်အာဏာရှင်တို့ စစ်ဖြစ်နေသည့်ပွဲဖြစ်သည်။ စစ်ပွဲ မပြီးသေး။ ကျနော်တို့အနေနှင့် စစ်အာဏာရှင်များကို တန်းတူအခွင့်အရေး ပေးစရာမလိုဟု လုံးဝယုံကြည်သည်။ ရန်သူ့လူများ မီဒီယာသမားများထဲတွင် ဝင်ရောက်နေမည်မှာ မြေကြီးလက်ခတ်မလွဲဟု ယုံကြည်သည်”

ဒီမိုကရက်တစ်မြန်မာ့အသံ (DVB) သည် NCGUB နှင့် နော်ဝေးနိုင်ငံတို့ ပူးပေါင်းညှိနှိုင်းလုပ်ဆောင်မှုဖြင့် ပေါ် ပေါက်လာသော အသံလွှင့်ဌာနဖြစ်သလို Radio Free Asia လွတ်လပ်သောအာရှအသံ သည်လည်း အမေရိ ကန်အစိုးရ ကွန်ဂရက်ထောက်ပံ့မှုဖြင့် အာရှတိုက် ဒီမိုကရေစီထွန်းကားလာရေးအတွက် ရည်မှန်းချက်ဖြင့် ပေါ် ပေါက်လာသော ဌာနများဖြစ်ပါသည်။ သတင်းစာဆရာကြီး ကြေးမုံဦးသောင်း NCGUB အစိုးရကို ဝေဖန်ခဲ့ပြီး နောက် ဆရာကြီး၏သတင်းဆောင်းပါးများ၊ တွေ့ဆုံဆွေးနွေးခန်းများကို DVB မှ ရပ်ဆိုင်းလိုက်ပါသည်။ ဆရာ ကြီးမသေမီ ကျနော့်ကို ရင်ဖွင့်သွားခဲ့သဖြင့် သိရှိရပါသည်။ ဆရာကတော် အသက်ရှင်နေပါသေးသည်၊ မေး ကြည့်နိုင်ပါသည်။

DVB တွင် ခင်မောင်ဝင်းကို NCGUB မှ ထောက်ခံမှုဖြင့် ခန့်အပ်လိုက်ပြီးနောက် DVB သည် ခင်မောင်ဝင်း ပိတ်ပင်ထားသောသူများကို တွေ့ဆုံဆွေးနွေးခြင်း မပြုလုပ်တော့ဘဲ ပိတ်ပင်ထားခဲ့သည်ကို ထင်ရှားစွာတွေ့ရ သည်။ နောက်ဆုံး DVB သည် ဘက်မလိုက် အသံလွှင့်ဌာနဖြစ်သည်ဟု ဗြောင်ကြေညာလာပြီး NCGUB နှင့် လုံးဝမသက်ဆိုင်တော့ကြောင်း၊ ဘက်မလိုက်ရပ်တည်မည်ဖြစ်ကြောင်း တရားဝင် ပြောကြားသည်အထိ ဖြစ် လာခဲ့သည်။ ကျနော့်အမြင်မှာ DVB သည် ဒီမိုကရေစီဘက်မှ ထုတ်လွှင့်သော အသံလွှင့်ဌာနဖြစ်သည်။ ကြား နေမဟုတ်၊ ဒီမိုကရေစီအင်အားစုတို့ဘက်မှလိုက်၍ အသံလွှင်ရမည့် တာဝန်ရှိသည်။

ဘက်မလိုက်မီဒီယာဟု အစကဆိုလျှင် ၎င်းတို့ကို မည်သူမျှ အလုပ်ခန့်မည်မဟုတ်ချေ။ ကျနော့်အမြင် ခင် မောင်ဝင်းသည် ABSDF မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦးမှ ရဲဘော်တယောက် ဖြစ်သည်။ တော်လှန်ရေးသမားဟု အမည်ခံယူခဲ့သူဖြစ်သည်။ DVB တွင် သူ့လက်သူ့ခြေ ဖြစ်လာသည့်အခါမှ ဘက်မလိုက်သတင်းသမားဟု ဟစ်ကြွေးသည်မှာ သူ့သရုပ်ကို ဖော်ပြခြင်းပင်ဖြစ်သည်။ အစကတည်းက စစ် အစိုးရကို ဆန့်ကျင်လာသူဟု ဆိုသူက မီဒီယာသမားအဖြစ် ကောင်းစားလာသောအခါ ယခင်တော်လှန်ရေး သမားဘဝကို မေ့ပြီး ကြားနေမီဒီယာလုပ်ခြင်းသည် တော်လှန်ရေးကို သစ္စာဖောက်၍ ကိုယ်ကျိုးရှာခြင်းပင်ဖြစ် သည်။

ABSDF ဗဟိုကော်မီတီတွင် ပြန်ကြားရေးတာဝန်ခံလုပ်ပြီး ညီလာခံတွင် မည်သည့် အလုပ်ကိုမှ တင်ပြနိုင်ခြင်း မရှိဘဲနှင့် ကျနော်ရေးသားပြီး နှုတ်ခမ်းမွှေး အောင်သန်းမှ ရိုက်နှိပ်ဖြန့်ချိသည့် “နီကာရာဂွာ ရွေးကောက်ပွဲ” “ဖိ လစ်ပိုင်ရွေးကောက်ပွဲ” စသည့် ဆောင်းပါးများကို ၁၉၉၀ ရွေးကောက်ပွဲ မတိုင်မီပုံနှိပ်၍ ပြည်တွင်းသို့ ABSDF ပြန်ကြားရေးဌာန အမည်ခံပြီး ဖြန့်ချိပေးခဲ့ခြင်းကို ၎င်းဌာနမှ လုပ်ပါသည်ဟု ဗြောင်လိမ်ခဲ့သူဖြစ်သည်။ တဖန် တတိယအကြိမ်ညီလာခံမှ မှတ်တမ်းများ၊ တိတ်ခွေများကို ပြန်ကြားရေးတာဝန်ခံအဖြစ် သိမ်းဆည်းသည့်အခါ “ဒါတွေက တနေ့ ရွှေတွေဗျ” ဟု ပြောသူမှာလည်း ခင်မောင်ဝင်းပင်ဖြစ်သည်။

ကျနော့်အနေနှင့် မီဒီယာသမားအားလုံးကိုမဆိုလိုပါ။ မီဒီယာသမားများထဲတွင် အခွင့်အရေးသမားများ၊ ရန်သူ့ ပုဆိန်ရိုးများကို သတိထားရမည်။ သူ့လူကိုယ့်ဘက်သမားများကို ပညာမျက်စိဖြင့် ကြည့်တတ်ရမည်ဟု သတိ ပေးလိုပါသည်။

ကျနော်တို့ ပြင်ပရှိမီဒီယာများတွင် လွတ်လပ်မှုအပြည့်ရှိပါသည်၊ မည်သူ့ကိုမျှ ကြောက်လန့်နေစရာမရှိ၊ အစိုးရ မှ ပြည်တွင်းမီဒီယာများကို ထိန်းချုပ်၍ မလွယ်။ ထိုကြောင့် BBC, VOA, RFA ညာနေသည်၊ မိုးလုံးပြည့် မုသာ ဝါဒီများ ... စသည်ဖြင့် နအဖက တိုက်ခိုက်လာပါသည်။ ကျနော့်အနေနှင့် နအဖနေရာမှနေ၍ စဉ်းစားလျှင် ၎င်း ပြည်ပမီဒီယာများကို ဘယ်လိုနှုတ်ပိတ်အောင်လုပ်မည်လဲဆိုလျှင် ပြည်တွင်းကဲ့သို့ အာဏာသုံး၍မရဖြင့် ဥ ပါယ်တံမျဉ်ဖြင့် မိမိလူများကို မီဒီယာထဲသို့ သွတ်သွင်းပေးရမည်ဟု ဆုံးဖြတ်ရမည်ဖြစ်သည်။

ကျနော် တက္ကသိုလ်ကျောင်းသားဘဝ ၁၉၇၃ ခုနှစ်လောက်က ကျနော့်သူငယ်ချင်းအိမ်တွင် အင်္ဂလိပ်စာကျူ ရှင်ပေးသည့် ကရင်ကျောင်းဆရာတယောက်ရှိပါသည်။ တနေ့တွင် ၎င်းက ဝမ်းသာအားရနှင့် သူ့ကို BBC တွင် တာဝန်ထမ်းဆောင်ရန် အရွေးခံရကြောင်း ပြောသဖြင့် ဝမ်းသာမိကြပါသည်။ ထိုသူသည် ရိုးသား၍ ကြိုးစား သော မြန်မာ-အင်္ဂလိပ်နှစ်ဘာသာကို ကြေညက်သောသူဖြစ်သည်။ အသံလွှင့်သမားကောင်း တယောက်ဖြစ် နိုင်သည့် အသံသြဇာနှင့်လည်းပြည့်စုံပါသည်။ သို့ရာတွင် နောင်သုံးလအကြာ ၎င်းအတွက် ပတ်စပို့ဗီဇာစောင့် နေစဉ် Reject လုပ်ခံရပါသည်။ အကြောင်းမှာ မြန်မာအစိုးရက ၎င်းသည် ကွန်မြူနစ်စနစ် ယုံကြည်သူတဦးဖြစ် သည်ဟုဆိုကာ သတင်းပေးသောကြောင့်ဟု သိရပါသည်။ BBC မှ အစိုးရ ထောက်ခံသူတယောက်ကို ရွေးယူ သွားခဲ့ပါသည်။

နောက်တချက်မှာ VOA တွင် အလုပ်လုပ်ခဲ့သူ ဝန်ထမ်းတဦးမှ ကျနော့်အား သူ့အမည်ကို မပြောရန် ဂတိခံ၍ ပြောကြာခဲ့မှုဖြစ်ပါသည်။ ၎င်းအား တနေ့တွင် VOA မှ တာဝန်ရှိသူက နေ့လည်ထမင်းစားခေါ်ယူခဲ့ပြီး အမေရိ ကန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးတဦးနှင့် ပေးတွေခဲ့သည်ဟုဆိုသည်။ အမေရိကန်နိုင်ငံဆိုင်ရာ မြန်မာသံ အမတ်ကြီးက ၎င်းအား “အေး ... မင်း ရေးချင်တာရေး၊ အသံလွှင့်ချင်တာ လွှင့်ပေါ့ကွာ၊ ဒါပေမယ့် ငါတို့ထိခိုက် မယ်ဆိုတဲ့ဟာမျိုးကို ပေါ့ပြီးလွှင့်၊ အရေးကြီးတာကို အရေးမကြီးသလိုမျိုးပေါ့ကွာ၊ နားလည်တယ်မဟုတ်လား ဟု ပြောခဲ့ကြောင်း၊ နောက် မင်းလည်း တနေ့ မြန်မာပြည်ကို ပြန်မှာပဲ၊ လိမ်လိမ်မာမာ လုပ်ပေါ့ကွာ” ဟု ဆုံးမ သွားသေးကြောင်း ရင်ဖွင့်ခဲ့ပါသည်။ သူ့အနေနှင့် ဌာနမှုး (ယခုဌာနမှူးမဟုတ်) က ယခုလို သံအမတ်ကြီးနှင့် ရင်းနှီးကျွမ်းဝင်ကြောင်း တွေ့ရသဖြင့် Shock ရှော့ဖြစ်သွားသည်ဟု ဆိုပါသည်။

ထို့ကြောင့် သတင်းဌာန အထူးသဖြင့် မြန်မာပြည်သူ သန်း (၅၀) ကျော်ကို တချိန်တည်း သတင်းပေးနိုင်သော ရေဒီယိုအသံလွှင့်ဌာနများ၏ အခန်းကဏ္ဍသည် အလွန်အရေးကြီးသည့် အနေအထားတွင် ရှိပါသည်။ BBC, VOA တို့သည် အစ ကနဦးတည်းက ဘက်မလိုက်သတင်းဌာနများဖြစ်သည်။ VOA သည် အမေရိကန် အစိုးရ ပေါ်လစီဘက်သို့ ယိမ်းရသည်ကို မငြင်းနိုင်ချေ။ RFA, DVB တို့သည် ဘက်လိုက်ကိုလိုက်ရမည်ဟု မြင်သည်။ ဘက်မလိုက်လိုလျှင် RFA, DVB မှ ထွက်ပြီး BBC, VOA သို့ ဝင်ကြပါဟု တိုက်တွန်းလိုသည်။ ဘက်မလိုက် ကိုယ်ပိုင်ထောင်လိုက ထောင်ကြပါ။ DVB, RFA နာမည်ခံပြီးတော့ စစ်အာဏာရှင်များကို တန်းတူအားပေးမှု မပြုသင့်ဟု ယုံကြည်သည်။ ရန်သူသည် ပြင်ပသတင်းဌာနများကို အင်အားသုံး၍ မထိန်းချုပ်နိုင်လျှင် အနုနည်း ဖြင့် အတွင်းလူများထည့်ပြီး လှိုက်စားနိုင်သည်၊ လှိုက်စားနေသည်ကို မျက်စိဒေါက်ထောက်ကြည့်ဖို့လိုသည်ဟု သတိပေးလိုက်ချင်ပါသည်။

နိဂုံအားဖြင့် ဒုတိယကမ္ဘာစစ်အတွင်း အင်္ဂလိပ်နှင့် ဂျာမန်တိုက်နေစဉ် အင်္ဂလိပ်ဘက်မှ အသံလွှင့်သူများက လည်း မည်ကဲ့သို့ အောင်ပွဲခံနေသည်၊ ရန်သူ မည်မျှကျဆုံးသည်ကို ပြောနေသကဲ့သို့ ဂျာမန်မှလည်း ထိုနည်း တူပြောလျက် ဝါဒဖြန့်ချိကြသည်။ ယနေ့မြန်မာပြည်သည် ပြည်သူလူထုနှင့် စစ်အာဏာရှင်တို့ စစ်ဖြစ်နေသည့် ပွဲဖြစ်သည်။ စစ်ပွဲမပြီးသေး၊ ကျနော်တို့အနေနှင့် စစ်အာဏာရှင်များကို တန်းတူအခွင့်အရေးပေးစရာမလိုဟု လုံးဝယုံကြည်သည်။ ရန်သူ့လူများ မီဒီယာသမားများထဲတွင် ဝင်ရောက်နေမည်မှာ မြေကြီးလက်ခတ်မလွဲဟု ယုံကြည်သည်။ ဒီမိုကရေစီရရှိရေးကို လိုလားသူများပီပီ အတိုက်အခံနိုင်ငံရေးသမားများကို ဇောင်းပေး၍ ၎င်း တို့အသံကို ဖော်ထုတ်ပေးနိုင်ဖို့လိုသည်။ ပုဂ္ဂိုလ်ရေးများဖြင့် ဆင်ဆာလုပ် ပိတ်ပင်နေခြင်းမျိုးကို ခွင့်မလွှတ်သင့် ဟု ယုံကြည်ပါသည်။ ဒါကြောင့် “ကြားနေရမယ့် အချိန်ရောက်ပြီလား မောင်တို့” ဟု မေးလိုက်ရပါကြောင်း ...။

ထွန်းအောင်ကျော်

ယှဉ်တွဲဖတ်ရှုရန် ...
၁။ ရဲဘော်ကျော်သန်း - ငါး ငသလောက်ပမာ ကြောက်စရာ အရိုးများနဲ့ အိုဘယ့် မီဒီယာ click
၂။ မောင်မောင်မြင့် - မီဒီယာကို ငါး ငသလောက်လို ကြောက်ရှာတဲ့ ရဲဘော်ကျော်သန်းသို့ ... click

13 comments:

Unknown said...

ဆောင်းပါးမဟုတ်ဘဲ လူကိုတိုက်ခိုက်တာဖြစ်နေတယ်။
ဒီဗွီဘီကကြားနေမဟုတ်ပါဘူး။
သူ့သတင်းတွေကိုသေချာနားထောင်ရဲ့လား။

အောင်ကျော်စိုး

...အလင်းစက်များ said...

ဟုတ်တယ် Personal တွေ ပါတယ်... VOA , BBC ဖက်ကို ယိမ်းနေတဲ့ အရေးအသား လို့  ထင်တယ်...

မန်းကိုကို said...

အမှန်အတိုင်းပြောရရင်တော့ ရှေ့က ကိုအောင်ကျော်စိုးပြောသလို ဆောင်းပါးမဟုတ်ဖူးဆိုတာ လက်ခံပါတယ်။ ဒီအရေးအသားမျိုးက အတွေ့အကြုံများတဲ့သူတွေရဲ့ စကားဝိုင်းမှာ ပွင့်ပွင့်လင်းလင်းပြောကြတာမျိုးကို စာအဖြစ်တင်ထားတယ်လို့ မြင်ပါတယ်။ တကယ်တန်း သိက္ခာရှိရှိရပ်တည်ဖို့လိုမယ့် မီဒီယာတွေကတော့ ဒီစာမျိုးတင်မတင် နှစ်ခါပြန်လောက်တော့ စဉ်းစားကြပါလိမ့်မယ်။

တစ်ဖက်မှာကတော့ ယူတတ်ရင်ဆေး၊ မယူတတ်ရင်ဘေးပေါ့။ တစ်ခါ ဖတ်မိတဲ့လူငယ်တွေအတွက်ကျတော့ မလိုလားတဲ့အတုယူစရာနဲ့ အမြင်တွေရသွားနိုင်တာမျိုးရှိပါတယ်။ ဒါပေမယ့် လက်ရှိအနေအထားကလည်း နိုင်ငံရေး(ရွေးကောက်ပွဲ) တိုက်ပွဲပြင်းထန်လာနေတဲ့အချိန်ဆိုတော့ ခံယူသူအပေါ်ပဲ တည်လိမ့်မယ်လို့ယူဆပါတယ်ဗျာ။

Unknown said...

အထူးသတင်း...အထူးသတင်း...
ခင်ဗျားတို့ 88 တောခိုတွေ..
တယောက်နဲ့တယောက် ရန်မဖြစ်ပဲ
mutual respect ထားပြီး အဖွဲ့အစည်းတခု
ကို ဖွဲ့ပြီး တနှစ်လောက်ညီညီညွတ်ညွတ်နဲ့
အတူတူပူးပေါင်းလုပ်ပြနိုင်ရင်
ဗိုလ်ချုပ်ကြီးသန်းရွေက တနှစ်ပြည့်တာနဲ့ချက်ချင်းအာဏာလွဲမယ်တဲ့။
ခွိ..ခွိ..

ဘုန်းကျော် said...

ရဲဘော်ကြီး ဦးထွန်းအောင်ကျော်ပြောချင်တာက ဦးဝင်းတင်ပြောတာနဲ့အတူတူပဲ။ဒါကိုသူ့အတွေ့အကြုံနဲ့သူတင်ပြနေတာဖြစ်ပါတယ်။ဒါကို လူကိုတိုက်ခိုက်နေတယ်လို့မထင်မိဘူး။

ဦးဝင်းတင်က မီဒီသမားတွေဆိုတာ အမှန်တရားထွန်းကားတဲ့အချိန်မှာ ကြားနေသင့်တယ်။ ဥပမာဗျာ...ဒီမိုကရေစီနဲ့ ပွင့်လင်းမှုရှိတဲ့နိုင်ငံတွေကိုကြည့် အမေရိကန်၊ သြော်စီ၊ နော်ဝေ။ ဒီနိုင်ငံတွေက မီဒီယာတွေကြားနေတာက မှန်တယ်။ အစိုးရက ပြည်သူကိုနှိပ်စက်နေတာမှမဟုတ်တာ။

အခုဗမာပြည်အစိုးရ က ပြည်သူကိုနှိပ်စက်နေတာဆိုတော့ မြန်မာမီဒီယာတွေ ကြားနေသင့်လား။ အထူးသဖြင့် ပြည်ပမီဒီယာတွေလုံးဝကြားမနေသင့်ဘူး။ အမှန်တရားရှိတဲ့နေ့ရောက်မှ နေကြပေါ့။ ဒီအချိန်ကတော့ မတရားတာကို လုံးဝလက်ပိုက်ပြီးကြည့်မနေသင့်ဘူး။ ပြည်ပမီဒီယာတွေလုံးဝကိုဘက်လိုက်ရမယ်။ ပြည်သူဘက်ကပေါ့။ ပြည်ပမီဒီယာကိုပဲ ပြည်သူတွေက အားကိုးနေတဲ့အချိန်မှာ ကြားနေလိုက်ရင် ဘာဖြစ်မလဲ။ ဒိထက်ပိုဆိုးဖို့ပဲရှိမှာပေါ့။ ဒါက ဦးဝင်းတင်ရဲ့ သဘောထား။ ဒါကို ဦးထွန်းအောင်ကျော်က ထပ်ပြီးထောက်ခံနေတာဖြစ်တယ်။ ကုလားပြည်က ရဲဘော်ကြီး ဦးကျော်သန်းလည်း ထောက်ခံနေတာပဲ။ သူ့အတွေ့အကြုံနဲ့ သူအမြင်ကိုတင်ပြေနေတာဖြစ်တယ်။ သူပြောတာမှန်တာပဲ။ DVB က သူပုန်ဆိုတော့ သူပုန်အလုပ်ပဲလုပ်သင့်တာပေါ့။ ဦးထွန်းအောင်ကျော် ဒီလိုမျိုးရေးတော့ မသိတဲ့သူတွေသိရတယ်။ ထိတဲ့သူတွေကတော့ နာမှာပေါ့နော်။ မတက်နိုင်ဘူးလေ။ အကြောင်းသိတွေပဲ။ ဒီနေ့ခေတ်ကြီးမှာ လ၀ တို့၊ ရန်သူ့အကြိုက်တို့၊ သူများအားရမှာတို့ စတဲ့ စကားတွေကို မီးရှို့ လိုက်ကြပါတော့။ ကျနော်တို့လိုချင်တဲ့တိုင်းပြည်က ပွင့်လင်း၊လွတ်လပ်တဲ့လူ့ဘောင်ကိုလိုချင်တာဖြစ်ပါတယ်။ ကျေးဇူးအများကြီးတင်ပါတယ် DVB BBC RFA VOA က လူကြီးမင်းများခင်ဗျား...များများသာဘက်လိုက်ကြပါလို့ပြောချင်ပါတယ်။ ပြည်သူဘက်ကနော်...တော်ကြာနေ ဟိုဘက်ရောက်သွားအုံးမယ်။

Unknown said...

မောင်ဘုန်းကျော်လေး
ဆောင်းပါးဆိုတာဆောင်းပါးအဆင့်အတန်းရှိရတယ်။
နောက်တခုက အန်ကယ်ဦးဝင်းတင်နဲ့မနှိုင်းပါနဲ့။ အီးနဲ့ နံ့သာဆီလိုပါဘဲ။
ABခေတ်ကအကြောင်းတွေကို ရေးပြီး ငါဘာလဲဆိုတာ အမောက်ထောင်နေတာလို့ထင်တယ်။
သူကရောဘယ်လောက်ကောင်းနေလို့လဲ။ သေသေချာချာလေ့လာပြီးမှရေးပါ။ မင်းကတော့အခုလက်ရှိအလုပ်လုပ်နေတဲ့သူတွေမကောင်းကြောင်းရေးရင် လက်ခုတ်တီးအားပေးနေတဲ့ကောင်ဆိုတာငါသိတယ်။ အလုပ်မလုပ်ဘဲ အင်တာနက်မှာ သူများထိုင်ဆဲနေတဲ့သူတွေကိုဆရာတင်ထားတဲ့ကောင်ကို။

Tun Aung Kyaw said...

ဘယ်သတင်းဌါနဘဲဖြစ်ဖြစ် အမှန်တရားဘက်က အများပြည်သူ ဘက်က ရပ်တည် ပေးသင့်တယ်လို့ဘဲ ရိုးရိုးလေး မြင်ပါတယ်-အမှန်တရားဘက်က မရပ်တည် ရဲဘူး ဆိုရင် ဒါဟာ အမှားကို အားပေးသလို ဖြစ်နေ ပါလိမ့်မယ်။ အမှန်တရားဘက်ကို ဘက်လိုက်ခြင်းဟာ သတင်းဌါနတွေရဲ့ မှန်ကန်သော ဘက်လိုက်ခြင်း ဖြစ်ပါတယ်။

Aung Maw said...

ကျွန်တော်အမြင်တော့ သူတို့ဆိုလိုချင်တာက မီဒီယာတွေကြောင့် ဒီမိုကရေစီမရတာလို့ ပြောချင်တာနေမယ်။ ကိုယ်တိုင်အသုံးမကျတာနဲ့ တဘက်လူကို လက်ညှိုးထိုးတာ သိတာပါတယ်။ ကိုယ်မှန်တာ လုပ်ရင် ဘာကြောက်စရာရှိလဲ ဘယ်သူဖွဖွပေါ့ ... အမှန်တရားဘက်ကို အကောင်းဆုံးဖြစ်အောင် ရပ်တည်တယ်ဆိုနေမှတော့ ဘက်မလိုက်ဘူးဆိုတဲ့ စကားလုံးကရော မှန်ပါ့လား။

ပင့်ကူပြာ said...

အဲ ကျွန်တော်နားမလည်ပါးမလည်နဲ့ ဝင်မေးပါရစေခင်ဗျာ..
နိုင်ငံရေးအကြောင်းလဲ သေချာနားမလည်ပါဘူး..

ကျွန်တော်ဖတ်ရတာ နားမလည်လို့ပါ ဘက်လိုက်တာတွေရော မလိုက်တာတွေရော စုံနေတာပါဘဲ မီဒီယာဆိုတာ မှန်တာကို ပြောရမှာ မဟုတ်ဘူးလား မှန်တာကို မပြောဘဲ ဘယ်သူဖက်ဖြစ်ဖြစ်လိုက်နေရင် မကောင်းဘူးထင်တယ်နော်..ကျွန်တော်လိုမျိုး ပြည်ပမီဒီယာက အမှန်တွေကြားရတယ်လို့ ထင်နေတဲ့သူတွေကို အားမနာကြဘူးလားခင်ဗျာ..
ကြားနေရေးဆိုတာလဲ မရှင်းဘူး ဘာကိစ္စကြားနေတာလဲ .. အမှန်ကို အမှန်အတိုင်းရေး ပြောရင် ပြီးပြီဘဲ မဟုတ်ဘူးလားဟင်..

Unknown said...

မီ​ဒီ​ယာ​ဆို​တာ​ ​အ​မှန်​ကို​ ​ပြော​ဆို​​ တင်ပြ​နေ​သ​ရွေ့​​​ ​အ​မှန်​တ​ရား​ဖက်​၊​​ ​နစ်​နာ​သူ​ဖက်​၊​​ ​လူ​ထု​ဖက်​က​ ​လိုက်​နေ​ခြင်း​​ ​ဖြစ်​ပါ​တယ်​​။
နိုင်ငံ​ရေး​သ​မား​​တွေ​ ​နှုတ်​ပိတ်​ခံ​ရ​၊​​ ​သို့​မ​ဟုတ် ​နှုတ်​ဆိတ်​နေ​ကြ​ချိန်​မှာ​​ ​မြန်​မာ​ပြည်​တွင်း​​က​ ​ဖြစ်​ရပ်​တွေ​ကို​ ​မီ​ဒီ​ယာ​က​သာ​ ​အ​မှန်​အ​တိုင်း​​ ​ဖော်​ထုတ်​ပေး​နေ​တာ​ပါ​​။
မှန်​တာ​ကို​ ​ပြော​တဲ့​​ ​မီ​ဒီ​ယာ​မို့​လို့​လည်း​​ ​လူ​ထု​ရော​ ​နိုင်ငံ​တ​ကာ​က​ပါ​​ သူ​တို့​ကို​ ​ယုံ​ကြည်ကြ​တာ​ပါ​။
ဒါ​ကြောင့်​​ ​မှန်​တာ​ကို​ ​ပြော​တဲ့​​ ​မီ​ဒီ​ယာ​​လော​က​ ​ရှင်​သန်​အောင်​လို့​သာ​ လူ​တိုင်း​က​ ​အား​​ပေး​သင့်​ပါ​တယ်​​​။

ဘုန်းကျော် said...

ဆရာ ဦးဗညား

နော်ဝေမှာနေတော့ နော်ဝေက လူကိုထိတော့နာတော့ပေါ့နော်။ ဖားတာတော့ မဟုတ်ပါစေနဲ့။ အသက်တွေကြီးလာပြီး ရင့်ကျက်လာရင်တော့ကောင်းတယ်။

ကျနော်အခုလုပ်နေတဲ့အလုပ်က အိမ်သာဆေးသန့်ရှင်းရေးမဟုတ်တာလူတိုင်း သိတယ်ဗျို့ ။ နော်ဝေရောက်ရင် အိမ်အလည်လာအုံးမယ်။

အဓိကပြောချင်တာက လူက လူပဲ။ ဦးဝင်တင်လည်း ထမင်းစားပြီး အီးပါတဲ့လူပဲ။ ဦးထွန်းအောင်ကျော်လည်း ထမင်းစားပြီး အီးပါတဲ့လူပဲ။ ဒေါ်အောင်ဆန်းစုကြည်လည်းအတူတူပဲ။ နံ့သာဆီနဲ့အီးတော့မဟုတ်ပါဘူး။ အတူတူပဲ။

ဆဲသင့်တဲ့လူကို ဆဲမယ်။ အားပေးသင့်တဲ့လူကိုအားပေးမယ်။ ရှင်းတယ်ဟုတ်။ အရင်တုန်းက ငါဘာလဲဆိုတာကိုမေ့။ အခုငါဘာလဲဆိုလည်း ဘယ်ကောင်မှ ဂရုမစိုက်။ ကိုယ့်ထမင်းကိုယ်စားကြတဲ့လူတွေပဲ။

DVB က လူတွေဘာတွေဖြစ်လဲဆိုတာ မသိလို့မဟုတ်ဘူး သိတယ်။ ဒိထက်ပိုကောင်းစေချင်တယ်။ ကျနော်တို့က သူတို့လိုမလုပ်နိုင်လို့သူတို့ကပဲမြင့်မြတ်တယ်ဆိုတယ်အမြင်ကတော့မကောင်းဘူး။ ခလေးဆန်တယ်။ ဒီလိုပြောရင်တော ပြောတဲ့လူတွေကို ဘောပဲ..။

DVB မှာ ဘယ်သူက စေတနာ့ဝန်ထမ်းရှိလဲ။ အားလုံးလစာတွေနဲ့ပဲ မဟုတ်လား။ ကျနော့်ဘလော့ဂ်မှာ စာလေးတပုဒ်တော့ ရေးအုံးမယ်။ လှေကား...ဆိုတဲ့ ခေါင်းစဉ်နဲ့။

ဦးဘုန်းကျော်(လူ့ဘောင်ချစ်)

Unknown said...

ဘုန်းကျော်လေး
လူခြင်းတူပေမဲ့
ရပ်တည်ချက်၊ သဘောထား၊စိတ်နေစိတ်ထား၊အများအတွက်အနစ်အနာခံမှုဆိုတာတွေဟာကွာတယ်ဆိုတာသိဘို့လိုတယ်။ငါဘယ်သူ့ကိုမှ ဖော်လံဖားတဲ့သူမဟုတ်ဘူးဆိုတာမင်းသိပါတယ်။အလုပ်လုပ်တဲ့သူကို အားပေးတယ်။ကူညီတယ်။ဝိုင်းရံတယ်။ ဘာမှမလုပ်ဘဲ အင်တာနက်ကနေထိုင်ပြီး ကျနော်ကဘယ်တုံးကခေါင်းဆောင်ပါဆိုပြီး လေလုံးထွားထွားပြောနေတဲ့သူတွေကိုတော့ ဆန့်ကျင်တယ်၊ ရှုံချတယ်။ ငါပြောချင်တာက မင်းက ကိုထွန်းအောင်ကျော်ကိုမြင်လဲမမြင်ဘူးဖူး၊ သိလဲမသိဘဲနဲ့၊ ဘာတွေများသဘောကျနေတာလဲ။ ငါစဉ်းစားမရဘူး။ DVBက ၀န်ထမ်းအများစုဟာ တောထဲမှာ၊ ထောင်ထဲမှာ အနစ်နာခံပြီး ပေးဆပ်ခဲ့တယ်။ လခတာပြားမှမယူဘဲတော်လှန်ရေးတာဝန်ကိုယူခဲ့တဲ့သူတွေဆိုတာမင်းသိဘို့လိုတယ်။

သတိ said...

အားလုံးသတိ

ပြည်သူတစ်ယောက်အနေနဲ့ ပြောမယ်ဆိုရင်တော့ ကိုယ့်နားထောင်နေတဲ့ အသံလွှင့်ဌာနတစ်ခုဟာ အဖြစ်ပျက်တစ်ခုကို အမှန်တိုင်း တင်ပြနေတာဖြစ်စေချင်တယ်.. အဲဒီမှာမှ ကျွန်တော်တို့ ပြည်သူတွေက ဒါမှားတယ်.. ဒါတော့မှန်တယ်ဆိုတာ ကိုယ့်ဘာသာ ဆုံးဖြတ်မယ်.. ဆုံးဖြတ်နိုင်စွမ်း ဆုံးဖြတ်ပိုင်ခွင့်လဲ ရှိရမယ်လို့ ယုံတယ်ဗျာ.. ခုတော့ဗျာ.. ဒီဆောင်းပါးသုံးခုကို ဖတ်ကြည့်လိုက်ပီးတော့ မြင်တာက ဖြစ်တဲ့ပြသနာက အဖြစ်ကို အဖြစ်တိုင်းမဟုတ်ပဲ ဖုံးတန်ဖုံး ဖိတန်ဖိနဲ့ တဖက်စောင်းနင်း ငါတို့ဘက်ကပဲ တင်ပြပါဆိုတဲ့ မီဒီယာမှတ်ကျောက်ကို အတင်မခံရဲသူတစ်ယောက် စဖွတဲ့ ကိစ္စပါ.. ဒီကနေ ပေါ်လာတာက အရင်တုန်းက အဲဒီအသံလွှင့်ဌာနတွေဟာ ဒီမိုဘက်ကိုဘက်လိုက်ပီး အရောင်စွန်းတဲ့ သတင်းတွေ တင်ခဲ့တယ် ဆိုတာပါပဲ.. ကျွန်တော်တို့တွေဟာ ဒီဘက်လိုက်တင်ပြတဲ့ အဖြစ်တွေကို နားထောင်ပီး ဟာဒါတော့မှားတယ်.. ဒါတော့မှန်တယ်နဲ့ ဆုံးဖြတ်ခဲ့မိကြ.. ယုံကြည်ခဲ့မိကြသကိုး..

တစ်ခုပဲ တောင်းဆိုချင်ပါရဲ့ဗျာ.. အဖြစ်ပျက်တစ်ခုကို အမှန်တိုင်း အရှိတိုင်း ကျွန်တော်တို့ကို ချပြပေးပါ.. အဲဒါပေါ် မူတည်ပီး ဘာဟာအမှန် ဘာဟာအမှားဆိုတဲ့ တရားသူကြီး ရာထူးကို ပြည်သူက ရယူပါရစေဗျာ.. ကိုယ်အမှန်တိုင်းသာ ဖြစ်ပါစေလေ.. ဘာကြောက်စရာရှိပါလဲ...

အားလုံးသက်သာပါဗျာ..

မောင်သတိ