Saturday, August 28, 2010

ဒေါ်အောင်ဆန်းစုကြည်မှ ဦးဉာဏ်ဝင်းသို့ မှာကြားချက်

ဒေါ်အောင်ဆန်းစုကြည်မှ ဦးဉာဏ်ဝင်းသို့ မှာကြားချက်

၁။ NLD မပါလို့ ဘယ်သူ့ကို မဲထည့်ရမလဲဆိုရင် ကိုယ်ကြိုက်တဲ့ ပါတီမပါရင် မဲမထည့်ဘဲနေပါ။
၂။ ပြည်ပသတင်းတွေမှာကော ပြည်တွင်းစာနယ်ဇင်းတွေမှာပါ ပြည်သူတွေ နားမလည်တာကို အခွင့်အရေးယူ ပြီး လှည့်စားပြောနေတာတွေကို ကန့်ကွက်တယ်။
၃။ ဘီဘီစီ မြန်မာပိုင်းဌာနမှာ ရန်ပုံငွေနည်းနေတဲ့အတွက် ရပ်တည်ရခက်နေတာကို စိတ်မကောင်းကြောင်း။
၎။ ရွေးကောက်ပွဲရက်ကို အချိန်တိုလေးကပ်ပြီး ကြေညာတာဟာ မကောင်းဘူး။
၅။ ပြည်သူတွေအနေနဲ့ အခုထွက်နေတဲ့ ဥပဒေတွေကို နားလည်ရမယ်။ နားမလည်ဘဲနဲ့ မဲသွားထည့်ရင် ဘာမှ အဓိပ္ပာယ်မရှိဘူး။
၆။ မဲဆွယ်စည်းရုံးရေးတို့ ရွေးကောက်ပွဲဥပဒေတို့နဲ့ ဆန့်ကျင်ပြီး မသမာမှုတွေရှိရင် ပြည်သူတွေအနေနဲ့ တရား စွဲရမယ်၊ ရဲစခန်းကို တိုင်ရမယ်။
၇။ ရွေးကောက်ပွဲနဲ့ ပက်သက်ပြီး သတင်းရယူခွင့်၊ သတင်းထုတ်ပြန်ခွင့် မရှိဘူး။ အဲဒါကို ကန့်ကွက်တယ်။
၈။ ၂၀၀၈ ဖွဲ့စည်းပုံအရ ၂၀၁၀ ရွေးကောက်ပွဲကို လုပ်တယ်။ အဲ့ဒီက ထွက်လာမယ့် သမ္မတကို လွှတ်တော်က မလွှမ်းမိုးနိုင်ဘူး။ သမ္မတကပဲ အားလုံးကို လွှမ်းမိုးချုပ်ကိုင်သွားမှာဖြစ်တယ်။
၉။ အခုထွက်နေတဲ့ ဥပဒေတွေက တရားမျှတမှုမရှိဘူး။ အဲ့ဒါတွေကိုတောင် မလိုက်နာနိုင်ရင် ဒါဟာ မင်းမဲ့စ ရိုက်ပဲ။

5 comments:

mg said...

အိမ်ထဲမှာ ငြိမ်ငြိမ်နေတာကောင်းမယ်ထင်တယ်

sandaw bartha said...

မင်းပထွေးထိ၇နာတယ်ပေါ့။

saw said...

စကားပြောရင်ကိုယ်ချင်းစာစိတ်လေးထားပါကိုmg၊ကို့မြန်မာလူမျိုးတွေဘယ်လောက်ငတ်ပြတ်သတ်စုတ်ချွန်းနေလဲဆိုတာကိုနိုင်ငံခြားမှာဖြစ်ဖြစ်၊မြန်မာပြည်မှာပဲဖြစ်ဖြစ်မြင်တွေ့နိုင်တယ်..၊ဂျောက်ထဲပိုပိုကျလာမည့်အရေးကိုတားဆီးနိုင်အောင်ဒေါ်စုရအခွင့်အရေးရသလောက်နဲ့ရအောင်ဝင်စွတ်နေတယ်၊တားမြစ်နေတယ်။သူအခုပြောနေတာတွေကမမှန်လို့လား..၊တလုံးမှပစ်စရာမရှိဘူး..၊

Unknown said...

ဘာတွေလဲအန်တီရယ်..ဘာမင်းမဲ့စရိုက်လဲ..ဘာတွေသူတို့ဥပဒေတွေစောင့်ကြည့်ရမှာလဲ ..မတရားတဲ့အမိန့်အာ ဏာတွေတာဝန်အရဖီဆန်ကြဆိုတဲ့ အန်တီံ့ရဲ့ ငယ်မူငယ်သွေး ဇ တွေ ဘယ်ရောက်သွားပြီလဲ
ဘယ်လိုပဲဖြစ်ဖြစ် အန်တီဟာ ကျွန်တော်တို့ခေါင်း
ဆောင်ပါ ၊ စစ်အုပ်စုထဲမှာဖြစ်ဖြစ် ကျွန်တော်တို့ထဲမှာဖြစ်
ဖြစ် (ကန်တော့နော်) အန်တီ့ဖင်ဖျားတောင်မှီတဲ့သူမရှိတော့လဲ...
၆၅ နှစ်ကျော်နေပြီဖြစ်တဲ့အန်တီက ဘာပဲဖြစ်ဖြစ်
ခေါင်းဆောင်ပါ ၊ ဗိုလ်ချုပ်သမီးဘ၀ကနေ
ကိုယ်ပိုင်အရည်အချင်းနဲ့လူထုခေါင်းဆောင်ဖြစ်ခဲ့တဲ့
၁၉၈၉ ကာလက အန်တီ့ကို ပြန်တမ်းတပါရစေလား
ဘာပဲဖြစ်ဖြစ်အန်တီ၇ယ် စုနိုင်မှချမ်းသာမည်ဆိုတဲ့
သီချင်းလေးကိုဆိုရင်း စစ်အုပ်စုကို မုန်းမြဲမုန်း
အန်တီ့ကိုမျှော်လင့်မြဲမျှော်လင့် နေပါရစေ
ရန်သူကိုရန်သူလိုပဲဆက်ဆံပါလားအန်တိရယ်
ကိုမင်းကိုနိုင်တောင် ခုချိန်ထိကြံ့ကြံ့ ခံတင်းမာနေဆဲပါ
အန်တိ..မပျော့စေချင်ဘူ;

Unknown said...

သူငယ်ချင်းတို့ရာ အန်တီစု ရဲ့ပြော ကြားချက်တွေရဲ့ နောက်ကွယ်မှာ အဓိပ္ပာယ်တွေ
အများကြီးရှိ နေအုံးမှာ ပါ။ နိုင်ငံရေး ဆို တာ
လူတိုင်းမှန်း ဆကြည့်နိုင်လောက်အေင် တော့
မရိုးရှင်းပါဖူး။