Thursday, July 8, 2010

အယ်ဒီတာကြေးစားကြီးများနဲ့ စားပြီးနားမလည် အယ်ဒီတာများ သိစေဖို့ ပေးတဲ့ စာ (ရွာ့အပြင်က စပ်စု)

ဒေါက်တာလွဏ်းဆွေရဲ့ မြားနတ်မောင် တာဝန်ခံအယ်ဒီတာစကား အပိုင်း (၂) ‘ကြေးစားစိတ်ဓာတ်’ ဆိုတဲ့ အယ်ဒီတာ့အာဘော်ကို ဖတ်ကြည့်မိပြီး ရေးချင်စိတ်နည်းနည်းပေါ်တာနဲ့ ဒီစာကို ရေးဖြစ်သွားတာပါ။ စာပေ လောက၊ အားကစားလောက၊ အနုပညာလောကမှာ အောင်မြင်လာပြီး အခကြေးငွေ ခံစားခွင့်ရှိလာတဲ့ နာမည် ကျော်ကြေးစားတွေရဲ့ဘ၀ကို ဖော်ပြထားပြီး တခဏတာ မှားယွင်းမှုတွေကြောင့် လျစ်လျူရှုမှုခံရတာတွေ ရေး ထားတာကို ဒေါက်တာလွဏ်းဆွေရဲ့အာဘော်မှာ တွေ့ရပါတယ်။

ဒီနေရာမှာ ကျနော့်ဘ၀နဲ့ ယှဉ်ပြီး အနည်းအကျဉ်း ပြောချင်ပါတယ်။ ကျနော်ဟာ ၂၀၀၇ စက်တင်ဘာတော် လှန်ရေးမတိုင်ခင် ပြည်သူ့သတင်းထောက် (အခကြေးငွေ ရတယ်ဆိုတာ မသိခဲ့၊ သိခဲ့လည်း မမျှော်လင့်ခဲ့တဲ့ သတင်းပွဲစား) လုပ်ခဲ့ပါတယ်။ စက်တင်ဘာ သံဃာအရေးအခင်းဖြစ်တော့ ကိုယ့်ဒေသက အဖြစ်မှန်တွေကို ပြည်ပမီဒီယာတွေကတဆင့် ပြည်သူသိအောင် ဖော်ထုတ်နိုင်ခဲ့တဲ့အတွက် ဆုလာဘ်အဖြစ် ဂုဏ်ထူးဆောင် ၀ ရမ်းပြေးဖိုးသိန်းဘွဲ့ကို ချီးမြှင့်ခံရပြီးသကာလ ကိုယ်ပိုင်တယ်လီဖုန်းလည်း အသိမ်းခံရပြီး သားတကွဲ မယားတ ကွဲ ဖြစ်ခဲ့ရပါတယ်။

ဝါသနာဆိုတာ စွန့်ဖို့ခက်သား၊ ငယ်ငယ် လူမှန်းသိတတ်စကတည်းက သူငယ်ချင်းတွေအိမ်မှာ အိမ်လည်သွား ရင် သူတို့အိမ်မှာ ဘာရှိတယ်၊ ဘာဖြစ်နေတယ်၊ ဘာတွေပြောနေကြတယ်ဆိုတာ ကစားနေရင်းကို အာရုံက ထားတတ်တဲ့အကျင့်၊ စပ်စုတဲ့အကျင့်ကြောင့် ရပ်ကွက်ထဲ ဘာဖြစ်နေတယ်ဆိုတာကို သိနေတတ်တယ်။ လူ ကြီးတွေက ပြောတယ်။ မင်းမို့ ပေါက်ပေါက်ရှာရှာ သိတတ်တယ်တဲ့။ ကျနော် သတင်းထောက် ဖြစ်မှန်းမသိ ဖြစ်ခဲ့တဲ့ ငယ်ဘ၀ပါ။ ပြောရင် လမ်းလွဲကုန်တော့မယ်။ ထားလိုက်ပါတော့။

ကျနော် ၂၀၀၇ စက်တင်ဘာလဆန်းပိုင်းကတည်းက သံဃာအရေးခင်းဖြစ်တော့ ပြည်တွင်းမှာ ပတ်ပြေးနေရ ပြီး ရသမျှ အဆက်သွယ်နဲ့ သတင်းတွေ ပြည်ပမီဒီယာကို ပေးနိုင်ခဲ့တယ်။ လကုန်လောက်မှာတော့ ပြည်ပကို ရောက်ခဲ့တယ်။ ပြည်ပရောက်ပြီး ဒေါက်တာလွဏ်းဆွေပြောတဲ့ ကြေးစားသတင်းထောက်တယောက် ဖြစ်လာ တယ်ပေါ့ဗျာ။

ဒီမှာ ဆက်ပြောချင်တာကတော့ ဒေါက်တာလွဏ်းဆွေ အာဘော်ထဲမှာ အာဆင်နယ်ကို ရှုံးလို့ ဖာဂူဆန်ရဲ့ ဖိ နပ်ပျံစာမိတဲ့ ဒေးဗစ်ဘက်ခမ်း၊ ပရိတ်သတ် အားပေးမှုကျလာလို့ ထုတ်ဝေသူရဲ့ မျက်နှာသာပေးမှုမခံရတဲ့ အ နုပညာသမားတွေကို ဥပမာပေး ခိုင်းနှိုင်းထားပါတယ်။ ကျနော်က အောင်မြင်တဲ့ ကြေးစားသတင်းထောက် တ ယောက်ဖြစ်အောင် ကိုယ့်သတင်းတွေ အမှားမရှိအောင် လူထုအကျိုးပြုသတင်းထောက်ဖြစ်အောင် ကြိုးစား နေတုန်း ပရိသတ်ရဲ့ အားကိုးမှုရကာရှိသေး၊ ဗြုန်းဆို အလုပ်ဖြုတ်ခံရတဲ့သူပါ။

ဒေါက်တာလွဏ်းဆွေပြောတဲ့ ရှုံးနိမ့်ခဲ့လို့ ပရိသတ်အားပေးမှုကျလို့ ကျနော် အလုပ်ဖြုတ်ခံခဲ့ရတာ မဟုတ်ဘူး။ ကိုယ်ကြိုးစားတင်ပြချင်ခဲ့တဲ့ လူထုဘ၀အခြေအနေသတင်းတွေ၊ ဒီမိုကရေစီရေး လူ့အခွင့်အရေး ... စတဲ့ သ တင်းတွေကို ကြေးစားအယ်ဒီတာတွေက အကြောင်းပြချက် ခိုင်လုံအောင်မပေးဘဲ ချောင်ထိုးခံခဲ့ရတာတွေကို လျှာရှည်တတ်ပြီး မခံချင်စိတ်ကြီးတဲ့ ကျနော်က ဘာလို့လဲ၊ ဘာကြောင့်လဲ ... စတဲ့ ဘ (၆) လုံးနဲ့ မေးလို့တဲ့။

ကျနော် သိလိုက်ရပါပြီ။ ပြည်ပကနေ အော်နေသူတွေဟာ မြန်မာပြည်က နအဖနဲ့ စာပေစိစစ်ရေးကိုတော့ ဝေ ဖန်အပြစ်ရှာ ရေးနေကြပေမယ့် သူတို့ကို ဝေဖန်လာပြီ၊ သူတို့ကို ထိလာပြီဆိုရင် မခံချင်ကြဘူးဆိုတာ သိလိုက် ရပါပြီ။ အမှန်တရားနဲ့ လွတ်လပ်မှုအတွက် တိုက်ပွဲဝင်နေပါတယ် ဆိုသူတွေက မှန်တာပြောရင် ရွာပြင်ထုတ် တယ်တော့်လို့ အော်ငိုလိုက်ရမလား၊ မြန်မာပြည်ကို ဒီမိုကရေစီ ယူပေးမယ်လို့ အော်နေသူတွေဆီမှာ ကျနော် တို့ ပြောချင်တာတွေ၊ ပြောပိုင်ခွင့်တွေ မရှိဘူးလား။

မီဒီယာကို ဆက်သွယ်ပြောမိလို့ ကျနော့်လို ပြည်ပြေးဖြစ်သူ ဘယ်နှယောက်ရှိမလဲ။ နိုင်ငံရေးအကျဉ်းသား နှစ် ထောင်ကျော်ထဲက ထောင်ကျသူတွေဟာ ငါတို့မီဒီယာနဲ့ ချိတ်ဆက်လို့ ထောင်ကျတယ်၊ ငါတို့ကြောင့် ထောင် ကျတာ ဘယ်နှယောက်ရှိနေပြီလဲ ဆိုတာကို ဘယ်မီဒီယာက ထုတ်ပြောရဲလဲ။ ပြည်ပမှာ အလုပ်လုပ်နေတဲ့ သ တင်းထောက်ရဲ့ မိသားစုတွေ အတွင်းမှာ ဖမ်းခံရတာ ဖိနှိပ်ခံနေရတာ ဘယ်မီဒီယာကမှ အော်မပေးဘူး။ အော် ရင် ပိုနာသွားမှာစိုးလို့ တိတ်တိတ်နေ လူမသိစေနဲ့တဲ့။ ကျန်တဲ့ နိုင်ငံရေးလောကကလူတွေဖြစ်ကြည့် မလုပ်ပါနဲ့ ဦးလို့ တောင်းပန်ထားတာတောင် သူ့ထက်ငါ ဦးအောင် လက်သံပြောင်ပြလိုက်ကြတာ၊ တကယ့် အာဂသတ္တိ တွေ။

ကိုယ့်မီဒီယာသမားအချင်းချင်း ပြန်သတ်နေတာ၊ ဒါ ပြည်သူကို အကျိုးပြုမယ့် မီဒီယာလား။ စတုတ္ထမဏ္ဍိုင်နဲ့ တိုင်းပြည်ကို တည့်မတ်အောင် လုပ်မယ့်သူတွေလား။ အတွင်းမှာ သတင်းပေးရသူက ခက်ခက်ခဲခဲ ရှာပေးပြီး နာမည်မပေါ်ဘဲ ထောင်ကျနေသူတွေ ဒုနဲ့ဒေးပါ။ အပြင်မှာရှိတဲ့ အဲဒီလို ထောင်နှုတ်ခမ်းလျှောက်ပြီး သတင်း ပေးသူတွေကြောင့် အောင်မြင်နေတဲ့ဌာနတွေ သိကြမှာပါ။ မီဒီယာကြောင့် နအဖ တွန့်သွားတာတွေရှိသလို မီ ဒီယာက ဖော်ကောင်လုပ်လို့ ထောက်လှမ်းရေးမလိုတဲ့ အမှုတွေလည်း အများကြီးပါ။

ကျနော် ပြောချင်တာကတော့ဗျာ၊ ဒီမိုကရေစီနိုင်ငံကြီးမှာ ရောက်နေတဲ့ အယ်ဒီတာကြေးစားကြီးတွေအတွက် ရော မီဒီယာဆိုတာ ဘက်မျှရမယ်ဆိုတဲ့ စာပြီးနားမလည် အယ်ဒီတာတွေအတွက်ကိုပါ ကျနော်တို့လို သတင်း ထောက် အစုတ်ပလုတ်တွေက ပြည်သူတွေနဲ့ လက်ပွန်းတတီး ထိတွေ့အောင် အမြဲကြိုးစားပြီး ရင်တွင်းခံစား ချက်တွေကို နှိုက်လို့ရသလောက် ကလော်ထုတ်ပြီး တော်လှန်ရေးအတွက်၊ သတင်းဌာနအတွက် လုပ်ပေးနေ တာပါ။ ဒါကို စစ်တပ်ဘက်က တုန့်ပြန်ချက်မရလို့၊ ဌာနဆိုင်ရာက သိချင်လာမေးပါပြောတဲ့ အသံလောက်နဲ့ မ လုံလောက်လို့ဆိုတဲ့ အကြောင်းပြချက်တွေနဲ့ သတင်းတွေကို ချောင်ထိုးခံရတာ ပြည်သူအတွက် အရမ်းနစ်နာ ပါတယ်။ ဒါတွေကို ဒီလိုမဖြစ်သင့်ဘူးလို့ပြောတဲ့ သတင်းထောက်ကို အလုပ်ဖြုတ်လိုက်တာဟာလည်း မှန်ကန် တဲ့ အယ်ဒီတာတွေလားလို့ မလောက်လေးမလောက်စား ကျနော်က မ၀ံ့မရဲနဲ့ မေးပါရစေ။

နောက်ဆုံး ကျနော်ပြောချင်တာကတော့ ဒီမိုကရေစီနိုင်ငံကြီးတွေက မီဒီယာပေတံနဲ့ တိုင်းပြီး သတင်းတိုင်း ဘက်မျှအောင် အဲဒီအယ်ဒီတာတွေကိုယ်တိုင် လုပ်ခဲ့ကြသလား။ ကျနော်တို့ဟာ ဒီမိုကရေစီကို မှုန်မှုန်တောင် မမြင်ရသေးတဲ့နိုင်ငံက အာဏာရှင်တွေကို တော်လှန်နေတာပါ။ နိဂုံးချုပ်အားဖြင့်ပြောရရင် ကျနော် ကြေးစားမီ ဒီယာသမား လုံးလုံးမဟုတ်ပါ။ စစ်တိုက်နေတဲ့ သတင်းသမားတယောက်ပါ။

စစ်တိုက်သလို သတင်းတွေ ရေးနေမည်။

အမှန်တရားများ အမြန်ပေါ်ထွန်းပါစေ ...
ရွာ့အပြင်က စပ်စု

1 comment:

Unknown said...

ကောင်းတယ်ဗျာ ၊အမှန်တွေပဲ ၊တခုပဲရှိတယ် ၊ဆောင်းပါးအစမှာ ကိုယ့်ပုဂ္ဂလိက အကြောင်းရေးထားတော့ ကိုယ့်ကိစ္စအတွက်မကျေနပ်လို့
ရေးထားသလိုတွေပါနေတယ်၊ အဲဒါလေးကလွဲရင်
ပြောတာအမှန်တွေပဲ ၊
မီဒီယာကဖွပေးလို့ တော်လှန်ရေး အားသာတာတွေရှိသလို
မီဒီယာကြောင့် စစ်အုပ်စုက ထောက်လှမ်းစရာမလိုပဲ
သတင်းရသွားတာတွေလဲရှိနေတယ် ၊ ခုဆောင်းပါးက်ုဖတ်ပြီး ပြည်သူ့အတွက် စေတနာမှန်တဲ့
မီဒီယာတွေက ပြင်စရာရှိ ပြင်နိုင်ကြပါစေ