ရွေးကောက်ပွဲနဲ့ မြန်မာအသံလွှင့်ဌာနများ
ပြည်တွင်းမှ ပြည်သူတဦး
(မိုးမခ၀က်ဘ်ဆိုက်မှ ...)
ပြည်တွင်းမှ ပြည်သူတဦး
(မိုးမခ၀က်ဘ်ဆိုက်မှ ...)
“မတရားတဲ့ ရွေးကောက်ပွဲဥပဒေတွေဖြစ်လို့ မကိုးကားချင်ပေမယ့် သတင်းသမားများနဲ့ အင်တာဗျူးသမားများကို နည်းနည်းတော့ ထောက်ပြပါရစေ။ ဥပဒေထဲမှာ မဲမပေး မနေရလို့ မပါသလို ဒီလိုအတင်းအကျပ် ခိုင်းစေတာမျိုးတွေကို တားမြစ်ထားတာတောင် ရှိနေတာ သတိထားသင့်ပါတယ်။”
အသံလွှင့်ဌာနတွေကို “ခလောက်ဆန် အကောက်ကြံ၊ လေလှိုင်းထဲက လူသတ်သမား” ... စသဖြင့် ဘယ်လိုပဲ အပုပ်ချနေနေ မြန်မာလူထုမှာတော့ ဒီသတင်းဌာနများရဲ့ သတင်းနဲ့ ပညာပေးတာတွေကိုပဲ အားကိုးနေရတာ ပါ။ ကျေးဇူးအများကြီးတင်ပါတယ်။ တခါတလေမှာတော့ ပညာပေးဖို့ အင်တာဗျူးလုပ်တာလေးတွေမှာ ကသိ ကအောက် ဖြစ်စရာလေးတွေ ရှိနေလို့ နည်းနည်းပြောပါရစေ။
အင်တာဗျူးတခုမှာ ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ “တကယ်လို့ ရွေးကောက်ပွဲမှာ ပြည်သူလူထုကို အတင်းအ ကျပ် မဲပေးခိုင်းလာရင်” ဆိုတဲ့ မေးခွန်းနဲ့ ဖြေတဲ့သူရဲ့ “ပယ်မဲဖြစ်အောင် လုပ်ပစ်ပေါ့” လို့ ဖြေလိုက်တာ ကြား လိုက်ရပါတယ်။
‘အတင်းအကျပ် မဲပေးခိုင်းလာရင်’ ဆိုတဲ့ အမေးဟာ မြန်မာစစ်အာဏာရှင်အဖွဲ့အစည်းတွေ မလုပ်သေးတာကို လုပ်အောင် ကြိုပြီးလမ်းပြနေသလိုများ ဖြစ်နေမလား။ “ရွေးကောက်ပွဲဥပဒေထဲမှာ လုပ်ခွင့်မရှိဘူး ဆိုပေမယ့် တဘက်က အတင်းအကျပ် မဲပေးခိုင်းလာရင်” ဆိုတဲ့ မေးခွန်းမျိုးဆိုရင် ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ပြည်သူ လူထုကို မှန်မှန်ကန်ကန်သိအောင် အသိပညာပေးရာရောက်မယ် ထင်ပါတယ်။
မတရားတဲ့ ရွေးကောက်ပွဲဥပဒေတွေဖြစ်လို့ မကိုးကားချင်ပေမယ့် သတင်းသမားများနဲ့ အင်တာဗျူးသမားများ ကို နည်းနည်းတော့ ထောက်ပြပါရစေ။ ဥပဒေထဲမှာ မဲမပေး မနေရလို့ မပါသလို ဒီလိုအတင်းအကျပ် ခိုင်းစေ တာမျိုးတွေကို တားမြစ်ထားတာတောင် ရှိနေတာ သတိထားသင့်ပါတယ်။
ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီးနဲ့ ပြည်နယ်လွှတ်တော် သုံးခုစလုံးရဲ့ ဥပဒေများမှာ အခန်း (၁) အမည်နဲ့ အဓိပ္ပာယ်ဖော်ပြချက်။ ပုဒ်မ ၂။ ပုဒ်မခွဲ (ဎ) ရွေးကောက်ပွဲဆိုင်ရာ အခွင့်အရေးဆိုသည်မှာ ... ဆိုတဲ့ အပိုဒ်ထဲမှာ “ရွေးကောက်ပွဲတွင် မဲပေးနိုင်သော အခွင့်အရေး (သို့မဟုတ်) မဲပေးခြင်းမပြုဘဲ နေနိုင် သော အခွင့်အရေး” ဆိုတာ ပါပါတယ်။
နောက်အခန်း (၁၃)။ ရွေးကောက်ပွဲဆိုင်ရာ ပြစ်မှုပြစ်ဒဏ်များ။ ပုဒ်မခွဲ (၅၈)၊ (ခ) မှာ “ရွေးကောက်မှုဆိုင်ရာ အ ခွင့်အရေးကို လွတ်လပ်စွာ မကျင့်သုံးနိုင်ရန် တားမြစ်တာဟာ ပြစ်မှုမြောက်သွားရင် ဥပဒေအရ ပြစ်ဒဏ်ချမှတ် နိုင်တယ်” ဆိုတာလည်း ပါပါတယ်။
နောက် အခန်း (၁၄)။ တရားမဲ့ ပြုကျင့်မှုများ။ ပုဒ်မ (၆၆)၊ ပုဒ်မခွဲ (က) (၂) မှာ “ရွေးကောက်မှုဆိုင်ရာ အခွင့်အ ရေးကို အနှောင့်အယှက်ပြုလုပ်ခြင်း” ဆိုတာလည်း ပါပါတယ်။
ချုပ်လိုက်ရင်တော့ သူတို့ဥပဒေထဲမှာကို မဲမပေး မနေရ မဟုတ်ပါဘူး။ အတင်းမဲပေးခိုင်းတာဟာ တရားမဲ့ ပြု ကျင့်မှုဖြစ်သလို ပြစ်မှုမြောက်ရင် အပြစ်ပေးခံရနိုင်တဲ့ လုပ်ရပ်ပါ။ ခြိမ်းခြောက်ပြီး မဲထည့်ခိုင်းရင်၊ ခြိမ်းခြောက် ပြီး မဲမထည့်ဘဲ နေခိုင်းရင် ... စတဲ့ ရွေးကောက်ပွဲဆိုင်ရာ ပြစ်မှုပြစ်ဒဏ်တွေကို ကျူးလွန်ရင် တနှစ်ထက် မပို သော ထောင်ဒဏ်ဖြစ်စေ၊ တသိန်းထက် မပိုသော ငွေဒဏ်ဖြစ်စေ ဒဏ်နှစ်ရပ်စလုံးဖြစ်စေ ချမှတ်ပြီး အရေးယူ ခံရပါမယ်။
ဒါကြောင့် ဒီအချက်ကို မီဒီယာတွေကနေ ဇောင်းပေးပြီး ပြည်သူလူထုကို ပညာပေးနိုင်အောင်လုပ်ရင်း အင်တာ ဗျူး ဖြေကြတဲ့သူတွေကလည်း ဒါတွေကို ပေါ်လွင်အောင်၊ အများပြည်သူသိအောင် ခဏခဏ ဖော်ပြပေးနိုင်ကြ ရင် တဘက်က အတင်းအကျပ် လုပ်ချင်သူတွေကိုတောင် ဟန့်တားနိုင်လိမ့်မယ်လို့ အကြံပြုချင်ပါတယ်။ ။
1 comment:
အားလုံးသတိ
အင်း.. တကယ်ကို သတိထားရမဲ့ ကိစ္စလို့ မြင်ပါတယ်.. ဖွဲ့စည်းပုံအတည်ပြုတုန်းကလဲ ပြည်ပအသံလွှင့်ဌာနတွေဟာ ဆန္ဒခံယူပွဲနေ့တောင် မရောက်သေးဘူး ဘယ်နေရာမှာဖြင့် ကြိုတင်ဆန္ဒကောက်ရာမှာ မထောက်ခံလို့ ဘယ်လိုဖဲ့လိုက်ပီ.. ဘယ်နေရာမှာတော့ ဘယ်လိုတီးလိုက်ပါပီဆိုပီး ဟုတ်သော်ရှိ မဟုတ်သော်ရှိ ကြိုပီးတော့ကို ပြည်သူကို မထောက်ခံပဲ မနေရဲအောင် ကြောက်စိတ်ရိုက်သွင်းရာမှာ တတပ်တအား ရှေ့ကနေ အထောက်အပံ့ ပါဝင်ခဲ့တယ် မဟုတ်လားဗျာ.. အစိုးရသတင်းဌာနတွေ မကောင်းတတ်လို့ လက်ရှောင်နေတဲ့ တာဝန်ကို ကျေပွန်စွာဝန်ထမ်းခဲ့သလား အောင့်မေ့ရအောင် မထောက်ခံရင် ဘယ်လိုဖြစ်မယ်ဆိုတာ ကိုယ်စားပြုကြော်ငြာ ခြိမ်းခြောက်ပေးခဲ့ကြပါရဲ့..
ဒီတော့ အစိုးရကို တိုက်ခိုက်ချင်စိတ်နဲ့ မဟုတ်တာတွေရော ဟုတ်တာတွေရော ပိုပိုသာသာ ပြောတာဟာ တခါတလေ ရန်သူအတွက် အကွက်တောင် ဖြစ်သွားစေတယ်ဆိုတာ သတိလေးထားပီး အတင်းတုတ်ကြပါလို့ ကျွန်တော်မြင်ပါရဲ့ဗျာ.. ဟားဟား..
အားလုံးသက်သာ
မောင်သတိ
Post a Comment