Saturday, June 26, 2010

မြ၀တီခရိုင် အာဏာပိုင်များ ကိုယ်ကျိုးအတွက် ထင်ရာစိုင်းနေ (ပေးစာ)

သို့/
အယ်ဒီတာမှတဆင့်

မြ၀တီမြို့၏ အခြေအနေအမှန်ကို သိရှိစေရန် ...

ကရင်ပြည်နယ်၊ မြ၀တီမြို့မှာ တရားဥပဒေစိုးမိုးမှုမရှိတော့ဘဲ ဖြစ်ချင်တိုင်း ဖြစ်ပျက်နေတာတွေကို သိစေလိုပါ တယ်။ ၂၂-၆-၁၀ ရက်နေ့က မြ၀တီမှာ ဖြစ်ပွားခဲ့တဲ့ ရွှေဆိုင်ဓားပြတိုက်မှုကို အာဏာပိုင်တွေက ဒီနေ့အထိ ဖမ်း ဆီးနိုင်ခြင်းမရှိတဲ့အပြင် မြ၀တီမှာရှိတဲ့ ရွှေဆိုင်ပိုင်ရှင်တွေကိုခေါ်ပြီး ကိုယ့်ဆိုင်လုံခြုံရေး ကိုယ်ယူဖို့နဲ့ အခင်းဖြစ် ရင် သူတို့ဆီကို ချက်ချင်းအကြောင်းကြားဖို့ အာဏာပိုင်တွေက အစည်းအဝေးခေါ်ပြီး ပြောပါတယ်။ အဲဒီဓားပြ တိုက်မှုမှာလည်း ဓားပြတွေပြန်ပြီး အတော်ကြာမှ ရဲ၊ စစ်တပ်နဲ့ အာဏာပိုင်တွေ ရောက်လာတာဖြစ်တယ်။

မြ၀တီမှာရှိတဲ့ ရွှေဆိုင်တွေဟာ တနှစ်အတွက် တဆိုင်ကို အခွန်အကောက် အနည်းဆုံး (၁၀) သိန်းအထက်မှာ ပေးရပါတယ်။ အခုလိုဖြစ်တော့ သူတို့ဘက်က ဘာမှမလုပ်ပေးနိုင်ဘူး နေ့ခင်းလူစည်ကားချိန် မြို့ထဲ ဓားပြ၀င် တိုက်တာကိုလည်း ဒီနေ့အထိ မမိသေးဘူး။ ဒီကိစ္စက သူတို့အတွက် ရပေါက်မရှိလို့ မလိုက်ပေးတာ ဖြစ်တယ်။ ဒီလထဲမှာပဲ မြ၀တီမြို့လယ်က ရဲစခန်းရှေ့မှာ ယာဉ်တိုက်မှုဖြစ်လို့ လူတယောက် သေတယ်။ နောက်တခါ စည်ပင်ရုံးရှေ့မှာ ယာဉ်တိုက်မှုဖြစ်လို့ လူတယောက် ထပ်သေတယ်။ ယာဉ်ပိုင်ရှင်တွေက အာဏာပိုင်တွေနဲ့ ညှိပြီး တမှုကို ကျပ်သိန်း (၅၀) နှုန်းနဲ့ နှစ်မှုအတွက် သိန်း (၁၀၀) ပေးပြီး အမှုပိတ်လိုက်တယ်။

အဲဒီငွေတွေကို မြ၀တီခရိုင်အခြေချ ဗျူဟာမှူး ဗိုလ်မှူးကြီး ခင်မောင်ဌေး၊ ခရိုင်ဥက္ကဌ ဦးထွန်းထွန်းဝင်းနဲ့ ခွန်နပဲ လို့ခေါ်တဲ့ ရဲတွေ ဝေစားမျှစား လုပ်လိုက်ကြတယ်။ ဒီကိစ္စကို ဘယ်သူမှ ပါးစပ်မဟပ်ရဲဘူး။ သက်ဆိုင်ရာ တာ ၀န်ရှိအဖွဲ့အစည်းတွေကလည်း လှည်သူစားစတမ်း လုပ်နေကြတယ်။

မြ၀တီခရိုင်မှာ တာဝန်ကျတဲ့ အရှေ့တောင်တိုင်းက ဗျူဟာမှူး ဗိုလ်မှူးကြီး ခင်မောင်ဌေးဆိုရင် ရွှေဆိုင်ဓားပြ တိုက်တဲ့ အမှုကို အလေးမထားဘဲ သူ့အတွက် လာဘ်ငွေရမယ့် ကိစ္စတွေဖြစ်တဲ့ လိုင်စင်မဲ့ကား၊ မော်တော် ဆိုင်ကယ် သယ်ဆောင်ခွင့်နဲ့ ကုန်သည်တွေဆီက နည်းမျိုးစုံနဲ့ ငွေညှစ်ဖို့ပဲ လိုက်လုပ်နေတယ်။ မြ၀တီက အာ ဏာပိုင်တွေဟာ သူတို့ခွင့်ပြုချက်နဲ့ ဖွင့်ထားတဲ့ အနှိပ်ခန်းတွေ၊ ကာရာအိုကေခန်းမတွေ၊ ပြည့်တန်ဆာရုံတွေက နေ လစဉ်ကြေးတွေလည်း သိန်းချီပြီး ရနေကြပါတယ်။

မြ၀တီမှာ ဖွင့်ထားတဲ့ ရွှေပိုးစားသောက်ဆိုင်မှာဆိုရင် ဗျူဟာမှူး ခင်မောင်ဌေးအတွက် သီးသန့်အခန်းတခု ထား ပေးရပြီး အဲဒီအခန်းမှာ မအေးမင်းသူဆိုတဲ့ မိန်းကလေးနဲ့ ဗျူဟာမှူးတို့ မကြာခဏလာပြီး ပျော်ပါးကြပါတယ်။ သူတို့ဟာ မြ၀တီခရိုင်မှာ ဖြစ်ပျက်နေတာတွေကို ဖုံးကွယ်ထားပြီး နေပြည်တော်ကို မမှန်သတင်းတွေ အစီရင်ခံ ပြီး သူတို့ကိုယ်ကျိုးအတွက် လုပ်နေကြပါတယ်။

တောတွင်းလက်နက်ကိုင်အဖွဲ့အခုကနေ မြ၀တီမှာရှိတဲ့ ကုန်သွယ်ရေးဇုန်အတွက် ဆက်ကြေး ငွေကျပ်သိန်း (၅) ထောင်တောင်းတယ်။ အဲဒီငွေမပေးရင် ကုန်သွယ်ရေးဇုန် ပြဿနာတက်ပြီး သူတို့ ဒုက္ခရောက်မှာကို ကြောက်တဲ့အတွက် မြ၀တီနယ်စပ်ကုန်သွယ်ရေး (နကသ) တာဝန်ခံ ဒု-ဗိုလ်မှူးကြီး အောင်စိုးသိန်းက ကြား လူကနေတဆင့် အဲဒီတောတွင်းလက်နက်ကိုင်အဖွဲ့ဆီကို ကျပ်ငွေ သိန်း (၁၅၀၀) ပေးပြီး ဖြေရှင်းလိုက်တယ်။ အဲဒီငွေတွေကို ကုန်သည်တွေဆီကနေ အချိုးကျကောက်ယူပြီးတော့ ပေးလိုက်တာဖြစ်တယ်။ ကုန်သည်တွေ က မပေးချင်ပေမယ့်လည်း ဘာမှမတတ်နိုင်ဘူး နီးရာဓားကို ကြောက်နေရတယ်။

မြ၀တီခရိုင်မှာရှိတဲ့ အာဏာပိုင်တွေဟာ သူတို့ကိုယ်ကျိုးအတွက် လုပ်ချင်သလိုလုပ်နေတဲ့အတွက် တိုင်းပြည်နဲ့ လူထု နစ်နာသလို မြ၀တီခရိုင်မှာရှိတဲ့ လူတွေလည်း နင်းပြားတွေ ဖြစ်နေရပါပြီ။ တရားဥပဒေစိုးမိုးမှု မရှိတဲ့အ ရပ်မှာ နေထိုင်ရတာ ဘာအာမခံချက်မှ မရှိတဲ့အကြောင်း မြို့ခံတွေကိုယ်စား တင်ပြလိုက်ရပါတယ်။

မြ၀တီမှ ၀န်ထမ်းတဦး

4 comments:

Unknown said...

မဟုတ်တာတွေ လျှောက်ရေးနေတယ်

မြ၀တီမှာ အဲလို မဟုတ်ပါဘူး

thanzawwin said...
This comment has been removed by the author.
thanzawwin said...

ဟုတ်တယ်ဆရာ.. မြ၀တီက အာဏာပိုင်အများစုဟာ
ကိုယ်ကျိုးအတွက်လုပ်ကြတယ်....တပ်မှူးအစ..လက်အောက်ငယ်သားမကျန် ကိုယ်ကျိုးအတွက်ရှာဖွေနေကြတယ်..
၂၆-၆-၂၀၁၀ရက်နေ့(ည)မှာမြန်မာနိုင်ငံအမျိုးသမီးရေးရာ
ဂုဏ်ပြုပွဲမှာသောက်တဲ့အရက်တန်းဖိုးက သိန်းကျော်တန်း
တယ်ဆရာ....တပ်မှူးအစ..လက်အောက်ငယ်သာ...
စီးပွားရေလုပ်ငန်းရှင်များထဲမှကျော်ဟိန်းလဲပါတယ်..

Unknown said...

Nway Zarchi
မြ၀တီအာဏာပိုင်တွေကဒေါက်တာလွဏ်းဆွေဆိုဒ်ကိုမှန်လိုကြည့်ပါတယ်။ဘာဖြစ်လိုလဲဆိုတော့ဆရာဆိုဒ်ကမှန်ကန်၊ထူးခြားသတင်းပါလို့ပဲ၊ကျွန်တော်လဲထို့အတူပဲ၊ဒီဆိုဒ်တက်လာတော့မှန်လွန်းလို့ကျွန်တော်ကွန်းမန့်ရေးမလို့၊အခုပြန်ဖတ်တော့အပေါ်ဆုံးကNway Zarchi said...ရေးတာဖတ်မိတော့မခံချင်းစိတ်လေးဖြစ်မိတယ်အမှန်တရားကိုပုဂံပြားလုပ်ချင်နေတယ်။လူညီတော့
ဤကိုကျွဲဖတ်ချင်းတဲ့အဖွဲ့ဝင်ပဲ၊ မြ၀တီခရိုင် အာဏာပိုင်များမဟုတ်မမှန်လုပ်နိုင်ပါစေ၊ပြည်သူများလဲ
ကျီးတလန့်လန့်နေရတဲ့ဘ၀ကိုလဲကယ်တင်ပါအုံးတောင်
ပန်ပါတယ်ဗျာ။