* မဟာနာယကဆရာတော်များသည် သာသနာတော် သန့်ရှင်းရေးကို ဦးစားပေး ဆောင်ရွက်မှုမရှိဘဲ လျစ်လျူရှုထားခြင်း၊ ၎င်းအဖွဲ့၌ပင် မသန့်ရှင်းသူများ ပါဝင်နေခြင်း၊ အဖွဲ့ဝင်များကို ရွေးချယ်ရာ၌ သံဃာ့ဆန္ဒကို မခံယူခြင်း၊ ဓမ္မ၀ိနယမဏ္ဍိုင်ကို အလေးမထားခြင်း၊ အကျင့်ပျက်ခြစားမှုများ မတရားဆုံးဖြတ်မှုများ ပြည့်လျှံနေခြင်း၊ အဓမ္မကို အကာအကွယ်ပေးထားခြင်း၊ သံဃာထုအပေါ် အာဏာကို အလွဲသုံးစွဲ အနိုင်ကျင့်နေခြင်း၊ ဒီမိုကရေစီစနစ်ကို မကျင့်သုံးဘဲ အာဏာရှင်စနစ်ကို ကျင့်သုံးနေခြင်း၊ ရဟန်းပျိုအုပ်ချုပ်ရေးစနစ်ကို သံဃာထု၏ လေးစားမှုကို မခံယူရခြင်း၊ ဘွဲ့တံဆိပ်သာသနာထူထောင်ပြီး ဘုရားသာသနာကို ဖျက်ဆီးနေခြင်း၊ စာပေစိစစ်ရေးကို ဘောင်ခတ်ပြီး ဓမ္မကို မျက်ကွယ်ပြုထားခြင်း၊ သံဃာထု ဘေးကင်းလုံခြုံအောင် အကာအကွယ်မပေးနိုင်ခြင်း၊ သာသနာအကျိုးကို မသယ်ပိုးဘဲ ကိုယ်ကျိုးရှာနေခြင်း၊ ပထမပြန်စာမေးပွဲများကို တိုင်းစစ် ပြည်နယ်စစ် ခွဲထုတ်၍ ပရိယတ္တိသာသနာကို ဖျက်ဆီးနေခြင်း၊ ဓမ္မဘက်မှာ မရပ်ဘဲ အဓမ္မဘက်မှာ ရပ်တည်နေခြင်း၊ ၎င်းတို့၏ လက်ရုံးတပည့်ကြီးများက တိုင်းသူပြည်သားတွေကို အနိုင်ကျင့်နေခြင်း … ဤသို့သော အကြောင်းတရားများကြောင့် သာသနာတော် ပျက်စီးယိုယွင်းရခြင်းဖြစ်လေသည်။ (၀ီရသူ-မစိုးရိမ် ‘သမိုင်း၏တရားခံ’ ဆောင်းပါးမှ …)

Friday, August 7, 2009

မြန်မာ့ရေးရာ သတင်းပဒေသာ (၇-၈-၀၉)

- ရှစ်လေးလုံးနှစ်ပတ်လည်အကြို ချောက်နှင့် မန္တလေးမှာ စာရွက်များကပ် click
- ၈ လေးလုံး (၂၁) နှစ်ပြည့် အခမ်းအနားများအတွက် သီချင်း (၂) ပုဒ်နဲ့ စပ်မိစပ်ရာ click
- ဂျွန်ယက်တော ဒေါ်အောင်ဆန်းစုကြည်ခြံထဲ ၀င်ရောက်မှု လုံခြုံရေးတာဝန်ခံ (၂၀) ကျော်ကို အပြစ်ပေး click
- NLD ဗဟိုကော်မတီကို ကူညီဖို့ လွှတ်တော်ကိုယ်စားလှယ် (၁၄) ဦးကို တာဝန်ပေး click
- မြန်မာစစ်အစိုးရ နျူကလီးယားနည်းပညာရရှိရေး ကြိုးပမ်းမှုအပေါ် သုံးသပ်ချက် (မျက်မှောက်ရေးရာ) click
- ဂျင်မ်ဝက်ဘ်ရဲ့ မြန်မာနိုင်ငံခရီး ၀ါရင့်နိုင်ငံရေးသမားကြီးများ သတိနဲ့ ကြိုဆို click
- ဘန်ကီးမွန်းလာရောက်စဉ် ဖောက်ခွဲရေးသမား (၁၅) ဦးကို ဖမ်းဆီးခဲ့ကြောင်း ရဲချုပ်ပြောဆို click
- ကုလအတွင်းရေးမှူးချုပ် ခရီးစဉ်အတွင်း ဗုံးခွဲရန်ကြံဟု ရဲချုပ်ထုတ်ဖော် click
- ဗုံးခွဲမည့် နိုင်ငံရေးသမား (၁၅) ဦးကို အာဏာပိုင်တို့ ဖမ်းဆီးထား click
- ဒေါ်အောင်ဆန်းစုကြည်အပေါ် အကောက်ကြံခြင်းမရှိဟု အစိုးရ ငြင်းဆို click
- ရွေးကောက်ပွဲမတိုင်မီ ၀န်ကြီးဌာနပိုင် မြေကွက်နှင့် အဆောက်အဦများ ချရောင်း၊ စစ်အုပ်စုတို့အချင်းချင်း ခွဲ ဝေရယူလျက်ရှိ click
- ရခိုင်ပြည်နယ်က မြို့ (၅) မြို့ လုံခြုံရေးဆိုင်ရာ စိတ်မချရသော မြို့များ အဖြစ် သတ်မှတ် click
- A-H1N1 တုပ်ကွေးရောဂါဖြစ်ပွားသူ (၁၅) ဦး ရှိသွားပြီ click
- မိသားစုအတွက် ရုန်းကန်ရတဲ့ မြန်မာမိန်းကလေးငယ်တွေရဲ့ ဘ၀တွေ click
- ရယက ဥက္ကဋ္ဌ ပစ်မိန့်ကြောင့် သားသေဆုံးပြီး ဖခင်လည်း တရားစွဲခံရ click
- နာဂစ်ဒုက္ခသည် အထောက်အပံ့ မလုံလောက်၍ ရုန်းရင်းဆန်ခတ်ဖြစ်ပွား click
- တာလီဘန်ခေါင်းဆောင် သေဆုံးကြောင်း ပါကစ္စတန် နိုင်ငံခြားရေးဝန်ကြီး ပြောဆို click
- Google အင်တာနက်ဈေးကွက် ထိုးဖောက်ဖို့ မိုက်ခရိုဆော့ဖ် ပြင်ဆင် click
- HIV မိခင်နို့ တိုက်ကျွေးမှု သုတေသန click
- Remembering Burma's political prisoners click
- Hope for democracy lives on in Burma click
- Myanmar opposition unites at UN click
- New map reveals extent of antipersonnel landmine contamination in Myanmar/Burma click
- Burma's struggle, Aung San Suu Kyi's role click
- Myanmar interested in investing in Sri Lanka click
- Burma Police Arrest Bomb Plotters click
- Yangon denies plot against Suu Kyi click
- ၈၈၈၈ (၂၁) နှစ်မြောက် အခမ်းအနားများ click
- ချောက်မြို့နယ်က ရှစ်လေးလုံး အကြိုလှုပ်ရှားမှု click
- ရှစ်လေးလုံးအရေးတော်ပုံနေ့အကြို ဆန္ဒပြပွဲ ရခိုင်အမျိုးသမီးအစည်းအရုံးက ပြုလုပ် click
- ရှစ်လေးလုံးစိတ်ဓာတ်ကို လက်ဆင့်ကမ်း ဒီမိုကရေစီအောင်ပန်း ဆွတ်ကြစို့ (အယ်ဒီတာ့အာဘော်) click
- အရင်းအနှီး ကြီးမားလွန်းတဲ့ ရှစ်လေးလုံးသင်ခန်းစာများ (ဆောင်းပါး) click
- လူထုကိုမျက်နှာမူသည့် နိုင်ငံရေးလုပ်ဆောင်ရန်လိုဟု မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားသူများ ပြောကြား click
- မြန်မာ့ဒီမိုကရေစီရေး တိုက်ပွဲဝင်ရန် နီပေါက ဒီမိုကရေစီခေါင်းဆောင် တိုက်တွန်း click
- ဒုဗိုလ်မှူးကြီး ကတော်တဦး သေကြောင်းကြံစည် click
- အမေရိကန်လွှတ်တော်အမတ်ရဲ့ မြန်မာ့ခရီး click
- အမေရိကန် အထက်လွှတ်တော်အမတ် မြန်မာပြည်သွားမည် click
- အမေရိကန်အထက်လွှတ်တော်အမတ် မြန်မာပြည်ကို လာမည် click
- အမေရိကန်ဆီးနိတ်အမတ် မြန်မာနိုင်ငံသွားမည် click
- ဒေါ်အောင်ဆန်းစုကြည်နှင့် ရှေ့နေအဖွဲ့ တွေ့ခွင့်ရ၊ အမွေကိစ္စ ဘာမှမထူးသေး click
- အန်အယ်လ်ဒီ မြို့နယ်စည်း ထောင်ထဲတွင် ကျန်းမာရေးဆိုးရွား click
- ရန်ကုန်တွင် လုံခြုံရေးများ တိုးမြှင့်ချထား click
- ဘန်ကီမွန်းနှင့် မြန်မာ့မိတ်ဆွေနိုင်ငံများ အဖွဲ့ဝင်များ တွေ့ဆုံဆွေးနွေး click
- ဒီမိုကရေစီအင်အားစုများရဲ့ လမ်းပြမြေပုံကို ကုလသမဂ္ဂအား တင်ပြခြင်း အပါအ၀င် သတင်းမှတ်စု click
- နယ်ခြားစောင့်တပ် လက်မခံတဲ့ ငြိမ်းအဖွဲ့တွေကို ကုလရဲ့ ထောက်ပံ့ဆန်တွေ ဖြတ်ပြီ click
- မွန်ပြည်သစ်ပါတီက နယ်ခြားစောင့်တပ်၊ ပြည်သူ့စစ်ကို လက်မခံနိုင် click

ကာတွန်း ဟန်လေး (ခေတ်ပြိုင်ဝက်ဘ်ဆိုက်)
- ၀က်တုပ်ကွေး ကာကွယ်ဆေး စက်တင်ဘာမှာ စသုံးနိုင် click
- ကမ္ဘာ့လူတုပ်ကွေးရောဂါပိုးရှိသူ (၁၅) ဦးရှိပြီ၊ (၁၀) ဦး သက်သာ၍ ဆေးရုံးမှဆင်း click
- မြန်မာ (၆) ဦး သေဒဏ်ချမှတ်ခံရ click
- မြန်မာ (၆) ဦး မလေးရှားတွင် သေဒဏ်ပေးခံရ click
- ပျော်ပွဲစားခရီးကြောင့် မော်လမြိုင်တက္ကသိုလ်ကျောင်းသားများ စစ်ဆေးခံရ click
- မိုးသက်လေပြင်းကြောင့် တံငါလှေ အစီး (၂၀) မှောက်၊ (၁၀) ဦးထက်မနည်း သေဆုံး click
- ဗကသအဖွဲ့ဝင် မောင်ရဲမြတ်ဟိန်းကို ထောင် (၂) နှစ် ထပ်မံချမှတ် click
- မိုးကြီးသောကြောင့် ဂျိုင်းမြစ်နံဘေးရှိ ရွာများ ဒုက္ခရောက် click
- ကျေးလက်တောရွာ မီးရှို့ဖျက်ဆီးပြီးနောက် စစ်အစိုးရတပ် မုဒိမ်းကျင့်မှု ထပ်မံကျူးလွန် click
- မြ၀တီမြို့က လူမှောင်ခိုကူးသည့်အိမ်ကို ဗုံးခွဲ click
- မြန်မာပြည်အထက်ပိုင်းက ရဲတွေ နေပြည်တော်မှာ လက်နက်သွားထုတ် click
- ကျောင်းသားအရိုက်ခံရမှု ကျောင်းအုပ်ပါနေ၍ ကျောင်းသားများ မကျေနပ် click
- စားဆီနှင့် ဆီထွက်သီးနှံ ဈေးခုန်တက် click
- နယ်စပ်မှတဆင့် ရွှေအရောင်းအဝယ်လုပ်သူ များပြား click
- ပြည်တွင်းအရက်ချက်စက်ရုံများအား စစ်ဆေးသင့်ဟု ဆရာဝန်များက ရှုမြင် click
- နာဂစ်အလှူပစ္စည်းများ ဂိုဒေါင်အတွင်း ပျက်စီးနေ click
- ဘင်္ဂလား လက်ကိုင်ဖုန်း အခွန်ငွေ (၂) သိန်း ပေးဆောင်ရ click
- နိုင်ငံပိုင်စီးပွားရေးလုပ်ငန်း (၅၇) ခု လေလံတင်မည် click
- မြန်မာနိုင်ငံ မမွဲသေးပါ၊ ပြည်သူများ ဆင်းရဲရခြင်းသည် သယံဇာတ ချို့တဲ့ခြင်းကြောင့်မဟုတ် စစ်အစိုးရ ကြောင့်သာဖြစ် (ဆောင်းပါး) click
- မန္တလေးတိုင်းတွင် ယခင်နှစ်များထက် မိုးနည်း click
- မုံရွာတွင် (၂) ရက်ကမည့် စင်တင်ပြဇာတ် (၁) ရက်တည်းနှင့် ရပ် click
- ဘန်ကောက် ဖက်ရှင်ပြပွဲတွင် မြန်မာများ အစွမ်းပြမည် click
- သြဂုတ်လ (၁၂) ရက် လွတ်လပ်အတွေး ဆွေးနွေးဖလှယ် click
- သောကြာစကားဝိုင်း (သြဂုတ် ၇၊ ၂၀၀၉) click
- လရောင်အတွက် ရန်ဖြစ်ခြင်း (ကဗျာ) click
- ခေတ်ပြိုင်အားကစား click
မတူတာလေးတွေ (ကာတွန်း ဟန်လေး - ဧရာဝတီဝက်ဘ်ဆိုက်)
- Suu Kyi is ‘Part of the Problem’: Goh Chok Tong click
- Women’s Groups Want to See Than Shwe before the ICC click
- Myanmar arrests 15 dissidents on bomb charges click
- Putting Burma's Junta on Trial click
- Accused has more fits click
- American Intruder Has Another Seizure click
- Road crash kills 8 and injures 23 on Myanmar highway click
- Price of Cooking Oil Rises click
- Pariahs of Asia and Their Nukes click
- Influenza cases increase to 15 in Myanmar click
- US Senator to visit Burma click
- Dictatorship 101 click
- Democracy in pixelated action click
- Ban briefs Group of Friends on Myanmar on latest developments click

အပြည့်အစုံသို့...

သမအသင်း စာရင်းရှင်း (ကာတွန်း ရာဇာ၊ မြန်မာ့အလင်းသတင်းစာ၊ ၈-၆-၇၄)

အပြည့်အစုံသို့...

Thursday, August 6, 2009

မြန်မာ့ရေးရာ သတင်းပဒေသာ (၆-၈-၀၉)

- အမေရိကန်အထက်လွှတ်တော်အမတ် Webb မြန်မာအပါအ၀င် အာရှ (၅) နိုင်ငံ ခရီးထွက်ဖို့ရှိ click
- ဒေါ်အောင်ဆန်းစုကြည်အမှု စီရင်ချက်ရွှေ့ဆိုင်းလိုက်တာက ပြည်တွင်းနှင့် နိုင်ငံတကာ တုံ့ပြန်မှုတွေကြောင့် ဟုဆို click
- ဒေါ်အောင်ဆန်းစုကြည် အိမ်အမှုကိစ္စ ရှေ့နေအဖွဲ့နဲ့တွေ့ click
- နေအိမ်ခြံဝင်းကိစ္စအတွက် ဒေါ်အောင်ဆန်းစုကြည်နှင့် ရှေ့နေများ တွေ့ဆုံ click
- ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေး ကြိုးပမ်းမှု မြန်မာမိတ်ဆွေများအဖွဲ့ ထောက်ခံ click
- မြန်မာ့မိတ်ဆွေနိုင်ငံများနဲ့ ဘန်ကီမွန်း တွေ့ဆုံ click
- ကုလအတွင်းရေးမှူးချုပ်၏ တောင်းဆိုချက်ကို မိတ်ဆွေနိုင်ငံများ သဘောတူ click
- မြန်မာ့အရေးကို ကုလသမဂ္ဂက ထိရောက်စွာ ဖြေရှင်းနိုင်မှု ရှိနိုင်မရှိနိုင် click
- သျှမ်း-ကချင်နယ်စပ် စစ်အစိုးရတပ် အင်အားတိုးမြင့် KIA ကို တိုက်ဖွယ်ရှိ click
- ရန်ကုန်မြို့၏ အချက်အချာနေရာတော်တော်များများမှာ လမ်းပိတ်သံဆူးကြိုး သစ်သားတိုင်များချထား click
- ကျေးရွာမီးသတ်တပ်ဖွဲ့များ ရခိုင်ပြည်နယ်အနှံ့ ဖွဲ့စည်းနေ click
- ကလေးစစ်သားအသုံးမချရေး ကုလဆုံးဖြတ်ချက် လူ့အခွင့်အရေးအဖွဲ့ ကြိုဆို click
- သတင်းစာပါ ဖက်ဒရယ်မူ အဓိပ္ပါယ်ဖွင့်ဆိုချက် ဦးရွှေအုံး ကန့်ကွက် click
- သံဃာတော်တွေကို တောင်းပန်ပါတယ် click
- မလေးရှားရောက် မြန်မာ (၆) ဦး ဂိုဏ်းဖွဲ့လူသတ်မှုနဲ့ ကြိုးမိန့်ပြစ်ဒဏ်ပေးခံရ click
- မှန်ကန်သော စီးပွားရေးပြုပြင်မှုများ လုပ်သင့်ပြီဟု ပညာရှင်နှိုးဆော် click
- မန္တလေးဆေးရုံကြီး သွေးအရောင်းအ၀ယ်သတင်းကြောင့် သွေးလှူသူ နည်းပါးသွား click
- ကချင်ပြည်နယ်မှာ ကြက်ဆူစိုက်ပျိုးရေး အဓမ္မ အလုပ်ခိုင်းစေနေဆဲ click
- ထိုင်းနယ်စပ်ရောက် နိုင်ငံရေးအကျဉ်းသားဟောင်းမောင်နှံ အတွေ့အကြုံရှင်းပြ click
- ကရင့်ရိုးရာ ချည်ဖြူဖွဲ့မင်္ဂလာအခမ်းအနား ကျင်းပ click
- ရွှေ့ပြောင်းကလေးငယ်ကို ဖမ်းဆီးသည့်အပေါ် လူ့အခွင့်အရေးအဖွဲ့ စိုးရိမ် click
- ကြက်ဆူပင်စိုက်လုပ်အားပေး တအိမ်တယောက်ဆင့်ခေါ် click
- ဂါထာ ရှစ်ဆယ့်ရှစ် (ကဗျာ) click
- U.S. Senate's Webb to visit Myanmar this month click
- Burma Isn’t Broke click
- Undercover journalism in Burma – true heroism in action click
- ဒေါ်အောင်ဆန်းစုကြည်နဲ့ ရှေ့နေအဖွဲ့ ထပ်တွေ့ခွင့်ရ click
- ဒေါ်အောင်ဆန်းစုကြည်ကို (၁၁) ရက်နေ့ နောက်ဆုံးထား လွှတ်ပေးရန် တောင်းဆို click
- ကေအန်ယူကို ထိုးစစ်ဆင်ရန် ဒီကေဘီအေတပ်များ ဘုရားသုံးဆူသို့ ရောက်ရှိ click
- နယ်ခြားစောင့်တပ်အသွင် ပြောင်းမည်မဟုတ်ဟု မွန်ပြည်သစ်ပါတီ ပြော click
- စစ်ရေးဖိအားဖြင့် ပြဿနာကို ဖြေရှင်း၍မရကြောင်း စစ်အစိုးရအား မွန်ပြည်သစ် သတိပေး click
- အင်အားပြအကျပ်ကိုင်မှု မွန်ပြည်သစ်ပါတီ လက်ခံမည်မဟုတ် click
- ငြိမ်းအဖွဲ့ဝင်များ နယ်ခြားစောင့်တပ်အသွင် မပြောင်း၍ စစ်အင်အားဖြည့်တင်း click
- ဒီကေဘီအေက တပ်သားသစ်ကောက်ခံ၍ ရွာသားများ ထိုင်းဘက်ထွက်ပြေး click
- စစ်တကောင်းတောင်တန်းနယ်မှ ပြန်ပေးဆွဲမှု ရခိုင်လက်နက်ကိုင်များနှင့် ပတ်သက်မှုမရှိ click
- မြန်မာနိုင်ငံအခြေအနေ ကုလအတွင်းရေးမှူးချုပ် ရှင်းလင်း click
- နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးရန် ဘန်ကီမွန်း ထပ်မံတိုက်တွန်း click
- မြန်မာပြည်က ကလေးစစ်သားအရေး ကုလသမဂ္ဂက စုံစမ်းစစ်ဆေးမည် click
- နအဖ နျူကလီယားအစီအစဉ်ကို စုံစမ်းဖော်ထုတ်မည် click
- ရှစ်လေးလုံးအကြို ပဲခူးမှာ ပိုစတာတိုက်ပွဲစတင် click
- အင်းစိန်မြို့နယ်တွင် လုံခြုံရေးအင်အား တိုးမြှင့်ချထား click
- ဦးတင်ယုကို အင်းစိန်ထောင်ဆေးရုံတင်ထား၊ မျိုးကျော်ဇင်ကို တိုက်ပိတ် click
- ပူတာအိုထောင်မှ နိုင်ငံရေးအကျဉ်းသားများ ဆေးကုသမှု လိုအပ် click
- တုပ်ကွေးကြောင့် သေဆုံးသူ (၈၁) ဦး ရှိပြီ click
- တနင်္သာရီနှင့် ရခိုင်ကမ်းရိုးတန်းမှာ မိုးသက်လေပြင်းကျနိုင်၊ လှိုင်းကြီးနိုင် click
- မန္တလေးတွင် မိုးခေါ်ပွဲများ ကျင်းပ click
- (၁ဝ) နှစ်သမီး သေဆုံးမှု တရားခံ သေဒဏ်ကျ click
- မလေးရှားရောက် မြန်မာ (၆) ဦး လူသတ်မှုဖြင့် သေဒဏ်ချမှတ် click
- မလေးရှားမှ မြန်မာ (၆) ဦး သေဒဏ်ပေးခံရ click
- ရန်ကုန်လေဆိပ်တွင် မူးယစ်ဆေးပြားများ ဖမ်းဆီးရမိ click
- ကြက်ဆူပင်စိုက်လုပ်အားပေး တအိမ်တယောက် ဆင့်ခေါ် click
- ကြံ့ခိုင်ရေးအဖွဲ့ဝင်တဦး အရိုက်ခံရတဲ့အပြင် ပုဒ်မ (၂) ခုနဲ့ တရားစွဲခံနေရ click
- ကချင်ပြည်နယ်အတွင်း လိုင်စင်မဲ့ကားများ ပြန်လည်အသုံးပြုလာ click
- ဝန်ဆောင်ခ မတတ်နိုင်သဖြင့် နိုင်ငံခြားထွက်မည့်သူ နည်းပါး click
- စားသောက်ကုန် ဓာတ်ခွဲခန်းဆောက်ရန် ဂျပန်နှင့် ဆွေးနွေးနေ click
- ကြွပ်ကြွပ်အိတ် အစားထိုးအိတ်များ ဈေးနှုန်းမြင့်တက်နေ click
- စာရေးဆရာ မောင်သာရ ၀တ္ထုပြန်ရေးမည် click
- ဒီမိုး ... ဒီရေ ... ဒီလူတွေနဲ့ ကျနော်တို့ ဘာဆက်လုပ်ကြမလဲ (၈၈၈၈ အထူးဆောင်းပါး) click
- အနှစ် ... နှစ်ဆယ် လွန်သော် (၈၈၈၈ အထူးဆောင်းပါး) click
- နွေဦး အဘယ့်ကြောင့် နောက်ကျနေပါလိမ့် (၈၈၈၈ အထူးဆောင်းပါး) click
- မူဝါဒများနှင့် စကားပြောခြင်း (ဆောင်းပါး) click
- ဒီမိုကရေစီအင်အားစုရဲ့ ၂၀၀၉ ခြေလှမ်း (ဆောင်းပါး) click
- ငြိနေပြီ (၀တ္ထုတို) click
- အိပ်မက်လှလှ မက်ရအောင် (ဆောင်းပါး) click
- ဘ၀နေကြာပန်းများ (ကဗျာ) click

မယ်တော်ဆေးခန်းမိသားစု၏ ၈၈၈၈ (၂၁) နှစ်မြောက် အထိမ်းအမှတ်အခမ်းအနား ဖိတ်ကြားလွှာ
- Security Beefed Up on University Ave click
- US man's health in Suu Kyi case 'could delay verdict' click
- UN Chief Repeats Call to Release All Political Prisoners click
- Ban Briefs Group Of Friends On Myanmar click
- Australian expert convinced Burma developing nukes click
- Southeast Asian Nations risk dissension by ignoring human rights click
- A/H1N1 influenza cases rise to 14 in Myanmar click
- 6 Myanmese to hang in M'sia click
- Drugs Seized at Rangoon Airport and Outside Tachilek click
- Myanmar's crackdown on illicit drug trafficking gets momentum click
- Myanmar cooperating with int'l community in combating human trafficking click

အပြည့်အစုံသို့...

ခုတလော ငါစဉ်းစားနေတာ ဖက်ဆစ်ဝါဒနဲ့ ခုံရုံးတင်ခံရသူ ကဗျာဆရာ အယ်ဇ ရာပေါင်း (သစ်ကောင်းအိမ်)

ခုတလော ငါစဉ်းစားနေတာ
ဖက်ဆစ်ဝါဒနဲ့ ခုံရုံးတင်ခံရသူ ကဗျာဆရာ အယ်ဇရာပေါင်း

သစ်ကောင်းအိမ်
(Design-Ko Latt)

ဒီနေ့တော့
လူသန်းပေါင်းခြောက်ဆယ်ထဲမှာမှ
ကိုယ့်ကိုယ်ကို ရွေးပြီး
အားနာတယ် …

ထွက်ပြေးခဲ့တယ်
ငါ့ခြေထောက်ကို ထမ်းထားရတဲ့
ငါ့ပြေးလမ်းတွေ တော်တော်မောပမ်းနေမှာပဲ
အားနာတယ် …

ကိုယ်ဖော့ခဲ့တယ်
ငါ့ကျောကို ထမ်းထားရတဲ့ ရေပြင်ကြီး
သူ့ပုခုံး လေးလံနေမှာပဲ
အားနာတယ် …

အာဏာရှင်စနစ်မှာ
ဝရမ်းပြေးဖြစ်ပြီး
အရင်းရှင်စနစ်ထဲမှာ
ငယ်သံပါအောင် အလန်း (alarm) မြည်နေရတဲ့
နာရီတလုံးကို
အားနာတယ် …

အလို …
ခေတ်ကြီးကိုယ်နှိုက်ကိုက
မိန်းမတယောက်ရဲ့ ထမီနား
ခိုစားလို့ပါလား …

ဘ၀ဆိုတာကတော့
အမေရိကားကနေ
သခင်ကိုယ်တော်မှိုင်း ဖြစ်ချင်လို့ မရသလို
ပရိုပိုဆယ် တောအုပ်ထဲမှာလည်း
ချေဂွေဗားရား လုပ်လို့တော့ မရဘူးပေါ့ကွာ ...

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို
ဝိုင်းရံဖို့မပြောနဲ့
အုတ်လမ်းမှတ်တိုင်တောင်
ဘယ်နေရာရှိမှန်းမသိတဲ့ကောင်ပါ ...

ဒီနေ့တော့ …
လူသန်းပေါင်း ခြောက်ဆယ်ထဲမှာမှ
ကိုယ့်ကိုယ်ကို ရွေးပြီး
အားနာတယ် ...။ ။

သစ်ကောင်းအိမ်
(၁၂၊ ဇူလိုင်၊ ၀၉)
(မနော်ဟရီရဲ့ ကဗျာပြပွဲမှ ...)

အပြည့်အစုံသို့...

“နိုင်ငံရေးဦးဆောင်မှုကင်းရင် လူထုလှုပ်ရှားမှုဆိုတာ ခဏတဖြုတ်ပဲ ဖြစ်နိုင် တယ်” (ဆရာကြီး ဦးဝင်းတင်နှင့် ခေတ်ပြိုင်အင်တာဗျူး)

“နိုင်ငံရေးဦးဆောင်မှုကင်းရင် လူထုလှုပ်ရှားမှုဆိုတာ ခဏတဖြုတ်ပဲ ဖြစ်နိုင်တယ်”
(ဆရာကြီး ဦးဝင်းတင်နှင့် အင်တာဗျူး)

(ခေတ်ပြိုင်အင်တာနက်စာမျက်နှာမှ ...)

၈-၈-၈၈ တွင် ပေါ်ပေါက်ခဲ့သည့် ရှစ်လေးလုံးဒီမိုကရေစီအရေးတော်ပုံ ကာလတလျှောက် ဖြစ်ပျက် ခဲ့သည့် အဖြစ်အပျက် ရလဒ်များနှင့် နိုင်ငံရေးအမြင်များကို ကိုယ်တွေ့ကြုံခဲ့ရသည့် အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်တဦးဖြစ်သူ သတင်းစာဆရာကြီး ဦးဝင်းတင်နှင့် ခေတ်ပြိုင်ဆက်သွယ်မေးမြန်းချက် အထူးအစီအစဉ်

မေး။ ။ ရှစ်လေးလုံးဒီမိုကရေစီအရေးတော်ပုံ လူထုအုံကြွမှုကြီးကို ကြုံတွေ့ဖြတ်သန်းလာခဲ့သူတယောက်အနေ နဲ့ ဒီအရေးတော်ပုံကြီး ဘယ်လိုပေါ်ပေါက်လာရတယ်ဆိုတာ သိပါရစေ။

ဖြေ။ ။ ရှစ်လေးလုံးပေါ်လာတာ ရုတ်တရက် ထပေါ်လာတာမဟုတ်ဘူးလေ၊ နောက်ကြောင်းလေးကလည်းရှိ တယ်။ နှစ်နဲ့ကိုချီပြီး ဖြစ်ခဲ့တာ။ ၆၂ ခုနှစ် စစ်အစိုးရတက်လာတော့ ကျောင်းသားတွေက ကန့်ကွက်ကြတယ်။ ဆန္ဒပြကြတယ်။ အဲဒီပေါ်မှာ တည်ပြီးတော့ နောက်ဆုံး တက္ကသိုလ်သမဂ္ဂအဆောက်အအုံ မိုင်းဗုံးအခွဲခံရတဲ့ အ ဆင့်အထိ ရောက်ခဲ့တယ်ပေါ့။ ဒါက စစချင်းဖြစ်တာ။ အဲဒီနောက်ပိုင်းမှာလည်း ဆန်စပါးရှားလို့ ဖြစ်တာတွေ၊ တရုတ်-ဗမာအဓိကရုဏ်းဖြစ်တာတွေ၊ နောက်ကျောင်းသားတွေကို တောထဲမောင်းထုတ်တာတို့၊ ဖမ်းတာဆီး တာ၊ ထောင်ထဲမှာ ညှဉ်းပန်းနှိပ်စက်တာတွေ အထိပေါ့ဗျာ။ တလျှောက်လုံးဟာ အဲဒီကိစ္စတွေပေါ်တည်ပြီး ကျောင်းသားလူငယ်တွေရဲ့ မျိုးဆက်အသစ်တွေ အသစ်တွေက ဆက်လုပ်သွားတယ်ဆိုတာကို ပြတာပေါ့။

ဥပမာ ၁၉၆၂ ခုနှစ်လောက်က လှုပ်ရှားခဲ့တဲ့ ကျောင်းသားခေါင်းဆောင် ကိုဗဆွေလေးတို့လို ခေါင်းဆောင်မှုက နေပြီးတော့ ပြောင်းလာလိုက်တာ ၈၈ နားရောက်တဲ့အခါကျတော့ မင်းကိုနိုင်တို့၊ ကိုကိုကြီးတို့၊ မင်းဇေယျာတို့ စတဲ့ ကျောင်းသားခေါင်းဆောင်တွေအထိ တက်လာပြီးတော့ နောက်ဆုံးပိတ်ကြတော့ ရှစ်လေးလုံး ပေါ်လာ တာပဲပေါ့။

“နိုင်ငံရေးခေါင်းဆောင်မှု မရှိဘူးဆိုရင် လှုပ်ရှားမှုဖြစ်မလာဘူးဗျ။ နိုင်ငံရေးလှုပ်ရှားမှုကို ဦးဆောင်နိုင်တဲ့အနေအထားမျိုးကို ပေးနိုင်တဲ့၊ တွန်းအားပေးနိုင်တဲ့၊ ဦးဆောင်မှုပေးနိုင်တဲ့ဟာမျိုးက အန်အယ်လ်ဒီမှာရှိတယ်။ ကျောင်းသားလူငယ်တွေ မျိုးဆက်သစ်လူငယ်တွေဆီမှာရှိတယ်။ ဒါပဲဗျ။”

ရှစ်လေးလုံးကာလကို ပြန်ကြည့်တဲ့အခါကျလည်း စောစောကပြောခဲ့သလို ဒီကိစ္စဟာ ကျောင်းသားလူငယ်များ ရဲ့ လှုပ်ရှားမှုသက်သက်မဟုတ်ဘူး။ ရဟန်းသံဃာများ၊ စာနယ်ဇင်း စာပေသမားများအပါအ၀င် အားလုံးရဲ့လှုပ် ရှားမှုဖြစ်တဲ့အတွက် နောက်ဆုံးကြတော့ ဒီအရေးတော်ပုံကြီးပေါ်ခဲ့တယ်။ ဒါကြောင့် ဒီကာလ ဆန္ဒပြကြတဲ့အခါ မှာ အလွှာအသီးသီးက အကုန်လုံးပါတယ်။ အိမ်ရှင်မတောင်ပါတယ်ဗျာ။ ကျောင်းသားတွေက ခေါင်းဆောင် တယ်ဆိုတာမှန်တယ်၊ ကျောင်းသားလူငယ်များက ရှေ့ဆောင်တာပေါ့။ သို့သော် ရှစ်လေးလုံးဟာ ရုတ်တရက် ပေါ်လာခြင်းမဟုတ်ဘူး။ နှစ်ပေါင်း (၂၀) ကျော် တော်လှန်ရေးအစိုးရ စတက်တဲ့ အချိန်ကစပြီး လူထုရဲ့ဆန္ဒ တွေနဲ့ ရုန်းကန်မှုတွေနဲ့ ပေါ်ထွက်လာတာလို့ ပြောချင်ပါတယ်။

မေး။ ။ ရှစ်လေးလုံးအရေးတော်ပုံမှာ အဓိကတောင်းဆိုချက်က ဘာပါလဲဆရာ။

ဖြေ။ ။ အဓိက တောင်းဆိုချက်ကတော့ ဒီမိုကရေစီတောင်းဆိုချက်ပဲဗျ။ သို့သော် ပထမရက်ပိုင်းလေးမှာ တောင်းဆိုချက်တွေကတော့ မတရားဖမ်းဆီးချုပ်နှောင်တာတို့ကို ကန့်ကွက်တဲ့ဟာ၊ နောက်ကျောင်းသားတွေ ကလည်း သူတို့ရဲ့ တကသအဆောက်အအုံဖြစ်တာတွေ ဘာတွေနဲ့ပတ်သက်ပြီးတော့ အဲဒီတုန်းက အပြစ်ရှိတဲ့ သူတွေကို အရေးယူဖို့ တောင်းဆိုတာမျိုးတွေ ပါလာတယ်။ စာနယ်ဇင်းသမဂ္ဂက ကျနော်တို့တွေဆိုလို့ရှိရင် လည်း စာနယ်ဇင်းလွတ်လပ်ခွင့်ကို တောင်းဆိုတာတွေ ပါတယ်ပေါ့ဗျာ။ နောက်တခါ ကွန်မြူနစ်အင်အားစုတွေ အနေကျတော့လည်း အခြေခံဥပဒေကို ဖျက်သိမ်းဖို့ စသည်ပေါ့ဗျာ ဒီလိုတောင်းဆိုချက်တွေပါတယ်။

စစ်အာဏာရှင်စနစ်ရဲ့ မတရားဖိနှပ်မှုတွေကြောင့် မခံမရပ်နိုင်ဖြစ်ပြီးတော့ လူထုတွေအားလုံးက အုံကြွလာတဲ့ သဘောပေါ့။ အရေးတော်ပုံကာလမှာ နောက်ဆုံးတော့ အဓိကတောင်းဆိုချက်က တိုင်းပြည်မှာ ဒီမိုကရေစီ ပြောင်းလဲရေးလုပ်ဖို့ စစ်အစိုးရ ထွက်ပေး၊ စစ်အစိုးရကို ဖယ်ရှားပြီးတော့ ဒီမိုကရေစီစနစ်ထူထောင်ဖို့ ဆိုတဲ့ တောင်းဆိုချက်က အဓိကအကျဆုံးဖြစ်လာတယ်။

မေး။ ။ ဒီလိုအရေးတော်ပုံကြီးရဲ့ရလဒ် ကောင်းကျိုးဆိုးကျိုးတွေက ဘာတွေပါလဲဆရာ။

ဖြေ။ ။ အဲဒီကာလအတွင်းမှာ အထင်ရှားဆုံးနဲ့ အကြီးဆုံးက ဒေါ်အောင်ဆန်းစုကြည်ဆိုသော နိုင်ငံရေးခေါင်း ဆောင်တဦး ပြည်သူကြားက၊ လှုပ်ရှားမှုကြားက ပေါ်ထွက်လာတယ်ပေါ့ဗျာ။ ဒေါ်အောင်ဆန်းစုကြည်က သူ့ ဟာသူ နဂိုကတည်းက ခေါင်းဆောင်ဖြစ်နေတာမဟုတ်ဘူး။ ဒီလှုပ်ရှားမှုက မွေးထုတ်လိုက်တာ။ အရေးတော် ပုံက မွေးထုတ်တဲ့ခေါင်းဆောင်။ နောက်အရေးတော်ပုံအတွင်းမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့အင်အားဟာ ဘယ်လောက်ကြီးမားသလဲဆိုတာကို ပြတဲ့ဟာကတော့ ရွှေတိဂုံအနောက်မုခ်မှာ ကျင်းပတဲ့ သူရဲ့ပထမဆုံးလူ ထုအစည်းအဝေးပေါ့ဗျာ။ အဲဒီအချိန်က ကျနော်လည်း စင်ပေါ်မှာရှိပါတယ်။ အဲဒီအချိန်မှာ လူထုအလွှာအသီး သီးက ပါဝင်လာကြတယ်။ လူ (၅) သိန်းလောက်ရှိမယ်။ အဲဒီထဲကနေပြီးတော့ ဒေါ်အောင်ဆန်းစုကြည်ဆို သော ခေါင်းဆောင်တယောက်ပေါ့ဗျာ၊ ဗိုလ် ချုပ်အောင်ဆန်းရဲ့သမီးအနေနဲ့ နောက် သူ့ရဲ့ ပြောတာဆိုတာ လုပ်တာကိုင်တာတွေကို ကြည့်ပြီးတော့ ခေါင်းဆောင်မှုကို အလိုလိုရလာတယ်။ အဲဒီကနေပြီးတော့ တိုင်းရင်း သားတွေဆီ ကလည်း ရလာတယ်။ ကျနော်ပြောခဲ့တဲ့ လှုပ်ရှားမှုထဲမှာ တိုင်းရင်းသားတွေကလည်း တော်တော် ကြီးကြီးမားမားကိုပါတယ်။ ရခိုင်တွေ၊ မွန်တွေ၊ ရှမ်းတွေ၊ ကချင်တွေ၊ ချင်းတွေ စသဖြင့်ပေါ့ဗျာ။

အရေးတော်ပုံကာလမှာ နောက်ဆုံးတော့ အဓိကတောင်းဆိုချက်က တိုင်းပြည်မှာ ဒီမိုကရေစီပြောင်းလဲရေး လုပ်ဖို့ စစ်အစိုးရ ထွက်ပေး၊ စစ်အစိုးရကို ဖယ်ရှားပြီးတော့ ဒီမိုကရေစီစနစ်ထူထောင်ဖို့ ဆိုတဲ့တောင်းဆိုချက် က အဓိကအကျဆုံးဖြစ်လာတယ်။ အဲဒီ ဒီမိုကရေစီမျှော်မှန်းချက်တွေဟာ နောက်ပိုင်းကျတော့ အန်အယ်လ်ဒီ လို အဖွဲ့ချုပ်ကြီးပေါ်လာတယ်။ နိုင်ငံရေးပါတီတခု။ အရေးတော်ပုံကနေ ပေါက်ဖွားလာတာ။ ဒီအန်အယ်လ်ဒီနဲ့ ပတ်သက်လို့ ဘယ်လောက်ပဲ မကျေနပ်စရာတွေ ကောင်းကောင်း၊ ဘယ်လောက်ပဲအားနည်းတာတွေ ရှိတယ် ပဲပြောပြော၊ ဒီပါတီဟာ အရေးတော်ပုံကနေ ပေါက်ဖွားလာတာလို့ ကျနော်တို့ ပြောလို့ရတယ်ဗျာ။

“နိုင်ငံရေးဦးဆောင်မှုကင်းရင် လူထုလှုပ်ရှားမှုဆိုတာ ခဏတဖြုတ်ပဲ ဖြစ်နိုင်တယ်။ အများကြီးမဖြစ်နိုင်ဘူး။ အခုဒီနေ့ဖြစ်နေတဲ့အနေအထားက ဒါပဲ။ အန်အယ်လ်ဒီဟာ ပါတီမပျက်ရေးသာရှိပြီး အဲဒီခေါင်းဆောင်မှုမှာ ထည့်ထားတဲ့လူတွေရဲ့ အနေအထားကျတော့လည်း အသက်ကြီးတဲ့ ပုဂ္ဂိုလ်တွေပဲ ရှိနေတဲ့အခါကျတော့ သူတို့အနေနဲ့ ပြည်သူလူထုနဲ့ နီးနီးကပ်ကပ်ထဲထဲဝင်ဝင်ပေါ့ဗျာ၊ ပြည်သူ့အောက်ခြေဆင်းပြီး ပြည်သူနဲ့အတူ လှုပ်ရှားနိုင်တဲ့ အနေအထားက မရှိဘူး။”

ဒီအရေးတော်ပုံကြီးလည်း ဖြစ်လိုက်ရော ဒီမိုကရေစီပြောင်းလဲမှုတွေကို အမျိုးမျိုးနဲ့ ဟန့်တားဖို့ မဆလအစိုးရ ကလည်း လုပ်တယ်။ နောက်ဆုံး ရွေးကောက်ပွဲများ လုပ်ပေးမယ်ဆိုတာမျိုးလုပ်တယ်။ အဲဒီအချိန်ကာလတုန်း က သဘောထားက ဘာလဲဆိုရင် ကျနော်တို့ လက်မခံနိုင်ဘူး။ မဆလအစိုးရကလုပ်ပေးတဲ့ ရွေးကောက်ပွဲကို ဘယ်လိုမှ လက်မခံနိုင်ဘူး။ သန့်ရှင်းတယ်လို့ မယူဆနိုင်ဘူးဆိုတဲ့အခါကျတော့ ရွေးကောက်ပွဲကိစ္စကနေ ဘယ်ကိုပြောင်းလာသလဲဆိုတော့ ကြားဖြတ်အစိုးရ ဖွဲ့စည်းဖို့ဆိုတဲ့ဟာ တောင်းလာတယ်။ အဲဒီကာလမှာ ဒေါ် အောင်ဆန်းစုကြည်လို ထင်ရှားတဲ့ခေါင်းဆောင်တွေ ပေါ်ထွက်လာတဲ့အချိန်မှာပဲ နိုင်ငံရေးသမားဟောင်းတွေ ကလည်း လူထုထဲပြန်ဝင်လာတယ်ပေါ့ဗျာ။ ဦးနုလို ပုဂ္ဂိုလ်မျိုး။ ဦးနုက အဲဒီအချိန်မှာ ကြားဖြတ်အစိုးရတခုကို ဖွဲ့လိုက်တယ်ပေါ့ဗျာ။ သူ့အစိုးရကို ဖွဲ့တယ်ဆိုပြီး ကြေညာတယ်။ သို့သော် ဦးနုက ဆန္ဒစောသွားတာ။ ဦးနုက ကျောင်းသားလူငယ်တွေနဲ့ တခြားလူတွေနဲ့ ညှိပြီးတော့ ကျုပ်ကတော့ ကျုပ်အစိုးရ အရင်ကရှိခဲ့တယ်။ ခင်ဗျား တို့တာဝန်ပေးရင် ကျုပ်အစိုးရအဖွဲ့ကို လုပ်မယ်ဆိုတဲ့သဘောမျိုး မပြောဘဲနဲ့ သူ့ဟာသူ တဖက်သတ် သူ့အစိုးရ တောင်းလိုက်တဲ့အခါကျတော့ သူ့အစိုးရပြိုသွားတယ်။ ပြိုသွားတဲ့ဟာကို ကြည့်ပြီးတော့ နောက်ပိုင်းမှာ လူတွေ က ကြားဖြတ်အစိုးရတောင်းခြင်းသည်လည်း တကယ့်နိုင်ငံရေးဖြေရှင်းမှု ဟုတ်ရဲ့လား၊ မဟုတ်ရဲ့လား သံသ ယတွေက ဖြစ်လာတယ်။ တွန့်ဆုတ်မှုတွေပေါ်လာတယ်။ တချို့ကတော့လည်း တောင်းမယ်ပေါ့။ သို့သော် ကြားဖြတ်အစိုးရ တောင်းမယ်ဆိုတဲ့ဟာ ခိုင်ခိုင်မာမာပေါ်လာတဲ့အခါ မဆလက ကြားဖြတ်အစိုးရဖွဲ့စည်းရေး တောင်မလုပ်တော့ဘဲနဲ့ စစ်တပ်ကိုခေါ်ပြီးတော့ လက်အပ်လိုက်တာပေါ့။

ဒီမိုကရေစီအကျိုးတွေကို မရလိုက်သော်ငြားလည်း ဒီနေ့ထိ ရှစ်လေးလုံးစိတ်ဓာတ်က မကွယ်ပျောက်ဘူး ရှိနေ တယ်။ နိုင်ငံရေးပါတီကြား၊ ကျောင်းသားလူငယ်ကြားထဲမှာ ရှိနေတယ်။ ဒီနေ့အန်အယ်လ်ဒီလို ဒီမိုကရေစီနိုင်ငံ ရေးရှင်သန်နေတာ၊ ရဟန်းသံဃာ၊ ပြည်သူ၊ ကျောင်းသားတွေထဲမှာ ရှင်သန်နေတာတွေအားလုံး ဒီနေ့နိုင်ငံရေး ဖြစ်ပေါ်မှုတွေအားလုံးဟာ ရှစ်လေးလုံးကနေအခြေခံခဲ့တဲ့ ရှစ်လေးလုံးစိတ်ဓာတ်ရဲ့ အသီးအပွင့်တချို့ပေါ့ဗျာ။

မေး။ ။ နိုင်ငံရေး အသီးအပွင့်တချို့ဖြစ်ထွန်းခဲ့ပြီး ဘာကြောင့်အောင်မြင်မှု မရှိတာပါလဲဆရာ။

ဖြေ။ ။ ပြည်သူလူထုကလည်း ခြေကုန်လက်ပန်းကိုကျနေပြီ။ ဒီနေ့ဒီအခါဆိုတာ နည်းနည်းမဟုတ်ဘူး။ စစ်အ စိုးရလက်အောက်မှာနေရတာ ဖိနှိပ်မှုတွေ၊ ချုပ်ချယ်မှုတွေ၊ ကန့်သတ်မှုတွေ၊ ထောင်သွင်းအကျဉ်းချမှုတွေ၊ တိုင်းသူပြည်သားတွေ စီးပွားရေးပျက်လာတာတွေ၊ တိုင်းသူပြည်သားက ကျောကော့နေအောင် ခံရတဲ့အခါကျ တော့ အတော့်ကိုအားနည်းနေပြီ။ ဒါကအခြေခံတခုပေါ့ဗျာ။

နောက်တခုက နိုင်ငံရေးခေါင်းဆောင်မှုကျတော့ အန်အယ်လ်ဒီက ပြည်သူလူထုကို ခေါင်းမဆောင်နိုင်ဘူး။ သုံး သပ်ကြည့်ရတာ ဘာလဲဆိုတော့ အဓိကက အန်အယ်လ်ဒီက လွန်ခဲ့တဲ့ကာလတွေ တလျှောက်လုံးမှာ ဒေါ်စုက ထောင်ကျလိုက်၊ ဒေါ်စုက ထောင်ထဲကထွက်လာတဲ့အခါ ဒေါ်စုက ပြန်ပြီးတော့အလုပ်လုပ်နိုင်တယ်။ ဒါပေမယ့် ချက်ချင်းထောင်ထဲပြန်ရောက် စသဖြင့်ပေါ့ဗျာ။ အဲဒီကာလမှာ အန်အယ်လ်ဒီခေါင်းဆောင်မှုကလည်း ဘာအ ဓိကထားနေလဲဆိုတော့ ပါတီမပျက်ရေး၊ ပါတီပြိုကွဲမသွားရေး၊ ပါတီကို ထိန်းသိမ်းထားရေးဆိုတဲ့အနေနဲ့ထား ပြီး တတ်နိုင်သမျှ စစ်အစိုးရအပေါ်မှာ ဆက်ဆံရေးက အတော်ကို တုံ့ပြန်မှုက အားနည်းတယ်။ အဲဒီအပေါ်မှာ လည်း စစ်တပ်က ဒါကိုသေချာသိတယ်။ သိတဲ့အတွက် ထိန်းထားပြီးတော့ အန်အယ်လ်ဒီကိုလည်း ပြရုပ်အနေ နဲ့ထားတယ်။ နိုင်ငံရေးလိုက်လျောမှုတွေမပေးဘဲနဲ့ ဖိနှိပ်ချုပ်ချယ်မှုတွေ လုပ်သထက်လုပ်နေတယ်။ အဲလိုအ ခြေအနေကြောင့် နိုင်ငံရေးခေါင်းဆောင်မှုမရှိတာလည်းပါတယ်။ ပြည်သူလူထု ခြေကုန်လက်ပန်းကျသွားတာ လည်းပါတယ်။ စီးပွားရေးကျပ်တည်းမှုတွေပေါ့ဗျာ။ တောင်သူလယ်သမားတို့ ဘာတို့ကျတော့လည်း စီးပွားရေး က တော်တော့်ကို ရုန်းကန်လုပ်နေရတယ်။

နောက်တခုက ပြည်သူလူထုကြားထဲမှာ ခြေကုန်လက်ပန်းကျရတဲ့အကြောင်းက ဘယ်လိုလဲဆိုရင် ဥပမာ - တ ခြားမပြောနဲ့ဗျာ။ လူထုအများစုဟာ ဆင်းရဲသားကိုမပြောနဲ့ တော်ရုံတန်ရုံ လူလတ်တန်းစားအထိလောက်မှာ ပင်လျှင် မိသားစုတစုဟာ အရင်တုန်းက အဖေအလုပ်လုပ်ရင် မိသားစုတစုလုံးစားနိုင်တယ်။ သို့မဟုတ် အဖေ နဲ့ အမေပါ အလုပ်လုပ်ကြမယ်ဆိုရင် ပိုပြီးတော့ ခိုင်ခိုင်မာမာလေး ရပ်တည်နိုင်တယ်။ အဲလိုဆိုတဲ့အခါမှာ ကျောင်းသားလူငယ်ဆိုတဲ့သူတွေဟာ အသက် (၂၀) လောက်အထိကို စဉ်းစားနိုင်တယ်၊ လှုပ်ရှားနိုင်တယ်၊ နိုင် ငံရေးတို့ ဘာတို့ စဉ်းစားနိုင်တယ်။

“လူထုကိုမျက်နှာမူတဲ့ နိုင်ငံရေးမလုပ်ရင် အန်အယ်လ်ဒီဟာ လွန်ခဲ့တဲ့နှစ်ပေါင်း (၂၀) လောက်အတွင်းမှာ ဖြစ်သလိုပဲ၊ လူထုကို မျက်နှာမမူဘူး။ မျက်နှာမူတာ ကုလသမဂ္ဂကို မျက်နှာမူချင်တယ်၊ နအဖကို မျက်နှာမူချင်တယ်၊ ပြင်ပမှာရှိတဲ့ အဖွဲ့အစည်းများကို မျက်နှာမူချင်တယ်။ လူထုနဲ့ပတ်သက်လို့ မလုပ်ဝံ့ဘူး။ ဆိုလိုတာက လူထုကို ခေါင်းမဆောင်နိုင်ဘူး၊ လူထုခေါင်းဆောင်မှု မပေးချင်ဘူး၊ မပေးနိုင်ဘူး ဆိုတဲ့အနေအထားမှာရှိတယ်။”

ဒီနေ့ခေတ်ကျတော့ မိသားစုတစုထဲမှာ လူ (၅) ယောက်ရှိရင် အငယ်ဆုံး သားသမီးတယောက်လောက်ပဲ အ လုပ်မလုပ်ဘဲ နေရမယ်။ ကျန်တဲ့လူက အလုပ်ဝိုင်းလုပ်မှသာလျှင် အိမ်ထောင်စုတစုကို ရပ်တည်နိုင်တဲ့ အနေ အထားဖြစ်လာတယ်ဗျ။ စစ်အစိုးရကလည်း ဒါကိုသိတယ်။ ဒါကြောင့် စစ်အစိုးရက အများကြီးစီးပွားရေးကို သူ တို့စစ်ဘက်မှာပဲ ပိုသုံးတယ်။ ပြည်သူအတွက် မသုံးဘူး။ ပြည်သူလူထုအနေနဲ့ကလည်း စားရေးသောက်ရေး တွက်ပြီး မိသားစုတစုမှာ လူ (၅) ယောက်ရှိရင် (၄) ယောက်လောက်က အလုပ်လုပ်နေရတဲ့ အနေအထားမျိုး ရောက်တယ်။ ဒီအခြေအနေတွေပေါ်တည်ပြီး နိုင်ငံရေးအားဖြင့် လည်းး ခြေကုန်လက်ပန်းကျလာတယ်။ နိုင်ငံ ရေးထဲမှာ ခြေစုံပစ်ဝင်နိုင်တဲ့ အနေအထားမျိုး၊ ခြေစုံပစ်ပြီးတော့ ထောက်ခံနိုင်တဲ့ အနေအထားမျိုးက လျော့ လာတယ်ပေါ့။

မေး။ ။ ရှစ်လေးလုံးအရေးတော်ပုံက ရရှိခဲ့တဲ့ ဒီမိုကရေစီအသီးအပွင့်တချို့ကို ဘယ်လိုဆက်ပြီး အကောင်အ ထည်ဖော်နိုင်မလဲဆရာ။ ဒီလိုအရေးတော်ပုံမျိုး နောက်ထပ်ပေါ်ပေါက်ဖို့ရော အလားအလာရှိပါသလားဆရာ။

ဖြေ။ ။ ဒါကဘယ်လိုပြောရမလဲဆို ကျနော်တို့ရဲ့လုပ်ဆောင်ချက်ကြောင့်၊ ကျနော်တို့အားနည်းချက်ကြောင့်ဆို ရင်တော့ ပေါ်နိုင်တဲ့အနေအထားက မရှိဘူးဗျ။ သို့သော် negative side က ပြန်ကြည့်မယ်ဆိုရင် ဒီစစ်အစိုးရရဲ့ ဖိနှိပ်ချုပ်ချယ်မှုက မခံနိုင်လောက်အောင်ကို ဖြစ်နေတယ်။ အဲဒီအထဲမှာ နိုင်ငံရေးဦးဆောင်မှု အားနည်းခြင်း ကြောင့်လည်း တဖက်ကနေ လျော့သွားတယ်။ တဖက်ကလည်း ဖိနှိပ်ချုပ်ချယ်မှုက အပြင်းထန်ဆုံးဖြစ်အောင် လုပ်နေတဲ့အခါကျတော့ ပြည်သူလူထုဆိုတာ ရှင်းရှင်းပြောရရင် စိတ်ဆိုးရင် ထပြီးဆူပူမယ်၊ ဆန္ဒပြမယ်ဆိုတာ တာ ဖြစ်နိုင်တာကိုး။ နိုင်ငံရေးခေါင်းဆောင်မှု မရှိဘူးဆိုရင် လှုပ်ရှားမှုဖြစ်မလာဘူးဗျ။ နိုင်ငံရေးလှုပ်ရှားမှုကို ဦးဆောင်နိုင်တဲ့အနေအထားမျိုးကို ပေးနိုင်တဲ့၊ တွန်းအားပေးနိုင်တဲ့၊ ဦးဆောင်မှုပေးနိုင်တဲ့ဟာမျိုးက အန်အယ် လ်ဒီမှာရှိတယ်။ ကျောင်းသားလူငယ်တွေ မျိုးဆက်သစ်လူငယ်တွေဆီမှာရှိတယ်။ ဒါပဲဗျ။

ဗမာပြည်ရဲ့ဒီနေ့နိုင်ငံရေးမှာ အရေးကြီးဆုံးက တိုင်းရင်းသားတွေ ဖြစ်ပေမယ်လို့ တိုင်းရင်းသားဆိုတာက လူ နည်းစုကိုး။ ရန်ကုန်လို၊ မန္တလေးလိုနေရာမျိုး လူထုအုံကြွမှုတွေဖြစ်ဖို့ကျတော့ တိုင်းရင်းသားတွေက သိပ်ပြီး တော့ ဦးဆောင်နိုင်တဲ့ အနေအထားမရှိဘူး။ သူတို့ပါဝင်ရင် ပါဝင်မယ်ပေါ့။

နိုင်ငံရေးဦးဆောင်မှုပေးနိုင်တာက အဓိကအားဖြင့် (၂) ခုပဲရှိတယ်။ အန်အယ်လ်ဒီ နိုင်ငံရေးအတိုက်အခံ ဒီမို ကရေစီအင်အားစု၊ နောက်တခုကတော့ ကျောင်းသားလူငယ်ပေါ့။ အဲဒါကိုကြည့်တဲ့အခါကျတော့လည်း မြင်တဲ့ အတိုင်းပဲ။ ကျောင်းသားလူငယ်က လည်း အကုန်လုံးလိုလို ထောင်ထဲရောက်တယ်။ ထောင်ထဲရောက်တာ တောင်မှ အင်းစိန်လိုဟာမျိုး ထောင်ထဲရောက်ရင် အဆက်အသွယ်ရအုံးမယ်။ ဟိုးတပြည်လုံးဖြန့်ပြီးတော့ နယ် စွန်နယ်ဖျား ပူတာအိုတို့၊ ခန္တီးတို့၊ ကျိုင်းတုံတို့၊ မိုင်းဆတ်တို့၊ ဒီဘက် ဘူးသီးတောင်မောင်းတောတို့၊ ကော့ သောင်းတို့ဆိုတဲ့အထိ ဖြန့်ချပြီးတော့ ကျောင်းသားအင်အားစုကိုလည်း ပြိုကွဲအောင် လုပ်ပစ်လိုက်တာကိုဗျ။ အဲတော့ နိုင်ငံရေးဦးဆောင်မှုပေးမယ့် အင်အားနှစ်ခုလို့ အဓိကပြောရမယ့် ကျောင်းသားလူငယ်နဲ့ အန်အယ် လ်ဒီလိုဟာမျိုးက မလုပ်နိုင်ဘူးဖြစ်နေတယ်။

ကောင်းပြီး အဲလိုဆိုရင် ခေတ်အဆက်ဆက်မှာ နိုင်ငံရေးဦးဆောင်မှု ပုံသဏ္ဌာန်တခုခုသာ ရလိုက်ရင် လှုပ်ရှား နိုင်တဲ့အင်အားက (၃) ခုရှိတယ်။ အလုပ်သမား၊ လယ်သမား၊ ကျောင်းသားလူငယ်ပေါ့။ သို့သော် ဒီအင်အားစု တွေဟာ နိုင်ငံရေးဦးဆောင်မှုနဲ့ ဆက်နေတာ၊ ဥပမာ ဆရာစံသူပုန်လိုဟာမျိုးဆိုရင် လယ်သမားက အုံကြွလာ တယ်။ ဘာဖြစ်လို့ဖြစ်လဲ၊ ဂဠုန်ဆိုတဲ့ ဆရာစံလို ပုဂ္ဂိုလ်မျိုးတွေရဲ့ နိုင်ငံရေးဦးဆောင်မှုက ရှိခဲ့လို့ဗျ။ ကျောင်း သားအရေးတော်ပုံတွေဖြစ်ခဲ့တယ်။ ဗိုလ်ချုပ်အောင်ဆန်းတို့၊ ဗိုလ်အောင်ကျော်တို့၊ ဦးဗဆွေတို့၊ သခင်ဗဟိန်း တို့ စတဲ့ပုဂ္ဂိုလ်တွေရဲ့ ဦးဆောင်မှုက အများကြီးပါခဲ့တယ်။ နိုင်ငံရေးဦးဆောင်မှုကင်းရင် လူထုလှုပ်ရှားမှုဆိုတာ ခဏတဖြုတ်ပဲ ဖြစ်နိုင်တယ်။ အများကြီးမဖြစ်နိုင်ဘူး။ အခုဒီနေ့ဖြစ်နေတဲ့အနေအထားက ဒါပဲ။ အန်အယ်လ်ဒီ ဟာ ပါတီမပျက်ရေးသာရှိပြီး အဲဒီခေါင်းဆောင်မှုမှာ ထည့်ထားတဲ့လူတွေရဲ့ အနေအထားကျတော့လည်း အ သက်ကြီးတဲ့ ပုဂ္ဂိုလ်တွေပဲ ရှိနေတဲ့အခါကျတော့ သူတို့အနေနဲ့ ပြည်သူလူထုနဲ့ နီးနီးကပ်ကပ်ထဲထဲဝင်ဝင်ပေါ့ ဗျာ၊ ပြည်သူ့အောက်ခြေဆင်းပြီး ပြည်သူနဲ့အတူ လှုပ်ရှားနိုင်တဲ့ အနေအထားက မရှိဘူး။

မေး။ ။ ဒါဆို အန်အယ်လ်ဒီ ဘာလုပ်သင့်ပါသလဲဆရာ။

ဖြေ။ ။ ဒါက အနာဂတ်နဲ့ချီပြောမှ ရမယ့်ကိစ္စဖြစ်တယ်။ အခုအစိုးရက ရွေးကောက်ပွဲကျင်းပမယ်။ ဘာလို့ကျင်း ပမလဲဆိုတော့ သူတို့ရွေးကောက်ပွဲ ကျင်းပမှသာလျှင် သူတို့ ဓားပြတိုက်သလိုလုပ်ထားတဲ့ ပြည်သူ့ဆန္ဒနဲ့ (၉၂) ရာခိုင်နှုန်းနဲ့ ဖြစ်တည်လာတယ်ဆိုတဲ့ အခြေခံဥပဒေကို အတည်ပြုနိုင်မယ်။ ရွေးကောက်ပွဲတွေလုပ်မှ လွှတ် တော်ပေါ်မယ်။ လွှတ်တော်ပေါ်မှ အခြေခံဥပဒေကို အတည်ပြုနိုင်မယ်။ ဒီအခြေခံဥပဒေသာ အသက်ဝင်သွား မယ်ဆိုရင် သူတို့ဟာ လာမယ့်နှစ်ပေါင်း (၂၀)၊ (၂၅)၊ (၃၀)၊ (၄၀) တောင် လွှမ်းမိုးနိုင်မယ်လို့ ထင်နေတာပေါ့။ ဖြစ်တာမဖြစ်တာ တပိုင်းပေါ့။

“ဒါပေမယ့် လှုပ်ရှားမှုသာပေါ်ရင်တော့ ကျနော်တို့သေချာတာတခုက ရွှေဝါရောင်တော်လှန်ရေးတုန်းက အန်အယ်လ်ဒီက ကျန်ခဲ့တယ်။ ဘေးမှာထိုင်ကြည့်နေခဲ့တယ် ဆိုတဲ့အနေအထားမျိုးကနေ ဒီနေ့ ဒေါ်စုကိစ္စမျိုးပေါ်လာမယ်ဆိုရင်တော့ အန်အယ်လ်ဒီတွေပါ ရောပါလာလိမ့်မယ်လို့ ယူဆတယ်။”

အခုအရေးအကြီးဆုံးက ဒီရွေးကောက်ပွဲကို ကျနော်တို့ အသိအမှတ်မပြုဖို့၊ ကမ္ဘာကလည်း အသိအမှတ်မပြုဖို့ သို့မဟုတ် ရွေးကောက်ပွဲကို ရွှေ့ဆိုင်းပစ်ဖို့၊ သို့မဟုတ် ဖျက်သိမ်းထားဖို့ ဖြစ်တယ်။ အဲဒီမှာ အဓိကသော့ချက် ကဘာလဲဆိုရင် ဒီအခြေခံဥပဒေကို ပြင်ပေးပါဆိုတဲ့ အချက်ပဲဖြစ်တယ်။ နိုင်ငံရေးအင်အားစုတွေ တိုင်းရင်း သားလူမျိုးစုတွေကလည်း ဒီအခြေခံဥပဒေ ပြင်ပေးပါလို့ တောင်းဆိုနေကြတယ်။ ဒါပေမယ့် ကမ္ဘာက ပါမလာ ဘူး။ ပြည်သူ့ဆန္ဒခံယူပွဲနဲ့ လုပ်ထားတဲ့ဟာမို့ သူတို့က သံရေးတမန်ရေးအရ ပြောနိုင်ပုံမပေါ်ဘူးနဲ့တူတယ်။ သူ တို့က ဘာပြောနေလဲဆိုတော့ ရွေးကောက်ပွဲသန့်ရှင်းဖို့ လွတ်လပ်ဖို့ကိုပြောတယ်။ ကျနော်တို့က ရွေးကောက် ပွဲကို ထည့်မစဉ်းစားဘူး။ အခြေခံဥပဒေပြင်ပေးပါ၊ အခြေခံဥပဒေ မပြင်ဘဲနဲ့တော့ ဗမာပြည်ရဲ့ နိုင်ငံရေးပြဿ နာကို ဖြေရှင်းနိုင်မယ်လို့မထင်ဘူး။

ကျနော်ပြောချင်တာကတော့ လူထုဘက်ကိုတွန်းဖို့ပဲ။ ကျနော်ရွှေဂုံတိုင်အစည်းအဝေးမှာ မိန့်ခွန်းပြောတယ်ဗျ။ အဲဒီမှာ သုံးချက်ပါတယ်။ တချက်က ဘာလည်းဆိုရင် မူလဘူတ မူဝါဒတွေ တောင်းဆိုချက်တွေဖြစ်တဲ့ ဥပမာ အာဏာရှင်စနစ် ဆန့်ကျင်ရေးလိုဟာမျိုး၊ လွှတ်တော်ခေါ်ယူပေးရေးဆိုတဲ့ မူလတောင်းဆိုချက် ဒါတွေကို မစွန့် ဘူးလို့ ကျနော်တို့ပြောတယ်။ ကျနော်တို့ပါတီဝင်ထုကိုလည်း မက်ဆေ့ပေးတဲ့သဘောပဲ။ စစ်တပ်ကိုလည်း ကျ နော်တို့ပြောတာပဲ။ ဒါတွေ ကျနော်တို့ မစွန့်ဘူးလို့။ နောက်တခုက ညီညွတ်ရေးကို ကျနော်တို့ပြောတယ်။

နောက်တခုကတော့ လူထုကို မျက်နှာမူတဲ့နိုင်ငံရေး လုပ်ကြမယ်ဆိုပြီးတော့ပြောတယ်။ အဲဒါဘာလို့ပြောလဲဆို တော့ လူထုကိုမျက်နှာမူတဲ့ နိုင်ငံရေးမလုပ်ရင် အန်အယ်လ်ဒီဟာ လွန်ခဲ့တဲ့နှစ်ပေါင်း (၂၀) လောက်အတွင်းမှာ ဖြစ်သလိုပဲ၊ လူထုကို မျက်နှာမမူဘူး။ မျက်နှာမူတာ ကုလသမဂ္ဂကို မျက်နှာမူချင်တယ်၊ နအဖကို မျက်နှာမူချင် တယ်၊ ပြင်ပမှာရှိတဲ့ အဖွဲ့အစည်းများကို မျက်နှာမူချင်တယ်။ လူထုနဲ့ပတ်သက်လို့ မလုပ်ဝံ့ဘူး။ ဆိုလိုတာက လူ ထုကို ခေါင်းမဆောင်နိုင်ဘူး၊ လူထုခေါင်းဆောင်မှု မပေးချင်ဘူး၊ မပေးနိုင်ဘူး ဆိုတဲ့အနေအထားမှာရှိတယ်။

အခု ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ချလိုက်ရင် လူထုလှုပ်ရှားမှုများ ပေါ်နိုင်တယ်လို့ ကျနော်ကတော့ ယူ ဆတယ်။ လူထုကလည်း မကျေနပ်မှုတွေက များသထက်များနေတာလေ။ တနှစ်၊ နှစ်နှစ်လောက်အတွင်းမှာ စီးပွားရေး ကျဆင်းတာတွေရော၊ နအဖဘက်က မတရားဖိနှိပ်ချုပ်ချယ်မှုတွေကရော ဟိုးကျေးလက်အထိ ရောက်နေတယ်နော်။ ဒီအတောတွင်းမှာ ထပ်ပြီးဘာတွေပေါ်လာလည်းဆိုတော့ ဒေါ်အောင်ဆန်းစုကြည်ကို ဆွဲပြီးထောင်ထဲသွင်းဖို့လုပ်လည်း လုပ်ရော ကမ္ဘာတခုလုံးကလည်း ဖိနင်းလာလိုက်တာဟာ နောက်ဆုံးပိတ် သူတို့ရဲ့အနီးကပ်မိတ်ဆွေလို့ပြောရမယ့် တရုတ်လိုဟာကတောင်မှ အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် လုပ်ဖို့ပြောလာတယ်။ အာဆီယံလိုဟာမျိုးက ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးဖို့ပြောလာတယ်။ ကုလလုံ ခြုံရေးကောင်စီလိုဟာမျိုးက ဒေါ်စုကို လွှတ်ဖို့ပြောလာတယ်။ အဲတော့ နိုင်ငံတကာဖိအားတွေ ကြီးမားတာနဲ့အ တူ ပြည်တွင်းမှာလည်း လူထုလှုပ်ရှားမှု သဘောမျိုးဆောင်တဲ့ အနေအထားမျိုး ပေါ်လာနိုင်တယ်လို့ ကျနော် တော့်ထင်တယ်။

အဲတော့ အဲလိုလှုပ်ရှားမှု ပေါ်လာမယ်ဆိုရင် ဘာအရေးကြီးလည်းဆိုရင် ရိုးရိုးတန်းတန်းထအော်လို့ကတော့ စစ်တပ်က သေနတ်နဲ့ ပစ်မှာပဲဗျာ။ ဒါမှမဟုတ်လည်း ထောင်ထဲဆွဲသွင်းမှာပဲ။ နှစ်မျိုးပဲလုပ်မှာပဲ။ တခြားနည်းနဲ့ လုပ်ပေးဖို့ ဘာမှ ရည်ရွယ်ချက်မရှိဘူး။

လူထုအနေနဲ့ နိုင်ငံရေးဦးဆောင်မှုလိုမှာပဲ။ နိုင်ငံရေးဦးဆောင်မှုပေးနိုင်တဲ့အနေအထားက စောစောကပြော သလို ကျောင်းသားလူငယ်ရှိမယ်၊ အန်အယ်လ်ဒီရှိမယ်။ ကျောင်းသားလူငယ်က အားလုံးလိုလို ထောင်ထဲပို့ ထားတဲ့အတွက် ကျောင်းသားလူငယ်အတွက် နိုင်ငံရေးဦးဆောင်မှု ပေးလာနိုင်တဲ့အနေအထားက နည်းမယ်။ အလားတူပဲ အန်အယ်လ်ဒီကရော အရေးပေါ်လာရင် နိုင်ငံရေးဦးဆောင်မှုပေးနိုင်မှာလားဆိုတာကတော့ ပြော ဖို့ တော်တော်ခက်တယ်။ အန်အယ်လ်ဒီတဖွဲ့လုံးရဲ့ ဆုံးဖြတ်ချက်အရသာဖြစ်လာမှာကိုး။

ကျနော်တို့အခုလုပ်နေတဲ့ လူထုကို မျက်နှာမူတဲ့ နိုင်ငံရေးအရဆိုရင်တော့ လူထုနဲ့အတူ ခံစားပါ။ လူထုဒေါသ ဖြစ်ရင်လည်း ကျနော်တို့ဖြစ်ရမှာပဲ။ လူထုငိုကြွေးရင်လည်း ကျနော်တို့ငိုရမှာပဲ။ လူထုက စိတ်ညစ်နေတယ်၊ ဒေါသဖြစ်နေတယ်ဆိုရင် ကျနော်တို့လည်း စိတ်ညစ်ဒေါသဖြစ်ရမှာပဲ။ ဒါတခုပေါ့။

နောက်တခုက လူထုကို ပြောပါ၊ ကြားပါ၊ လူထုကို ဆွေးနွေးရမယ်၊ ညှိနှိုင်းနိုင်ရမယ်။ လူထုရဲ့အသံတွေကို လည်းနားထောင်နိုင်ရမယ်၊ ကြားနိုင်ရမယ်။ နောက်တခုကတော့ လူထုနဲ့အတူ လှုပ်ရှားနိုင်ရမယ်ဆိုတာ ပါပြီး သားပါ။ အနည်းဆုံး လူထုကို နိုင်ငံရေးဦးဆောင်မှုကဏ္ဍ မပေးနိုင်ရင်တောင်မှ လူထုနဲ့အတူပါဖို့ဆိုတာကိုတော့ လုပ်သင့်တယ်လို့ ကျနော်ကတော့ယူဆတယ်။ ဘယ်လိုဖြစ်လာမလဲဆိုတာတော့ ကျနော်တယောက်တည်းနဲ့ တော့ ပြောလို့မရဘူး။

ဒါပေမယ့် လှုပ်ရှားမှုသာပေါ်ရင်တော့ ကျနော်တို့သေချာတာတခုက ရွှေဝါရောင်တော်လှန်ရေးတုန်းက အန် အယ်လ်ဒီက ကျန်ခဲ့တယ်။ ဘေးမှာထိုင်ကြည့်နေခဲ့တယ် ဆိုတဲ့အနေအထားမျိုးကနေ ဒီနေ့ ဒေါ်စုကိစ္စမျိုးပေါ် လာမယ်ဆိုရင်တော့ အန်အယ်လ်ဒီတွေပါ ရောပါလာလိမ့်မယ်လို့ ယူဆတယ်။

၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးမှာ ကျနော်ထောင်ထဲမှာ ၂၀၀၈ မှ လွှတ်တာ။ အသေးစိတ် သိပ်မသိသော် ငြားလည်း အန်အယ်လ်ဒီက ၀င်ပြီး ခေါင်းဆောင်မှုမပေးနိုင်ခဲ့ဘူးဆိုတာတော့ ထင်ရှားတယ်ဗျာ။ ရွှေဝါရောင်နဲ့ မတူတာက ဒီနေ့လှုပ်ရှားမှုဖြစ်လာရင် ဖြစ်လာမယ့်ကိစ္စက ဒေါ်စုဗျ။ ဒေါ်စုဆိုတာ ကျနော်တို့အန်အယ်လ်ဒီရဲ့ ခေါင်းဆောင်၊ နောက်တခုက ဒေါ်စုဟာ ဒီမိုကရေစီလှုပ်ရှားမှုကြီးတခုလုံးရဲ့ခေါင်းဆောင်၊ နောက်တခါ တိုင်း ရင်းသားတွေရဲ့ ထောက်ခံမှုကို ယုံကြည်မှု အားကိုးမှုကို အများဆုံးရတဲ့ ခေါင်းဆောင်။ အဲတော့ ဒေါ်စုကိစ္စဖြစ် လာတဲ့အခါကျရင် အန်အယ်လ်ဒီနိုင်ငံရေးပါတီဝင်များဟာ ရွှေဝါရောင်တုန်းကလိုတော့ လက်ပိုက်ကြည့်နိုင်တဲ့ အနေအထားမျိုးမရှိပါဘူး။ ဘာလို့ဆို ကျနော်တို့ရဲ့ခေါင်းဆောင်ကိစ္စ၊ ကျနော်တို့အရေးကိစ္စဖြစ်နေတယ်။ ဒါ့ အပြင် ဒီခေါင်းဆောင် ထောင်ကျသွားခြင်းအပေါ်တည်ပြီး ကျနော်တို့ ရှေ့ဆက်လှုပ်ရှားမှုထဲမှာ ရောပါမှာပဲလို့ တွက်မိတယ်ဗျာ။

အပြည့်အစုံသို့...

ပြဿနာ ငါနဲ့မဆိုင်ဘူး - ကာတွန်း နံ့သာ (ဗိုလ်တထောင်သတင်းစာ၊ ၃-၇-၇၄)

အပြည့်အစုံသို့...

Wednesday, August 5, 2009

ဒလက်တောပုံပြင် - ကမ္ဘာစိုးမင်း

(အီးမေးလ်သို့ ရောက်ရှိလာသည့် ‘သံလွင်အိပ်မက် အင်တာနက်မဂ္ဂဇင်း’ မှ သရော်စာကို လက်ဆင့်ကမ်း တင် ဆက်ပေးခြင်း ဖြစ်ပါသည်)
World of Statements (Satire)

အပြည့်အစုံသို့...

မြန်မာ့ရေးရာ သတင်းပဒေသာ (၅-၈-၀၉)

- သင်္ကန်းဝတ်ဖြင့် မတင့်တယ်သည့် ဓာတ်ပုံကြောင့် မင်းမော်ကွန်း တောင်းပန်ရ click
- သံဃာများ ၀ါခေါင်လပြည့် ပရိတ်ရွတ်ပွဲကို အာဏာပိုင်များ ပိတ်ပင် click
- ဒေါ်အောင်ဆန်းစုကြည် အိမ်ရှေ့တွင် ဆူးကြိုးအကာအရံများ ပြန်လည်ချ click
- ဒေါ်အောင်ဆန်းစုကြည်အမှု ဗိုလ်ချုပ်မှူးကြီး မဆုံးဖြတ်ရသေခြင်း ဖြစ်ဖွယ်ရှိ click
- ခြံမြေပိုင်ဆိုင်မှုကိစ္စအတွက် ရှေ့နေတွေ မနက်ဖြန် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့မည် click
- ဒေါ်အောင်ဆန်းစုကြည်အပေါ် စီရင်ချက်ချမယ့်အရေး ဘာကြောင့်ရက်ရွေ့ဆိုင်းလိုက်သလဲ (တိုက်ရိုက်လေ လှိုင်း) click
- ဒေါ်အောင်ဆန်းစုကြည်အမှု တရားစီရင်မှုအပေါ် သုံးသပ်ချက် click
- မြန်မာ့မိတ်ဆွေနိုင်ငံများနဲ့ ဘန်ကီမွန်း တွေ့ဆုံ click
- ပြည်တွင်းငြိမ်းချမ်းရေး စိုးရိမ်စရာရှိကြောင်း မွန်ပြည်သစ်ပါတီ ပြောဆို click
- ပါတီနှင့် တပ် ခွဲထားခြင်း၊ ဖျက်သိမ်းခြင်း လက်မခံဟု မွန်ပြည်သစ် ပြော click
- မွန်ပြည်သစ်က ပါတီနှင့်တပ် မခွဲ click
- ‘၀’ တပ်ဖွဲ့များ ငြိမ်းချမ်းရေးနှင့် ပြည်နယ်ဖွံ့ဖြိုးရေးကိုသာ တောင်းဆို click
- မြန်မာစစ်အစိုးရ ၂၀၁၄ ခုမှာ နျူကလီယားလက်နက် ထုတ်လုပ်နိုင်မည် ခန့်မှန်း click
- စစ်တပ်အတွင်း ကလေးစစ်သားစုဆောင်းမှု လုပ်နေ click
- ညွန့်ပေါင်းအစိုးရနဲ့ ... အမျိုးသားကောင်စီနဲ့ ... click
- ရှစ်လေးလုံး မမေ့ရန် လှုံ့ဆော်စာများ ပဲခူးတွင် ဖြန့်ကျဲ click
- ပဲခူးကျောင်းသားများ သွေးမြေကျသောနေ့ မမေ့စေရေး လှုံ့ဆော် click
- ထိုင်းနိုင်ငံတွင် ရာဘာဈေး မြင့်တက်လာ click
- စွမ်းအင်စီမံကိန်းအသစ်ကို ပြန်လည်ပြင်ဆင်ရန် ထိုင်းနိုင်ငံကို တောင်းဆို click
- ဖိလစ်ပိုင်သမ္မတဟောင်း အကွီနို ဈာပန မနီလာမှာ ကျင်းပ click
- ဖမ်းဆီးခံ မြောက်ကိုရီးယား အမေရိကန်သတင်းထောက် (၂) ဦး ဌာနေပြန်ရောက် click
- ဖမ်းဆီးခံ အမေရိကန်သတင်းထောက် (၂) ဦး လွတ်မြောက် (ဗွီဒီယိုသတင်း) click
- ဘီကလင်တန်ရဲ့ မြောက်ကိုရီးယားခရီးစဉ် အောင်မြင်မှု click
- အီရန်သမ္မတ အမာဒင်နီဂျက် ဒုတိယသက်တမ်း ကျမ်းသစ္စာကျိန်ဆို click
- ပါကစ္စတန်မှာ အရပ်သားသေဆုံးမှုနည်းအောင် နေတိုး ကြိုးစားမည် click
- ခြနှိမ်နင်းနည်းသစ် click
- နှစ် (၄၀) မြောက် လပေါ်ခြေချနေ့ click
- နေကြတ်နေ့ click
- Free Suu Kyi: UN click
- Key nations back release of Myanmar's Suu Kyi click
- Burma's deadly course click
- UN to hold high-level meeting on Myanmar click
- Myanmar: Join Desmond Tutu's Call for Action click
- ဒေါ်အောင်ဆန်းစုကြည်က ပါတီခေါင်းဆောင်တွေကို ကူညီရန် လူလတ်ပိုင်း (၁၄) ဦးကို တာဝန်ပေး click
- ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေး ၀တ်ပြုဆုတောင်းပွဲ ဆက်လက်ပြုလုပ် click
- ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ချိန်တန်ပြီ (အယ်ဒီတာ့အာဘော်) click
- တရားရေးစနစ်ကို စမ်းသပ်တဲ့အမှုလား (ဆွေးနွေးခန်း) click
- နိုင်ငံရေးဦးဆောင်မှုကင်းရင် လူထုလှုပ်ရှားမှုဆိုတာ ခဏတဖြုတ်ပဲ ဖြစ်နိုင်တယ် (အင်တာဗျူး) click
- မြန်မာပြည်ပြုပြင်ပြောင်းလဲရေး အင်ဒိုနီးရှားတွင် ဆွေးနွေးမည် click
- မြန်မာ၏ နျူကလီယားရည်မှန်းချက်အတွက် တရုတ်က တုန်လှုပ်ချောက်ချား (ဆောင်းပါး) click
- မြန်မာ-မြောက်ကိုရီးယားဆက်ဆံရေးကို စိုးရိမ်ကြောင်း အမေရိကန်က ထပ်မံပြောဆို click
- နအဖနှင့် မြောက်ကိုရီးယားပူးပေါင်းမှု အမေရိကန် စိုးရိမ် click
- အမှောင်ခေတ်ကို ဦးတည်၍ မြောက်ကိုရီးယားကို လက်ကမ်းကြိုဆိုလျက် (ထွေရာလေးပါး) click
- နယ်ခြားစောင့်တပ်အသွင်ပြောင်းရေး မွန်ပြည်သစ် လက်မခံ click
- နယ်ခြားစောင့်တပ်ဖွဲ့ မလုပ်ဟု မွန်ပြည်သစ်ပါတီ ပြော click
- ဒေါ်အောင်ဆန်းစုကြည်ခြံထဲ ရေကူးဝင်ရောက်ခဲ့တဲ့ မစ္စတာ ယက်တော ဆေးကုသမှုခံယူ click
- သံလွင်မြစ်ပေါ်ရှိ ရေကာတာ၏ ဆိုးကျိုးများ ထိုင်းအန်ဂျီအိုထံ တင်ပြ click
- တာဆန်းရေကာတာစီမံကိန်းကြောင့် ဒေသခံထောင်ပေါင်းများစွာ နေရပ်စွန့်ခွာရ click
- ပြည်တွင်း၌ Home Made ခေါ် ညစ်ညမ်းဗွီဒီယိုများ ပျံ့နှံ့ click
- ပုံစံအမျိုးမျိုးဖြင့် ဆိုင်ကယ်နှိပ်ကွပ်ရေး လုပ်ဆောင် click
- တိုတယ်ကုမ္ပဏီက ဝေဖန်သူများကို ငရဲပြည်သွားဟု ပြော click
- ၀ါဆိုသံဃာများကို အာဏာပိုင်များ တင်းကျပ် click
- စိစစ်ရေးက ဂျာနယ်များအပေါ် အချိန်ကန့်သတ် click
- ရိုဟင်ဂျာ (၆) ဦးကို ဘင်္ဂလားဒေ့ရှ်က ပြန်ပို့ click
- ရခိုင်ကမ်းရိုးတန်းတွင် စက်လှေနစ်မြုပ်ပြီး လူပျောက်ဆုံးသည့်သတင်းကို စစ်အစိုးရပိုင်သတင်းစာမှာ ထူးထူး ခြားခြားဖော်ပြ click
- တာချီလိတ်တွင် စိတ်ကြွဆေးပြား (၂) သိန်း ဖမ်းဆီး click
- နိုင်ငံတော်အရံအင်အားတပ်ဖွဲ့ကို အင်အား (၁၁၀၀၀) ဖြင့် ရခိုင်တွင် တိုးချဲ့ဖွဲ့စည်းမည် click
- ပြည်ခိုင်ဖြိုးကတ် ကိုင်ဆောင်သူများ အမျိုးသားမှတ်ပုံတင်မလို click
- ထိုင်းတောင်ပိုင်း ကားမှောက် မြန်မာအလုပ်သမားများ ဒဏ်ရာရ click
- မြန်မာ့ဂီတလောကတွင် ထိုင်းသံစဉ်များ လွှမ်းမိုးနေ click
- ကျောင်းသားများ အလွတ်ကျက်ရခြင်းမှ ကင်းလွတ်တော့မလား click
- တိုးချဲ့အက်ဖ်အမ်ရေဒီယို (၃) လိုင်းကို ဒီဇင်ဘာ (၁၅) ရက်နေ့ စတင်ထုတ်လွှင့်မည် click
- တရုတ်နယ်စပ်မှဝင်သည့် ကြက်ဥအတုများ မြစ်ကြီးနားတွင် ဖမ်းဆီး click
- ကရင်လူငယ် ကဆောဝါးကို ရာမွန်မက်ဆေးဆေးဆု ချီးမြှင့် click
- အောင်လံက တောင်သူတွေကို ဒီနေ့ရုံးချိန်း click
- ကိုဖိုးတရုတ် (စည်းလုံးခြင်းရဲ့အင်အား) အတွက် မေးခွန်း (၁၀) ခု click
- ဆွန်ဒီးလုပ်ကြံမှု ကြိုးကိုင်ချယ်လှယ်သူ နိုင်ငံခြားမှာနေ click
- မြန်မာဒုက္ခသည်များ နားခိုစရာ အမေရိကန်ကျွဲဆည်ကန်ရပ် click
- သူငယ်ပျောက် စစ်တပ်ထဲရောက် (အင်တာဗျူး) click
- သား ရွှေအိုးထမ်းကိန်း (ဆောင်းပါး) click
- ခုတလော ငါစဉ်းစားနေတာ ဖက်ဆစ်ဝါဒနဲ့ ခုံရုံးတင်ခံရသူ ကဗျာဆရာ အယ်ဇရာပေါင်း (ကဗျာ) click
- မျှော် (ကဗျာ) click
- UN Chief to Hold ‘Friends of Burma’ Meeting click
- EDITORIAL: Burma's bomb click
- US man in Suu Kyi case better click
- Rebel Groups Welcome UN’s Child Soldiers Probe click
- The Burmese Bomb click
- Foreign Policy: Nuclear Reactor Or Swimming Pool? click
- 8 H1N1 patients discharged from hospital in Myanmar click
- Myanmar calls for taking prevention against crime click
- India issues shoot-at-sight orders in restive northeastern state click

အပြည့်အစုံသို့...

ခုတလောများ

ခုတလောများ
သစ်ကောင်းအိမ်

ရှူရှိုက်နေရတဲ့ လေကိုက မှောင်မှောင်မည်းမည်းကြီး ခုတလော
နေ့တွေက ငါ့ကိုနေထိုင်သွားကြတယ် ခုတလော
ညတွေက ငါ့ကို ၀င်အိပ်သွားကြတယ် ခုတလော
ရစ်လုံးတလုံးနဲ့ ချည်နှောင်ရင်း
ကောင်းကင်ထဲ ဆွဲကြိုးချသေသူ စက္ကူစွန်တစင်းရဲ့ဈာပနမှာ
ခုတလော
အာဖရိကတောနက်ထဲ ပဒူတွင်းတက်နင်းမိသလို ခုတလော
မြွေပွေးသိုက်ထဲ လက်နှိုက်ပြီး ချိုးဥပျောက်လိုက်ရှာနေမိတယ်
ခုတလော
ထူးအိမ်သင်ရဲ့ ‘ကြယ်တွေစုံတဲ့ည’ သီချင်းကိုဆိုရင်း မျက်ရည်ကျနေတုန်းပဲလား ရဲကြီးရေ
ခုတလော
ဒေ၀ဒတ်နဲ့ အဇာတသတ် မျိုးစပ်ထားတဲ့ကောင်တွေနဲ့
ခုတလော
ခုတလော ဟိုတလောကနှစ်တွေအတိုင်း ခုတလော
စောစောက မစောတော့ဘူး ပြောပေမယ့်
ငါလား အနှစ်နှစ်ဆယ်ကျော် အကျောပေးထားတာပါကွာလို့
ရယ်ရယ်မောမောနဲ့
စောစောကို အရှက်ပြေပြန်ပြောရဦးတော့မယ့် ခုတလော
ဟိုတလောကနှစ်တွေအတိုင်းပါပဲ ခုတလော ။ ။

သစ်ကောင်းအိမ်
(၄၊ သြဂုတ်လ၊ ၂၀၀၉)

အပြည့်အစုံသို့...

ကာတွန်း နှင်းဦး (ဟံသာဝတီသတင်းစာ၊ ၃၁-၅-၇၁)

အပြည့်အစုံသို့...

Tuesday, August 4, 2009

မြန်မာ့ရေးရာ သတင်းပဒေသာ (၄-၈-၀၉)

- အမေရိကန်သမ္မတဟောင်း ဘီလ်ကလင်တန် မြောက်ကိုရီးယားခေါင်းဆောင်နဲ့ တွေ့ဆုံ click
- အမေရိကန်သမ္မတဟောင်း ကလင်တန် မြောက်ကိုရီးယား ရောက် click
- မြောက်ကိုရီးယားဖမ်းထားတဲ့ အမေရိကန်သတင်းထောက် (၂) ဦး ပြန်လွတ် click
- ကန်သတင်းထောက် (၂) ယောက် မြောက်ကိုရီးယား ပြန်လွှတ် click
- မြန်မာနှင့် မြောက်ကိုရီးယား စစ်ရေးပူးပေါင်းမှုကို အမေရိကန် စိုးရိမ် click
- နေအိမ်ခြံဝင်းပိုင်ဆိုင်မှုကိစ္စ ဒေါ်အောင်ဆန်းစုကြည်နဲ့ ရှေ့နေတွေ တွေ့ဆုံခွင့်တောင်း click
- လှိုင်သာယာ NLD အဖွဲ့ဝင် ဦးတင်ယု ထောင်ဆေးရုံတင်ထားရ click
- မွန်ပြည်သစ်ပါတီဆုံးဖြတ်ချက် ရခိုင်ခေါင်းဆောင်များ ကြိုဆို click
- အပစ်ရပ်များအပေါ် ပိုမိုဖိအားပေးထိန်းချုပ်ရန် ရပခစစ်တိုင်းရုံး အရေးပေါ်စည်းဝေး click
- ကလေးစစ်သားသုံးမှုတိုက်ဖျက်ရေး မြန်မာနိုင်ငံမှာ တိုးတက်မှုရှိ click
- အမေရိကန်နိုင်ငံသား ဂျွန်ယက်တော ရန်ကုန်ဆေးရုံကြီးမှာ ကုသမှုခံယူ click
- ဂျွန်ယက်တောကို အရေးပေါ် ဆေးရုံတင်လိုက်ရ click
- မြန်မာနိုင်ငံ စီးပွားရေးတိုးတက်နှုန်း (၁) ရာခိုင်နှုန်းသာရှိ click
- သံလွင်ရေကာတာစီမံကိန်း ဆိုးကျိုးများကို ဆွေးနွေးတင်ပြ click
- လှူထားသည့်သွေးများ မန္တလေးဆေးရုံက ပြန်ရောင်းစား click
- သင်္ကန်းနဲ့ သာသနာတော်ကို ဘယ်လိုသဘောထားသင့်သလဲ click
- နယူးယောက် သာသနာ့ဥသျှောင်းကျောင်း ၀ါဆိုပွဲ (ဓာတ်ပုံသတင်း) click
- မဲလ်ဝါကီမြို့ ပညာရာမ ဘုန်းတော်ကြီးကျောင်းဖွင့်ပွဲ (ဓာတ်ပုံသတင်း) click
- ကုန်ပစ္စည်းနှင့် ယာဉ်တန်ချိန် ထက်ဝက်ကျော် လျှော့ချ click
- ဒေဝါလီခံသင်္ဘောမှ လုပ်ခလစာရရှိရန် မြန်မာသင်္ဘောသားများ စောင့်ဆိုင်း click
- (၇) နှစ်ကြာ ပိတ်ထားခဲ့သော တရုတ်-မြန်မာနယ်စပ် ကုန်သွယ်ရေးစခန်း ပြန်လည်ဖွင့်လှစ် click
- ငွေကြေးအရှုပ်တော်ပုံကြောင့် ရွေးကောက်ပွဲဝင်မည့် အဖွဲ့ကွဲ click
- နအဖစစ်တပ်၏ ဆန်နှင့် တပ်သားသစ် လဲလှယ်ရေးအစီအစဉ် အောင်မြင်မူရနေ click
- ဘူးသီးတောင်မြို့နယ်မှ အစ္စလာမ်ဘာသာဝင် မိသားစု (၃၀) ခရစ်ယာန်ဘာသာသို့ ကူးပြောင်း click

အင်တာနက်တွင် ပျံ့နှံ့နေသည့် မင်းမော်ကွန်းနှင့်အဖွဲ့၏ အငြင်းပွားဖွယ်ရာ ဓာတ်ပုံ (ဧရာဝတီဝက်ဘ်ဆိုက်)
- EDITORIAL Burma must come clean click
- UN: End use of child soldiers click
- Sri Lanka and Myanmar to curb terrorism jointly, improve trade click
- MYANMAR - Tensions rise in anticipition of verdict click
- UN top official requested to initiate development partnership and assessment of the rural economy in Myanmar click
- Army denies Burma ambitions click
- U.N. team to visit Myanmar over child soldiers click
- Nuclear watchdog urged to seek answers from Burma click
- North Korea and Myanmar click
- တပ်ဖွဲ့အသွင်ပြောင်းရေး နအဖ၏ ကမ်းလှမ်းချက် မွန်ပြည်သစ်ပါတီက ပယ်ဖျက် click
- နယ်ခြားစောင့်တပ်အသွင်ပြောင်းရေးနှင့် ရွေးကောက်ပွဲကို မွန်ပြည်သစ် လက်မခံ click
- ‘ဝ’ ငြိမ်းချမ်းရေးအဖွဲ့နယ်မြေအနီးသို့ နအဖစစ်တပ်ရင်း (၃) ခု လာရောက်တပ်စွဲထား click
- ၂၀၁၄ တွင် နအဖစစ်အစိုးရ နျူကလီယားလက်နက် ပိုင်ဆိုင်လာဖွယ်ရှိ click
- စုစုနွေး တိုက်ပိတ်ခံရ click
- ဖမ်းထားသူ အဖွဲ့ချုပ်ဝင် (၃၀) ကျော်ထဲက (၄) ဦးကို ဆက်လက်ဖမ်းဆီးထား click
- အကျဉ်းသားတွေကို လွတ်ငြိမ်းချမ်းသာခွင့်ပေးဖို့ စာရင်းကောက်နေပြီ click
- ယက်တော ဆေးရုံတင်ထားရ click
- ယက်ထော ရန်ကုန်ဆေးရုံကြီးတွင် ကုသမှုခံယူနေရ click
- ဒေါ်အောင်ဆန်းစုကြည်၏ ခြံမြေရောင်းချခံရမှုနှင့် ပတ်သက်၍ ဆွေးနွေးရန် တွေ့ခွင့်တောင်း click
- အဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ကို ကူညီရန် ဒေါ်အောင်ဆန်းစုကြည် မှာကြား click
- ဥပဒေစိုးမိုးရေးအပေါ် ဒေါ်အောင်ဆန်းစုကြည် မေးခွန်းထုတ် click
- မျှတသည့် တရားစီရင်မှုဖြစ်ရန်လိုဟု ဒေါ်အောင်ဆန်းစုကြည် တောင်းဆို click
- ကရင်တိုင်းရင်းသားတဦး အာရှနိုဘဲလ်ဆုရရှိ click
- မက်ဂ်ဆေးဆေးဆု ERI ကာဆောဝါး ရရှိ click
- စားဆီကိစ္စ ဗိုလ်မှူးချုပ်အောင်သိန်းလင်း ထင်ရာစိုင်းနေ၊ ဈေးရောင်းသူများ မကျေမနပ်ဖြစ် click
- ထိုင်းဆီများ ပိတ်ပင်လိုက်သော်လည်း တင်သွင်းနေဆဲ click
- မန္တလေးစက်သုံးဆီဆိုင်များ မြို့ပြင်ထွက်ရမည် click
- ရေကာတာကြောင့် ရှမ်းပြည်သူများ ဒုက္ခတွေ့ဟု အစီရင်ခံစာ ထုတ်ပြန် click
- ခိုးကူးခွေကြောင့် ဂီတလောကသားများ ငွေရှာသည့်ပုံစံ ပြောင်းရ click
- စစ်တွေတွင် လုံခြုံရေး ပိုမိုတိုးချဲ့ click
- စားသောက်ဆိုင်များတွင် တီဗွီ၊ ဗီဒီယို ပြသခွင့် လိုင်စင်လုပ်ရမည် click
- သေဆုံးသူအလောင်းအတွက် စွမ်းအားရှင်ခေါင်းဆောင်က ငွေညှစ် click
- ရွှေကျင်ရေအားလျှပ်စစ်အထက်ပိုင်းက ကျေးရွာတွေ ရေကြီးမှုကြောင့် စိုးရိမ်ရ click
- မန္တလေးစီးတီးအက်ဖ်အမ်က ပထမဆုံး အနုပညာကြေး ချီးမြှင့် click
- လူတုပ်ကွေးရောဂါကို နိုင်ငံခြားပြန်ရောဂါဆိုပြီး ပြည်သူတွေကြား ပေါ့ဆမှုများနေ click
- ဒါဖတ်ပြီးမှ မြန်မာပြည်က ကိုရီးယားရုပ်ရှင်များ ကြည့်ပါ click
- ရွေးကောက်ပွဲဝင်မည့် အဖွဲ့ခေါင်းဆောင် လိုင်စင်မဲ့ကားကြောင့် တရားစွဲခံရ click
- အ၀ကျွန်း ဆရာတော်ကြီး ဦးကေလာသ ပျံလွန်တော်မူ click
- ဈေးကွက်ထဲတွင် ကြက်ဥအတု ဝင်ရောက်နေခြင်းကြောင့် ကြက်ဥစားသုံးမှု လျော့နည်းလာ click
- မြန်မာ့စီးပွားရေးဘဏ်မှ ငွေစက္ကုအဟောင်းများ လဲပေးနေ click
- ‘၈၈၈၈’ ဂုဏ်ပြုအစီအစဉ် click
- ကျန်စစ်သားမင်းနှင့် စောလူးမင်း (ဆောင်းပါး) click
- မြန်မာ့မိတ်ဆွေ အိန္ဒိယမာက်စ်ဝါဒီခေါင်းဆောင် ကွယ်လွန် click
- အီရန်ဆန္ဒပြသူတွေနဲ့ ရဲတပ်ဖွဲ့ ထိပ်တိုက်တွေ့ click
- မင်းမော်ကွန်း၏ အငြင်းပွားဖွယ်ရာဓာတ်ပုံ အင်တာနက်တွင် ပျံ့နှံ့ click
- American on trial hospitalised click
- Suu Kyi visitor hospitalized in Myanmar click
- Yettaw Hospitalized During Fast click
- Aung San Suu Kyi says trial is test of Burma's legal and political system click
- Verdict 'painfully obvious' click
- Total Chief: Critics Can ‘Go to Hell’ click
- US Voices Concern over Burma, N Korea Nuclear Nexus click
- Broken Dreams click
- Thailand to import gas from Myanmar's M9 late 2013 click
- KNU Asks Thai Government to Pull out of Salween Dam Project click
- Campaign to lift regional exports click
- 2 powered schooners sunk by strong wind in Myanmar click
- International Red Cross to help rehabilitate Myanmar's cyclone-hit areas click
- 1 more flu patient discharged from hospital in Myanmar click
- 1 man shot dead by insurgents in Myanmar NE state click
- Habitat for Humanity gets ready for second phase of Myanmar cyclone response click

အပြည့်အစုံသို့...