Wednesday, August 5, 2009

ဒလက်တောပုံပြင် - ကမ္ဘာစိုးမင်း

(အီးမေးလ်သို့ ရောက်ရှိလာသည့် ‘သံလွင်အိပ်မက် အင်တာနက်မဂ္ဂဇင်း’ မှ သရော်စာကို လက်ဆင့်ကမ်း တင် ဆက်ပေးခြင်း ဖြစ်ပါသည်)
World of Statements (Satire)

12 comments:

:-) said...

its originally published at http://www.thanlwin.com/new/index.php?option=com_content&view=article&id=1099&Itemid=232

AUNG -Spore said...

The article is very descriptive and author has great sense of humor.
But, what was his intention.
Insulting the recent democracy groups?
Did he want to say that recent people who are fighting the junta for a political/economy change are all stupid and funny - just issuing announcements ?
If so, he is very unwise and no heart to majority of people.
I partially agree that democracy gropus need improvemnts. However..
Military has been well-organized since 1962 (now 47 years) and they have weapon, money, power…all……………
Innocent people has nothing…
If a sincere and intelligent government is ruling, all people will become smart in short period….
Like an old Burmese proverb - *A leader cow goes straight, followers go
straight*…(shay saung nwar lar phaung phaung thwar...naut nwar ta think phyaung 2 like..) etc

WSG said...

အထက်က အောင်-စင်ကာပူ ရေးသားချက်ကို ရာနှုံးပြည့် ထောက်ခံပါတယ်။ မြန်မာပြည် န.အ.ဖ ကတော့ ရုတ်ရုတ်လုပ်ရင် ဘုန်းကြီးကြိမ်လုံးထက် ကြောက်စရာ ကျည်ဆံ၊ထောင်၊လက်မရွှံ့သားတွေ .. ဆိုတော့ ငြိမ်နေရတယ်။ ပြည်ပထွက်ခွာရရှာသူထဲမှာလဲ ဗိုလ်မှုးအောင်လင်းတွဋ်တယောက်ပဲ ပြောနေရှာတယ်။

အဲ .. ပြည်ပရောက်အတိုက်အခံများမှာတော့ ဘုန်းကြီးကြိမ်လုံးလို ကြောက်စရာမရှိတော့ ကြေညာချက်ထုတ်တဲ့ အလုပ်ပဲလုပ်နေရရှာပါတယ်။ ရယ်စရာမလုပ်သင့်ဘူး ထင်ပေမဲ့ ဒီစာကတော့ အီးမေးလောကမှ တော်တော် ရေပန်းစားနေပါပြီ။

ကျွန်တော့ ရိုးရှင်းတဲ့ ခံယူချက်ကတော့ မြန်မာများ ပြည်တွင်းမှာလဲ စစ်ကျွန်ဘ၀၊ ပြည်ပမှာလဲ ငွေကျွန်ဘ၀ နိုမ့်ကျခြင်းတရားခံ နံပါတ်၁က စစ်အာဏာရှင်ပါပဲ။ ကျန်တာတော့ ကြိုက်သလိုဆုံးဖြတ်ကြတာပေါ့။ န.အ.ဖ ကတော့ ဒေါ်အောင်ဆန်းစုကြည်ကြောင့် လို့ လက်ညိုးထိုးကြတယ်။ ထားပါတော့။ တချို့ကလည် မညီညွတ်လို့ဆိုပြီး ပုံချလိုက်တယ်။

ကျွန်တော်ကတော့ ပြည်ပရောက် မြန်မာတစ်ဦးအနေနဲ့ ပင်ပန်းဆင်းရဲမှု၊ငွေကြေးကျွန်ဘ၀ကနေပဲ ဒီမိုကရေစီဆိုတာ ကိုယ်တိုင်လက်တွေ့ကျင့်ဖို့ ကြိုးစားနေပါတယ်။ စင်ကာပူက လမ်းပြကြယ်အဖွဲ့ဝင်ထားပြီး အများနဲ့အတူ အလုပ်လုပ်တတ်အောက် သင်ယူလေ့လာနေဆဲပါပဲဗျာ ....
ဝတ်မှုန် (စင်ကာပူ)

AUNG -Spore said...

ဆရာဒေါက်တာလွန်းဆွေအနေနဲ့
ဒလက်တောပုံပြင်စာမူအပေါ် ဆရာ့ရဲ့ထင်မြင်ချက်ကို ရက်အတော်ကြာရင်ဖော်ပြပေးသင့်ပါတယ်။ သူရေးသားပုံဟာ စော်ကား လှောင်ပြောင်မှုတွေပါနေပါတယ်။
အင်အယ်ဒီအပါအ၀င်ပြည်ပရှိ “န၀တရဲ့ မှားယွင်းတဲ့လုပ်ရပ်များအပေါ်ကန့်ကွက်စာထုတ်သူတွေ” အားလုံးကိုသရော်သလိုဖြစ်နေပါတယ်။
ဘာလို့လဲဆိုတော့ ဒီမိုကရေစီခေတ်လို့ရေးထားလို့ပါ။
ပေါ့ပေါ့လေးတွေးပြီးဖတ်ရင် ရီစရာကောင်းတဲ့ပြောင်မြောက်တဲ့စာဖြစ်ပေမဲ့
န၀တ သတင်းစာတွေထဲကဆောင်းပါးတွေနဲ့ တလေသံထဲ တအုပ်စုထဲဖြစ်နေသလိုပါပဲ။
တကယ်ဆိုရင် န၀တရဲ့ တီဗွီ ဆောင်ပုဒ်ကြွေးကြော်သံတွေ ၊မျက်စိနောက်စရာဆိုင်းဘုတ်ကြီးတွေကရော...ဘာထူးပါသလဲ။

mg kyi poae said...

ဒီလိုသရော်စာလိုမျိုး များများလိုအပ်ပါတယ်။ ပြည်တွင်းကို ခဏထား ပြည်ပရောက်အဖွဲ့အများစုဟာ ပြည်သူအတွက် ဒီမိုကရေစီအတွက် ခေါင်းစဉ်ကြီးတွေတပ်ထားပြီး ကြေညာချက်ထုတ်တာလောက်ကိုပဲ အဟုတ်ကြီးထင် အလုပ်ကြီးအကိုင်ကြီးလိုလုပ်နေကြတာပါပဲ။ ဘယ်အဖွဲ့မှ လောက်လောက်လားလားပြစရာ လုပ်ဆောင်ချက်မပြနိုင်ရင် ဝေဖန်တာခံရမှာပေါ့။ နအဖနဲ့နှိုင်းယှဉ်ပြီးအပြောမခံနိုင်ရင် နအဖလို မလုပ်နဲ့ပေါ့။ တကယ်တော့ နအဖနဲ့ဘာထူးလို့လဲ.. နအဖလဲ တိုင်းပြည်ကိုချစ်ကြောင်း တိုးတက်အောင်လုပ်နေ ကြောင်းပြောပြီး စည်းစိမ်နဲ့နှပ်နေတာပဲ။ ထို့အတူ ပြည်ပရောက်အဖွဲ့တော်တော်များများလည်း ခေါင်းဆောင်ပိုင်းက ကောင်းကောင်းစား ကောင်းကောင်းနေ အောက်ခြေပိုင်းက ဆင်းရဲဒုက္ခခံ ဒီလိုပဲ နှစ်၂၀ကျော်နေပြီမဟုတ်ဘူးလား။ နအဖ ထက်သာတာဆိုလို့ တစ်ချိန်ကတော်လှန်ရေးမှာ ကိုယ့်အနာဂတ်ကိုစွန့်ပြီး လုပ်ခဲ့ဖူးတာပဲရှိတယ်။ ဒါတွေ ကြောင့်လည်း လူတွေက သိပ်အပြစ်မပြောကြတာ။ သို့သော်လည်း ဒါကိုအကြောင်းပြပြီး နေရာယူ နိုင်ငံရေးကို အပျော်တမ်းလိုဆက်လုပ်နေမယ်ဆိုရင် နအဖလိုပဲ ပြည်သူ့ရန်သူဖြစ်လာလိမ့်မယ်။ ဒါကို သရော်စာရေးတဲ့လူရော တင်ပေးတဲ့လူပါထောက်ပြချင်တာလို့ မြင်ပါတယ်။ ကျွန်တော်လည်းဒီသဘောထားကိုကြိုက်တယ်။ မလုပ်နိုင်တဲ့သူတွေထွက် လုပ်ချင်တဲ့သူလုပ်နိုင်တဲ့သူတွေတက်လာ ဒါကိုကြိုဆိုရမယ်။ မှားခဲ့တာတွေသင်ခန်းစာယူ ရှေ့ဆက်ကောင်းအောင်လုပ် ဒါပဲရှိတယ်။ ဘယ်သူပဲဖြစ် ဖြစ် ဝေဖန်ခံနိုင်ရမယ်။ ဝေဖန်တာမခံနိုင်ရင် ဘာမှမလုပ်နဲ့။ ဝေဖန်တာကိုလဲ ထပ်ပြီးတုံ့ပြန်ဝေဖန်နိုင် ပါတယ်။ ဒီအခြေခံလောက်မှမရှိရင် နအဖနဲ့ဒီမို ဘာမှမထူးဖူးလို့ပဲပြောပါရစေ..

AUNG -Spore said...

ကိုကျည်ပွေ့စာကိုလက်ခံပါတယ်...သို့သော် သူ့စာထဲမှာ ပြည်တွင်းကလူတွေခဏထားလို့လို့ေ၇း ထားကတည်းက ပေါ်လွင်နေပါပြီ။ ပြည်ပရောက်အဖွဲ့အများစုဟာ ပြည်သူအတွက် ဒီမိုကရေစီအတွက် ခေါင်းစဉ်ကြီးတွေတပ်ထားပြီး ကြေညာချက်ထုတ်တာလောက်ကိုပဲ အဟုတ်ကြီးထင် အလုပ်ကြီးအကိုင်ကြီးလိုလုပ်နေကြတာပါပဲ။ ဘယ်အဖွဲ့မှ လောက်လောက်လားလားပြစရာ လုပ်ဆောင်ချက်မပြနိုင်ရင် ဝေဖန်တာခံရမှာပေါ့။ ..လို့ဖော်ပြထားတာကို ဘာမှမပြောလိုပါ။ ပြည်တွင်းကလူများဟာ သေနတ်ဒဏ်ထောင်ဒဏ်များကြားက လှုပ်ရှားကြရသူတွေပါ။ ကျနော်တို့က ပြည်ပကနေ ဝေဖန်လေကန်နေယုံမျှပါ။ ပြည်တွင်းက လူတွေမှာ ဘာအကျိုးအမြတ်စည်းစိမ်မှမရှိပဲ ဘ၀ပျက် စွန့်လွှတ်လှုပ်ရှားနေကြသူတွေဖြစ်လို့သူတို့ကို လုံးဝမစော်ကားသင့်ပါ။ ဒီချုပ်က အန်ကယ်ကြီးတွေမှာလည်း အသက် ၇၀-၈၀မှ ဘာထပ်လုပ်နိုင်ဦးမှာလဲ။ အပြုသဘောဖြစ်စေချင်ရင် အဆင့်မြင့်စွာအကြံပေးလို့ရပါတယ်။ ဒီ ပုံပြင်ဟာ လက်ခံနိုင်လောက်သော သရော်စာအဆင့်ကိုကျော်နေပါတယ်။ ကိုကျည်ပွေ့ပြောသလို ပြည်တွင်းကလူတွေက အသေခံထောင်ကျခံ ဆနပြခဲ့တာထက် ဘာထိထိရောက်ရောက်လုပ်နိုင်ပါသေးသလဲ။ လူလိုသိတဲ့အစိုးရဟာ ပြည်သူ့အသံ ပြည်သူ့စာကို အလေးထားရပါမယ်။ ကျနော်ရေးတာလည်း (၃)ခါရှိနေပြီ။ ထပ်မရေးတော့ပါဘူး။ လေးစားထိုက်သူများအား လေးစားစွာဖြင့် (အောင်)

aye said...

သိတ်ကောင်းလွန်းလို့ ရီလိုက်ရတာ ကွင်းကွင်းကွက်ကွက်ကို မြင်လာစေပါတယ် စာရေးသူရေ ။ ဒါပေမဲ့ စာရေးသူကို ခန့်မှန်းမိတာက ပါတီဝင် တယောက် ဖြစ်ဟန် တူတယ်။ သရော်စာ ထဲမှာ လက်ရှိကာလကို ထင်ဟတ်စေတဲ့ စာ ဖြစ်ပါတယ်။ အိုင်ဒီယာကို အလေးပြုပါတယ်။ ဒီလို ပွင့်လင်းတဲ့ရေးသားမူတွေကို အနာဂတ် ဒီမိုကရေစီ လူ့အဖွဲ အစည်းက ကြိုဆိုမှာပါ။ အဖြစ်မှန်ဆိုတော့လည်း ဝေဖန်တာတွေတော့ ရှိမှာပေါ့။ အဖြစ်မှန်ဆိုတာ ဘယ်သူဘက်ကိုမှ ကာကွယ်ပေးစရာမလိုဘူးလို့ ယူဆမိပါတယ်။ တော်ကြာ အယူအဆမတူသူတွေက ဒလက်တောထုံးစံအတိုင်း ကန့်ကွက်ကြအုန်းမယ်နော်

Unknown said...

စာရေးသူက ဒီမိုကရေစီ ဘက်တော်သား ဖြစ်မယ်လို့ထင်ပါတယ် ။ ဒီလိုရေးတာနဲ့ နအဖလူလို့ သူလျိုတို့ လို့်တော့ ပြောလို့ရမယ် မထင်ပါ။
မြန်မာ သတင်းစာထဲကအတိုင်း ရေးမယ်ဆိုရင် သရော်စာ မဟုတ်တဲ့ အပုတ်နံ့တွေ အများကြီးရှာတွေမှာပါ

Unknown said...

သရော်စာအရေးအသားကို လူနုံ၊ လူအ အများစု နားမလည်တတ်ကြ။ ဘာဆိုလိုမှန်းပင် မသိကြ။ သင်ခန်းစာယူ ပြုပြင်စေလိုသော စေတနာဖြင့် ရည်ရွယ်ရေးသားသည့် အရွှင်အသော စာပေအမျိုးအစားဖြစ်၍ ပါးနပ်ထက်မြက်ပြီး လိမ္မာရေးခြားရှိသူများသာ သရော်စာအရေးအသား၊ သရော်စာ၏တန်ဖိုးကို သိနားလည်နိုင်ပေသည်။ (လီယိုတော်စတွိုင်း)

Unknown said...

သရော်စာဆိုတာ သရော်ထိုက်သောသူ - အဖွဲ့အစည်းကိုသာ ရည်ရွယ်ရေးသားသင့်ပါတယ် -
ရည်ရွယ်ချက်ကောင်းဖြင့်လှုပ်ရှားနေသူများရဲ့ ခွင့်လွှတ်နားလည်နိုင်လောက်သော အားနည်းချက်များကို မသရော်ပဲ အပြုသဘောဖြင့်သာ ခန့်ငြားစွာအကြံပေးသင့်ပါတယ်။ ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း မသိနားမလည်ခဲ့သော အချို့အချက်များကို သရော်ပါမည်လား။ ကိုယ့်မိဘ ဆရာတို့၏ အားနည်းချက်များကို သရော်ပါမည်လား။
စာရေးကောင်းတိုင်း လျှောက်ရေးလျှင် စာပေစည်းကမ်းနှင့်မညီပါ။

aye said...

သရော်မူက ထိေ၇ာက်တယ်ဆိုရင် တခုခုတော့ မှန်နေလို့ပေါ့။ သူရေးတာတွေ ကိုက်ညီနေလို့သာ လူတွေ ရီနေရတာပါ။ အလကား တွေသမျှလူတွေ မိဘတွေ အာဇာနည်ခေါင်းဆောင်ကြီးတွေကို ဘယ်သူမှ မသရော်ပါဘူး။ ဗိုလ်ချုပ်လည်း သက်၇ှိထင်ရှား ရှိနေသေးရင် အခု လို့ ကြေငြာချက်ထုတ်ပြီး မြန်မာ့ဒီမိုကရေစီရေးကို လုပ်မယ် မထင်ဘူး။

ကိုငယ် said...

ကမ္ဘာစိုးမင်း က ဘယ်လိုလူစားလဲ၊ ဘယ်လိုနိုင်ငံရေး အမြင်မျိုးရှိသလဲ ဆိုတာကို ဒလက်တောပုံပြင်တစ်ပုဒ်တည်းဖတ်ရုံနဲ့ မသိနိုင်ပါဘူး၊ ဒါကြောင့်မို့ သံလွင်အိပ်မက်မှာ ဖော်ပြခဲ့ဖူးတဲ့ ကမ္ဘာစိုးမင်းရဲ့ “ပိန်းနေဦးမည့် ကျွန်တော့်မြေ” နဲ့ “ငါတို့တွေလုပ်ရမယ့် နိုင်ငံရေး” ရဲ့ လင့်တွေကို ပေးလိုက်ပါတယ်.. ဖတ်ရှုခံစားနိုင်ပါတယ်..

http://www.thanlwin.com/new/index.php?option=com_content&task=view&id=1275&Itemid=240

http://www.thanlwin.com/new/index.php?option=com_content&task=view&id=49&Itemid=92