ရဲဘော်ပိုင် (DPA)
(စာရေးဆရာ ဂါမဏိမှတဆင့် ပေးပို့သည်)
အခုတလော လေလှိုင်းပေါ်မှာနဲ့ အင်တာနက်ပေါ်မှာ ကနေဒါက UDP ပါတီဆိုတာရဲ့ ခေါင်းဆောင် ဦးကျော် မြင့် အကြောင်းတွေ ကြားနေရ တွေ့နေရပါတယ်။ ဒီထဲက သူ့ဘဝဖြတ်သန်းမှုဆိုတာနဲ့ ပတ်သက်လို့ ကျနော်သိ သလောက် ပြောပြချင်ပါတယ်။
၁၉၈၈ ခု နဝတ အာဏာသိမ်းပြီးတော့ ကျနော်တို့မန္တလေးနဲ့ အထက်ဗမာပြည်တဝိုက်က ကျောင်းသားတွေ ဟာ တချို့က အိန္ဒိယဘက် သွားကြသလို တချို့က မိုးကောင်း၊ ဗန်းမော်၊ မြစ်ကြီးနားဘက် KIA ဆီ တောခိုကြ ပါတယ်။ သူငယ်ချင်းတချို့က သီပေါ၊ ကျောက်မဲဘက်ကနေ SSA နယ်မြေကို တောခိုသွားကြပါတယ်။ ကျ နော်ကတော့ နမ္မတူဘက်ကတဆင့် ဗကပနယ်မြေ မုံးကိုးကို ရောက်သွားပါတယ်။ တချို့လည်း ကုန်သည်တွေ နဲ့အတူ မူဆယ်၊ ကြူကုတ်ကတဆင့် မုံးကိုးကို ရောက်လာတာရှိပါတယ်။
အဲဒီအချိန်မှာ မုံးကိုးဟာ ဗကပရဲ့ မြောက်ပိုင်းဗျူရိုဌာနချုပ် အခြေစိုက်ရာဖြစ်ပါတယ်။ ကျနော်ဟာ မုံးကိုးကို ၁၉၈၈ နိုဝင်ဘာမှာရောက်ပြီးနောက် မကြာခင်မှာပဲ အခြေခံစစ်သင်တန်း၊ လက်နက်ငယ်သင်တန်း၊ နိုင်ငံရေး သင်တန်းတွေ တက်ရပါတယ်။ ကျနော်တို့ ၈ လေးလုံးက တောခိုလာတဲ့ ကျောင်းသားတွေနဲ့ အရပ်သားတွေကို ဗကပက ဒီမိုကရေစီပြည်ချစ်တပ်မတော် DPA ဆိုတဲ့နာမည်နဲ့ သီးသန့်အဖွဲ့အစည်းတခု တည်ထောင်ပေးပါ တယ်။ DPA ခေါင်းဆောင်ပိုင်းထဲမှာတော့ ဗကပယူဂျီတွေ ထည့်ထားတယ်လို့ ထင်ရပါတယ်။ ဒါပေမယ့် ကျ နော်တို့အများစုကတော့ နီတာ ဖြူတာတွေမသိဘဲ စစ်အုပ်စုကိုချချင်တာပဲ သိပါတယ်။
ကျနော်တို့ မုံးကိုးမှာ စစ်သင်တန်း၊ နိုင်ငံရေးသင်တန်းတွေတက် နိုင်ငံရေးဆွေးနွေးပွဲတွေ လုပ်နေတုန်း ၁၉၈၉ ခု မတ်လ ၁၀ ရက်နေ့မှာ ဖုံကြားရှင်းခေါင်းဆောင်ပြီး ဗကပရဲ့ ကိုးကန့်ခရိုင်က ဗကပကို ပုန်ကန်ခွဲထွက်လိုက် ပါတယ်။ ၃-၄ ရက်အကြာမှာ ခွဲထွက်ကိုးကန့်တပ်တွေဟာ သံလွင်ကိုကူးပြီး မုံးကိုးကို ချီတက်လာပါတယ်။ အဲ ဒါနဲ့ မုံးကိုးမှာရှိတဲ့ ဗကပမြောက်ပိုင်းဗဟိုဌာနခွဲ ရုံးအဖွဲ့တွေနဲ့ ကျနော်တို့ DPA တပ်ဖွဲ့တွေဟာ မတ်လ ၁၅ ရက် မနက်စောစော လယ်ကွင်းတွေကိုဖြတ်ပြီး တရုတ်ပြည်ဘက်ခြမ်းက မန်ဟိုင်းရွာကို ပြေးရပါတော့တယ်။ တပ် တွေကတော့ တချို့လည်း ကိုးကန့်တပ်တွေနဲ့ပေါင်းသွားပြီး တချို့လည်း တရုတ်ပြည်ဘက်ပြေးဝင်ကြပါတယ်။ ဗကပဗဟိုရဲ့ အမိန့်အရ ကိုးကန့်တပ်တွေကို ခံမတိုက်ရပါဘူး။ DPA ခမျာ လက်နက်တောင်မကိုင်ရ၊ ရှေ့တန်း တောင် မထွက်လိုက်ရပါဘူး။
ဒီတော့ ဦးကျော်မြင့်ပြောနေတဲ့ ဗကပတွင်း ပုန်ကန်ခွဲထွက်မှုတွေကို သူ ပထမဆုံးစခဲ့တယ်၊ ၁၉၈၈ စက်တင် ဘာလမှာ ပုန်ကန်ပြီး မုန်းကိုးကို သိမ်းလိုက်တယ်ဆိုတာ လုံးဝမဖြစ်နိုင်ပါဘူး။ ၁၉၈၈ ခုထဲမှာ ဗကပထဲမှာ ဘယ်သူမှ မပုန်ကန်သေးပါဘူး။ ဦးကျော်မြင့်သာ ပုန်ကန်ထားတယ်ဆိုရင် ကျနော်တို့တတွေ ၈၈ နဝတအာ ဏာသိမ်းပြီးနောက်မှာ မုံးကိုးကို ဘယ်လိုမှ ရောက်လာနိုင်စရာ အကြောင်းမရှိပါဘူး။ ဗကပတပ်တွင်းပုန်ကန် မှုကို စခဲ့သူဟာ ကိုးကန့်ခေါင်းဆောင် ဖုံကြားရှင်းနဲ့ ဖုံကြားဖူး ညီအစ်ကိုပဲဖြစ်ပါတယ်။ ဦးကျော်မြင့် လုံးဝမ ဟုတ်ပါဘူး။
နောက်တခုက ကျနော် မုံးကိုးရောက်၊ တရုတ်ပြည်ရောက်၊ အဲဒီကတဆင့် ဗကပ ၁၀၁ စစ်ဒေသ (အခု ဇခုံတိန့် ယိန်းရဲ့ NDA-K ငြိမ်းချမ်းရေးအဖွဲ့) ကို ရောက်သွားပြီး လေ့လာသိရှိခဲ့ရတာက ၁၀၁ ဒေသမှာတော့ တချိန်က လင်ကျော်မြင့် လို့ခေါ်တဲ့ ကချင်တပ်မှူးတယောက် ရှိခဲ့ပါတယ်။ ဒါပေမယ့် အခု UDP ဦးကျော်မြင့်ဟာ ၁၀၁ က လင်ကျော်မြင့် လုံးဝမဟုတ်ပါဘူး။ ရွှေကျင်ဝမ်-တာပန်တိုက်ပွဲနဲ့ ကျူကုတ်-ပန်ဆိုင်းတိုက်ပွဲတွေမှာ ဦးစီးခဲ့တယ် ဆိုတာလည်း လုံးဝလိမ်ညာထားတာဖြစ်ပါတယ်။ ဒါတွေကို မေးကြည့်လို့ရတဲ့ ဗကပဟောင်းတွေ၊ NDA-K တပ် ဖွဲ့ဝင်တွေ၊ DPA တပ်ဖွဲ့ဝင်ဟောင်းတွေ အများကြီး၊ တရုတ်ပြည် ရွှေလီဘက်မှာရော၊ ကချင်အထူးဒေသ-၁ မှာ ရော အရှင်လတ်လတ် ရှိနေပါတယ်။ ကြူကုတ်-ပန်ဆိုင်းတိုက်ပွဲဟာ ၁၉၈၇ အောက်တိုဘာမှာစပြီး ၁၉၈၈ ဇွန် မှာပြီးတယ်ဆိုတာလည်း လွဲနေပါတယ်။ အမှန်က ၁၉၈၆ နိုဝင်ဘာလဆန်းမှာ ရွှေကျင်ဝမ် (စီစီဝမ်) တိုက်ပွဲစ၊ ဒီဇင်ဘာမှာ ကြူကုတ်၊ မန်ဟီးရိုး၊ မုံးပေါ် စတဲ့ ဗကပနယ်မြေတွေ အသိမ်းခံရပြီး တိုက်ပွဲစဉ်ကြီး ပြီးသွားခဲ့တာ ဖြစ်ပါတယ်။ သုတေသီ ဦးအောင်ခင် ဆိုတဲ့လူ ရေးထားတာမှာ ရွှေကျင်ဝမ်တိုက်ပွဲတောင် ထည့်မထားပါဘူး။ တကယ်တော့ ကြူကုတ်-ပန်ဆိုင်းတိုက်ပွဲဆိုတာ ရွှေကျင်ဝမ်တိုက်ပွဲကြီးရဲ့ နောက်ဆက်တွဲတိုက်ပွဲငယ်ပါ။
SSA ဘက်ရောက်သွားတဲ့ ကျနော်တို့သူငယ်ချင်းတွေကတော့ SSA ကတဆင့် ဗကပဗဟိုရှိရာ ပန်ဆန်းကို ရောက်သွားပြီး စစ်ရေး၊ နိုင်ငံရေးသင်တန်းတွေ တက်ခဲ့ကြပါတယ်။ ဗကပဆီက လက်နက်တွေလည်း ရခဲ့ပါ တယ်။ သူတို့ကိုလည်း ဗကပက DPA တပ်ဖွဲ့အဖြစ် ဖွဲ့စည်းတည်ထောင်ပေးခဲ့ပါတယ်။ ဗကပထဲကနေ ဝ တွေ ပုန်ကန်ခွဲထွက်ပြီးတဲ့နောက်မှာ သူတို့ဟာ ဝ တွေနဲ့ညှိပြီး လက်နက်အပြည့်အစုံနဲ့ ရှမ်းပြည်တောင်ပိုင်း ပအိုဝ်း ဒေသကို ဆင်းလာနိုင်ခဲ့ပါတယ်။ လမ်းတပိုင်းမှာ ဒီပန်ဆန်း DPA ခေါင်းဆောင်တချို့ ခွန်ဆာတပ်က ဖမ်းမိ သွားပြီး အသတ်ခံခဲ့ရပါသေးတယ်။ ဒီအဖွဲ့ထဲက တချို့က ၁၉၉၁ ခုမှာ ABSDF တပ်ရင်း ၈၀၁ အဖြစ် ပြောင်း လဲဖွဲ့စည်းခဲ့ပြီး ကျန်တဲ့တပ်ဖွဲ့ဝင်တွေက Democratic National Army (DNA) အဖြစ် ပြန်လည်ဖွဲ့စည်းခဲ့ပါ တယ်။
ကျနော့်သူငယ်ချင်း မိုးမိတ်သား ကိုထင်ကျော်ဟာ အဲဒီ DNA အဖွဲ့က သာမန်တပ်ဖွဲ့ဝင်ဖြစ်ပြီး နောက်ပိုင်းမှာ ရလလဖငြိမ်းချမ်းရေးအဖွဲ့အဖြစ် ကူးပြောင်းရပ်တည်ခဲ့ကြပါတယ်။ အခုတော့ ရလလဖ ငြိမ်းချမ်းရေးအဖွဲ့ထဲမှာ ပဲ အရက်သောက်များလို့ အသည်းခြောက်ရောဂါနဲ့ ကွယ်လွန်သွားပြီဖြစ်ကြောင်း သတင်းကြားရပါတယ်။ ကို ထင်ကျော်ဟာ ငြိမ်းချမ်းရေးအဖွဲ့ ကိုယ်စားလှယ်အဖြစ် ရန်ကုန်၊ တောင်ကြီး၊ မန္တလေးတို့ကို ခဏခဏသွားရ တော့ ဦးကျော်မြင့်တို့က တွေ့ခဲ့ဖူး သို့မဟုတ် တယောက်ယောက်ဆီက ကြားဖူးနားဝနဲ့ အသုံးချတဲ့ပုံပါပဲ။
၈၈ နဝတ အာဏာသိမ်းအပြီးမှာ ကျောင်းသားတွေ တောခိုတော့ တောင်ကြီးတောင်ဘက်ပိုင်း ပအိုဝ်းဒေသ ကိုလည်း အများကြီးရောက်လာကြပါတယ်။ ဒီကျောင်းသားတွေက Democratic Youth Army (DYA)အဖြစ် ဖွဲ့စည်းခဲ့ကြပါတယ်။ နောက်ပိုင်းမှာ (၁၉၉၁ လောက်) ABSDF တပ်ရင်း ၆၀၁ အဖြစ် ဖွဲ့စည်းလိုက်ပါတယ်။ ဒါ ကြောင့် အဲဒီအချိန်ကစပြီး DYA ဆိုတာ မရှိတော့ပါဘူး။ DYA ရဲဘော်ဟောင်းတွေဟာ အခုထိ ထိုင်းနယ်စပ် မှာရော၊ အမေရိကန်နိုင်ငံမှာပါ ရှိနေကြပါတယ်။ ၆၀၁ ဟာ ပအိုဝ်း အဖြူ အနီအဖွဲ့တွေ ငြိမ်းချမ်းရေးယူပြီး နောက်မှာ ထိုင်းနယ်စပ်ထွက်လာရပြီး နောက်ဆုံးလက်ကျန်တချို့ကတော့ အခုအခါ ABSDF တပ်ရင်း ၄ အ ဖြစ် KNPP နဲ့ တွဲဖက်လှုပ်ရှားနေတာပဲ ရှိပါတော့တယ်။
ဦးကျော်မြင့်ဟာ နောက်ပိုင်းမှာ ဘိန်းလုပ်ငန်းလုပ်ရင်း ရလလဖဘက်ရောက်တော့ အဲဒီနာမည်တွေ ကြားဖူး နားဝရှိပြီး ရမ်းသန်းဖြီးဖြန်းလိုက်ပုံရပါတယ်။ နဝတက ဘိန်းမှုနဲ့ဖမ်းပြီး ထောင် နှစ် ၄၀ ချလိုက်တဲ့၊ မန္တလေး ထောင်ထဲမှာပဲ သေသွားတဲ့ ရလလဖဘဏ္ဍာရေးတာဝန်ခံ ဗိုလ်မှူးစစ်အောင်ခိုင်ဆီက ကြားတာဖြစ်ပါလိမ့်မယ်။ ရလလဖ ငြိမ်းချမ်းရေးရစကာလတွေမှာ ဦးကျော်မြင့်က ဗိုလ်မှူးစစ်အောင်ခိုင်ဆီ ခဏခဏဝင်ထွက် ဆက်စပ် နေခဲ့တယ် မဟုတ်ပါလား။ မန္တလေးထောင်ထဲမှာလည်း မိတ်ဟောင်းဆွေဟောင်းတွေ ပြန်လည်ဆုံစည်းမိကြ မယ်ထင်ပါတယ်။
၈ လေးလုံးအပြီး ကချင်ပြည်ဘက် KIA ဘက်တောခိုတဲ့ ကျောင်းသားတွေဟာ ABSDF (မြောက်ပိုင်း) အဖြစ် ဖွဲ့စည်းပြီး တပ်ရင်း ၇၀၁၊ ၇၀၂၊ ၇၀၃ တို့ကို တည်ထောင်လှုပ်ရှားခဲ့ပါတယ်။ ၁၉၉၄ နှစ်ဆန်းပိုင်းမှာ KIA အပစ် အခတ်ရပ်စဲပြီးနောက် ABSDF အဖြစ် ဆက်လက်ရပ်တည်ခွင့် မရတော့တဲ့အတွက် တချို့က KIA အဖြစ်ကူး ပြောင်း၊ တချို့က မုံးကိုး DPA လိုပဲ တရုတ်ပြည်ထဲခိုလှုံ၊ တချို့က ရှမ်းပြည်ဘက်ကူးလာပြီးနောက် ထိုင်းနိုင်ငံ ထဲ ခိုလှုံသူခိုလှုံ၊ ကိုသံချောင်းတို့ကတော့ SSA (တောင်ပိုင်း) တပ်မဟာ ၂၄၁ အဖြစ်ခံယူဖွဲ့စည်းပြီး နောက်ဆုံး ၂၀၀၆ နှစ်ဆန်းရောက်တော့ SSA (တောင်ပိုင်း) တပ်မဟာမှူး ခွန်ကျော်အဖြစ် ရှမ်းပြည်မြောက်ပိုင်းမှာ နအဖ တပ်တွေရဲ့ ဝိုင်းပိတ်တိုက်ခိုက်ဖမ်းဆီးတာကို ခံခဲ့ရပါတယ်။ ABSDF (ကချင်) ရဲ့ အဓိကခေါင်းဆောင်တဦးဖြစ် ခဲ့တဲ့ ကိုအောင်နိုင်ဟာ အခုချင်းမိုင်မှာ BBC သတင်းထောက်ဟောင်းအဖြစ် အရှင်လတ်လတ် ရှိသေးသလို ချင်းမိုင်ရောက် တပ်မှူးတဦးကလည်း မကြာသေးခင်က ရမ်ဘို-အပိုင်း ၄ ရုပ်ရှင်မှာတောင် နအဖစစ်ဗိုလ်အဖြစ် သရုပ်ဆောင်ခဲ့ပါသေးတယ်။
ဒါကြောင့် ၂၀၀၀ ခုနှစ် ဒီဘက်ပိုင်းမှာ ကချင်ပြည်ဘက်မှာ ABSDF (ကချင်) ဆိုပြီး လှုပ်ရှားနေတာ လုံးဝမရှိ တော့သလို ရှမ်းပြည်တောင်ပိုင်းဘက်မှာလည်း DYA သော်၎င်း၊ ထင်ကျော်အဖွဲ့သော်၎င်း နအဖကို စစ်ရေးအ ရ တိုက်ပွဲဝင်နေတာ မရှိတော့ပါဘူး။ ဒီတော့ နအဖစစ်အစိုးရကို လက်နက်ကိုင်တိုက်ပွဲဝင်နိုင်ဖို့ ABSDF (က ချင်)၊ DYA ၊ ကိုထင်ကျော်အဖွဲ့တွေကို ဦးကျော်မြင့်တို့ UDP အဖွဲ့က ဒေါ်လာ ဘယ်နှစ်သောင်းလှူတယ်ဆိုတာ လူတွေကို ထင်ယောင်ထင်မှားဖြစ်အောင် လှည့်စားဖို့ ဖြီးလုံးဖြန်းလုံးသက်သက်တွေသာ ဖြစ်တယ်ဆိုတဲ့အ ကြောင်း ဖြစ်ရပ်မှန်များကို ဖော်ထုတ်ဖွင့်ချလိုက်ရပါတယ်။
ရဲဘော်ပိုင် (DPA)
Saturday, March 7, 2009
UDP ၏ ဖြီးလုံးဖြန်းလုံးများ
Posted by
ဒေါက်တာလွဏ်းဆွေ
at
10:04 PM
0
comments
Labels: ဆောင်းပါး
အောင်ပွဲစစ်မှန် ညီညွတ်ရေးစာမျက်နှာသစ် - မောင်ခင်အေးတင့် (မဒေါက်)
Posted by
ဒေါက်တာလွဏ်းဆွေ
at
6:17 PM
0
comments
Labels: ဆောင်းပါး
မြန်မာ့ရေးရာ သတင်းပဒေသာ (၆-၃-၀၉)
- ဇင်ဘာဘွေဝန်ကြီးချုပ်ဇနီး ကားတိုက်သေဆုံး click
- အမေရိကန် အလုပ်လက်မဲ့နှုန်း သိသာစွာတိုး click
- ရှေ့နေဦးအောင်သိန်းနဲ့ ဦးခင်မောင်ရှိန် ပြန်လွတ် click
- မြန်မာပြည် အကြွေစက္ကူရှားပါး၊ အရောင်းအ၀ယ် အခက်တွေ့ click
- မြောက်ကိုရီးယား ခြိမ်းခြောက်လို့ တောင်ကိုရီးယားလေကြောင်း လမ်းကြောင်းလွှဲ click
- နိုင်ငံတကာ အမျိုးသမီးများနေ့ click
- မြန်မာအမျိုးသမီးများ၏ ရုန်းကန်လှုပ်ရှားမှု ကုလသမဂ္ဂမှာ ဆွေးနွေး click
- ပြဿနာများကိစ္စ ရွှေပေါ်ကျွန်း ပဓာနဆရာတော် ပြန်လည်ဖြေရှင်း click
- မြန်မာနိုင်ငံဘက်မှ ကားများကို ထိုင်းနိုင်ငံဘက်သို့ ၀င်ခွင့်ပိတ်ပင် click
- တရားရုံးမထေမဲ့မြင်ပြုမှုဖြင့် ထောင်ဒဏ်ကျသော ရှေ့နေနှစ်ဦး ပြန်လွတ်ပြီ click
- အစိုးရနဲ့ပူးပေါင်းတဲ့ နိုင်ငံရေးအဖွဲ့များ နိုင်ငံရေးစည်းရုံးခွင့်ပြု click
- ဒေါက်တာရမ်းကုတွေကြောင့် ကျန်းမာရေးထိခိုက်မှုတွေ ကြုံဖူးပါသလား (ဆွေးနွေးခန်း) click
- အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ဆက်သွယ်ရေး ဖြတ်တောက်ထား၏ click
- နေပြည်တော်က စေတီကြီး ပြီးလုပြီ click
- ကြံ့ဖွံ့ ပါတီထောင်တော့မည် click
- တောထဲတွင် ဒုက္ခသည် ၄ သိန်းကျော် ပုန်းနေဆဲ click
- ရန်ကုန်တွင် မီးပျက်နှုန်း စံချိန်တင် click
- ၂၀၁၀ ရွေးကောက်ပွဲဝင်မည့် ပါတီများ Joint Action ဖွဲ့မည် click
- ကြုံရဆုံရ ရွှေဝါရောင်တော်လှန်ရေး အကြိုကာလ - အပိုင်း (၂) (ဆောင်းပါး) click
- ကျောက်ဖြူနယ်မှာ စစ်တပ်က မီးသွေးကို လျှော့ဈေးနဲ့ဝယ် click
- Myanmar frees pro-democracy lawyers after 4 months click
- The Regime Want My Father To Die In Prison click
- The Heroes of Philanthropy click
- Pakistan beat Sri Lanka in Junior Davis Cup click
- Buddhism, Burma, Myanmar: New pagoda opens in Nay Pyi Taw click
- Myanmar to hold gems show this weekend click
- နေပြည်တော် ဥပ္ပါတသန္တိစေတီ ခိုက်ပြီ၊ ဘုရားရှေ့ပျော်ပွဲရွှင်ပွဲတွင် ချားရဟတ်ပြုတ်ကျ၍ လူ ၂၀ ကျော်သေ၊ ဘွဲ့လက်မှတ်ကပ်မည့် သံဃာတော်အပါး ၇၀၀ နေပြည်တော်မှာ အကျယ်ချုပ်ထား click- အရပ်သားအစိုးရသစ်က လက်နက်ချခိုင်းလျှင် အန်ဒီအေကေ ကချင်အဖွဲ့ လက်နက်ချမည် click
- အက်ဖ်အီးစီဖြင့် လောင်စာဆီဝယ်ယူမှုများ ကျပ်ငွေနှင့် ၀ယ်ရသည်ထက် သက်သာ click
- ပြင်သစ်ယဉ်ကျေးမှုပွဲသတင်းများ စိစစ်ရေးပိတ် click
- ဖယ်ပေးနေရာတွင် အိမ်မရှိရယက ရွှေ့ပြောင်းနေရာတွင် နေရာယူ click
- ဒေါ်အောင်ဆန်းစုကြည်နှင့် ဂလပ်စကိုလွတ်လပ်မှုဆု click
- မြန်မာဆန့်ကျင်ရေး ထိုင်းသပိတ်ကြောင့် မဲဆောက်တွင် ထိုင်းကုန်စည် သောင်တင် click
- မွန်-မြန်မာဇာတ်များ လူရွှင်တော်အသားမပေးရ အမိန့်ထုတ် click
- သံဃာကို ဘုရားကသာ ဘွဲ့ပေးရာသည် (ဆောင်းပါး) click
- ၂၀၁၀ ရွေးကောက်ပွဲနှင့် အပစ်အခတ်ရပ်စဲရေးအဖွဲ့များ၏ ကံကြမ္မာ - အပိုင်း (၆) (ဆောင်းပါး) click
- ၂၀၁၀ ကို တီးခေါက်ကြည့်တော့ အပြီးဆောက်မယ့် နေပြည်တော်လား (ဆောင်းပါး) click
- ငွေကြေးကောက်ခံနေခြင်းကြောင့် စာမေးပွဲဖြေဆိုမည့် ကျောင်းသားမိဘများ စိတ်ညစ်နေရ click
- ခြစားမှုဖော်ထုတ်သူ အာမခံဖြင့် ပြန်လွှတ်လာ click
- နိုင်ငံတကာ ထေရ၀ါဒ ဗုဒ္ဓတက္ကသိုလ်များ၏ အစည်းအဝေး စစ်ကိုင်းတောင်မှာ ကျင်းပ click
- စီးပွားရေးမြို့တော် ရန်ကုန်တွင် ခွဲတမ်းကျ လျှပ်စစ်မီးပင် ပုံမှန် မရတော့ click
- နိုင်ငံရေးအမှုလိုက်ရှေ့နေနှစ်ဦး ပြန်လွတ်လာ click
- ရှေ့နေဦးအောင်သိန်း ပြန်လည်လွတ်မြောက် click
- ထိုင်းဗီဇာကြေး အခမဲ့ကာလ သတ်မှတ်ကြေညာ click
- ၀င်းမော်(ရွှေသံစဉ်)အပါအ၀င် သုံးဦးကို ထောင်ဒဏ်တိုး click
- အာဏာပိုင်များက ပေါက်ကွဲမှုနှင့်ပတ်သက်၍ မသင်္ကာသည့် လူငယ်တဦးကို ဖမ်းဆီး click
- ၀ီးကလီးအလဲဗင်းဂျာနယ် အယ်ဒီတာ ထောင်ထဲ၌ ကျန်းမာရေးမကောင်း click
- စာမေးပွဲနီးပြီ - လျှပ်စစ်မီးပျက်လွန်း၍ ကျောင်းသားများ အခက်ကြုံ click
- မြန်မာကားများကို ထိုင်းဘက်ဝင်ခွင့်မပြုရေး ဆန္ဒပြ click
- ထိုင်းအစိုးရက ကေအန်ယူကို ထိုင်းမြေတွင် နေခွင့်မပြု click
- ဧရာဝတီမြစ် ရေနည်းလွန်းပြီး သောင်ပိုထွန်း၍ ဆိပ်ကမ်းများကို ထိခိုက်၊ မြစ်များမပျက်စီးရန် သဘာဝပတ် ၀န်းကျင် ထိန်းသိမ်းစောင့်ရှောက်ရန် လိုအပ် click
- ရေလှောင်တမံကြောင့် ဒုက္ခရောက်မည့်ဘေးကို ရခိုင်ပြည်သူများ စိုးရိမ်နေ click
- မြန်မာစာနယ်ဇင်းသမားများကို မော်လဒိုက်ကျွန်းနိုင်ငံက ခိုလှုံခွင့်ပေးတော့မည် click
- ရင်ကွဲတေး၊ ကင်ပေတိုင် (ကဗျာ) click- မန်းဝင်းမောင်အတ္ထုပတ္တိ - အပိုင်း (၁၁) click
- မြန်မာနိုင်ငံသားများ ဘေးဒုက္ခကင်းဝေးစေရန် ရည်သန်တဲ့ အသံမစဲပဋ္ဌာန်းပွဲ click
- ပြဿဒါးရဲ့ မုန်တိုင်းည (ဆောင်းပါး) click
- သတင်းသမားများ မော်လ်ဒိုက်တွင် ခိုလှုံခွင့်ရမည် click
- ပလက်ဖောင်းပေါ်က ကလေးငယ်များ (ဆောင်းပါး) click
- စီးပွားရေးပြဿနာများသည် ဒဏ်ခတ်ပိတ်ဆို့မှုကြောင့်မဟုတ် (ဆောင်းပါး) click
- နောင်ဘဝဆိုတာ ရှိခဲ့ရင် (ဆောင်းပါး) click
- မြန်မာလိုင်းကားများ ထိုင်းဖက်သို့ ၀င်ခွင့်မပြုတော့ click
- နအဖစစ်သားတပ်ပြေး သျှမ်းပြည်တပ်မတော်ထဲ ၀င်ရောက်ပူးပေါင်း click
- Buddhism, Burma: Myanmar Student Monks in Sri Lanka to celebrate the recitation of Patthana texts click
- Christians gird for war in Myanmar click
- Thailand's treatment of Rohingya refugees 'unjustifiable' click
- 1st private special treatment hospital in Myanmar new capital under construction click
၅-၃-၀၉ နေ့က N.L.D ရုံးချုပ်တွင် “အားလုံးအတွက် ဒီမိုကရေစီ” ဟူသော ခေါင်းစဉ်ဖြင့် လူငယ်စာဖတ်ဝိုင်း အား ကျင်းပခဲ့ပါသည်။ နေ့လည် ၁ နာရီင်္တွင် စတင်ခဲ့ပြီး သဘာပတိအဖြစ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် သ ခင်ဦးစိုးမြင့် ဆောင်ရွက်ပြီး စာဖတ်ဝိုင်းတာဝန်ခံအဖြစ် ဖျာပုံနီလုံဦး (ဦးအောင်မြင့်) မှ တာဝန်ယူဆောင်ရွက်ခဲ့ ပါသည်။ စာဖတ်ဝိုင်းသို့ ဦးသိန်းညွှန့် (ကော့ကရိတ်)၊ ဒေါက်တာမျိုးအောင်နှင့် ဗဟိုအမျိုးသမီးအဖွဲ့ဝင်များ၊ ရန် ကုန်တိုင်း၊ မကွေးတိုင်း၊ ကချင်ပြည်နယ်နှင့် အခြားမြို့နယ်များမှ လူငယ်များ၊ အဖွဲ့ချုပ်အဖွဲ့ဝင်များ တက် ရောက်ခဲ့ကြပါသည်။ ညနေ ၃ နာရီခွဲခန့်တွင် အောင်မြင်စွာပြီးဆုံးခဲ့ပါသည်။



Posted by
ဒေါက်တာလွဏ်းဆွေ
at
5:13 AM
0
comments
Labels: သတင်း
Friday, March 6, 2009
မြန်မာသင်္ဘောသားများနှင့် ကိုးရီးယားပွဲစားများ
Posted by
ဒေါက်တာလွဏ်းဆွေ
at
10:24 PM
0
comments
Labels: ပေးစာ
ဆူရှီသမားလိပ်တဲ့ ကဗျာ(၂)
သစ်ကောင်းအိမ်
အီရတ်မှာ
သမ္မတကြီးဘုရှ်
ဖိနပ်နဲ့ပေါက်ခံရတုန်းကလည်း လိပ်ခဲ့တယ်၊
ဝါရှင်တန်ဒီစီမှာ
ဘားရက်အိုဘားမားနဲ့ ဒေါ်မေငြိမ်း
ဓာတ်ပုံတွဲရိုက်တော့လည်း လိပ်ခဲ့တယ်။
လိပ်ခဲ့တယ် ...
မြောက်ကယ်လိုရိုင်းနားမှာ လိပ်ခဲ့တယ်၊
ဝက်စ်ဗာဂျီးနီးယားမှာ လိပ်ခဲ့တယ်၊
ကယ်လီဖိုးနီးယားမှာ လိပ်ခဲ့တယ်။
လိပ်တယ် ...
ပက်လက်လှန်ထားတဲ့ လိပ်တကောင်လို
ယက်ကန်ယက်ကန် လိပ်တယ်။
လိပ်တယ် ...
ဇာက်ကြိုးဆောင့်ဆွဲခံရတဲ့ မြင်းတကောင်လို
ပတပ်ရပ်ပြီး လိပ်တယ်။
လိပ်တယ် ...
ငါးပိသွားကိုင်မိတဲ့ မျောက်တကောင်လို
ပျာယာခတ်တောက်လောင်ပြီး လိပ်တယ်။
အလိပ်ထဲ လိပ်စာတွေပျောက်နေတယ်
အလိပ်ထဲ တောတွေမှောက်နေတယ်။
လိပ်တယ် ...
မိုင်ပေါင်းသောင်းချီဝေးတဲ့အဝေး
ဖုန်းထဲက သားလေးပေးတဲ့ မွှေးမွှေးကို
လိပ်တယ်၊
ကောင်မလေး အေးရဲ့
ညာနားရွက်နောက်က အသားပိုလေးကို
လိပ်တယ်၊
ပွဲလန့်ချိန် ဖျာလိပ်ထမ်းစောင့်နေတဲ့
ငနဲတွေကို လိပ်တယ်၊
မျက်နှာဖြူတွေတိုင်းပြည်မှာ
မျက်ဖြူလန်ပြီး လိပ်တယ်။
မိုးလင်းထဲက စဉ်းစားမိတာ လိပ်ဖို့ပါပဲ
လိပ်မှာပဲ လိပ်မှာပဲ
ငါ့ကို လာလာမတားနဲ့ ...
အဲလက်စ်ရဲ့စားမှာပဲ ... သီချင်းကို ကော်ပီလုပ်ဆိုရင်း
လိပ်တယ်။
ဘယ်လျှောက်လည်နေသလဲ
လိုက်ရှာတော့
ခွေးအိုကြီးတကောင်ရဲ့ ခြေရင်းမှာ
ဝပ်ဆင်းနေတဲ့ဝဋ်ကို လိပ်တယ်။
အလိပ်ထဲ လိပ်ဝင်နေတဲ့ နေ့ညတွေ
အလိပ်ထဲ လိမ့်ဆင်းနေတဲ့ သွေးချွေးတွေ ...
ဝရုန်းသုန်းကား ထိုးရပ်နေတဲ့
ယန္တရားအိုကြီးတလုံးထဲ
အရစ်ပြုန်းတဲ့အထိ
လည်ပင်းညှစ်ခံရတော့မယ့် ၀က်အူတလုံး
ငါ့မှာ မအိပ်ခင် လိပ်ရဦးမယ့်ခရီးတွေနဲ့ ...
ငွေတန်းစစ်မျက်နှာ တနေရာမှာ
ရွပ်ရွပ်ချွံချွံ ငါလိပ်ခဲ့ပါတယ်။ ။
သစ်ကောင်းအိမ်
(၄ ရက်၊ မတ်လ၊ ၂၀၀၉)
Posted by
ဒေါက်တာလွဏ်းဆွေ
at
4:15 PM
1 comments
Labels: ကဗျာ
ပြည်တွင်းက ပို့တဲ့စာ - သိချင်လို့ပါ (၁)
Posted by
ဒေါက်တာလွဏ်းဆွေ
at
4:14 PM
0
comments
Labels: ဆောင်းပါး
Thursday, March 5, 2009
မြန်မာ့ရေးရာ သတင်းပဒေသာ (၅-၃-၀၉)
- အစိုးရခေါင်းဆောင်တယောက် ပထမဆုံး ဖမ်းဝရမ်း အထုတ်ခံရ click
- နိုင်ငံတကာ ပြစ်မှုခုံရုံးရဲ့ ဖမ်းဝရမ်း ဆူဒန်သမ္မတ လက်မခံ click
- ဆူဒန်သမ္မတ ဖမ်းဝရမ်း တရုတ်ဆန့်ကျင် click
- ICC ဆုံးဖြတ်ချက်ကို ဆန့်ကျင်ဖို့ ဆူဒန်က ကြိုးစားနေ click
- ကေအန်ယူကို ထိုင်း ဖိအားပေး click
- ကရင်လက်နက်ကိုင်အဖွဲ့ကို အပစ်အခတ်ရပ်ရေး ဖိအားပေး click
- အပစ်ရပ်ကရင်အဖွဲ့ တပ်သားသစ်စု၊ မသွားလျှင် ငွေ ၁၅ သိန်းပေးရ click
- မြန်မာတို့ ထိုင်းဗီဇာရရန် ခက်ခဲနေဆဲ click
- မြန်မာကားများကို ထိုင်းတို့ လမ်းပိတ်ဆန္ဒပြ click
- မြန်မာကားတွေ ထိုင်းနိုင်ငံထဲအထိ လိုင်းကားဆွဲမှုကို ထိုင်းကားသမားတွေ ဆန္ဒပြ click
- ဂလပ်စဂိုမြို့က ဒေါ်အောင်ဆန်းစုကြည်ကို ဂုဏ်ပြုဆုပေး click
- ဗုဒ္ဓတက္ကသိုလ်များညီလာခံတွင် သီတဂူဆရာတော်အား ဒေါက်တာဘွဲ့ဆက်ကပ် click
- ဆန်းဆန်းပြားပြားကုမ္ပဏီက ၂၀၁၀ ရွေးကောက်ပွဲတွင် ပါဝင်မည်မဟုတ် click
- ရန်ကုန်မြို့လယ်တွင် ကားမှောက်ရာ တဦးသေဆုံး click
- အသက်ကြီးသူတွေကြားမှာလည်း HIV ကူးစက်နှုန်းမြင့်မား click
- မြန်မာကိုလိုက်လျောခြင်းကြောင့် အာဆီယံကို ပြစ်တင်ဝေဖန် click
- ပြည်တွင်းတိမ်းရှောင် ဒုက္ခသည် မြန်မာပြည်မှာ တိုးပွားနေ click
- နေတိုးနှင့် ရုရှား အဆင့်မြင့်ဆက်ဆံရေး ပြန်စမည် click
- မြန်မာ့မူးယစ်ကိစ္စ အမေရိကန်အစီရင်ခံစာ စစ်အစိုးရပယ်ချ click
- မြန်မာကျပ်ငွေ တန်ဖိုးမြင့်တက်ခြင်းကြောင့် ပြည်သူများ အခက်အခဲဖြစ် click
- တိုင်းမှုးမှ ကျင့်ဝတ်ချိုးဖောက်သည့် တပ်သားများအား အရေးယူမည်ဟုဆိုသော်လည်း အရေးယူမှုမရှိ click
- အာဆီယံအဖွဲ့ကြီးနဲ့ လူ့အခွင့်အရေး (မျက်မှောက်ရေးရာ) click
- ကိုဖုန်းမော်နေ့အကြို အန်အယ်လ်ဒီစာဖတ်ဝိုင်း ကျင်းပ click
- ခွဲစိတ်မှုခံယူမည့်သူနှင့် နိုင်ငံရေးအကဵဉ်းသားမဵားကို ထောင်ပြောင်း click
- တရုတ်စီးပွားရေး အခက်ခဲဆုံးနှစ် click
- ဘုရားတည်တာ တိုင်းပြည်အတွက်လား ယတြာအတွက်လား (ဆွေးနွေးခန်း) click
- မောင်စွမ်းရည်၏ အခန်းဆက် - မော်ဒန်ရဲ့ မာယာ ကဗျာဆောင်းပါးများ (၁) click
- လူ့အခွင့်အရေးအဖွဲ့ အစီရင်ခံစာအတွက် မီဇိုများက အပြစ်တင် click
- ဓာတ်ခွဲခန်းထဲက ပူးများ၊ ကြွက်များ မဟုတ်ပါ (ဆောင်းပါး) click
- အမ်း-စစ်တွေရထားလမ်း စတင်ဖောက်လုပ် click
- ကေအင်ယူကို ထိုင်းနယ်မြေထဲမှ ထွက်ခွာသွားရန် ဖိအားပေးဟု ဆို click
- ဗမာ့တပ်မတော်နှင့်အပြိုင် ၀ တပ်ဖွဲ့ အင်အားဖြည့် click
- အပစ်အခတ်ရပ် ၀ နယ်မှာ သန်းခေါင်းစာရင်း ကောက်ခံခွင့်မပြု click
- မြန်မာအပါအဝင် ၄၂ နိုင်ငံကို ထိုင်းက အလည်အပတ်ဗီဇာခ ကင်းလွတ်ခွင့်ပြု click
- ဒေါ်အောင်ဆန်းစုကြည်ကို ဂလပ်စဂိုမြို့က အမြင့်ဆုံးဆုပေးအပ် click
- ဒေါ်အောင်ဆန်းစုကြည်အား စကော့တလန် ဂလပ်စကိုမြို့ ဂုဏ်ထူးဆောင်ဆု ချီးမြှင့် click
- ဆောက်လုပ်ရေးလုပ်ငန်းများ ရပ်ဆိုင်း၊ အလုပ်လက်မဲ့ ပိုများလာ click
- ကချင်အပစ်ရပ်အဖွဲ့များ နိုင်ငံရေးပါတီထောင်ပြီ click
- ကချင်ခေါင်းဆောင်အချို့က နိုင်ငံပါတီတည်ထောင်ရန် ပြင်ဆင် click
- ကြံ့ဖွံ့က သတင်းစာထုတ်မည်ဟုဆို click
- အာဏာရှင် ဦးနေ၀င်းသမီး ဒေါ်ခင်စန္ဒာဝင်း အထီးကျန်ဖြစ်၊ နိုင်ငံကူးလက်မှတ် လျှောက်ထားမှုကို စစ်အစိုးရ ပယ်ချ click
- မြန်မာလိုင်းကား ဆန့်ကျင်ရေး မဲဆောက်ထိုင်းလိုင်းကားများ ဆန္ဒပြ click
- မြန်မာလိုင်းကားများကို မကျေနပ်သဖြင့် ထိုင်းလိုင်းကားသမားများ ဆန္ဒပြ click
- မြန်မာစီးပွားရေးလုပ်ငန်းရှင်ကြီးများ ဘောလုံးသင်းများထောင်ပြီ click
- နေပြည်တော် ဥပ္ပါတသန္တိစေတီ စိန်ဖူးတင်ပွဲ အိုဘားမားကျမ်းကျိန်ပွဲထက် လုံခြုံရေးပိုကျပ် click
- ဘာသာရေးနဲ့ နိုင်ငံရေး (ဆောင်းပါး) click
- ဒီမိုကရေစီနှင့် ပူးပေါင်းမလား အာဏာရှင်နှင့် ပူးပေါင်းမလား (ဆောင်းပါး) click
- ဓမ္မစက်၊ အာဏာစက်နဲ့ ကားပျက်ကြီး (အင်တာဗျူး) click
- ဆူဒန်သမ္မတ ဖမ်းဝရမ်း တုန့်ပြန်ချက်မျိုးစုံထွက် click
- အမေရိကန် ကုလ လူ့အခွင့်အရေးကောင်စီအဖွဲ့ဝင် ပြန်ဖြစ် click
- နာဂစ်လေဘေးကူညီရေး သုံးပွင့်ဆိုင်အဖွဲ့ကို ၂၀၁၀ အထိ ခွင့်ပြု click
- နာဂစ်မုန်တိုင်းဘေးသင့် သစ်ပင်များ ပန်းပုရုပ်များဖြစ်သွားပြီ click
- မြန်မာစစ်အစိုးရက အမျိုးသားသင်္ကေတများ သတ်မှတ် click
- ဦးတင်ယုအပါအ၀င် ၁၀ ဦးကို အင်းစိန်ထောင်အတွင်း အမှုထပ်တိုး ရုံးထုတ် click
- ငယ်တုန်း ဒီမိုကရက်၊ ကြီးတော့ ရီပတ်ဘလစ်ကင် (ဆောင်းပါး) click
- ကုန်ဈေးနှုန်းကျသော်လည်း စပါးဈေးမတက်၍ ရခိုင်တောင်သူလယ်သမားများ အခက်ကြုံ click
- Vigilance urged after blasts click
- Myanmar denounces US rights, drugs reports: state media click
- Myanmar assails US State Department reports click
- Myanmar investigates into two cases of bomb explosion click
- Christians worldwide to pray for Burma click
- Myanmar: Daughter of political prisoner to be a speaker at global prayer day for Burma click
- Indonesia group protests over Jakarta's Buddha Bar click
- Providing shelter against cyclones click
- Australia ups aid for Rohingyas click
Posted by
ဒေါက်တာလွဏ်းဆွေ
at
6:51 PM
0
comments
Labels: သတင်း
ပြည်တော်ပြန် ရုက္ခစိုး
ချင်းမိုင်မြို့၊ ဒွိုင်ဆူထေ့တောင်ပေါ်မှ အရိပ်ကောင်းသော သစ်ပင်ကြီးအောက်တွင် အေးအေးချမ်းချမ်း အနား ယူ ငိုက်မျဉ်းနေသည့် ဦးရုက္ခစိုးတယောက် ရုတ်တရက် ခုန်ထကာ အလန့်တကြား အော်လိုက်သည်။
အဘယ်ကြောင့်ဟူမူကား သူ့ရှေ့တွင် ရုတ်တရက်ပေါ်လာသော ကြွက်စုတ်နှင့်အတူ ဟစ်ပ်ဟော့ပ် ချာတိတ် များကဲ့သို့ ခုန်ဆွ ခုန်ဆွ လုပ်ရင်း လက်များကလည်း ဟိုယမ်းသည်ယမ်းဖြစ်နေသည့် အသက်ကြီးကြီး လူတ ယောက်ကို တွေ့လိုက်ရသောကြောင့်ဖြစ်၏။
ကြွက်စုတ် ။ ။ တွေ့ရတာ ဝမ်းသာလိုက်တာ ဦးရုက္ခစိုးကြီးရယ်၊ လာသာလာရတယ် ရှိမှ ရှိပါ့မလားလို့။
ရုက္ခစိုး ။ ။ ရှိပါတယ်ကွ၊ ငါ ဘယ်မှ မသွားပါဘူး။ ဒါနဲ့ မင်းဘေးက ခုန်ဆွ၊ ခုန်ဆွကြီးက ဘယ်သူလည်းကွ။ သူ့မြင်ရတာ ငါလို နတ်တောင် ရင်တုန်ပန်းတုန် ဖြစ်တယ်။
ကြွက်စုတ် ။ ။ မကြောက်ပါနဲ့ဗျာ၊ သူက ဦးကြွတက်တဲ့။ ဦးရုက္ခစိုးနဲ့ တွေ့ချင်လွန်းလို့ တကူးတက လိုက်လာ တာ။
ရုက္ခစိုး ။ ။ ဟုတ်လား နာမည်နဲ့လူ လိုက်ပါ့ကွာ။ ဒါနဲ့ သူက ဟစ်ပ်ဟော့ပ် အဆိုတော်လား။ ဒီအသက် ဒီအရွယ် ကြီးနဲ့ ဟစ်ပ်ဟော့ပ် ဆိုရတယ်လို့။ အရမ်း အရမ်းကို မြောက်ကြွမြောက်ကြွ ဖြစ်နေတာနော်။
ကြွက်စုတ် ။ ။ ပေါက်ကရက ပြောတော့မယ်။ ဟစ်ပ်ဟော့ပ်အဆိုတော် မဟုတ်ဘူးဗျ။ သူက မြောက်ကြွဆို ရွေး ကောက်ပွဲဝင်ဖို့ အရမ်း အရမ်းကို ကြွတက် … အဲ … တက်ကြွနေလို့။
ဦးရုက္ခစိုးနှင့် ဦးကြွတက်တို့ လက်ဆွဲနှုတ်ဆက်ရာတွင် အငြိမ်မနေသော ဦးကြွတက်ကြောင့် ဦးရုက္ခစိုးပါ သူနှင့် အလိုက်သင့် ခုန်ဆွ ခုန်ဆွ လုပ်လိုက်မှ အဆင်ပြေသွားသည်။
ရုက္ခစိုး ။ ။ ရွေးကောက်ပွဲအတွက် ကြွတက်နေတယ်ဟုတ်လား။ မုန့်ဆီကြော်က ဘယ်နားနေမှန်းမသိ နှုတ်ခမ်း နာနဲ့ တည့်ပါ့မလား ဆိုသလိုတော့ ဖြစ်နေပြီထင်တယ်။ ရှေ့နှစ်ထဲမှာ ရွေးကောက်ပွဲက တကယ်လုပ်ဖြစ်မှာမို့ လို့လား။ ရွေးကောက်ပွဲဥပဒေတောင် ခုချိန်ထိ ထွက်မလာသေးဘဲနဲ့။
ဦးကြွတက် ။ ။ ဥပဒေ မထုတ်သေးတာက ဗေဒင်ဆရာက ဗိုလ်ချုပ်မှူးကြီးကို အခါမပေးသေးလို့ ဖြစ်ပါလိမ့် မယ်။
ကြွက်စုတ် ။ ။ ကြည့်ရတာ ဗိုလ်ချုပ်မှူးကြီးကို ချုပ်ထားတဲ့ အမေကြိုင်က ဗေဒင်ဆရာကို အခါမပေးနဲ့ဦးဆိုပြီး အမိန့်ပေးထားတာပဲ ဖြစ်မယ်။ ရှေ့နှစ်ထဲမှာလုပ်မယ်ဆိုရင် အခု ကြေညာရတော့မှာ မဟုတ်ဘူးလား။
ရုက္ခစိုး ။ ။ အဲဒါမှ ဒုက္ခပဲ။ ရွေးကောက်ပွဲကို အရမ်းအရမ်း ဝင်ချင်နေတဲ့သူတွေ သနားပါတယ်။ ဒီလူတွေထဲမှာ ရွေးကောက်ပွဲဆိုင်းသံကြားရင် ထ မကဘဲ မနေနိုင်တဲ့သူတွေ အများကြီးပါတယ်ကွ။
ကြွက်စုတ် ။ ။ အင်း ... အမတ်ရူးတွေ၊ အမတ်ခရေဇီတွေပေါ့လေ ... ။
ဦးကြွတက် ။ ။ ဟုတ်ပါတယ်ခင်ဗျ၊ ဟုတ်ပါတယ်။ ကျနော်လည်း ထ က ... အဲလေ ... ယောင်လို့၊ ကျနော် လည်း အမှန်ကို ဝန်ခံရရင် အမတ်ရူးတွေထဲ တဦးအပါအဝင်ပါ။
ဦးကြွတက်က ချာတိတ်တွေ ဟစ်ပ်ဟော့ပ်ဆိုသလို လက်နှစ်ချောင်းကို ရှေ့ကိုဆန့်ကာ ခြေနှစ်ချောင်းကို ပိုလီ ယိုရောဂါသည်ပုံစံ ကွေးကောက်၍ ပြောလိုက်သည်။
ရုက္ခစိုး ။ ။ ဒီဘက်က နိုင်ငံရေးသမားတချို့ကတော့ အထဲပြန်ဝင်မယ်၊ မဝင်ဘူး ကွဲပြဲကုန်ကြပြီ။ မဲဆောက်က လူတွေကတော့ ဝင်မယ့်ကောင်တွေ လာရဲလာကြည့် လေးခွနဲ့ချောင်းပစ်မယ်တဲ့ဗျ။ ဒီဘက်ကလူတွေကလည်း ဂျင်ကလိတွေဘာတွေ ဆောင်ပြီးမှ မဲဆောက်ကို သွားရဲတော့မှာ။
ဦးကြွတက် ။ ။ အောင်မယ်လေး၊ အောင်မယ်လေး … ပွဲက ကြမ်းလှချည်လားဗျာ။
ကြွက်စုတ် ။ ။ ဦးရုက္ခစိုးလည်း အထဲပြန်ပြီး ရွေးကောက်ပွဲဝင်ပါလား။ “ကျုပ်ကို မဲထည့်ကြပါ၊ ကျုပ်အနိုင်ရရင် မဲထည့်တဲ့သူတွေကို နှလုံးဂဏန်း ဒဲ့ (တည့်) ပေးမယ်၊ ဘောလုံးပွဲ Focus အတိအကျပေးမယ်” လို့သာ ပြော ပြီးစည်းရုံးဗျာ၊ ဦးရုက္ခစိုးပုံနဲ့ဆို လူတွေက ယုံပြီး မဲထည့်ကြမှာ။
ရုက္ခစိုး ။ ။ မဖြစ်ဘူးကွ၊ တော်ကြာ မဲအပြတ်အသတ်နဲ့ နိုင်သွားလို့ အာဏာလွှဲမပေးဘဲ ထောင်ထဲထည့်နေမှဖြင့် ရုက္ခစိုးတို့သမိုင်းမှာ ကျော်မကောင်း ကြားမကောင်းတွေ ဖြစ်ကုန်ပါ့မယ်ကွယ်။ ဒါနဲ့ ဦးကြွတက်ရဲ့ လာရင်းကိစ္စ က ဘာလဲ။
ကြွက်စုတ် ။ ။ ရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် ဦးရုက္ခစိုးဆီက အကြံလေးဘာလေး တောင်းချင်လို့တဲ့။
ရုက္ခစိုး ။ ။ ဦးကြွတက်က ပါတီအဖွဲ့အစည်းတွေဘာတွေ ထောင်ဖို့ ပြင်နေပြီလား။
ဦးကြွတက် ။ ။ ကျနော်ကတော့ ပါတီရယ် ဘာရယ်မဟုတ်ပါဘူးဗျာ။ အဓိကက အမတ်ဖြစ်ရင် ပြီးတာပါပဲ။
ရုက္ခစိုး ။ ။ ဟား ... ရည်ရွယ်ချက် တယ်ကြီးတာပဲ။ ဒီလိုလုပ်ဗျာ။ စစ်အစိုးရက နိုင်ငံရေးပါတီထောင်မယ်ဆိုတဲ့ သတင်းတွေ မကြားဘူးလား၊ အဲဒီပါတီကို ဝင်ပေါ့၊ အဲဒီပါတီက လူတွေပဲ အနိုင်ရအောင် အစိုးရက လုပ်ပေးမှာ ပဲဟာ။
ကြွက်စုတ် ။ ။ ဟာ ဦးရုက္ခစိုးကလည်း ... သေချာပေါက် မဲရမယ့်နည်း ရှိပါတယ်ဗျ။ မြန်မာပြည်မှာ ရိုဟင်ဂျာ ၈ သိန်းကျော်ရှိတယ်လို့ ပြောတယ်မဟုတ်လား။ အဲဒီလူတွေကို မဲသာထည့်ပါ အမတ်ဖြစ်ရင် မှတ်ပုံတင်ရအောင် လုပ်ပေးပါ့မယ်လို့သာ ပြောလိုက်၊ အိုကေပဲ။
ကြွက်စုတ် စကားအဆုံးတွင် ဦးကြွတက်၏ ဦးခေါင်းထက်၌ မီးတချက် ထပွင့်သွားသည်ကို ဦးရုက္ခစိုး မြင်ဖြစ် အောင်မြင်လိုက်သည် (မှတ်ချက် ။ ။ ဦးရုက္ခစိုးက နတ်ဖြစ်နေသောကြောင့် မြင်ရခြင်းဖြစ်၏)
ရုက္ခစိုး ။ ။ ဟေ့ ဟေ့ .. နေဦး ကြွက်စုတ်။ မင်းက .. မင်းထုံးစံအတိုင်း ပရမ်းပတာ အကြံပေးတာ အရေးမကြီး ဘူး။ ပေါက်ကရတွေ ဖြစ်ကုန်မယ်။
ဦးကြွတက် ။ ။ ဘာဖြစ်လို့လဲဗျ။ ဒီအကြံကောင်းသားပဲ။ တိုင်းရင်းသား ၁၃၅ မျိုးကနေ ၁၃၆ မျိုး ဖြစ်သွားရုံ လေးကတော့ အစိုးရကလည်း ဘာမှ ပြောမယ်မထင်ပါဘူးဗျာ။
ရုက္ခစိုး ။ ။ အဲဒါခက်တာပေါ့ ... ၁၃၅ ဆိုတာ ပေါင်းရင် ၉ ဂဏန်းမဟုတ်ဘူးလား။ အဲဒါကြောင့် အစိုးရက အဲဒီ ကိန်းဂဏန်းကို ထိန်းထားတာ။ ၁၃၆ အဖြစ်ခံမှာကို မဟုတ်ဘူး။ ဒါကြောင့် ရိုဟင်ဂျာကို တိုင်းရင်းသားထဲ ပေး မပါတာ။ တခြား ဘာမှမဟုတ်ဘူး။
ဦးကြွတက် ။ ။ ဦးရုက္ခစိုး ပြောတော့လည်း ဟုတ်သလိုလိုပါလား။ လုပ်ပါဦးဗျာ။ တခြားအကြံပေးပါဦး။ ကျုပ်က အမတ်ပိုး အတော်ထနေပြီ။
ဦးကြွတက်တယောက် တက်ကြွစွာပြောရင်း အရှိန်လွန်ကာ ပါးစပ်ပါ ရွဲ့စောင်းသွားသည်။ တံတွေးများ ထွက် ကျလာသောကြောင့် ဦးရုက္ခစိုး ရှောင်လိုက်ရသည်။
ရုက္ခစိုး ။ ။ နေပါဦးဗျ ... ခင်ဗျားက နိုင်ငံရေးကို အတော်သွားရည်ကျ ... အဲ ... စိတ်ဝင်စားတယ်ထင်တယ် ဟုတ်လား။
ဦးကြွတက် ။ ။ ဟီးဟီး ... နိုင်ငံရေးတွေ ဘာတွေ စိတ်ဝင်စားလို့တော့ မဟုတ်ပါဘူး။ နားလည်လားဆိုရင်တော့ တလုံးမှ နားမလည်ပါဘူး။ အဓိကက လူကြီးလုပ်ချင်တာ။ လူကြီးဖြစ်တော့လည်း စီးပွားရေးလေးဘာလေး လုပ်လို့ကောင်းတာပေါ့ဗျာ။
ရုက္ခစိုး ။ ။ ဟား .. ခက်တာပဲ။ ခင်ဗျားတို့က ရွေးကောက်ပွဲဆိုင်းသံကြားရင် မနေနိုင်မထိုင်နိုင် ထကဖို့ပဲသိတာ။ ၁၉၉ဝ ကို ပြန်ကြည့်စမ်း၊ ရွေးကောက်ပွဲပြီးတာနဲ့ အရွေးခံရသူတွေ ထောင်ထဲ တန်းဝင်သွားရတာလေ။
ဦးကြွတက် ။ ။ ဒါတော့ ဒါပေါ့ဗျာ … အဲ … ဒါပေမယ့် ...။
ရုက္ခစိုး ။ ။ ဒါပေမယ့် မနေနဲ့။ ရှေ့နှစ်ရွေးကောက်ပွဲပြီးရင်လည်း အဲဒီလိုမဖြစ်ဘူးလို့ ဘယ်သူမှ အာမမခံနိုင်ဘူး။ လူကြီးလုပ်ချင်ရင် ကလေးတွေနဲ့ ပေါင်း၊ ချမ်းသာချင်ရင်တော့ ဘိန်းလေး ဘာလေး ကုန်ကူး အဲဒါက သေချာ တယ်။
ကြွက်စုတ် ။ ။ ဦးရုက္ခစိုးလိုပေါ့။ သူက ကျုပ်တို့လို လူငယ်တွေနဲ့ပေါင်းနေတော့ အလိုလို လူကြီးဖြစ်နေတာ။ ရွေးကောက်ပွဲတောင် တကူးတက ဝင်စရာမလိုဘူး။
ရုက္ခစိုး ။ ။ နေစမ်းပါဦး ကြွက်စုတ်ရာ၊ ဒီဆေးရိုးသည်က တမှောင့်။ ကဲ .. ဦးကြွတက်ကို ကျုပ်မေးမယ်၊ ပြီးခဲ့တဲ့ လက အကျဉ်းသား ၆ဝဝဝ ကျော် လွှတ်ပေးတဲ့အထဲမှာ နိုင်ငံရေးသမား ဘယ်နှစ်ယောက်ပါသလဲ။
ခုဏက ဟောက်ထားသဖြင့် အသံမကျယ်ရဲတော့သော ကြွက်စုတ်က “အယောက် ၂ဝ ကျော်လို့ ကျနော် ကြား လိုက်သလိုပဲ” ဟု ခပ်တိုးတိုး ဝင်ဖြေသည်။
ရုက္ခစိုး ။ ။ ကဲ … တွေ့တယ်မဟုတ်လား၊ ဒီ အကျဉ်းသား ၆ဝဝဝ ကျော်ထဲမှာ နိုင်ငံရေးသမား အယောက် ၂ဝ ကျော်ပဲပါတယ်တဲ့။ အဲဒါကြောင့် ကျုပ်ပြောတာပေါ့။ ရွေးကောက်ပွဲ အရူးထပြီး ထောင်ကျရင် လွတ်လမ်း သိပ် မရှိဘူး။ ဘိန်းရောင်းဝယ်တာက သူဋ္ဌေးလည်းဖြစ်မယ်၊ အဖမ်းခံရလည်း ခဏပဲ၊ လွတ်ငြိမ်းချမ်းသာခွင့်က သေ ချာပေါက် ရောက်လာမှာ။ စိတ်ကူးမလွဲနဲ့ ဦးကြွတက်ရေ … ။
ဦးကြွတက် ။ ။ ဦးရုက္ခစိုးပြောတာတော့ ဟုတ်ပါတယ်။ ဒါပေမယ့် ကျနော့်ပိုးက ထိန်းမရတော့ဘူး ဘယ်လိုလုပ် ရမလဲ။
ဦးကြွတက် ခုန်ဆွ ခုန်ဆွ လုပ်ရင်း ပြောနေပြန်ရာ ဦးရုက္ခစိုးပါ ယောင်၍ ခုန်ဆွ ခုန်ဆွ ဖြစ်သွားသည်။ ဦးရုက္ခ စိုးမှာ သူ့ကိုယ်သူ ဘာဖြစ်လို့ဖြစ်နေမှန်းမသိပေ။ အမှန်က ဦးကြွတက်ထံမှ အမတ်ဖြစ်ချင်သည့်ပိုးများ ဦးရုက္ခ စိုးထံ ကူးစက်နေပြီဖြစ်သည်။
ဦးရုက္ခစိုး ။ ။ ဟ ... ဟ ... လုပ်ပါဦး ကြွက်စုတ်ရေ။ သူ့ပိုးက ဗိုင်းရပ်စ်လိုပဲ ကူးတတ်တယ် ထင်တယ်။ ငါလည်း မနေနိုင်တော့ဘူး။ ရွေးကောက်ပွဲ ဝင်ချင်လာပြီ။ အမတ်ဖြစ်ချင်လာပြီဟ။ ပြန်မယ်၊ ပြန်မယ်၊ ပြန်တော့မယ်၊ အ မတ်လုပ်မယ်၊ လူကြီးလုပ်မယ်။
ပြောရင်းဆိုရင်းက ဦးရုက္ခစိုးတယောက် သူ့ထန်းခေါက်ဖာစုတ်ကြီးကိုချကာ နတ်ဝတ်နတ်စားများထည့်၍ ပြည် တော်ဝင်သီချင်းကို အသံပြာကြီးနှင့် ဟစ်ဆိုနေလေတော့သည်။
ဦးရုက္ခစိုး ။ ။ အသည်းစွဲချစ်မိတ်ဆွေ ... ခေတ္တခွဲလို့နေ ... တူနယ် ... တယ်နယ် ... ကျုပ်တို့နဲ့ တူတကွ ... အ မတ်ဖြစ်နိုင်စေ ... အောင်စည်ရွမ်းသံ ကြားရင်ဖြင့် .. ပြည်တော်ဝင်မယ်လေ ... ။ ။
Posted by
ဒေါက်တာလွဏ်းဆွေ
at
6:21 PM
0
comments
Labels: သရော်စာ
Wednesday, March 4, 2009
မြန်မာ့ရေးရာ သတင်းပဒေသာ (၄-၃-၀၉)
- မလေးရှားထိန်းသိမ်းရေးစခန်းတွင်း မြန်မာအလုပ်သမား ပြည့်နှက် click
- ရွေးကောက်ပွဲလေ့လာရေးကိစ္စ ကုလသမဂ္ဂက အားလုံးနှင့် ညှိနှိုင်းဆုံးဖြတ်မည် click
- ဗန်းမော်ထောင်သို့ ခရီးကြမ်း အကျဉ်းသားမိခင်ပြောပြ click
- မပေါက်ကွဲသေးသော ဗုံးတလုံး ရန်ကုန်မှာ ထပ်တွေ့ click
- ကျိုင်းတုံထောင်ရောက် ကိုမင်းကိုနိုင် ကျန်းမာရေးချို့တဲ့နေ click
- ဒေါ်အောင်ဆန်းစုကြည်ကို ဂလပ်စ်ဂိုမြို့၏ လွတ်လပ်မှုဆုချီးမြှင့် click
- အထက်အရာရှိများ ခေါင်းပုံဖြတ်၍ အလုပ်သမားများ နစ်နာ click
- ရိုက်နှက်ခံရပြီး ဖမ်းထားသော ကျောင်းသားများအမှု လျစ်လျူရှုခံရ click
- ရန်ကုန်မြို့တွင် ဗုံးပေါက်ကွဲမှုနှစ်ခုဖြစ်ပွား click
- ပါကစ္စတန်နိုင်ငံအတွင်းက တိုက်ခိုက်မှုရဲ့ နောက်ဆက်တွဲအခြေအနေများ click
- မတ်လ ၃ ရက်က ဗုံး၊ လှည်းတန်းဘတ်စ်ကားဂိတ် ပျက်စီး click
- ပခုက္ကူမြို့တွင် ဦးနှောက်အမြှေးရောင်ရောဂါပိုးကြောင့် အထိတ်တလန့်ဖြစ် click
- အနာဂတံကို ဘာသာပြန်တဲ့ ငှက်များ (ဆောင်းပါး) click
- အဖမ်းအဆီးကြမ်း၍ နေရပ်ပြန်ကြရ click
- မလေးလ၀က ထိန်းသိမ်းရေးစခန်းမှ မြန်မာများ ထိုင်းနယ်စပ်ဖြတ်ကျော်ခွင့် ပိတ်ထားခံရ click
- ဓားပြတိုက် လူသတ်မှုကြောင့် အလုပ်သမားများ လုပ်ငန်းစွန့်ခွာ click
- ကျောင်းသားလူငယ်နဲ့ နိုင်ငံရေး (တိုက်ရိုက်လေလှိုင်း) click
- ၂၀၁ဝ ရွေးကောက်ပွဲဝင်မည့်သူများအပေါ် သုံးသပ်ချက် (တိုက်ရိုက်လေလှိုင်း) click
- စစ်မှန်သော ပြည်ထောင်စုပေါ်ပေါက်ရေး ဘာတွေလိုအပ်သလဲ (တိုက်ရိုက်လေလှိုင်း) click
- City gives 'freedom' to Suu Kyi click
- Aung San Suu Kyi given freedom of Glasgow click
- Speaking out on the future of Burma click
- Supporting Myanmar Cyclone Recovery Extended click
- U Kyaw Min: An Imprisoned : Rohingya MP without Citizenship click
- Dealing with Burma Through China? click
- City honours democracy campaigner click
- Zoo heaves jumbo-sized sigh of relief click
- Myanmar's Rohingya issue discussed at regional meet click
- ဥပ္ပါတသန္တိစေတီ ဌာပနာပိတ်ပွဲနှင့် စိန်ဖူးတင်ပွဲ နေပြည်တော်ဝန်ထမ်းများအတွက် ဆိုင်ကယ်သော့ကြဲမည် click
- ရန်ကုန်တွင် တညတည်း ဗုံးနှစ်ကြိမ်ကွဲ click
- ဦးကျော်တင့်ဆွေ ဒုတိယနိုင်ငံခြားရေးဝန်ကြီး ဖြစ်ဖို့များ click
- သတင်းစာက အဖျင်းအညာများ (ဆောင်းပါး) click
- မြန်မာတွေသာ ဖြေရှင်းရမည့် မြန်မာ့နိုင်ငံရေး (သတင်းသုံးသပ်ချက်) click
- “ရဲ” စိတ်တွေ မွေးထားကြ (ဆောင်းပါး) click
- ၂၀၁၀ မတ်လတွင် ရွေးကောက်ပွဲလုပ်ရန် စစ်အစိုးရ လျာထား click
- ခြစားမှုဖော်ထုတ်သူ ဧည့်စာရင်းမှုဖြင့် ဖမ်းခံရ click
- မြစ်သာစီမံကိန်းအရာရှိတွေ ဖြတ်စားနေ (ပေးစာ) click
- ဗုံးနှစ်လုံးပေါက်ကွဲမှု မိမိတို့လက်ချက်ဟု ပူးပေါင်းအဖွဲ့တခုက ၀န်ခံ click
- ဘိန်းဖြူမှောင်ခိုဂိုဏ်း နှိမ်နင်းရာမှ ၅ ဦး ထိန်းသိမ်း click
- ရန်ကုန်မြို့တွင်း တနာရီခန့်ခြားပြီး ဗုံးနှစ်လုံးဆက်ပေါက်ကွဲ (ဗွီဒီယိုပါ) click
- ရန်ကုန်တွင် ဗုံး ၂ လုံး ဆက်တိုက်ပေါက်ကွဲ click
- စစ်တပ်ကို စည်းရုံးရေး ဗကပ တိုက်တွန်း click
- လုံခြုံရေးများ ပိုမိုတင်းကျပ် click
- ယာဉ်တိမ်းမှောက်မှုကြောင့် ၁ ဦး ပွဲချင်းပြီးသေ၊ ၁၀ ဦး ပြင်းထန်စွာဒဏ်ရာရ click
- ရှမ်းလူမျိုးစုအကြောင်း လေ့လာမှုတရပ် (စာအုပ်စင်ကဏ္ဍ) click
- ရန်ကုန်မှာ အင်္ဂါနေ့ည ဗုံးနှစ်လုံးပေါက်ကွဲ click
- အိုဘားမား ဗြိတိန်ဝန်ကြီးချုပ်နှင့် အိမ်ဖြူတော်မှာ တွေ့ဆုံ click
- မြန်မာ့အင်တာနက် ဆက်သွယ်ရေးနည်းပညာ အားနည်းနေဆဲ click
- ဆင်းရဲတဲ့နိုင်ငံတွေကို ပိုမိုကူညီထောက်ပံ့ဖို့ပြော click
- ရန်ကုန်မြို့ ၂ နေရာတွင် ဗုံးပေါက်ကွဲမှုဖြစ်၊ သေပျောက်မရှိ click
- နယ်ထောင်ရှိ နိုင်ငံရေးအကျဉ်းသားများ၏ ကျန်းမာရေးနှင့် မိသားစုများ၏ ထောင်ဝင်စာ အခက်အခဲ click
- ထိုင်းနိုင်ငံတွင် မြန်မာရွှေ့ပြောင်းအလုပ်သမားများ ပိုမိုအခက်ကြုံနေရ click
- ပျဉ်းမနားမေတ္တာစာ (ကဗျာ) click
- ကဗျာဆရာ ဇော်(ပျဉ်းမနား) ကွယ်လွန်ခြင်း ၉ နှစ်ပြည့် ဆွမ်းကျွေး click
- ဓာတ်ငွေ့စိမ့်ထွက်ရာမှ ပိုက်လိုင်းပေါက်ကွဲမှုဖြစ် click
- ပြည်သူ့စစ်များ ဆက်တိုက်တိုးချဲ့ စစ်ရေးလေ့ကျင့်ပေးနေ click
- စစ်မိန့်သံအောက် သတင်းမီဒီယာလက်နက် (ဆောင်းပါး) click
- မီတာအဟောင်းများကို အသစ်များနှင့် မတပ်မနေရ လိုက်လံတပ်ဆင်ပေးနေ click
- ခေတ်ပြိုင်ရဲ့စွပ်စွဲချက် အမတ်ဦးထွန်းဝင်းမှ မဟုတ်မမှန်ကြောင်း ငြင်းဆို click
- ဘင်္ဂလာ-မြန်မာ နယ်စပ်ကုန်သွယ်ရေး ပြန်လည်စတင် click
- 2 blasts hit Yangon click
- Myanmarese refugees to be deported if caught in criminal act click
- Aust boosts aid for Rohingya refugees click
- ASEAN makes fragile Myanmar progress click
- Myanmar to auction some state-owned business undertakings in Yangon click
- Myanmar official media call for boosting regional economic co-op click
- Journalists From China and Burma at AUT click
- Tripartite Core Group mandate extended for one year click
- Essential trauma management training: addressing service delivery needs in active conflict zones in eastern Myanmar click
Posted by
ဒေါက်တာလွဏ်းဆွေ
at
5:57 PM
0
comments
Labels: သတင်း
ဒီမိုကရေစီလှုပ်ရှားမှုအတွင်း ညီညွတ်မှုနှင့် ဒီမိုကရေစီရှိအောင် လုပ်ဆောင်ခြင်း (ငြိမ်းချမ်း)
Posted by
ဒေါက်တာလွဏ်းဆွေ
at
4:22 PM
0
comments
Labels: ဆောင်းပါး
သပွတ်အူဇာတ်ထုပ်၊ မိုးကျရွှေကိုယ်နိုင်ငံရေးနှင့် မလည်ရှုပ်များ
ဒေါက်တာလွဏ်းဆွေ
(၁၅-၉-၀၆ နေ့က ခေတ်ပြိုင်အင်တာနက်စာမျက်နှာတွင် ဖော်ပြခဲ့သည့် ဆောင်းပါးဖြစ်ပါသည်)
မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုက (၁၈) နှစ်ပြည့်လုပြည့်ခင်။ သို့သော်ဇာတ်ကမပေါင်းနိုင်သေး။ ပွဲက ကြာလာ သည်နှင့်အမျှ ဇာတ်တွေက ပိုပိုရှုပ်လာသည်။ ရှုပ်သထက်ရှုပ်အောင်လည်း နအဖက ဖန်တီးလာသည်။ ထိုသို့ ဖန်တီးရင်း နအဖကိုယ်တိုင်လည်း သူ့ဇာတ်သူမနိုင်တော့။ ဗိုလ်ချုပ်ခင်ညွန့်လိုပုဂ္ဂိုလ်ပင်လျှင် အခွေခံခဲ့ရသည် ကို သင်ခန်းစာယူကာ အောက်ကတိုင်းမှူးတွေက လျင်သူ စားစတမ်း၊ ရတုန်း ၀ါးစတမ်းမူကို ကျင့်သုံးနေကြ သည်။
အထက်ဗိုလ်ချုပ်မှူးကြီး နှစ်ဦးကလည်း သူ့လူကိုယ့်လူ အကွက်ချောင်းနေကြသည် (နိုင်ငံရေးပုရောဟိတ်တဦး ကတော့ ဗိုလ်ချုပ်မှူးကြီးနှစ်ဦး မကွဲပါဟု တတိယနိုင်ငံတနေရာမှနေပြီး အတည်ပေါက် ဟောကိန်းထုတ်နေ သည်ကို အင်တာနက်ဝက်ဘ်ဆိုက်တခုတွင် ဖတ်ရသည်။ နောင်တချိန်မှ ဘွာတေးမဖြစ်ပါစေနှင့်ဟုသာ ဆု တောင်းရသည်။ နအဖရှေ့ပိုင်းဇာတ်ထုပ်တွင် ဖြုတ်၊ ထုတ်၊ လုပ်ကြံခံသွားကြရရှာသည့် ဗိုလ်ချုပ်များ၏ အဖြစ် ဆိုးများကို အဆိုပါပုရောဟိတ် မေ့နေလို့ဖြစ်မည်ဟုပင် အောက်မေ့မိသည်)။ အငိုက်မိသည်နှင့် လျင်သည့် ဘက်က ဦးအောင်တွယ်သည်။
ဟိုတလောကပင် အရှေ့မြောက်ပိုင်းတိုင်းမှူး ဗိုလ်ချုပ်မြင့်လှိုင်ကို ချောင်ထိုးလိုက်ပြန်သည်။ မူဆယ်(၁၀၅)မိုင် နယ်စပ်ကုန်သွယ်ရေးဂိတ် လာဘ်စားမှုများနှင့် ဆက်နွယ်နေသည်ဟုသိရသည်။ ရုံးတင်စစ်ဆေးနေသည်ဟု လည်း ကြားရသည်။ ဒါကထူးခြားဖြစ်စဉ်တော့မဟုတ်။ နအဖတိုင်းမှူးတွေဆိုသည်က အပေါ်ကဗိုလ်ချုပ်မှူး ကြီးနှစ်ဦးကစားနေသည့် စစ်တုရင်ခုံပေါ်က နယ်ရုပ်တွေမျှသာဖြစ်သည်။ သူပြီးလျှင် နောက်ထပ်တိုင်းမှူးတဦး အလှည့်ရောက်လာဦးမှာ မုချဖြစ်သည်။
သူတို့နှစ်ဦး နောက်ဆုံးအာဏာမြဲဖို့အရေး တယောက်ပြီးတယောက် အပြန်အလှန် ထိုးကျွေးနေကြဦးမှာ သေ ချာသည်။ သို့သော် နအဖအတွင်းထဲ အုပ်စုကွဲအချင်းချင်း အာဏာစားမာန်ခုတ်နေသော်ငြား နွားကွဲလျှင် ကျား ဆွဲခံရမည်ကိုစိုး၍ ညီညွတ်ချင်ယောင်ဆောင်နေကြပြန်သည်။ ထို့အပြင် ကျူးလွန်ထားသည့်ပြစ်မှုက များလွန်း သည့်အတွက်လည်း လွတ်ရာလွတ်ကြောင်းကို နအဖတတွေ စဉ်းစားတော့ပုံမပေါ်။ မရှင်းနိုင်အောင် ရှုပ်ထားမှ ပွဲပိုကြာမည်ဟုသာ မိုက်မိုက်မဲမဲတွေးတော့ပုံပေါ်သည်။ ထို့ကြောင့် ရှုပ်ပြီးရင်းဆက်ရှုပ်အောင်လုပ်ဖို့သာ နအဖ ကြံနေတော့သည်။
သူတို့အချင်းချင်း ဇာတ်ရှုပ်နေသည့် နအဖသည် အတိုက်အခံများဘက်ကိုပါ ဇာတ်ရှုပ်အောင် တပြိုင်နက် တည်း ဖန်တီးခဲ့သည်။ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများနှင့် အစစ်အမှန်ငြိမ်းချမ်းရေးကို မတည် ဆောက်ဘဲ သပ်သျှိုသွေးခွဲနည်းကို ကျင့်သုံးနေကာ စီးပွားရေးလုပ်ခွင့် မက်လုံးပေးပြီး လက်နက်ချခိုင်းခဲ့သည်။ နအဖထောင်ချောက်အတွင်း အလစ်အငိုက်မိသွားသည့် လက်နက်ကိုင်အဖွဲ့အစည်းများလည်း မနည်းတော့ပြီ။ ကျောချမှဓားပြမှန်းသိရသော်လည်း သိသည့်အချိန်တွင် နအဖကျော့ကွင်းမှ ရုန်းမထွက်နိုင်တော့ဘဲ လည်စင်း ခံကြရခြင်းဖြစ်သည်။
အခုနောက်ဆုံး ကရင်အမျိုးသားအစည်းအရုံး (KNU) အဖွဲ့နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ (၇) ကို သပ်လျိုသွေးခွဲဖို့ ကြံစည်လာပြန်သည်။ ကေအင်ယူဗဟိုကော်မတီ၏ နိုင်ငံရေးအ တွေးအခေါ် မြင့်မားမှုကြောင့်သာ သွေးခွဲ၍မရခြင်းဖြစ်သည်။ ယခုအခါ ကေအင်ယူဗဟိုနှင့် တပ်မဟာ (၇) တို့ ပြန်လည်နားလည်မှုရသွားကြပြီဖြစ်သည် (သို့သော်နောက်ဆုံးတွင် ဗိုလ်ချုပ်ထိန်မောင်နှင့်အဖွဲ့ တပ်မဟာ ၇ မှ ခွဲထွက်ပြီး နအဖထံ လက်နက်နှင့် ငြိမ်းချမ်းရေးအတုအယောင် လဲလှယ်သွားခဲ့သည်)။ နအဖအနေနှင့် ထိုသို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများကြား သွေးကွဲအောင် ဖန်တီးရုံမျှမက အတိုက်အခံ နိုင်ငံရေးအဖွဲ့ အစည်းများနှင့် ပြည်သူများအကြား နဝေတိန်တောင်ဖြစ်အောင်ပါ မိုးကျရွှေကိုယ် နိုင်ငံရေးသမားများကို ပွဲ ထုတ်ပြီး ဇာတ်ကို ရှုပ်သထက်ရှုပ်အောင် ဖန်တီးလာပြန်သည်။
နအဖ ပွဲထုတ်လာသည့် မိုးကျရွှေကိုယ် နိုင်ငံရေးသမားများကတော့ ဒေါက်တာဇာနည်နှင့် မနေ့တနေ့ကမှ လတ်လတ်ဆတ်ဆတ် ပွဲထုတ်လိုက်သည့် ကျောင်းသားခေါင်းဆောင် ကိုအေးလွင် ဆိုသူတို့ပဲဖြစ်သည်။ ဒေါက် တာဇာနည်ကိုမူ ဗိုလ်ချုပ်ခင်ညွန့် အာဏာရှိစဉ်ကာလကတည်းက ပွဲထုတ်ခဲ့ခြင်းဖြစ်ပြီး ကိုအေးလွင်ကိုတော့ အခုရက်ပိုင်းအတွင်းမှ နအဖက ဘွားကနဲ ပွဲထုတ်လိုက်ခြင်းဖြစ်သည်။ လက်ရှိပြည်တွင်းရှိ လူထုအကြား၌ သြ ဇာကြီးလာသည့် ကျောင်းသားခေါင်းဆောင် မင်းကိုနိုင်၊ ကိုကိုကြီးတို့ ၈၈ မျိုးဆက်ကျောင်းသားအဖွဲ့နှင့် စင် ပြိုင်ကျောင်းသားအုပ်စုတစုကို နအဖ ထိုးတင်လိုက်ပုံပေါ်သည်။
တနည်းအားဖြင့် သူတို့အားကိုးလိုသည့် ဒေါက်တာဇာနည်၏နောက်တွင် မည်သူမှမရှိတော့မှန်းသိ၍ ဇာတ် လိုက်အသစ် မွေးထုတ်လိုက်ခြင်းဖြစ်သည်။ နအဖအနေနှင့် မိုးကျရွှေကိုယ် နိုင်ငံရေးသမားများနှင့် (၁၈) နှစ် ကြာ ဇာတ်ထုပ်ကို ပိုရှုပ်အောင် ဖန်တီးချင်ပုံရသည်။ ပြည်သူတွေအနေနှင့် မည်သူ့ကိုအားကိုးရမှန်းမသိအောင် လုပ်ချင်ပုံရသည်။ သို့သော် လိမ်ပုံလိမ်နည်းက ယုတ္တိမရှိ၊ မပိရိ၍ ဒေါက်တာဇာနည်တယောက် မီဒီယာနှင့် စီးချင်းထိုးပွဲတွင် ကားခနဲ ကျသွားခဲ့လေပြီ။ ဘီဘီစီ ဦးကျော်ဇံသာနှင့် အမေးအဖြေတွင် ဒေါက်တာဇာနည် ဘာဆိုသည်ကို ကွက်ကွက်ကွင်း ကွင်းသိလိုက်ရသည် (မသိသေးသူများ ဘားမားတူးဒေးဝက်ဘ်ဆိုက်တွင် တက်ဖတ်လို့ရပါသည်)။
ဒေါက်တာဇာနည်သည် မြန်မာစစ်အစိုးရကို စီးပွားရေးအရ အရေးယူပိတ်ဆို့မှုဖြစ်အောင် ဦးဆောင်လှုံ့ဆော်ခဲ့ သူအဖြစ်မှ နောက်ဆုံးတွင် စစ်အစိုးရကို စီးပွားရေးပိတ်ဆို့မှုတွေ ပြန်လည်ဖွင့်ပေးအောင် စည်းရုံးပြောဆိုကာ အတွေးအခေါ် ဂငယ်ကွေ့ ကွေ့ခဲ့သည့် နိုင်ငံရေးလှုပ်ရှားသူတဦးဖြစ်သည် (ထိုအထဲတွင် အဝေးရောက် အမျိုး သားညွန့်ပေါင်းအစိုးရအဖွဲ့ဝန်ကြီး ဦးဘိုလှတင့်လည်း အဆစ်ပါလိုက်သေးသည်)။ တကယ့်တော့ မြန်မာနိုင်ငံ ကို အမေရိကန်နှင့် ဥရောပတိုင်းပြည်များက စီးပွားရေးပိတ်ဆို့ခဲ့ခြင်းတွင် ဒေါက်တာဇာနည်ထက် အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ လှုံ့ဆော်တိုက်တွန်းမှုများက ပို၍အခရာကျသည်ဟု မြင်ပါသည်။
အာဏာရှင်နိုင်ငံတွေအပေါ် စီးပွားရေးပိတ်ဆို့မှု ဘာ့ကြောင့်လုပ်ရသည်ဆိုသည့် အကျိုးအာနိသင်ကို တဆုံး အထိနှိုက်မတွေးဘဲ ပိတ်ဆို့ဖို့ လွယ်လွယ်လှုံ့ဆော်၊ ပြန်ဖွင့်ဖို့ လွယ်လွယ်ပြောဆိုသည့် ဒေါက်တာဇာနည်အပေါ် အားလုံးက အယုံအကြည်ကင်းမဲ့ကုန်ကြခြင်းသည် သဘာဝကျသည့်ကိစ္စဟုပင် ပြောရပေမည်။ ဒေါက်တာဇာ နည်အား ကိုယ့်စိတ်ထင်ရာတွေကို တုတ်ထိုးအိုးပေါက် ပြောရဲဆိုရဲသူတဦးအဖြစ် အသိအမှတ်ပြုရမည်ဖြစ် သော်လည်း ဟိုမရောက်သည်မရောက် အတွေးအခေါ်များနှင့် မလည်ရှုပ်ဝင်လုပ်သည်ကိုတော့ ရှုတ်ချရမည် ဖြစ်ပေသည်။
နိုင်ငံရေးကို မည်သူမဆို လုပ်ခွင့်ရှိသည်ဆိုသော်လည်း လက်ငင်းမြန်မာနိုင်ငံရှိ ပြည်သူလူထု၏ လက်ခံယုံ ကြည် မှု အနေအထားအရ မိုးပေါ်ကနေ ဖုတ်ဆိုပြုတ်ကျလာပြီး နိုင်ငံရေးခေါင်းဆောင် လုပ်ချင်၍မရကြောင်း မိုးကျရွှေကိုယ် ဒေါက်တာဇာနည် သိဖို့ကောင်းပါသည်။ ဒေါ်အောင်ဆန်းစုကြည်တို့၊ ကိုမင်းကိုနိုင်တို့ ဘယ်လို ဘယ်ပုံ ပေးဆပ်ခဲ့၊ ပေးဆပ်နေကြကြောင်း သိစေလိုပါသည်။ ဒေါက်တာဇာနည် မသိလည်း မြန်မာပြည်သူလူ ထုက ဘယ်သူဟာ အစစ်အမှန်၊ ဘယ်သူဟာ မိုးကျရွှေကိုယ်ဆိုသည်ကို သိသည်ဟု ပြောကြားလိုပါသည်။ ထို သို့မသိသည့်အတွက်လည်း ဒေါက်တာဇာနည်ကို နအဖက ဆွဲစားပြီး ပွဲကိုပိုရှုပ်အောင် လုပ်သွားခြင်းဖြစ်သည် ဟု သုံးသပ်မိပါသည်။
အခုလည်း နောက်ထပ်မိုးကျရွှေကိုယ်တယောက် လာပြန်ချေပြီ။ ကျောင်းသားခေါင်းဆောင် ကိုအေးလွင်ဆိုသူ ခေါင်းဆောင်သည့် (၂၅) ဦးပါ ကျောင်းသားအုပ်စုက အောက်တိုဘာတွင် ပြန်စမည့် အမျိုးသားညီလာခံကို လေ့လာသူအဖြစ် တက်ရောက်ဖို့လျှောက်ထားကြောင်း၊ နအဖကလည်း လျှောက်လွှာကို လက်ခံကြောင်း သ တင်းထုတ်ပြန်လာသည်။ ရှင်းရှင်းပြောရလျှင် နအဖက ကျင်းပနေသည့် အမျိုးသားညီလာခံကို တက်ရောက် နေသည့် ကိုယ်စားလှယ်ဆိုသူများသည် မည်သူမည်ဝါတွေဖြစ်ကြောင်း ပြည်သူလူထုရော နိုင်ငံတကာကပါ သိရှိကြသည်မဟုတ်။ သွားတက်တက် မတက်တက် မည်သူကမှလည်း စိတ်ဝင်စားသည်မဟုတ်။ ထိုသို့ လူမ သိသူမသိ တက်ရောက်လို့ရပါလျက်နှင့် မီဒီယာကို သတင်းထုတ်ပြန်ပြီး ပွဲရှုပ်အောင်လုပ်လာခြင်းသည် နအဖ ၏ စနက်ဟု အတတ်ပြော၍ရပေသည်။ အမျိုးသားညီလာခံ ပြန်မစခင် ပွဲကိုထပ်ရှုပ်အောင် လုပ်လာခြင်းဖြစ် သည်။
သို့သော်လည်း ကိုအေးလွင်ဘာဆိုသည်ကို ဘီဘီစီ ဦးကျော်ဇံသာက ရှင်းအောင်လုပ်ပေးလိုက်ပြန်ပြီ။ (၁၃- ၉-၀၆) နေ့ညက လွှင့်သွားသည့် ဘီဘီစီ မြန်မာ့အရေးကမ္ဘာ့အရေးကဏ္ဍကို နားထောင်လျှင် ရှင်းသွားပါလိမ့် မည်။ ထိုအမေးအဖြေတွင် ကိုအေးလွင်သည် နအဖလျှောက်ချင်သည့် လမ်းကြောင်းအတိုင်း ဒေါ်အောင်ဆန်း စုကြည် မပါသည့်နည်းနှင့် မြန်မာ့ဒီမိုကရေစီရေး အကျပ်အတည်းကို ဖြေရှင်းလိုသည့် အနေအထားမျိုးကို ဝေ့ လည်ကြောင်ပတ် ပြောဆိုသွားခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်သည် ၁၉၉၀ ပြည့်ရွေးကောက်ပွဲ၏ အရွေး ချယ်ခံ ကိုယ်စားလှယ်မဟုတ်ဆိုသည့် စကားလုံးကိုပဲ ထပ်တလဲလဲသုံးပြီး ပြောဆိုနေသည်။ ဒေါ်အောင်ဆန်း စုကြည်မပါသည့် နိုင်ငံရေးအဖြေရှာမှုကို လုပ်ချင်သည့်ပုံစံမျိုး ခပ်ခပ်တည်တည် ပြောဆိုနေသည်။
ဒေါ်အောင်ဆန်းစုကြည်သည် အရွေးချယ်ခံကိုယ်စားလှယ် မဟုတ်သော်ငြား ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲ တွင် မဲအများဆုံးနှင့် အနိုင်ရရှိသည့် ပါတီ၏ သြဇာအကြီးဆုံး ခေါင်းဆောင်နှင့် မြန်မာပြည်သူလူထုတရပ်လုံး က အားကိုးယုံကြည်သည့် တဦးတည်းသော ခေါင်းဆောင်ဆိုသည်ကိုတော့ ကိုအေးလွင် မသိကျိုးကျွံပြုနေခဲ့ သည်။ ထိုသို့သော ခေါင်းဆောင်မျိုးမပါဘဲ မြန်မာ့နိုင်ငံရေးကို အဖြေရှာဖို့စဉ်းစားသည့် ကိုအေးလွင်ကို နအဖ ဘက်တော်သားဟုပြောလျှင် လွန်အံ့မထင်။ နအဖကိုယ်တိုင်ကလည်း ထိုလမ်းအတိုင်း လျှောက်ချင်နေသည် ကိုး။ တနည်းအားဖြင့် နအဖက ကိုအေးလွင်ကို ထုတ်ရှိုးပြီး ဒေါ်အောင်ဆန်းစုကြည်မပါဘဲ နိုင်ငံရေးအကျပ်အ တည်းကို လွန်မြောက်လိုသည့် သူတို့၏ ဆန္ဒကို သွေးတိုးစမ်းလိုက်သည့် သဘောပင်ဖြစ်သည်။
အချုပ်ပြောရလျှင် ကျနော့်အနေနှင့် အထက်ပါ ဇာတ်ရှုပ်များနှင့် ပတ်သက်ပြီး ‘မျိုးစေ့မမှန် ပင်မသန်’ ဆိုသည့် စကားကို သွားသတိရမိပါသည်။ ဒေါက်တာဇာနည်နှင့် ကိုအေးလွင်တို့တွင် မြန်မာ့ဒီမိုကရေစီရေးကို အဖြေရှာ လိုသည့် စိတ်ဓာတ်နှင့် မြန်မာပြည်သူတွေအတွက် ဘာပဲလုပ်ရလုပ်ရဆိုသည့် စိတ်ဓာတ်များ ရှိကောင်းရှိမည် ဟု ထင်ရသော်လည်း နအဖမျိုးစေ့က ပေါက်ဖွားလာ၍ ပြည်သူလူထုကြားတွင် အပင်မသန့်သည့်အဖြစ်မျိုး တွေ့ ရှိရခြင်းအတွက်တော့ ကျနော့်အနေနှင့် စိတ်မကောင်းဖြစ်မိပါသည်။ သို့သော် မြန်မာပြည်သူများလွတ် မြောက်ရေးအတွက် အမှန်တကယ် အာသီသရှိသည်ဆိုလျှင်တော့ စိတ်ဓာတ်မကျဘဲ ပြည်သူလူထုကြားတွင် ရှင်သန်နိုင်သည့် အပင်များဖြစ်အောင် မျိုးစေ့ကို အသစ်တဖန်ပြန်လည်မွေးမြူကြဖို့ စေတနာစကား ပြောကြား လိုပါသည်။ နို့မဟုတ်လျှင်တော့ ‘မြန်မာ့ဒီမိုကရေစီရေးအတွက် မကူညီရင်နေပါ၊ ပြည်သူလူထု အာရုံထွေပြား အောင် မလည်ရှုပ်တွေတော့ ၀င်မလုပ်ကြပါနဲ့’ ဟု မေတ္တာရပ်ခံဖို့သာ ရှိတော့မည်ဖြစ်ပါသည်။
ဒေါက်တာလွဏ်းဆွေ
Posted by
ဒေါက်တာလွဏ်းဆွေ
at
3:45 PM
0
comments
Labels: ဆောင်းပါး
ဆူရှီသမားလိပ်တဲ့ ကဗျာ
မြက်ကလေးတွေ တပင်ချင်းစီက
ပရေရီမြက်ခင်းကြီးဖြစ်ခဲ့တာ
အဲဒါ ငါဘာသာငါ လျှောက်ပြောနေတာ။
ရှင့်သတင်း နားထောင်ဖို့
ရေဒီယိုထဲ ဓာတ်ခဲထည့်ရမယ်
အရပ်ထဲ ထမီလှည့်ပေါင်နေရတယ် ... ကိုကိုရေ။
ခင်ဗျားရေးတာတွေကို
လူတွေ နားမလည်ဘူး
(အင်းပါ ...)
ခွေးကလေးတွေကိုပဲ နို့ပေးစို့လိုက်တော့မယ်။
ကြုံလို့ပြောပြတာပါ
မဝေးတော့တဲ့တလံမှာ
၂၀၁၀ ဇာတ်ခုံတော်ကြီးတောင်
ရုံတင်ဖြစ်တော့မယ်ထင်တယ်နော်။
ဝယ်တိုင်းရမယ်ဆို
ငါ့အမေကို ငါပြန်ဝယ်မယ်၊
လေထန်ကုန်း ညနေခင်းတွေကို
ငါပြန်ဝယ်မယ်၊
ထုံထောင်းက
ဒေးမူရဲ့ ကျောက်စားပွဲလေးကို
ငါပြန်ဝယ်မယ်၊
ကိုယ့်မိသားစုလေးကိုလည်း
ကိုယ်ပြန်ဝယ်မှာပေါ့။
ကြိမ်ဒဏ်တွေပြီးမှ
နောက်ကျောကို
လက်ခုပ်သံတွေရောက်လာတတ်စမြဲ
ငါ့သွေးငါ
မထေမဲ့မြင် လျှာနဲ့လျက်
ချိုမြိန်လှချေရဲ့။
ပြီးပါပြီ … လို့
ဘယ်သူတွေ စာတန်းထိုးထိုး
အရိုးတွန်သံတွေ မဆုံးဘူး
ကိုယ့်လူတို့ ...။ ။
သစ်ကောင်းအိမ်
(၃ရက်၊ မတ်လ၊ ၂၀၀၉)
Posted by
ဒေါက်တာလွဏ်းဆွေ
at
3:19 PM
0
comments
Labels: ကဗျာ















