တုတ်ကြီး (ခေတ္တ-တာဝတိံသာ)
စာပေအနုပညာ၊ တော်လှန်ရေး၊ အခွင့်အလမ်းနှင့် ကျင့်ဝတ်ဆိုင်ရာ
လူမျိုးတမျိုး၏ ယဉ်ကျေးမှုအတိမ်အနက်ကို ထိုလူမျိုး၏ စာပေအနုပညာအတိမ်အနက်ကို လေ့လာခြင်းဖြင့် အ တိုင်းအတာတခုအထိ ခန့်မှန်းသုံးသပ်နိုင်၏။ တိကျသော အဖြေထွက်လာမည်ဟုတော့ မဆိုလို၊ သိပ္ပံနှင့်နည်း ပညာ၊ နိုင်ငံရေးစနစ်၊ စီးပွားရေးနှင့် ဆက်ဆံရေးကိစ္စရပ်များနှင့်အတူ အခြားသော ကျယ်ပြန့်သည့်ကိစ္စရပ်များ အားလုံးကို စနစ်တကျ လေ့လာပြီးမှသာလျှင် ပကတိအနေအထား၏ အဆင့်အတန်းအမှန်နှင့် အနီးစပ်ဆုံးအ ဆင့်အထိ ကောက်ချက်ချနိုင်၏။
လွတ်လပ်ပွင့်လင်းသော လူ့အဖွဲ့အစည်းတရပ်တွင် ပဋိပက္ခများ ရောပြွမ်းနေသကဲ့သို့ ထိုပဋိပက္ခများကိုလည်း တခုချင်း တဆင့်ချင်း သို့မဟုတ် တူရာတူရာကဏ္ဍအလိုက် အဖြေရှာသွားရင်း တိုးတက်ဖြစ်ထွန်းကြ၏။ ထိုကဲ့ သို့ တိုးတက်ဖြစ်ထွန်းရေးအတွက် ဆိုင်ရာဆိုင်ရာ အချင်းချင်း ဆွေးနွေးညှိနှိုင်း အဖြေရှာ ဆုံးဖြတ်ချက်ချ ရှေ့ ဆက်လုပ်ဆောင် အကောင်အထည်ဖော်မှုဖြင့် လျှောက်လှမ်းကြရ၏။
စာပေအနုပညာတွင် တင်ပြပုံအမျိုးမျိုးရှိကြသလို အနှစ်သာရအမျိုးမျိုးရှိကြ၏။ ရည်ရွယ်သော စေတနာအမျိုး မျိုးရှိကြ၏။
တိုင်းပြည်တပြည်အတွက် အကျိုးပြုစာပေနှင့် အာဏာရှင်အလိုကျ ဖင်လျက်ဆားဖြူး အမြီးနှန့်လျှာထုတ်စာပေ ဟု အကြမ်းအားဖြင့် သတ်မှတ်ကြည့်ပါမည်။ ဖင်လျက်ဆားဖြူး စာပေသည် မျက်နှာလုပ်၊ ညာဝါး ဖားသော အ ရေးအသား၊ ဦးတည်ချက်နှင့် ဖြစ်သဖြင့် အကောင်းပြောခံရသူ ရေးခံရသူ အတွက်တော့ အကျိုးရှိသည့် စာမျိုး ဖြစ်၏။ မှန်ဖို့မလို၊ တတိုင်းပြည်လုံး တကယ်အကျိုးရှိဖို့မလို၊ ကိုယ်ဖားလိုသူက သဘောကျဖို့သာလိုသည်။ ထို အတွက် ထိုကဲ့သို့ စာမျိုး၏ ပရိသတ်သည်ကား အဖားခံအသိုင်းအ၀ိုင်းနှင့် အရိုးအရင်းကိုက် အသိုင်းအ၀ိုင်းသာ ဖြစ်၏။ လူထုကြီးတရပ်လုံးအတွက်တော့ ခွေးအန်ဖတ်ထဲက အမူးသမား၏ ချေးတုံးသာဖြစ်၏။
ကျွန်ုပ်သည် အမိမြန်မာပြည်ကြီး ဒီမိုကရေစီပြည့်ဝစွာ၊ ပြည်သူလူထုကြီးတရပ်လုံး ပျော်ရွှင်ချမ်းမြေ့ အပူအပင် ကင်းလျက်၊ တခြားနိုင်ငံမှ အိမ်အကူ အလုပ်သမားများအား ငှားရမ်းလျက်၊ ထိုအိမ်အကူ အလုပ်သမားများကို လည်း လေးလေးစားစား လူသားဆန်ဆန် မစော်ကားသည့် ဆက်ဆံမှုဖြင့် ချမ်းသာသောနိုင်ငံကြီး ဖြစ်စေချင် ၏။
အမိမြန်မာပြည်၏ တပ်မတော်ကြီးသည် တကယ်ဂုဏ်သိက္ခာရှိ၊ တကယ်လေးစားထိုက်ဖွယ် ဗိုလ်ချုပ်ကြီးများ၊ ဗိုလ်မှူးကြီးများ၊ အရာရှိအရာခံ အကြပ်တပ်သားများချည်းပဲဖြစ်ပြီး ပြည်သူလူထုကြီးတရပ်လုံးက မေတ္တာထား ချစ်ခင်၍ တပ်မတော်သားကြီးများကိုမြင်လျှင် ရပ်ကွက်ထဲ ကမူးရှူးထိုး ခွေးရူးဝင်လာသလို ရှဲကနဲရှောင်မသွား ကြဘဲ အားရှိပါးရှိ ပြုံးပြနှုတ်ဆက်ရင်း မိသားစုဝင်များကဲ့သို့ ဆက်ဆံသည်ကိုမြင်ချင်၏။ အကျဉ်းချုံးပြောရမည် ဆိုလျှင် ပြည်သူတယောက်အနေဖြင့် တပ်မတော်နှင့် တိုင်းပြည်ကို ယခုအနေအထားနှင့် ဆန့်ကျင်ဘက်အနေ အထားကို မြင်ချင်၏။
သည်တော့ ယခုလက်ရှိတပ်မတော်ကို အတင်းရော အဓမ္မပါ သေခါနီး ပင်စင်ယူရမည့် အချိန်ကို ကျော်လွန် သည်မှာ မေ့လောက်လျော့လောက်သည်ရှိသော်လည်း အရှက်မရှိ ကုတ်ကတ်နေလျက် ဗိုလ်ကျနေသော လူ ယုတ်ကြီးများ၏ လက်အောက်မှ ထုတ်ဝေရေးသားသည့် သတင်းစာများ၊ ဂျာနယ်များထက် ပြည်ပရောက် သ တင်းဋ္ဌာနများအား ပိုမိုအဖတ်များ၏။ ပိုမို၍လည်း အားကိုးမိ၏။
ပြည်ပရောက်သတင်းဋ္ဌာနများ
မြန်မာစကား မြန်မာစာဖြင့် ဖော်ပြရေးသား ထုတ်လွှင့်ကြသော ပြည်ပရောက် သတင်းဋ္ဌာနများအား အကြမ်း အားဖြင့် အမျိုးအစားခွဲရမည်ဆိုလျှင် နိုင်ငံခြားအစိုးရများ၏ ကိုယ်ပိုင်သတင်းဋ္ဌာနများ၊ နိုင်ငံခြားအစိုးရမှ မ တည်ထောက်ပံ့ ထူထောင်ပေးထားသော သတင်းဋ္ဌာနများနှင့် နိုင်ငံခြားအဖွဲ့အစည်း လူပုဂ္ဂိုလ်တို့၏ ထောက်ပံ့ ပေးကမ်းမှုဖြင့် ရပ်တည်နေသော သတင်းစာ၊ ဂျာနယ်များ၊ အင်တာနက်စာမျက်နှာများဟူ၍ မြင်ရ၏။ ထို့ နောက် ဘလော့ဆိုသည့် အင်တာနက်စာမျက်နှာများ ပေါ်လာ၏။ ဘလော့ဆိုသည်များကတော့ ငွေကြေး အ ထောက်အပံ့ရဖို့မလို၊ တနိုင်တပိုင် အချို့က ရေးသားကြ၏။ အချို့က အဖွဲ့ငယ်လေးများဖြင့် ရေးသားကြ၏။ ယ ခုဆွေးနွေးသော ဤအမျိုးအစားသုံးခုသည် အကြမ်းအားဖြင့်သာ ဖြစ်၏။
အသံလွှင့်ဋ္ဌာနများ
ဆိုတော့ကာ နိုင်ငံခြားသတင်းဋ္ဌာနများ၏ မြန်မာဘာသာဋ္ဌာနခွဲများသည် ဆိုင်ရာတိုင်းပြည်၏ အာဘော်နှင့် နိုင်ငံခြားရေးပေါ်လစီ၊ ၀ါဒဖြန့်ချိရေး ပစ်မှတ်တို့အပေါ်မူတည်၍ သတင်းများ၊ အာဘော်များ၊ တွေ့ဆုံမေးမြန်း ခန်းများကို တင်ပြကြ၏။ ထိုသို့တင်ပြကြရာတွင် သက်ဆိုင်ရာကဏ္ဍအား ပင်တိုင်တာဝန်ယူရသော သူတို့၏ မိမိမွေးဖွားရာ ဇာတိ၊ တိုင်းပြည်နှင့် လူမျိုးအပေါ်ထားရှိသော စိတ်စေတနာ၊ ကိုယ်ပိုင်နိုင်ငံရေးခံယူချက်၊ ပညာ ရေးနောက်ခံ၊ တွေးခေါ်နိုင်မှုအရည်အသွေးပေါ် မူတည်ကာ ထိုသတင်းကဏ္ဍ၏ အကျိုးသက်ရောက်မှုကို တိုင်း တာကြည့်၍ရ၏။
တချို့သော တွေ့ဆုံဆွေးနွေးမေးမြန်းခန်း ပိုင်ရှင်များ၏ အရည်အသွေးနှင့် တိုင်းပြည်ပေါ်ထားသည့် စိတ်ဓာတ် က အိမ်ခြေသုံးဆယ်ခန့်စီရှိသော ရွာနှစ်ရွာ၊ နွေခေါင်ခေါင် လယ်ကွင်းထဲတွင် ဘုန်းကြီး၏ ကမကထပြုမှုဖြင့် ဘောလုံးချိန်းကန်ရာ၌ အရင်ခေတ် လမ်းလျှောက်ထီရောင်းသမားများ ရွာထိပ်ရေအိုးစင်တွင် မေ့ကျန်ခဲ့သည့် အော်လံကို အပီအပြင်ကိုင်ကာ မန်ကျည်းပင်ထိပ်တက် လိပ်ခေါင်းထွက်အောင် အော်ဟစ်ကြေညာသော ကျပ် မပြည့်သောသူ၏ ပုံစံမျိုး၊ အော်လံကိုတောင် ကိုင်နိုင်သည့်အဆင့်မရှိ။
ထိုသူများသည် မြန်မာစကားတတ်ပြီး အင်္ဂလိပ်လိုလေး နည်းနည်းပြောတတ် ရေးတတ်ရုံသာရှိကြ၏။ အသံ လွှင့်ဋ္ဌာနများတွင် အလုပ်မလုပ်ဘဲ အပြင်ထွက် အလုပ်လုပ်မည်ဆိုလျှင် စက်ရုံထဲ ပြူးတူးပြာတာ ဆူပါဗိုက်ဇာ ကိုရက်စ်ဆာ ... ရက်စ်ဆာနှင့် တဆာတည်း ဆာနေကြမည့် ဆရာများဖြစ်၏။ သို့သော် သူ့အရပ်နှင့် သူ့ဇာတ် ကတော့ တင့်တယ်နေ၏ ။ တကယ်ကိုယ်ကျိုးနည်းရသည်က ကိုယ့်တိုင်းပြည်ဖြစ်၏။ အသံလွှင့်ဋ္ဌာနများအနေ နှင့် ၀ံသာနုစိတ်ဓာတ်၊ မှန်ကန်သောတွေးခေါ်မြော်မြင်မှုဖြင့် ဆိုင်ရာတိုင်းပြည်၊ ဆိုင်ရာအသံလွှင့်ဋ္ဌာနတို့၏ မူ၊ လုပ်ထုံးလုပ်နည်းတို့နှင့်လည်း မဆန့်ကျင်ဘဲ ကိုယ့်ပြည်သူ ပြည်သူများအားလည်း ကူညီနိုင်သော အနေအ ထားကို ဖန်တီးယူလို့ရ၏။ သို့သော် ပုံမလာ ပန်းမလာများသာ မြင်နေကြားနေရ၏။
အင်တာနက်သတင်းဋ္ဌာနများ
ကဲ ... သို့ကလိုဖြင့် ပါးစပ်ကြီးများဖြင့် မအာနိုင်သည့် အခြားသောသတင်းဋ္ဌာနများကရော။ နာမည်ကြီးသတင်း ဋ္ဌာနများကို ကြည့်ကြပါစို့။ အိန္ဒိယပြည်အခြေစိုက် သတင်းဋ္ဌာနှင့်၊ ယိုးဒယားပြည် အခြေစိုက်သတင်းဋ္ဌာနများ ကို တစေ့တစောင်း အကဲခတ်ရမည်ဆိုလျှင် ... အိန္ဒိယပြည်အခြေစိုက် သတင်းဋ္ဌာနမှ ဆရာသမားများက ယိုး ဒယားပြည်မှ ဆရာသမားများထက်စာလျှင် လူစကား နားလည်သေးသည်ဟု ကောက်ချက်ချရမည်။ သို့သော် သူတို့သည်လည်း စွတ်ရေး စွတ်တင်အကျင့်က အပြည့်။
ယိုးဒယားပြည်မှ သတင်းဋ္ဌာနများအား တစေ့တစောင်း ကြည့်မည်ဆိုလျှင် ခေတ်ပြိုင်နှင့် ဧရာဝတီဟူ၍ အထင် ကရ မြင်ရမည်ဖြစ်ပြီး ဧရာဝတီကတော့ ဟိုက်စကူးကျောင်းသား အရေးအသားဖြင့် အင်္ဂလိပ်လို စာမျက်နှာ လည်းရှိပြန်၏။
ဧရာဝတီသတင်းဋ္ဌာနအားထူထောင်သူ ဘယ်သူဘယ်ဝါဆိုတာ စိတ်မ၀င်စား၊ ဘယ်သူတွေ ရေးသားလုပ်ကိုင် နေသည်ကို စိတ်မ၀င်စား။ ပြူးတူးပြဲတဲလုပ်တိုင်း စာလုံးကြီးကြီးဖြင့် အလန့်တကြား ဖော်ပြတိုင်း လူဖတ်များ မည် စောင်ရေတက်မည် ဆိုသည့်အမြင်ဖြင့် ရပ်တည်သော သတင်းဋ္ဌာနသည်ကား ခပ်ညံ့ညံ့ သတင်းဋ္ဌာနနှင့် ချာတူးလန် ဂျာနယ်လစ်ဆိုသူများတို့သာ စုဝေးနေသော သတင်းဌာနဖြစ်၏။
အိုးဝေဦးညိုမြလိုလူမျိုး တယောက်မှမရှိ။ ပျိုးမွှေ အရူးလိုဖွ အဆင့်ပဲဖြစ်ပါလိမ့်မည်။ ပြောလိုက်လျှင် ကျနော်တို့ မီဒီယာသမား ကျမတို့ မီဒီယာသမားနှင့် ချက်ကောင်းကို ကင်းကိုက်ပျားထိုး မီးလောင်သလို အထာတွေနှင့် မီ ဒီယာသမားလိုက်ရသည့်ဖြစ်ချင်း။ တကယ်အရည်အသွေးပြည့်မီသည့် သတင်းသမားတွေတော့ ဖြစ်လာဖို့ လမ်းမရှိ။
သရော်စာ
သရော်စာဆိုပြီး တကယ်အတည်ပေါက်ဖြင့် ဒေါ်အောင်ဆန်းစုကြည်က ရေးသလိုလို impersonate လုပ်သလို လို အရေးအသားဖြင့်လည်း သရော်စာပါဟု ဖော်ပြလိုက်သေး၏။ မှတ်ချက် ။ ။ သရော်စာဖြစ်သည်ဆိုပဲ။ လေး စားဖွယ်အတိ။ အော် ... အဲဒါသရော်စာကိုးလို့ ဖတ်ပြီးမှပဲ သရော်စာဟု ယူဆလိုက်ရ၏။ မရယ်ရပါ။ မတရား ဖမ်းဆီးခံထားရသော လူထုခေါင်းဆောင်ကို သေးသိမ်အောင်၊ လူရယ်စရာဖြစ်အောင်၊ သန်းရွှေကို လျှော့ပေါ့ တွေးအောင်၊ အော် ဒီလူကြီးက ဟာသကြီးပါ ဆိုတာလောက်ပဲဖြစ်သွားအောင် ဆိုသည်ကလွဲလို့ တခြားရယ် ဖွယ် တခုမှမရှိ။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို အားမရသည်မှာ မှန်ပါ၏။ ကိုယ်တိုင်လည်း အားမရပါ။ သို့သော် ကျွန်ုပ်တို့က နိုင်ငံခြားနေပြီး သေနတ်နှင့်အဝေးကြီး။ ကြ့ဖွတ်ဝါးရင်းတုတ်နှင့် အဝေးကြီး။ အချုပ်နှင့် ထောင်နှင့် အဝေးကြီး ကိုယ်ကျိုးနည်းမှုများနှင့် ယူဇနာတသိန်းလောက်က။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် အဖွဲ့ချုပ်၏ ခေါင်း ဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ခွဲထုတ်မြင်ကြည့်ရန် ကြိုးစားခြင်းသည် မလျော်ကန်ပါ။ ယခုထိ တိုက်ပွဲထဲ တွင် ရန်သူ့ဝိုင်းပိတ်မှုကြားတွင် အတွေးအခေါ်လက်နက်မချဘဲ မိမိအဖွဲ့အစည်း၏ အလံကို ခိုင်ခိုင်မြဲမြဲကိုင်ကာ ရပ်တည်ရင်း ပေးဆပ်လုပ်ကိုင်နေသောသူများအား အားမရသည်မှန်သော်လည်း စော်ကားရန် အကြောင်းမရှိ ပါ။
ဆရာကြီး ဦးပုည၊ ဆရာကြီး အချုပ်တန်းဆရာဖေ၊ ဆရာကြီး သခင်ကိုယ်တော်မှိုင်း၊ ဆရာကြီး မောင်သော်က၊ ဆရာကြီး မောင်သစ်၊ ဆရာကြီး သော်တာဆွေ၊ ဆရာကြီး အီကြာကွေး၊ ဆရာကြီးဂျက် (ကွမ်းခြံကုန်း) တို့၏ သရော်မှုများ၊ ဟာသများ၊ ကမ္ဘာ့သရော်စာသမိုင်းတွင် Medieval Europe ခေတ်၊ ဘော်လတဲယားတို့ ခေတ်မှ သည် ယခုခေတ် Talk-show များဖြစ်သော အမေရိကန်ပြည်မှ ဒေးဗစ်လက်တာမန်း၊ ကိုနန်အိုဘရိုင်ရမ်တို့ အ ထိ ထိုသူတို့၏ ဟာသများ၊ သရော်မှုများကို ပြန်ကြည့်လျှင်သိနိုင်ပါသည်။
အရူးအပေါ နာမည်ဖြင့် ရေးချင်ရာရေးတိုင်း သရော်စာဟု ပြော၍မရပါ။ မကျိန်းသေလိုက်ပုံကလည်း မှတ်ချက် ပါထည့်ပေးရသည့် ဘ၀ဆိုတော့ အင်မတန်သနားဖွယ် ဖြစ်ပေတော့၏။ ဤနေရာတွင် ကျွန်ုပ်အနေဖြင့် ငပွအ ရေးကျွမ်းကျင်သူ ဆိုသည့်ပုဂ္ဂိုလ်များလို "ဟိုနိုင်ငံတုန်းက ဟိုလိုလေ၊ ဟိုဟာက ဟိုလိုလုပ်မယ်ဆိုရင်၊ လေ့လာ မိသလောက်က၊ ဒါက ဒီလိုပါ" ဆိုသည့် ရမ်းရွှီးအာဝါးမှုများကြောင့် ကိုးကားပြောဆိုမှုပြုရသည်ကို မြင်ပြင်း ကပ်သော်လည်း ကိုးကားပြောဆိုမှုများ လိုအပ်ပါသဖြင့် ကိုးကားပြောဆိုပါမည်။ ကိုးကားပြောဆိုမည်ဟု ပြော မိသဖြင့် စာအုပ်စင်မှ Dictionary of Literary terms & literary theory စာအုပ်ထဲမှ စာကြောင်းအချို့ကို ကိုးကားတင်ပြပါမည်။
“The satirist is thus a kind of self-appointed guardian of standards, ideals and truth; of moral as well as aesthetic values. He is a man(women satirists are very rare)who takes it upon himself to correct, censure and ridicule the follies and vices of society and thus to bring contempt and derision upon aberrations from a desirable and civilized norm.Thus satire is a kind of protest, a sublimation and refinement of anger and indignation.As Ian Jack has put it very adroitly:'Satire is born of the instinct to protest;it is protest become art.”
ဒီတော့ ခပ်ညံ့ညံ့ ခပ်ချာချာ အရေးအသား၊ ဗဟုသုတ၊ ဉာဏ်ရည်၊ ကိုယ်ရည်ကိုယ်သွေးနိမ့်ကျမှုမှ ထွက်ပေါ် လာသည့် အတည်ပါ အဟုတ်ပါ မိုးကြိုးပစ် သရော်စာပါဟူသော အမှိုက်သရိုက်မျိုး မျက်စိစူးဖွယ်ရာ ဖြစ်လာ တော့၏။
ဝေဖန်ရေး
ဝေဖန်ရေးကို ကိုင်တွယ်ရာတွင် မိတ်ဘက်ဆိုင်ရာဝေဖန်ရေးနှင့် အပြုသဘောဆိုင်ရာဝေဖန်ရေး ဆိုသည့်ကိစ္စ ကို ကြည့်ကြပါစို့။ ဝေဖန်ရေးတွင် အရိပ်အမြွှက်ပြ ဝေဖန်ရေးရှိ၏။ သွယ်ဝိုက်အသိပေး ဝေဖန်ရေးရှိ၏။ ထိုအ ဆင့်များကို ကျော်လွန်၍ ကျွဲပါး စောင်းတီးဖြစ်လာချိန်တွင် ဗြောင်ပြော ဗြောင်ဆန့်ကျင်ဝေဖန်ရသော ဝေဖန် ရေးရှိ၏။
ဝေဖန်ရေး (Critique) လုပ်ရာတွင် နည်းပညာတရပ်ကို ဝေဖန်သော technical critique, လေ့လာစမ်းသပ်မှု တရပ်ကိုဝေဖန်သော ဝေဖန်ရေး research critique၊ အင်အားစုတရပ် အဖွဲ့အစည်းတရပ်ကိုဝေဖန်သော ဝေ ဖန်ရေး organizational critique စသည်ဖြင့်ရှိကြ၏။ နည်းပညာနှင့် လေ့လာစမ်းသပ်မှုများကို ဝေဖန်သော ဝေဖန်ရေးတွင် Data, variables, qualitative or quantitative, end results, trends, method, analytical approaches, စသည်ဖြင့် ရှိသကဲ့သို့ နိုင်ငံရေးအဖွဲ့အစည်းတခု၊ ခေါင်းဆောင်မှုတရပ်၊ အင်အားစုတခု၊ လူတ ဦးတယောက်ကို ဝေဖန်ရာတွင်လည်း အလားတူ ချည်းကပ်မှုများဖြင့် ဝေဖန်ကြ၏။ ငါ့စကားနွားရ ပြောဆိုငြင်း ခုန်ခြင်းသည် ဝေဖန်ရေးမဟုတ်။ ငါ့အင်တာနက်စာမျက်နှာ ဘယ်သူတွေပဲ လှူလှူ တကယ်တမ်းကိုင်ထားတာ ငါ၊ငါရေးချင်တာရေးမယ်၊ ငါတင်ချင်တာတင်မယ် ဆိုသည့် လုပ်ရပ်သည်လည်း မူမှန်အဆင့်ရှိသော သတင်း ဋ္ဌာနမဟုတ်။
ကျွန်ုပ် ဝေဖန်ရေး တော်တော်များများ ရေးဖူးပါ၏။ သရော်စာ တော်တော်များများ ရေးဖူးပါ၏။ ကဗျာပေါင်းများ စွာ ရေးဖူးပါ၏။ ကျွန်ုပ်ရေးသားသော စာများ၊ ဝေဖန်ရေးများ၊ သရော်စာများ၏ end results အဘယ်ကဲ့သို့ဖြစ် သည်ကို ကျွန်ုပ်ဝေဖန်သော ကျွန်ုပ်သရော်သော ရေးသားချက်များကို ခံရသောသူများသာလျှင် သိပေလိမ့် မည်။ကျွန်ုပ်မသိ။ သို့သော် ရည်ရွယ်ချက်မှန်ရန် တခုကိုသာ ကျွန်ုပ် အဓိကထား၏။ စာလုံးရွေးချယ်မှုမလုပ်၊ တန်းချရေး တန်းပို့လိုက်သည်သာဖြစ်၏။ သို့သော် ကျွန်ုပ်ရင်တွင်းဆန္ဒနှင့် စေတနာသည် မုန်း၍ မဟုတ်။ ချစ် ၍လည်းမဟုတ်။ ပြည်သူလူထုထဲက ပြည်သူတဦးအနေဖြင့် ရေးသင့်သည် ရေးမည်ဟု ဆုံးဖြတ်ကာ ရေးခြင်း ဖြစ်၏။
ထိုသို့ ရေးသားရာတွင်လည်း သတင်းဋ္ဌာနများ၊ အင်တာနက်ဆိုက်များကို မပို့။ မိတ်ဆွေဖြစ်သူဆီသာ ပို့သည် က များသလို ကိုယ့်ဟာကိုယ် ဖန်တီးထားသော နှစ်ပဲတပြားမကုန်သည့် ဘလော့လေးတွင် တင်သည်လည်းရှိ ၏။ ကျွန်ုပ်၏ စာလုံးများသည် ရိုင်းသည်၊ တုတ်ထိုးအိုးပေါက်ဖြစ်သည် စသည်ဖြင့် ပြောချင်ရာပြောစေတော့ ကိစ္စမရှိ။ လွန်ခဲ့သော အခါတပါးက ဘလော့အကယ်ဒမီကိစ္စ ကျွန်ုပ်ကောက်ရေး၏။ ငှက်ကထ ကိုမောင်မောင် မြင့်က၀မ်းနည်းပက်လက် လာရေးသွား၏။ ဟုတ်ပြီ ... အဲသည်နောက်ပိုင်း သူပြောသည့်အထဲက ယူသင့်သည့် ဆင်ခြင်သင့်သည့် ကိစ္စရပ်များအား ဆင်ခြင်၏။ ယူ၏။ (နို့ .. မုန်းကြလို့မှ ဟုတ်ဘဲကိုး၊ ကိုးရိုးကားယား လမ်း စဉ်လူငယ်၊ မီးသတ်ဝတ်စုံဝတ် ဘုရားပွဲမှာ မြောက်ကြွမြောက်ကြွ ဖြစ်သည်နှင့်တူသကဲ့သို့ ကမောက်ကမဖြစ်၍ သာ ရေးလိုက်ခြင်းဖြစ်၏။)
တော်လှန်ရေးနှင့် အဖွဲ့အစည်း
နောက်ဆုံး ကောက်ချက်ချ ပြောရမည်ဆိုလျှင်တော့ ဧရာဝတီသတင်းဋ္ဌာန၊ မဇ္ဈိမသတင်းဋ္ဌာန၊ ခေတ်ပြိုင်သ တင်းဋ္ဌာနတို့သည် ၁၉၈၈ တော်လှန်ရေး၏ အသီးအပွင့်များထဲမှ သတင်းလောကတွင် အောင်မြင်လာသော အသီးအပွင့်များ ဖြစ်ကြပါ၏။ ထိုကြောင့် လှပမွှေးပျံ့ကာ အမှန်သတင်းနှင့် ပြည်သူလူထုအကျိုးပြု အသီးအပွင့် များအဖြစ်မြင်ရပြီး ခွေးလျားသီးနှင့် ခွေးသေးပန်းဘ၀မှ ပိုမိုလှပတင့်တယ်သော ပန်းများအဖြစ် လူထုအား အ ဟာရပေးနိုင်သော အသီးများအဖြစ် တိုးတက်ဖြစ်ပေါ် ပြောင်းလဲသင့်ချိန်တန်ပြီဖြစ်ကြောင်း တင်ပြလိုက်ရင်း ပါးစပ်ကြီးဖြင့် အာနေကြသောသူများကိုကား လောလောဆယ် ဘေးမဲ့ပေးထားမည်ဖြစ်ကြောင်း အသိပေးကာ နိဂုံးချုပ်အပ်ပါ၏။
တုတ်ကြီး (ခေတ္တ - တာဝတိံသာ)
Sunday, May 24, 2009
တလေးတစား မမြည်းနဲ့ ခွေးလျားသီးဟဲ့
Subscribe to:
Post Comments (Atom)
2 comments:
ဘယ်သူ့ကို ပြောနေတာလဲဗျ
နိုင်ငံရေး နဲ့ လုပ်မှာလား တော်လှန်ရေး လုပ်ရမှာလား
အဖြေကရှင်းနေတာပဲ... စနစ်ကြောင့် နိုင်ငံ ပျက်နေတာမဟုတ်ဘူး လူတစ်ဦး တစ်ယောက်နဲ့  ခေါင်းဆောင်မှုက ဖြစ်နေတာ... ဒါကို အဆုံးသက်ဖို့  ...
မလွယ်ဘူးလား..
ကျွန်တော်ဦးဆောင်ပါရစေ...
အလွန်ဆုံး မှန်ကန်တဲ့  sucide bombinb ပေါ့ 
Post a Comment