ကျမ်းပြုအကျော် အမရပူရမြို့ မဟာဂန္ဓာရုံဆရာတော်ဘုရားကြီး အရှင်ဇနကာဘိဝံသက သူ့ရဲ့ ကိုယ်ကျင့်အ ဘိဓမ္မာကျမ်းစာအုပ်ထဲမှာ “ဣဿာလျှံမူ လွန်ငြူစူ၏၊ ပြောထူမစ္ဆေ ၀န်တိုလေသတဲ့” ဆိုပြီး ဣဿာနှင့် မစ္ဆရိယသဘောသွားတွေကို လင်္ကာလေးနဲ့ ဖွဲ့ဆိုခဲ့ပါတယ်။
သူတပါးရဲ့ စည်းစိမ်ဥစ္စာ၊ ပညာ၊ ကိုယ်ကျင့်တရားကောင်းမွန်ခြင်း စတဲ့ ဂုဏ်သတင်း ကျော်ကြားမှုတွေအပေါ် မှာ မနာလို မရှုစိမ့်ဖြစ်ခြင်း သဘောတရားဟာ ပါဠိလို ဣဿာ ဖြစ်ပြီးတော့ မိမိ ဒါမှမဟုတ် သူတပါးတဦးဦးနဲ့ ဆက်စပ်တဲ့ လူပုဂ္ဂိုလ်၊ နေရာထိုင်ခင်း၊ ပစ္စည်းလာဘ်လာဘ တပါးသူရဲ့ ဂုဏ်သတင်းကျော်ကြားခြင်း မိမိတတ် သိထားတဲ့ အတတ်ပညာ စတာတွေမှာ သူတပါးတွေကို မသိစေလို မရစေလိုတဲ့ သဘောဟာ မစ္ဆရိယ ဖြစ်ပါ တယ်။ ဒီတရားနှစ်ပါးဟာ ပင်ကိုယ်က ဖြူစင်သန့်ရှင်းတဲ့ စိတ်ကလေးကို ညစ်နွမ်းစေတတ်တဲ့ အကုသိုလ်တ ရားတွေဖြစ်ပါတယ်။
မြတ်စွာဘုရားရှင်ရဲ့ (၄၅) ၀ါ ကာလပတ်လုံး ဟောကြားတော်မူခဲ့တဲ့ တရားဒေသနာတော်တွေကို အနှစ်ချုပ် လိုက်ပါက မကောင်းမှုအကုသိုလ် မဖြစ်ပွားအောင်၊ ကောင်းမှုကုသိုလ်တွေ တိုးပွားအောင်၊ မိမိရဲ့ စိတ်ဓာတ် တွေ ဖြူစင်သန့်ရှင်းအောင် ကြိုးစားအားထုတ်ကြဖို့ဆိုတာတွေကို လမ်းညွှန်ဆုံးမထားတော်မူခဲ့တာကို တွေ့မြင် ကြရမှာဖြစ်ပါတယ်။ ၄င်းတရားတော်တွေသည်ပင် ဗုဒ္ဓ၀ါဒဖြစ်ပါတယ်။
ယနေ့ ကမ္ဘာ့လူထုအများစုကြီးက ဗုဒ္ဓဘာသာနိုင်ငံတခုရယ်လို့ သိထားကြတဲ့ မြန်မာနိုင်ငံမှာ မိမိတို့ကိုယ် မိမိ ဗုဒ္ဓဘာသာဝင်တွေပါရဲ့လို့ခေါ်တွင်ပြီး စေတီပုထိုးတည်ခြင်း စတာတွေကို လုပ်ပြနေကြတဲ့ စစ်အာဏာရှင်ကြီး တွေက ပြည်သူခေါင်းဆောင်ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်လို သူတော်စင် အမျိုးသမီးကြီးတယောက်ကို ဘယ်သူနဲ့မှ တွေ့ခွင့်မပေးဘဲ နှစ်ပေါင်းများစွာ အကျယ်ချုပ်နဲ့ ချုပ်နှောင်ထားခဲ့ရာမှ ယခုဆိုလျှင် ကမ္ဘာမှာ ပြိုင် စံရှားတဲ့ စွပ်စွဲချက်တွေနဲ့ စွဲချက်တင်ပြီး နောက်တကြိမ် အကျဉ်းချထားဖို့ စီစဉ်နေကြပြန်ပါပြီ။
ယခုလို နှစ်ပေါင်းများစွာ အကျယ်ချုပ်နဲ့ ထားခဲ့စဉ်အတွင်းမှာလည်း နိုင်ငံပိုင် တီဗွီ၊ ရေဒီယို၊ သတင်းစာတွေက နေတဆင့် တဖက်သတ် ဝေဖန်ပုတ်ခတ်မှုတွေ နာမည်ပျက်အောင် လုပ်ဆောင်မှုတွေ စတဲ့ လူကျင့်ဝတ်တွေနဲ့ ဆန့်ကျင်တဲ့ ပြုမူ ပြောဆို ရေးသားမှုမျိုးတွေကို နည်းမျိုးစုံနဲ့ လုပ်ဆောင်ခဲ့ကြပါတယ်။ ဒါတွေဟာ လူထုခေါင်း ဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဂုဏ်ရောင်တွေကို မှေးမှိန်အောင်လုပ်နေခြင်းသာ ဖြစ်ပါတယ်။
ယခုလည်း ဣဿာမစ္ဆေရ ပိုင်ရှင်ကြီးတဦးတော့ ပေါ်ထွက်လို့လာပြန်ပါပြီ။ ထိုသူကတော့ ဟောင်ကောင်အ ခြေစိုက် မြန်မာကောင်စစ်ဝန် ဦးရဲမြင့်အောင် ဖြစ်ပါတယ်။ ဦးရဲမြင့်အောင်က မြန်မာကောင်စစ်ဝန်ရုံးရဲ့ အင် တာနက် စာမျက်နှာကနေတဆင့် မစ္စတာယက်ထောဟာ လျှို့ဝှက်ကိုယ်စားလှယ် ဒါမှမဟုတ် ဒေါ်အောင်ဆန်း စုကြည်ရဲ့ ရည်းစားဖြစ်နိုင်တယ်လို့ ဖော်ပြလိုက်တာပါ။
အဆိုပါစကားအသုံးအနှုန်းဟာ သံတမန်တယောက်အနေနဲ့ ပြောဆိုသင့် မသင့်ဆိုတာကို မဝေဖန်လိုပေမယ့် ဦးရဲမြင့်အောင်ရဲ့ အတွင်းစိတ်သဏ္ဍာန်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ပတ်သက်တဲ့ ကောင်းသတင်းကျော်ကြား မှုတွေအပေါ်မှာ မနာလိုဝန်တိုမှုလို့ဆိုတဲ့ ဣဿာမစ္ဆေရစိတ်တွေ ပြင်းထန်နေတာကတော့ ထင်ရှားပေါ်လွင်လို့ နေပါတယ်။ တကယ်တော့ လူပုဂ္ဂိုလ်တဦးတယောက်ရဲ့ ကောင်းသတင်းကျော်ကြားမှု ဆိုတာဟာ တကယ် ပင် ကိုယ်စွမ်းရည်မရှိဘဲ လုပ်ယူလို့ရတာမျိုးမဟုတ်ပါဘူး။ တမင်ဖန်တီးပြီး ရရှိလာတဲ့ ဂုဏ်သတင်းဟာလည်း တာ ရှည်မခံပါဘူး။ သူ့အလိုလို မှေးမှန်လို့ သွားတတ်ပါတယ်။
ဥပမာအားဖြင့် မြန်မာနိုင်ငံက လက်ရှိစစ်အာဏာရှင်ကြီးများကိုသာ ကြည့်ပါ။ နှစ်ပေါင်းများစွာ နိုင်ငံတော်ပိုင် တီဗွီ၊ ရေဒီယို၊ သတင်းစာတွေကနေတဆင့် နေ့မနား ညမအားဆိုတဲ့ ကြွေးကြော်သံကြီးတွေနဲ့ အမြဲကြွေးကြော် ပြီး နာမည်ကောင်းရအောင် လုပ်နေကြပေမယ့် လုပ်ဆောင်ချက်ရဲ့ စိတ်ရင်းစေတနာတွေက မမှန်လေတော့ မြန်မာနဲ့ ကမ္ဘာမှာ နာမည်ဆိုးတွေနဲ့သာ ပို၍ပို၍ ကျော်ကြားလို့သာ နေပါတော့တယ်။
တဘက်မှာတော့ ဒေါ်အောင်ဆန်းစုကြည်လို ကမ္ဘာကပါ လေးစားရတဲ့ ပုဂ္ဂိုလ်မျိုးကို ဘယ်လိုပင် လူသူတွေနဲ့ အဆက်အသွယ်ဖြတ်ပြီး အကျဉ်းထောင်ထဲမှာ ချုပ်ထားပါစေ သူရဲ့ပင်ကိုယ်အစွမ်းအစနဲ့ ထက်မြက်တဲ့ အရည် အသွေးတွေကြောင့် အကျဉ်းထောင်ရဲ့ နံရံတွေကြားကပဲ သူမရဲ့ ကောင်းသတင်း ကျော်ဇောခြင်းတွေက ပိုပြီး တောက်ပလို့သာ နေပါတော့တယ်။
ဒါ့ကြောင့် အောက်ဖော်ပြပါ မန်လည်ဆရာတော်ဘုရားကြီးရဲ့ လင်္ကာလေးနဲ့ပဲ ဒေါ်အောင်ဆန်းစုကြည်နှင့်တ ကွ သူမဘက်မှ မယိမ်းမယိုင် ကျောက်စာတိုင်ကဲ့သို့ ခိုင်မြဲစွာရပ်တည်နေကြတဲ့ ပြည်သူများအား ဂုဏ်ပြုလိုက် ပါတယ်။
မိုက်တွေဝေ လူဗာလတို့ လောကမှာ ထင်ထင်၊
ကိုယ့်ဂုဏ်ကို ကိုယ်ပလွှားသော်လည်း ထင်ရှားပဇာတင့်ပါ့မယ်၊
မူကျင့်လော်လည်သွမ်းငယ်ကြောင့် နွမ်းယုတ်သည်ပင်၊
ကြံဖန်ရည် ထူထပ်တဲ့ လူတတ်ကယ်ပညာရှင် တွင်းမှာပင်ခိုတော့
တတ်စွမ်းလျော်စွာပ ကြော်ငြာ ဂုဏ်သတင်း ချင်းလိမ့်ပြန်သော့။
ကိုယ့်ဂုဏ်ကို ကိုယ်ပလွှားသော်လည်း ထင်ရှားပဇာတင့်ပါ့မယ်၊
မူကျင့်လော်လည်သွမ်းငယ်ကြောင့် နွမ်းယုတ်သည်ပင်၊
ကြံဖန်ရည် ထူထပ်တဲ့ လူတတ်ကယ်ပညာရှင် တွင်းမှာပင်ခိုတော့
တတ်စွမ်းလျော်စွာပ ကြော်ငြာ ဂုဏ်သတင်း ချင်းလိမ့်ပြန်သော့။
အရှင်ဥက္ကဋ္ဌ (MSMA)
3 comments:
အန်တီစုပုံကို ဒီမကောင်းဆိုးဝါးကြီးနဲ့ တန်းတူတွဲမပြပါနဲ့။ လုံးဝမတန်ပါဘူး။ အပေါ်၊အောက်ပဲ ဖြစ်သင့်ပါတယ်။
အဲဒီလိုလူတန်းစားတွေအတွက်က ဘယ်နေရာမှ မတန်ပါဘူး။ သူ့ပုံ မြင်မြင်နေရတာတောင် အော့နှလုံးနာလွန်းလို့ပါ။ ကျေးဇူးတင်ပါတယ်။
ပြန်ပြင်ပေးစေချင်ပါတယ်။
ဟုတ်တယ် အန်တီပုံနဲ့ အဲ့ကောင်ကြီးပုံ တွဲမတင်ပါနဲ့ ကျက်သရေယုတ်တယ်
ပုံကိုပြင်ပြီး ပြန်တင်ပေးလိုက်ပါတယ်။ အလင်းငြိမ်၊ မဆုမွန်နဲ့တကွ ဒီမိုကရေစီအင်အားစုအပေါင်း ကိုယ်စိတ်နှစ်ပါး ရွှင်လန်းချမ်းမြေ့နိုင်ကြပါစေသော်ဝ်။
လေးစားစွာဖြင့် ...
ဒေါက်တာလွဏ်းဆွေ
Post a Comment