Sunday, May 24, 2009

ဒေါ်အောင်ဆန်းစုကြည်နှင့်တကွ အဖမ်းဆီးခံများ ပြည်လည်လွတ်မြောက်ရေး တိုက်ပွဲ

သမရိုးကျလုပ်ရိုးလုပ်စဉ် စစ်အာဏာရှင်သံရုံးရှေ့ဆန္ဒပြတောင်းဆိုမှုများ၊ ကြေညာချက်ထုတ်ပြန်မှုများ၊ ဖိအားပေးမှုများမှ တဆင့်တက် တိုးမြှင့်တိုက်ပွဲဝင်ရန်

သုံးသပ်ချက် ။ ။ ဆန္ဒပြတိုက်ပွဲဝင်လာခဲ့ကြသည်မှာ နှစ်ပေါင်းများစွာကြာခဲ့ပြီဖြစ်ပါသည်။ သို့သော် စစ်အစိုးရ ၏ လျစ်လျှူရှူ ခြင်းများဖြင့်သာ တုန့်ပြန်ခြင်းခံရပြီး အရာမထင်ခဲ့ပေ။

တောင်းဆိုတိုက်ပွဲဝင်မှု ပုံစံပြောင်းရန်လိုအပ်

စုရပ် ။ ။ သက်ဆိုင်ရာ နိုင်ငံအသီးသီး၏ အစိုးရ ရုံးစိုက်ရာရုံးရှေ့
ဥပမာ ။ ။ ၁၊ ပါလီမန် ၂၊ နိုင်ငံခြားရေးရုံး၊

တောင်းဆိုမှုပုံစံနှင့် တိုက်ပွဲဝင်လမ်းကြောင်း

နအဖ၏ အခြေအမြစ်မဲ့စွာ လုပ်ဆောင်ချက်များကို နိုင်ငံတကာအစိုးရတိုင်း သိရှိပြီးဖြစ်သလို အနောက်နိုင်ငံ အတော်များများမှလည်း ဖိအားပေးတောင်းဆိုမှုများ ပြလုပ်ကြပြီး၊ ပြလုပ်နေကြဆဲလည်း ဖြစ်ပါသည်။
ဥပမာ ။ ။ အမေရိကန်၊ ဥရောပသမဂ္ဂ

သို့သော် ... တိုက်ပွဲဝင်များ တောင်းဆိုရမည့် ပုံစံနှင့် ရည်ရွယ်ချက်

သက်ဆိုင်ရာ နိုင်ငံအသီးသီး၏ အစိုးရများထံ နအဖ၏ တရားမဲ့ပြုမူမှုများကို ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ် ချပေးကြရန်၊ မြန်မာပြည်သူလူထုနှင့် နိုင်ငံတကာ၏ တောင်းဆိုမှုများကို နအဖအနေဖြင့် လေးစားလိုက်နာ သည်အထိ ထိထိရောက်ရောက် တောင်းဆိုဆောင်ရွက်မှုများ ပြလုပ်ပေးပါရန်၊

နအဖဘက်မှ ထုံးစံအတိုင်း တောင်းဆိုမှုများကို လျစ်လျှူရှူပြီး တုန့်ပြန်မှုတစုံတရာ မပေးခဲ့လျှင် သက်ဆိုင်ရာ နိုင်ငံအသီးသီး၏ အစိုးရများမှ နအဖစစ်အစိုးရနှင့် ယခု ပြည်တွင်းတွင် ဆက်စပ်လုပ်ဆောင်နေကြသည့် ဝန် ဆောင်သည့်လုပ်ငန်းများ၊ ဖွံ့ဖြိုးမှုစီမံကိန်းလုပ်ငန်းများ၊ စီပွားရေးဆိုင်ရာ ကုန်သွယ်မှုအရဆက်ဆံမှု စသည် များကို နအဖအစိုးရ လိုက်နာဆောင်ရွက်မှုမရှိမချင်း ယင်းလုပ်ငန်းများကို ယာယီရပ်ဆိုင်ပေးထားပါရန် သက် ဆိုင်ရာအစိုးရများထံ မေတ္တာရပ်ခံတောင်းဆိုရန် ဖြစ်သည်။

တိုက်ပွဲဝင်သူများအနေဖြင့်လည်း မိမိတို့ မေတ္တာရပ်ခံတောင်းဆိုချက်များ အကောင်အထည် မပေါ်မချင်း ယခု ငြိမ်းချမ်းစွာ ဆန္ဒပြနေသည့် နေရာမှ ဖယ်ရှားထွက်ခွာသွားမည် မဟုတ်ကြောင်း၊ ရေရှည်တိုက်ပွဲဝင်မည် ဖြစ် ကြောင်း သက်ဆိုင်အစိုးရများထံ အသိပေးရန် လိုအပ်သည်။

မှတ်ချက် ။ ။ လူအင်အားများများ ပါဝင်လာရေးကို မျှော်လင့်ချက်ထားရှိရန်မလိုဘဲ ပါဝင်လုပ်ဆောင်နိုင် သည့် အမာခံအင်အား အနည်းဆုံး (၁ဝ) ယောက်ဖြင့် နိုင်ငံတိုင်း လုပ်ဆောင်နိုင်ကြမည်ဆိုလျှင် ရက်ရှည်တိုက်ပွဲဖြစ် လာသည်နှင့်အမျှ လူထုအများ ပါဝင်လာနိုင်ကြမည်ဖြစ်သည်။ အကြောင်းအမျိုးမျိုးကြောင့် ကိုယ်တိုင်ကိုယ်ကျ မပါဝင်နိုင်သူများကို ခွင့်လွှတ်နားလည်မှု အပြည့်အဝ ပေးစေလိုပါသည်။ ကိုယ်တိုင်ကိုယ်ကျ မပါဝင်နိုင်သူများ ကလည်း တတ်နိုင်သည့်ဘက်မှနေ၍ ဒေါ်အောင်ဆန်းစုကြည်နှင့်တကွ အဖမ်းဆီးခံများ လွတ်မြောက်ရေးအ တွက် ကူညီပံ့ပိုးထောက်ခံအားပေးကြရန် မေတ္တာရပ်ခံပါသည်။

သတိပြုရန် ။ ။ နိုင်ငံတိုင်းတွင် ကန့်သတ်ချက် ဥပဒေများ တနိုင်ငံနှင့် တနိုင်ငံ တူညီကြမည်မဟုတ်၊ အချို့နိုင် ငံများတွင် ပိတ်ပင်တားဆီးမှုများ ရှိနိုင်သည်။ တိုက်ပွဲဝင်များအတွင်း ကျရောက်လာမည့် အခက်အခဲ အတား အဆီး၊ အန္တရာယ် စသည်တို့ကိုလည်း ရင်ဆိုင်ရန်အတွက်ထည့်သွင်း ပြင်ဆင်ထားရန် လိုအပ်သည်။

ကျွန်ုပ်တို့၏ အဓိကသန္နိဋ္ဌာန်၊ ကျွန်ုပ်တို့၏ အဓိကကြွေးကြော်သံ ...

ကျွန်ုပ်တို့၏ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် အကျဉ်းထောင်အတွင်း ကျရောက်နေပြီး ကျွန်ုပ်တို့ကလည်း ကျွန်ုပ်တို့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့်အလားတူ အကျဉ်းကျခံရမည်ကို လုံးဝ တုန်လှုပ်မှုမရှိကြောင်း၊ သက်ဆိုင်ရာ နိုင်ငံအသီးသီးဘက်ကလည်း တရားဥပဒေအတိုင်း အရေးယူဆောင်ရွက် နိုင်သည့်အတွက် အရေးယူခံရလျှင်လည်း ရင်ဆိုင်ရန်အသင့်ရှိသည်ဟု သန္နိဌာန်ထားရှိရန်လိုသည်။

အဓိက အရေးတကြီး လိုက်နာရမည်မှာ ...

၁။ ငြိမ်းချမ်းစွာ ထိုင်ဆိုင်သပိတ် ဆန္ဒပြရန်သာဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်နှင့်တကွ အဖမ်းဆီးခံများ အ ကျဉ်းထောင်မှ မလွတ်မချင်း အဆိုပါသပိတ်ကို မရုတ်သိမ်းဘဲ တယောက်တည်းကျန်သည်အထိ သန္နိဋ္ဌာန် ခိုင် မြဲစွာ ဆက်လက်တိုက်ပွဲဝင်ရန်၊

၂။ မီဒီယာအဆက်အသွယ် အလွန်အရေးကြီးသည်။ (၂၄) နာရီ နိုင်ငံတကာနှင့် အွန်လိုင်းဆက်သွယ်မှု ရရှိရန် ပြင်ဆင်ထားသင့်သည်။

ယုံကြည်ချက် ။ ။ မြန်မာပြည်သား ပြည်သူလူထုများ ကိုယ်တိုင်ကိုယ်ကျ ပါဝင်လာမှသာလျှင် ကျွန်ုပ်တို့၏ တော်လှန်ရေးအောင်မြင်မည်ဟု ယုံကြည်သည်။ ပြည်သူလူထုဟူသည် ပြည်တွင်း၊ ပြည်ပရောက် မြန်မာလူထု များအားလုံးကို ဆိုလိုသည်။ ပြည်ပရောက် မြန်မာပြည်သူများအနေဖြင့် ပြည်တွင်းမှ လူထုများနည်းတူ ဆက် လက်တိုက်ပွဲဝင်ရန် လိုအပ်သည်။

ရရှိလာနိုင်သည့် အကျိုးအမြတ် ...

နအဖအနေဖြင့် နိုင်ငံတကာ၏ တောင်းဆိုမှုများကို လိုက်လျောပြီး ဒေါ်အောင်ဆန်းစုကြည်နှင့်တကွ အဖမ်းဆီး ခံများ ပြည်လည်လွတ်မြောက်လာလျှင် ကျွန်ုပ်တို့၏ တိုက်ပွဲသည် အောင်မြင်မှုရရှိသည်။ အကယ်၍ ကျွန်ုပ်တို့ ၏ သပိတ်တိုက်ပွဲသည် အတားအဆီး၊ အဖမ်းအဆီးများဖြင့် ထောင်ကျခဲ့ကြလျှင်လည်း ပြည်တွင်းမှ ပြည်သူလူ ထုများအနေဖြင့် ပြည်ပရှိ မြန်မာပြည်သူများက ပြည်တွင်းရှိ မြန်မာပြည်သူများနည်းတူ တသွေးတသားတည်း တိုက်ပွဲဝင်နေကြောင်းသိရှိလျှင် ပြည်တွင်းမှ ပြည်သူလူထုများအတွက် အားတက်ဖွယ်ရာဖြစ်သည်။

ပါဝင်တိုက်ပွဲဝင်လိုသူများ၊ ညှိနှိုင်းအကြံပေးလိုသူများအား ဥရောပရောက် မြန်မာအရေးလှုပ်ရှားသူ များမှ ဖိတ်ခေါ်ပါသည်။

မြန်မာပြည် ဒီမိုကရေစီရရှိရေးသည် ပြည်တွင်း၊ ပြည်ပမှ မြန်မာပြည်သားများ ညီညွတ်စွာ ပါဝင် လုပ်ဆောင်မှသာလျှင် ရရှိနိုင်မည်ဖြစ်သည်။

Who willing to sacrifice your freedom for our Leaders?

You are welcome comarade ... we need you!

Forum of Burmese in Europe

coordinators:

(1) Dr Than Htike (htike@interia.pl) (Poland)

(2) Ko Minn Kyaw (info@forumburma.eu,) (Sweden)

(3) Sonny Aung Than Oo (atoburma@web.de) (Germany)

4 comments:

paaukrevata said...

YES ,, UNITY IS STRENGTH ,,

WE need DETERMINATION ....

Truth Lover said...

စစ်အစိုးရက မေလ ၂၇ ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ် သက်တမ်းစေ့၍ လွှတ်ပေးရတော့မည်။
ဒေါ်အောင်ဆန်းစုကြည်နေအိမ်အကျယ်ချုပ်မှ လွတ်လာလျှင် စစ်အစိုးရကျင်းပ ပေးမည့် ၂၀၁၀ ရွေးကောက်ပွဲ၌ NLD ပါတီ ၀င်ရောက်ယှဉ်ပြိုင်မည်၊ မယှဉ်ပြိုင်မည်နှင့် ပတ်သက်ပြီး NLD ပါတီအတွင်း အငြင်းပွားနေသည့်ကိစ္စ၊ နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးကိစ္စအပေါ် သူမ မည်သို့ကိုင်တွယ်ဖြေရှင်းဆောင်ရွက်သွားမည်ကို ပြည်တွင်း ပြည်ပမှ NLD အဖွဲ့ဝင်များနှင့် အဖွဲ့ဝင်ဟောင်းများ၊ နိုင်ငံရေးလှုပ်ရှားသူများ၊ မြန်မာ့ လွတ်လပ်ရေးဖခင် အမျိုးသားခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်း၏သမီးဟူသော စိတ်အစွဲဖြင့် သူမအား ပုဂ္ဂိုလ်ရေးယုံကြည်ထောက်ခံနေသူများက စိတ်ဝင်စား စောင့်မျှော်နေကြသည်။
မေလ ၅ ရက်နေ့ညတွင်တော့ အမေရိကန်နိုင်ငံသား ဗီယက်နမ်စစ်ပြန်ဆိုသူ မစ္စတာ ဂျွန်ဝီလျံယက်တောတစ်ယောက် အင်းလျားကန်ကို ရေးကူးဖြတ်သန်းနေစဉ် စစ်အစိုးရ လုံခြုံရေးအဖွဲ့ဝင်တွေက ဖမ်းဆီးလိုက်သည်။
ယင်းအမေရိကန်နိုင်ငံသားအား စစ်မေးလိုက်သည့်အခါမှာတော့ မေလ ၃ ရက်နေ့ ညက အင်းယားကန်ရေပြင်ကို ရေကူးဖြတ်သန်း၍ ဒေါ်အောင်ဆန်းစုကြည်နေအိမ်သို့ ၀င်ရောက်ခဲ့ပြီး ၂ ရက်ကြာနေထိုင်ကာ မေလ ၅ ရက်နေ့တွင် ပြန်ထွက်လာခြင်းဖြစ်ကြောင်း သိရသည်။
စစ်အစိုးရက မေလ ၁၄ ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည်ကို မစ္စတာ ယက်တောအား သူမ၏နေအိမ်တွင် ၂ ရက်တိုင်အောင်လက်ခံထားသဖြင့် နေအိမ်အကျယ်ချုပ် ဥပဒေချိုးဖောက်မှုဖြင့် အင်းစိန်အကျဉ်းထောင်တွင် တရားစွဲဆိုလိုက်သည်။
တရားစွဲဆိုမှုကြောင့် ကုလသမဂ္ဂ၊ အမေရိကန်၊ အီးယူနိုင်ငံအချို့နှင့် အိမ်နီးချင်း ထိုင်း နိုင်ငံတို့မှ ပြစ်တင်ရှုတ်ချမှုများကို စစ်အစိုးရအနေဖြင့် ဖြေရှင်းကန့်ကွက်နေရသကဲ့သို့ စင်ကာပူ တွင်ကျင်းပသည့် အာရှပစိဖိတ်ဒေသလုံခြုံရေးဆိုင်ရာဆွေးနွေးပွဲတွင် စစ်အစိုးရ ကာကွယ်ရေး ဒုဝန်ကြီး ဗိုလ်ချုပ် အေးမြင့်က ဒေါ်အောင်ဆန်းစုကြည်အား အရေးယူခြင်း၊ တရားစွဲဆိုခြင်းမှာ မြန်မာနိုင်ငံ၏ ပြည်တွင်းရေးကိစ္စသက်သက်သာလျှင်ဖြစ်ပြီး ပြည်တွင်းတရားဥပဒေနှင့်အညီ ပြည်တွင်းဥပဒေကျင့်သုံးမှုအရ ဆောင်ရွက်ခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်ဟု သိရသည်။

Truth Lover said...

မိမိ NLD ပါတီဝင်အဖြစ် ပြည်တွင်း၌ နိုင်ငံရေးလှုပ်ရှားစဉ်နှင့် အိမ်နီးချင်း ပြည်ပနိုင်ငံ တစ်ခုတွင် ရောက်ရှိစဉ်က ဒေါ်အောင်ဆန်းစုကြည်နှင့် ပတ်သက်ပြီး မြန်မာအမျိုးသမီးတစ်ဦး အနေဖြင့် လိုက်နာစောင့်ထိန်းအပ်သည့် မြန်မာ့ရိုးရာ လူမှုကျင့်ဝတ်ချိုးဖောက်မှုများနှင့် အခြား ကြားသိခဲ့ရသည်အကြောင်းများကို ရေးသားလိုလာသည်။
အမျိုးသားခေါင်းဆောင် ဗိုလ်ချုပ် အောင်ဆန်း၏သမီး လက်ရှိ အထင်ကရ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို သူမ၏မိခင် ဒေါ်ခင်ကြည် သံအမတ် တာဝန်ဖြင့် အိန္ဒိယတွင်တာဝန်ကျစဉ် ရန်ကုန်ရှိ စိန့်မေရီကွနှ်ဗင့်ကျောင်း ဆဌမတန်းမှ နယူးဒေလီကွနှ်ဗင့်ကျောင်းသို့ ပြောင်းရွှေ့ကျောင်းတက်စေခဲ့သည်။
သူမကျောင်းသူဘ၀တွင်ပင် မြန်မာသံရုံးဝင်း၌ အလုပ်လုပ်သည့် ဖြူဖြူချောချော ဟိန္ဒူ ကုလားတစ်ယောက်နှင့်လိုက်ပြေးပြီး မိခင်ဒေါ်ခင်ကြည်မှ လိုက်ခေါ်သော်လည်း ၁၄ လကြာမှ အိမ်ကိုပြန်လာပြီး နောက်ထပ်လည်း လိုက်ပြေးကြောင်း သိရသည်။
အဲဒီလို နိုင်ငံခြားသားနှင့် ရှုတ်ထွေးသည့်သတင်းများကို ထိုစဉ်က ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ဖြစ်တဲ့ ဦးသန့်က ကြားပြီး ဒေါ်အောင်ဆန်းစုကြည်ကို နယူးယောက်တွင် အလုပ်ပေးရန်ခေါ်ခဲ့ကြောင်း၊ သူမနယူးယောက်သို့ရောက်ပြီး ဦးသန့်နှင့် သွားတွေ့ချိန်တွင် သူမနှင့်အတူနေ ကျူးဘားအမျိုးသားတစ်ယောက်အားခေါ်သွားသဖြင့် ဦးသန့်က စိတ်ဆိုးပြီး ပြန်လွှတ်လိုက်ကြောင်း သိရသည်။
ဒေါ်အောင်ဆန်းစုကြည်ကို ဗိုလ်ချုပ်အောင်ဆန်း၏သမီးဟုသိသည့် အိန္ဒိယနိုင်ငံ ဆိုင်ရာ ဓနသဟာယ မဟာမင်းကြီး မစ္စတာ ဘုတ်ရှ် (မြန်မာနိုင်ငံတွင်လည်း ဗြိတိသျှသံအမတ် လုပ်ဖူးသူ)နှင့် ဇနီးက သူမကို မွေးစားဖို့ ဗြိတိန်သို့ခေါ်သွားကြောင်း သိရသည်။ သူမ ဗြိတိန်တွင်နေစဉ် မိခင်ဒေါ်ခင်ကြည်က ကြယ်ငါးပွင့်ကော်ပရေးရှင်း Agent ဖြစ်သူ ဦးနန်းနွယ် (ယခင်ပါလီမန်လွှတ်တော်အတွင်းဝန်ချုပ်)အား ဒေါ်အောင်ဆန်းစုကြည်၏ အုပ်ထိန်းသူအဖြစ် တာဝန်ပေးခဲ့သည်ဟု သိရသည်။
ဦးနန်းနွယ်က သူမကို ၄င်း၏နေအိမ်တွင်ခေါ်ထားစဉ် ဒေါ်အောင်ဆန်းစုကြည်နေအိမ်မှ ပျောက်သွားသဖြင့် လိုက်လံရှာဖွေရာ နိုင်ငံခြားသားတစ်ဦးနှင့် ပေါင်းသင်းနေထိုင်နေသဖြင့် ပြန်ခေါ်ရာ ထိုသူနှင့် မယူပါကြောင်း၊ အိမ်ပြန်လာမည်ဖြစ်ကြောင်း၊ Living Together သက်သက်သာဖြစ်သည်ဟု ပြောခဲ့ကြောင်း သိရသည်။ လန်ဒန်တွင် ယင်းသို့ Living Together သူမနှင့်နေထိုင်သည့်နိုင်ငံခြားသား ၉ ဦး(လူမည်းတစ်ဦးအပါအ၀င်) အမည်ကို ဦးနန်းနွယ်က ဦးအောင်ကြီး (ဗိုလ်မှူးချုပ်ဟောင်း)ထံ ပေးခဲ့ကြောင်း သိရသည်။
ဒေါ်အောင်ဆန်းစုကြည် တက္ကသိုလ်ရိပ်သာလမ်းနေအိမ်၌နေထိုင်စဉ် ဒေါက်တာ တင်မျိုးဝင်းနှင့်အတူအိပ်နေသောဓာတ်ပုံများကို NLD ပါတီအတွင်းမှ အတွင်းသိတစ်ဦးက ခိုးရိုက်ခဲ့ပြီး အိန္ဒိယနယ်စပ် ကလေး၊ တမူးမြို့များတွင် ကပ်ခံခဲ့ရကြောင်း သိရသည်။
ငပုတောမြို့နယ် NLD လွှတ်တော်အမတ် ဦးဒေးဗစ်လှမြင့်တစ်ယောက် ဒေါ်အောင်ဆန်းစုကြည် နေအိမ်အပေါ်ထပ်တွင်နေထိုင်စဉ် သူမက ဦးဒေးဗစ်လှမြင့်အတွက် အရက်နှင့် ကြက်ဥ ၀ယ်ခိုင်းသည်ကို NLD ပါတီဝင်အမျိုးသမီးများအတွင်း ပြောဆိုခဲ့သည်များ ရှိခဲ့ကြောင်း သိရသည်။

Truth Lover said...

သုံးရောင်ခြယ်အမည်ခံ ဒေါ်အောင်ဆန်းစုကြည်၏ ကိုယ်ရံတော် ကျောင်းသား ငယ်ငယ်ချောချောများကို သူမက အိပ်ဖန်စောင့်တာဝန်ပေးကာ အတူခေါ်အိပ်သည်ဟု သတင်းဖြစ်ခဲ့သဖြင့် NLD ဗဟိုအလုပ်အမှုဆောင်များက သူမနေအိမ်ဝင်းထဲတွင် လူငယ်များ ညမအိပ်ရန် ဒေါ်အောင်ဆန်းစုကြည်မသိဘဲ ဆုံးဖြတ်ချက်ချခဲ့ရာ သူမက NLD ဗဟိုအလုပ် အမှုဆောင်များကို ချက်ချင်းခေါ်ပြီး ထိုဆုံးဖြတ်ချက်အား ပြင်ခိုင်းကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်၏ ကိုယ်ရံတော်များထဲတွင် အောင်အောင်ဆိုသူ သုံးရောင်ခြယ် လူငယ်မှာ ဒေါ်အောင်ဆန်းစုကြည်၏ အသဲစွဲဖြစ်ကြောင်း သိခဲ့ရသည်။
ယင်းအကြောင်းအရာပါအချက်အလက်အသေးစိတ်အား သိလိုပါက ယခု http://truth-history-dassk.blogspot.com/ webpage တွင် ၀င်ရောက် ဆွေးနွေး နိုင်ပါသည်။ ဆက်လက်ဖော်ပြမည်.....