Sunday, May 10, 2009

(၉၀) ပြည့် ဆရာဒဂုန်တာရာ၏ အတ္ထုပ္ပတ္တိ

(မြန်မာ့အွန်လိုင်းစွယ်စုံကျမ်းမှ ရယူပါသည်)

မွေးသက္ကရာဇ် - ၁ဝ၊ ၅၊ ၁၉၁၉
အမည်ရင်း - ဦးဌေးမြိုင်
မိဘအမည် - ဦးဘအုန်း + ဒေါ်ဖွားရှင်
မွေးဖွားရာဒေသ - ထိုင်ကူမြစ်တန်းရွာ (မွန်ရွာ)၊ ကျိုက်လတ်မြို့နယ်
ကလောင်အမည်ခွဲများ - မြိုင်သဇင်၊ မောင်နန်းနွယ်၊ စောထွတ်၊ ဦး တိုး၊ မောင်လင်းထက်၊ ဗညားသီဟ၊ ဦးဒဂုန်
ထင်ရှားကျော်ကြားမှု - မြန်မာ့သမိုင်းဆိုင်ရာတွင် အားကိုးလောက် သော ကျမ်းများကို အင်္ဂလိပ်၊ မြန်မာဘာသာများဖြင့် ပြုစုခဲ့၊ ရာထူး စည်းစိမ်ကို ငဲ့ကွက်ခြင်းမရှိဘဲ ပညာရှင် ပီသစွာ ရပ်တည်မှုကြောင့် အ ထူးကျော်ကြား။

ဆရာဒဂုန်တာရာသည် ရန်ကုန်မြို့ (၇) လမ်းရှိ အောင်ဇေယျမင်္ဂလာ မြန်မာစာသင်ကျောင်းတွင် ပညာသင် ကြားသည်။ ထို့နောက် ကျိုက်လတ်အမျိုးသားကျောင်း (၁၉၂၇ - ၃၆) တွင် လည်းကောင်း၊ ရန်ကုန် ရေကျော် မက်သဒစ်ကျောင်း (၁၉၃၆ - ၃၇) တွင် လည်းကောင်း ပညာဆက်လက်သင်ကြားသည်။ ၁၉၃၇ ခုနှစ်တွင် ဆယ်တန်းအောင်သည်။ (၁၉၃၇ - ၄ဝ) ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်၌ ဆက်လက်ပညာသင်ကြားခဲ့သည်။

ဆရာဒဂုန်တာရာသည် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂ ရေနံမြေစည်းရုံးရေးကိုယ်စားလှယ်၊ တက သအမှုဆောင်၊ အိုးဝေမဂ္ဂဇင်း အယ်ဒီတာ၊ မြန်မာနိုင်ငံစာရေးဆရာအသင်း ဥက္ကဌ တာဝန်များကို ဆောင်ရွက် ခဲ့သည်။ ထို့အပြင် ဆရာဒဂုန်တာရာသည် တရုတ် - မြန်မာ မိတ်ဆွေဖြစ်အသင်းချုပ် အမှုဆောင်၊ မြန်မာ - ဆို ဗီယက်ယဉ်ကျေးမှုနှင့် မိတ်ဆွေဖြစ်အသင်းချုပ် အမှုဆောင်၊ ကမ္ဘာ့ငြိမ်းချမ်းရေးကွန်ဂရက် (မြန်မာနိုင်ငံ) အမြဲ တမ်းကော်မတီ ဒုတိယဥက္ကဋ္ဌတာဝန်၊ မြန်မာနိုင်ငံကဗျာဆရာသမဂ္ဂ ဥက္ကဋ္ဌတာဝန်များကို ထမ်းဆောင်ခဲ့သည်။

ဆရာသည် ၁၉၃၄ ခုနှစ်၊ ဖေဖော်ဝါရီလထုတ် တက္ကသိုလ်သိပ္ပံမဂ္ဂဇင်းတွင် မြိုင်သဇင် ကလောင်အမည်ဖြင့် ‘မှုံ ပြာရီ’ ဝတ္ထုကို စတင်ရေးသားခဲ့သည်။ ထို့နောက် ဒဂုန်တာရာ အမည်ခံယူသည်။ ၁၉၄၆ ခုနှစ် ဒီဇင်ဘာလတွင် တာရာမဂ္ဂဇင်းကို စတင်ထုတ်ဝေသည်။ ထို့အပြင် စာပေသစ်မဂ္ဂဇင်းကိုလည်း စတင်ထုတ်ဝေပြီး ယင်းမဂ္ဂဇင်း တွင် အယ်ဒီတာအဖြစ် ဆောင်ရွက်ခဲ့သည်။ တချိန်တည်းတွင် ဂန္ထဝင်ဂျာနယ် အယ်ဒီတာအလုပ်ကိုလည်း လုပ် ကိုင်သည်။

၁၉၇၄ ခုနှစ် ‘မေ’ ဝတ္ထုကို ထုတ်ဝေသည်။ ကလောင်အမည် အမျိုးမျိုးဖြင့် စာပေ၊ ရုပ်ရှင်၊ ပန်းချီ၊ ဂီတ၊ အနုပ ညာ၊ နိုင်ငံရေး၊ ဝေဖန်ရေးဆိုင်ရာ ဆောင်းပါးများ ရေးခဲ့သည်။ စပယ်ဦးဖြင့် စာပေဗိမာန် ဝတ္ထုတိုပေါင်းချုပ်ဆု ကို ၁၉၆၁ ခုနှစ်တွင် ရရှိခဲ့သည်။ ထို့ပြင် ၂ဝဝ၁ ခုနှစ်အတွက် ပခုက္ကူ ဦးအုံးဖေ တသက်တာစာပေဆုကိုလည်း ရရှိခဲ့သည်။

ယခုအခါ ဆရာသည် ကလောမြို့တွင် အေးချမ်းစွာ နေထိုင်ရင်း စာပေများကို ရေးသားပြုစုလျက်ရှိသည်။

ဒဂုန်တာရာ ရေးသားပြုစုခဲ့သော စာအုပ်များ

၁။ ကြာပန်းရေစင် - ၁၉၆၃ ခုနှစ်
၂။ ကြာရိပ်ပန်းနု - ၁၉၉၃ ခုနှစ်
၃။ စံပယ်ဦး - ၁၉၆၁ ခုနှစ်
၎။ စာလုံး၊ ဆေးစက်၊ စောင်းကြိုးနှင့် ကတ္တီပါကားလိပ် - ၁၉၇၄ ခုနှစ်
၅။ စာပေသဘောတရား၊ စာပေဝေဖန်ရေး၊ စာပေလှုပ်ရှားမှု - ၁၉၇၆ ခုနှစ်
၆။ စန္ဒရားဆရာ (သို့မဟုတ်) မဟာအချစ် - ၁၉၉၅ ခုနှစ်
၇။ စိမ်းမြဧရာ - ၁၉၉၄ ခုနှစ်
၈။ တရုတ် - မြန်မာ မိတ်ဆွေဖြစ်အသင်း
၉။ ဒဂုန်တာရာနှင့် သူ၏ ကဗျာ - ၁၉၆၇ ခုနှစ်
၁၀။ ဒဂုန်တာရာ ဝတ္ထုတိုပေါင်းချုပ် - ၁၉၆၉ ခုနှစ်
၁၁။ ဒဂုန်တာရာ၏ ဒဂုန်တာရာ - ၁၉၅ဝ ပြည့်နှစ်
၁၂။ တို့ခေတ်ကိုတော့ ရောက်ရမည်မှာ မလွဲပါ - ၁၉၇၉ ခုနှစ်
၁၃။ ဖျတ်ခနဲတွေ့ရသော ရုပ်ပုံလွှာကားချပ်များ - ၁၉၉၇ ခုနှစ်
၁၄။ မာယာ - ၁၉၉၁ ခုနှစ်
၁၅။ မူးယစ်ဝေသော နွေဦးညများ - ၁၉၆၈ ခုနှစ်
၁၆။ မေ - ၁၉၇၄ ခုနှစ်
၁၇။ ရုပ်ပုံလွှာ - ၁၉၅၅ ခုနှစ်
၁၈။ လရောင်ရွှန်းမြသော ညတည - ၁၉၆၄ ခုနှစ်
၁၉။ လရောင်ရွှန်းမြသော ညတညနှင့် အခြားဝတ္ထုရှည် - ၁၉၉၅ ခုနှစ်
၂၀။ သဇင်သင်းပြန်တော့ - ၁၉၇၄ ခုနှစ်
၂၁။ သုနာပရန-္တ ၁၉၉၅ ခုနှစ်
၂၂။ အလင်္ကာ ကဗျာပေါင်းချုပ် - ၁၉၆၂ ခုနှစ်
၂၃။ အိပ်မက်အပြင်ကလူ - ၁၉၉၆ ခုနှစ်
၂၄။ အယ်ဒီတာစားပွဲ၊ စာပေအနုပညာ ဝေဖန်ရေးနှင့် ပန်နုရောင်အို - ၁၉၇၁ ခုနှစ်
၂၅ ။ ဧရာဝတီ၊ ယန်စီ၊ ဗော်လဂါ - ၁၉၇၂ ခုနှစ်

No comments: