Wednesday, January 28, 2009

သန်းခေါင်ကိုကျော်ဖြတ်၍ အရုဏ်ဦးဆီသို့ ...

ခင်မောင်ခန့်

ခုတလော သတင်းလောကမှာ မြန်မာနိုင်ငံ ဒီမိုကရေစီအသွင်ကူးပြောင်းရေးအတွက် အငြင်းပွားစရာ ယူဆ ချက်တရပ် ပေါ်ပေါက်ခဲ့ပါတယ်။ ၂၀၀၂ ခုနှစ် နိုဝင်ဘာလ ၂၀ ရက်နေ့မှာ လွတ်လပ်ရေးရရှိခဲ့တဲ့ Timor Lest နိုင်ငံရဲ့ သမ္မတကြီး ရာမို့စ်ဟော်တာ(Ramos Horta)က မြန်မာနိုင်ငံ ဒီမိုကရေစီဖေါ်ဆောင်ရေးနဲ့ ပတ်သက် လို့ စစ်အစိုးရအပေါ်မှာ စီးပွားရေးပိတ်ဆို့အရေးယူတဲ့ကိစ္စကို သူ့အနေနဲ့ လက်မခံနိုင်ကြောင်း၊ လက်ရှိနိုင်ငံရေး ပြဿနာတွေကို ဖြေရှင်းဖို့အတွက် ဖွဲ့စည်းအုပ်ချုပ်ရေးမှာ စစ်တပ်ကို နေရာပေးရမှာဖြစ်တဲ့အကြောင်း၊ စီးပွား ရေးဖွံ့ဖြိုးတိုးတက်လာအောင် အရင်လုပ်ပြီးမှသာ ဒီမိုကရေစီအသွင်ကူးပြောင်းရေးကို ဖော်ဆောင်နိုင်မှာဖြစ် တဲ့အကြောင်း အယူအဆတခုကို တင်ပြလာပါတယ်။ ဒီအယူဆက အသစ်မဟုတ်သော်လည်းပဲ အရှေ့တီမော သမ္မတလို နိုဘယ်လ်ဆုရခဲ့တဲ့ သူတဦးက ပြောလာတယ်ဆိုတော့ ပြန်ပြီးသုံးသပ်ကြ ဆွေးနွေးကြတာတွေကို တွေ့လာရပါတယ်။

တော်လှန်ရေးကာလ အနှစ် ၂၀ ကြာလာတာနဲ့အမျှ ပြည်သူတွေလည်း ချေကုန်လက်ပန်းကျ၊ ပြည်တွင်းက နိုင် ငံရေးအင်အားစုတွေလည်း ဖွတ်ဖွတ်ညက်ညက်ကြေအောင် ချေမှုန်းခံခဲ့ရပြီးတဲ့နောက်မှာ နာတာရှည်ရောဂါ ကြီးတစ်ခုလိုဖြစ်နေတဲ့ မြန်မာ့နိုင်ငံရေးအကျပ်အတည်းကို ကုစားဖို့ ဆေးမှီးတိုတွေကို ဟိုက၊ ဒီက ပြောလာကြ သလို ပြည်တွင်းမှာလည်း အယူအဆတွေက အမျိုးမျိုးဖြစ်နေကြပါတယ်။ ဒီထဲကမှ အရှေ့တီမောသမ္မတကြီး တင်ပြလာတဲ့ အယူအဆကို အဓိကထားပြီး ဆွေးနွေးတင်ပြလိုပါတယ်။ ဒါကလည်း သမိုင်းမှာ တချက်မှားတာ နဲ့ တသက်လုံးခံစားသွားရမယ့် အနေအထားကို ရောက်သွားမှာ စိုးရိမ်လို့ပါပဲ။

ပထမဦးစွာ အရေးကြီးတဲ့အချက်တခုကိုပြောရရင် နိုင်ငံရေးအင်အားစုများနဲ့ ပြည်သူလူထုတရပ်လုံးက တပ်မ တော်ကို ဘယ်တုန်းကမှ မပစ်ပယ်ခဲ့တဲ့ အချက်ပါပဲ။ အထူးသဖြင့် ဒေါ်အောင်ဆန်းစုကြည်ဆိုရင် တပ်မတော် အပေါ် သံယောဇဉ်လည်းရှိ လေးစားမှုလည်းရှိခဲ့တာပါ။ ဒီကနေ့ ကျွန်တော်တို့အားလုံးရဲ့ ဘုံရည်မှန်းချက်က စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးနဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းရေးသာဖြစ်ပါတယ်။ တပ်မတော်မှာ မူလက တည်းက နေရာရှိပြီးသားဖြစ်ပါတယ်၊ ပြည်သူလူထုအားလုံးရဲ့ အသက်အိုးအိမ်ကို ကာကွယ်စောင့်ရှောက်ရန် အတွက် သီးခြားဖွဲ့စည်းထားသော လက်နက်ကိုင်အဖွဲ့စည်းဖြစ်သည်ဟူသော အဓိပ္ပါယ်ဖွင့်ဆိုချက်အရ သူ့နေ ရာနဲ့သူ ဂုဏ်သိက္ခာရှိပြီးသားဖြစ်ပါတယ်။

နောက်တစ်ချက်က စီးပွားရေးဖွံ့ဖြိုးတိုးတက်အောင် အရင်လုပ်ပြီးမှသာ ဒီမိုကရေစီအသွင်ကူးပြောင်းရေးကို ဖော်ဆောင်နိုင်မှာဖြစ်တယ်ဆိုတဲ့ အယူဆဖြစ်ပါတယ်။ ၁၉၆၂ ခုနှစ်မှာ ဗိုလ်နေ၀င်းအစိုးရ တက်လာပြီး စစ်အာ ဏာရှင်စနစ်နဲ့ စိတ်ကူးယဉ်ဆိုရှယ်လစ်ဝါဒပေါင်းစပ်ပြီး ဆိုရှယ်လစ်လူ့ဘောင်သစ်ကို တည်ဆောက်ခဲ့တဲ့ အ မှားကြောင့် တိုင်းပြည်ဘာဖြစ်သွားခဲ့သလဲ။ ဘယ်လိုကသောင်းကနင်းနဲ့ ဇာတ်သိမ်းခဲ့ရသလဲ။ နောက်တခါ ၁၉၈၈ ခုနှစ်မှာ စစ်တပ်က အာဏာထပ်ဆင့်သိမ်းခဲ့ပြီး အမျိုးသားအကျိုးစီးပွားတို့ ဈေးကွက်စီးပွားရေးတို့ စတဲ့ စတဲ့ ကြွေးကြော်သံတွေနဲ့ လမ်းတွေတံတားတွေ ဆောက်ချင်သလို ဆောက်၊ မြို့သစ်တွေကို ဖြစ်သလို ကြုံသ လိုဖော်ပြီး ထင်တိုင်းကြဲခဲ့ကြတဲ့အတွက် မျက်မှောက်မှာ ပြည်သူတွေဘာဖြစ်သွားသလဲ၊ တိုင်းပြည်ရဲ့ သယံဇာ တတွေကို ထင်သလို ချရောင်းပြီး အာဏာသက်ရှည်အောင်လုပ်ခဲ့တဲ့အတွက် ဘယ်သူတွေ အကျိုးရှိခဲ့သလဲ ရှင်းနေတာပါပဲလေ။

အဲ့ဒီတော့ ဒီလိုစီမံခန့်ခွဲမှု ညံ့ဖျင်းပြီး ပြည်သူတွေရဲ့ဘ၀နဲ့ဆန္ဒကို လေးစားရကောင်းမှန်းမသိတဲ့ သူတွေရဲ့ လက်ထဲကို ကျွန်တော်တို့ရဲ့ အနာဂတ်တွေ ထိုးအပ်ရလောက်အောင် မမိုက်မဲသင့်ဘူးလို့ ထင်ပါတယ်။ စစ်အာ ဏာရှင်များဟာ အမိန့်အာဏာတွေ မကြာခဏ ထုတ်ပြန်ပြီး ပြည်သူတွေရဲ့ အခွင့်အရေးကို ကန့်သတ်ချုပ် ချယ်မှုတွေ လုပ်လေ့ရှိပေမယ့် အစိုးရကိုယ်တိုင်ကတော့ ဥပဒေကို လေးစားလိုက်နာမှုမရှိတာကို တွေ့ရပါ တယ်။ သတင်းလွတ်လပ်ခွင့်မရှိတာ၊ တရားဥပဒေစိုးမိုးမှုမရှိတာ၊ စီမံခန့်ခွဲမှုညံ့ဖျင်းတာတွေကြောင့် ဈေးကွက် စီးပွားရေးနဲ့ ခရီးသွားလာရေးလုပ်ငန်းများ အောင်မြင်မှုမရှိဘဲ နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုများက နောက်ပြန် ဆုတ်သွားခဲ့တာ ဖြစ်ပါတယ်။

စစ်အာဏာရှင်တွေဟာ ခေါင်းမာပြီး ကိုယ်ထင်ရာကိုယ် လုပ်လေ့ရှိပေမယ့် စီးပွားရေးပိတ်ဆို့တာကိုတော့ ကြောက်ပါတယ်။ စီးပွားရေးပိတ်ဆို့မှုကြောင့် နအဖနဲ့ အကျိုးတူစီးပွားဖြစ်နေတဲ့ ကုမ္မဏီတွေ အထိနာတဲ့အ တွက် စီးပွားရေးပိတ်ဆို့အရေးယူတာတွေ ရုတ်သိမ်းပေးဖို့ မကြာခဏ တောင်းဆိုတာတွေကိုကြည့်ရင် သိနိုင်ပါ တယ်။ အရှေ့တီမောနိုင်ငံ လွတ်လပ်ရေးကြိုးပမ်းမှုကာလတုန်းက အမေရိကန်အပါအ၀င် နိုင်ငံတကာကနေ အင်ဒိုနီးရှားအစိုးရကို စီးပွားရေးပိတ်ဆို့အရေးယူတာတွေ အရှိန်တိုးမြှင့်ပေးဖို့ တောင်းဆိုခဲ့တာပဲ မဟုတ်လား။

နောက်တစ်ခုက စီးပွားရေးပိတ်ဆို့မှုတွေ ရုပ်သိမ်းပေးရင် နအဖက ဘာတွေလိုက်လျောမလဲ၊ ထင်သာမြင်သာ တဲ့ နိုင်ငံရေးအရ ပြုပြင်ပြောင်းလဲမှုတွေကို လုပ်နိုင်သလားဆိုတာ ရေရေရာရာ မသိရတဲ့အတွက် စီးပွားရေး ပိတ်ဆို့မှုရှိနေတာကမှ အပြောင်းအလဲဖြစ်ဖို့အတွက် တွန်းအားကိုဖြစ်စေပါသေးတယ်။ စီးပွားရေးပိတ်ဆို့တာ ကြောင့် လူထုကို အနည်းငယ် ထိခိုက်နိုင်ပါတယ်။ သို့သော်လည်း အပြောင်းအလဲဖြစ်ဖို့အတွက်က ပိုပြီးအဓိက ဆိုတာ လူထုအနေနဲ့ သိရပါမယ်။ စီးပွားရေးသက်သက်တိုးတက်လာရုံနဲ့ ပြဿနာတွေ ပြေလည်သွားဖို့ဆိုတာ စိတ်ကူးယဉ်တာပါပဲ။ ဘ၀မှာ အခြေခံလိုအပ်ချက် ၃ ချက်ရှိပါတယ်။

၁။ ရုပ်ပိုင်းဆိုင်ရာ လိုအပ်ချက်များ
၂။ အသိပညာ အတတ်ပညာပိုင်းဆိုင်ရာ လိုအပ်ချက်များ
၃။ စိတ်ခံစားမှုပိုင်းဆိုင်ရာ လိုအပ်ချက်များ

၁။ ရုပ်ပိုင်းဆိုင်ရာလိုအပ်ချက်များကတော့ စားဝတ်နေရေးလိုအပ်ချက်များဖြစ်တဲ့ နေအိမ်၊ တိုက်တာ၊ လမ်း၊ တံတား ... စတဲ့အရာတွေ၊ စိုက်ပျိုးရေးနဲ့ စက်မှုထုတ်ကုန်တွေ၊ ယာဉ်၊ ရထား၊ လေယာဉ်ပျံ ... စတဲ့အရာတွေ၊ ဆက်သွယ်ရေးကရိယာများနဲ့ ဆေးဝါးပစ္စည်းတွေ ... စသည်တို့ဖြစ်ပါတယ်။

၂။ လူမှုအဆောက်အအုံကြီး တခုလုံးကို စံနစ်တကျ ပဲ့ကိုင်မောင်းနှင်သွားနိုင်ဖို့အတွက် အသိပညာ၊ အတတ်ပ ညာ၊ အတွေးအခေါ်ဗဟုသုတတွေ လိုအပ်ပါတယ်။ ဒီအရာတွေကို ဖြည့်ဆည်းပေးဖို့အတွက် တက္ကသိုလ်၊ ကော လိပ်များ၊ သုတေသနလုပ်ငန်းများ၊ အပြန်အလှန် အချက်အလက်များ ဖလှယ်နိုင်ရေးအတွက် သတင်း လွတ်လပ်ခွင့်နှင့် နည်းပညာများ၊ ကိုယ့်ကိုယ်ကို မြှင့်တင်နိုင်ဖို့အတွက် ရွေးချယ်စရာ အခွင့်အလမ်းများ၊ အ သက်အိုးအိမ်နဲ့ ပစ္စည်းဥစ္စာပိုင်ဆိုင်မှုတို့ကို ကာကွယ်ရေးအတွက် တရားဥပဒေစိုးမိုးရေးဆိုင်ရာ နည်းနာများနဲ့ လုံခြုံရေး အစီအမံများ ... စတဲ့အရာတွေကတော့ အသိပညာ၊ အတတ်ပညာပိုင်းဆိုင်ရာ လိုအပ်ချက်များဖြစ်ပါ တယ်။

၃။ ရုပ်ပိုင်းဆိုင်ရာများအားလုံးကို ဦးဆောင်ဦးရွက်ပြုနေတာကတော့ စိတ်ပါပဲ။ ရုပ်ဝတ္ထုပစ္စည်းတွေ ပြည့်စုံနေ ပေမယ့် စိတ်က အကျဉ်းကျနေတာ စိတ်မချမ်းမသာ ဖြစ်နေရတာတွေ၊ ရုပ်ဝထ္ထုပစ္စည်းတွေ မပြည့်စုံပေမယ့် လည်း လောကကြီးနဲ့ သဟဇာတဖြစ်နေတာတွေကိုကြည့်ရင် ဘ၀ရဲ့လိုအပ်ချက်များထဲမှာ စိတ်ပျော်ရွှင်ချမ်း မြေ့မှုကလည်း အရေးပါတဲ့ အချက်တခုဖြစ်ပါတယ်။ ဒါ့ကြောင့်လည်း နိုင်ငံတစ်ငံရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ကို တွက်ချက်သုတေသနပြုတဲ့အခါမှာ ရုပ်ပိုင်းဆိုင်ရာများအပြင် စိတ်ပျော်ရွှင်ချမ်းမြေ့မှုများကိုလည်း ထည့် သွင်းဆုံးဖြတ်ကြရပါတယ်။ လူတိုင်းလူတိုင်း တရားမျှတမှုနဲ့ မတရားမှုတွေကို ခွဲခြားသိမြင်နိုင်ဖို့၊ ဒီအရာတွေက ငါတို့ရဲ့အခွင့်အရေးတွေပါလားလို့ သိမြင်နိုင်ဖို့၊ မိမိနဲ့တကွ ရုပ်ပတ်ဝန်းကျင်တခုလုံး တိုးတက်ကြီးပွားရေးအ တွက် စနစ်တကျ ပူးပေါင်းဆောင်ရွက်တတ်ဖို့၊ အတွေ့အကြုံတွေကို လေ့လာသင်ယူတတ်တဲ့ အလေ့အထတွေ ရှိဖို့ .. စသည်အားဖြင့် စိတ်ပိုင်းဆိုင်ရာအသိပညာဖွံ့ဖြိုးတိုးတက်မှုတွေရှိမှသာ လူ့အဖွဲ့အစည်းတခုလုံး ငြိမ်းချမ်း ပျော်ရွှင်စွာဖြင့် ရေရှည်တည်တံ့နိုင်မှာဖြစ်ပါတယ်။

အားလုံးကိုခြုံပြီးကြည့်မယ်ဆိုရင် စီးပွားရေးဖွံ့ဖြိုးတိုးတက်ဖို့ဆိုတာထက် အသိပညာ အတတ်ပညာနဲ့ အတွေး အခေါ်ဗဟုသုတများကို ဖြည့်ဆည်းပေးနိုင်တဲ့ အခြေခံလိုအပ်ချက်များကို မှန်မှန်ကန်ကန် တည်ဆောက်နိုင်မှ သာ ရေရှည်တည်တံ့တဲ့ အကျိုးစီးပွားကို ရရှိနိုင်မှာဖြစ်ပါတယ်။ တိုင်းပြည်ရဲ့ ဖွံ့ဖြိုးတိုးတက်မှုဖြစ်စဉ်မှာ ပြည် သူလူထုအားလုံးပါဝင်မှုနဲ့ အခွင့်အရေး၊ ခွဲခြမ်းစိတ်ဖြာဝေဖန်သုံးသပ်တဲ့ အလေ့အကျင့်၊ လူတဦးချင်းစီရဲ့ လွတ် လပ်ခွင့်၊ အမှားအမှန်ကို ခွဲခြားစေနိုင်တဲ့ အသိအမြင်ဖွံ့ဖြိုးမှု ... အစရှိတဲ့ အခြေခံတွေကိုသာ အရင်ဆုံး တည် ဆောက်ရမှာ ဖြစ်ပါတယ်။ အဲ့ဒီလိုမဟုတ်ဘဲ စီးပွားရေးတိုးတက်ဖို့ကသာ အရေးအကြီးဆုံးဖြစ်တယ်၊ နောက်မှ ကျန်တာတွေကို တဆင့်ပြီးတဆင့် သွားမယ်ဆိုပြီး စစ်အာဏာရှင်တွေကို နေရာပေးလိုက်ရင် စီးပွားရေးအာ ဏာရှင်စနစ်ပါ ထပ်ပေါ်လာပြီး ဘယ်သောအခါမှ စစ်ကျွန်ဘ၀က လွတ်မြောက်မှာ မဟုတ်တော့ဘူးဆိုတာကို လူတိုင်းလူတိုင်း နားလည်သဘောပေါက်ဖို့ လိုပါတယ်။

မြန်မာနိုင်ငံရဲ့ ပြဿနာဟာ ခက်ခဲတယ်ဆိုတာကို နိုင်ငံတိုင်းက နားလည်ကြပါတယ်။ ပြဿနာတွေက သူတို့ ဆီိ ရိုက်ခတ်လာမှာကို ကြောက်တာရယ်၊ ဘုံအကျိုးစီးပွားချင်း မတူညီတာရယ်ကြောင့်လည်း မြန်မာ့နိုင်ငံရေးနဲ့ ပတ်သက်လာရင် လက်တွန့်နေတတ်ကြပါတယ်။ အထူးသဖြင့် ဒေသတွင်းနိုင်ငံများအကြားမှာ ညီညွတ်တဲ့ သ ဘောထားဖြစ်ပေါ်လာဖို့ဆိုတာ ဆက်ဆံရေးအကောင်းဆုံးဖြစ်နေတဲ့ ကာလတွေမှာတောင် ရဖို့ခက်ခဲပါတယ်။ ပြည်ပဖိအားတွေထဲမှာ အမေရိကန်က ဦးဆောင်ပြီးလုပ်တဲ့ စီးပွားရေးပိတ်ဆို့မှုများက စစ်အစိုးရကို အထိနာ စေခဲ့တာ အမှန်ပါပဲ။ ဒါပေမယ့် ဒေသတွင်းက နိုင်ငံတွေက ပူးပေါင်းဆောင်ရွက်မှု အားနည်းနေသမျှတော့ စစ် အစိုးရက ခေါင်းမာနေဦးမှာ ဖြစ်ပါတယ်။

သမ္မတသစ် အိုဘားမား တက်လာတာကို မြန်မာ့နိုင်ငံရေးအတိုက်အခံအင်အားစုများက အကောင်းဖက်က ရှု မြင်ကြသော်လည်း များများစားစား မျှော်လင့်လို့ မရဘူးဆိုတာကိုလည်း သိထားရပါလိမ့်မယ်။ တကယ်တော့ မြန်မာ့နိုင်ငံရေးကို မြန်မာပြည်သူလူထုကသာ ပြောင်းလဲပေးနိုင်မှာဖြစ်ပါတယ်။ ဒီလိုအခြေအနေမျိုးမှာ ပြည်ပ နိုင်ငံအသီးသီးမှာရှိကြတဲ့ တော်လှန်ရေးအင်အားစုများအနေနဲ့ ကိုယ့်အခန်း၊ ကိုယ့်အကွက်ကိုသာ အဖြစ်ရှိ အောင် စနစ်တကျ လုပ်သင့်ပါတယ်။ ဘုံရည်မှန်းချက် တူညီနေပေမယ့် လုပ်ရပ်တွေမှာ ကွဲပြားခြားနားတတ် တာမို့ ပြီးပြည့်စုံတဲ့ ညီညွတ်ရေးရဖို့ ခက်ပါတယ်။ ဝေလငါးဖမ်းတဲ့ နည်းလမ်းတွေကို ဆွေးနွေးနေတာနဲ့ပဲ ဝေ လငါးက သင်္ဘောကိုမျိုသွားတဲ့ ဥပမာလို ရန်သူက လက်ဦးသွားနိုင်ပါတယ်။

အဓိကအချက်က လက်ရှိမှာ ပြည်သူတွေက ဘာတွေလုပ်နိုင်သလဲ၊ ဘာတွေကို မလုပ်နိုင်ဘူးလဲ၊ အားနည်း ချက်၊ အားသာချက်၊ အခွင့်အလမ်းနဲ့ ခြိမ်းခြောက်မှုတွေက ဘာတွေဖြစ်မလဲ၊ တခုနဲ့တခု ဘယ်လိုချိတ်ဆက်မ လဲ၊ ပြည်တွင်းက အင်အားစုတွေကို ဘယ်လိုပံ့ပိုးမှုတွေ ပေးရမလဲ ... စတဲ့အချက်တွေပေါ်မှာ မူတည်ပြီး ရေရာ သေချာတဲ့ မူဝါဒတခုကို အမြန်ဆုံးချမှတ်ရတော့မယ့် အချိန်ဖြစ်ပါတယ်။

နိဂုံးချုပ်အနေနဲ့ ပြောလိုတာကတော့ ဘ၀ရဲ့အမောတွေ၊ မွန်းကြပ်မှုတွေ၊ သိမ်ငယ်မှုတွေနဲ့အတူ တို့ပါထိပါများ တော့ ပိုးနသန်ကောင်လေးတွေလို ခွေခေါက်နေရတဲ့ ပြည်သူတွေရဲ့ အခက်အခဲတွေကို ကျွန်တော်တို့ အသွေး ထဲအသားထဲက နားလည်ခံစားမိပါတယ်။ သို့သော်လည်း ကျွန်တော်တို့အားလုံး နားလည်ထားရမှာက အရုဏ် ဦးကိုရောက်ဖို့အတွက် သန်းခေါင်ယံကို ဖြတ်ကျော်ရမယ်ဆိုတာပါပဲ။ အခက်အခဲ အကျပ်အတည်းတွေကြားက နေ ကြံ့ကြံ့ခံထားကြပါ၊ စနစ်တကျ ပူးပေါင်းဆောင်ရွက်ကြပါ၊ အနာဂတ်ကို ကြိုတင်ပြင်ဆင်ထားကြပါ ပြတ် ပြတ်သားသား တိုက်ပွဲဝင်ကြပါလို့ တောင်းဆိုလိုက်ပါတယ်။

အားလုံးကိုလေးစားလျက် ...
ခင်မောင်ခန့်

2 comments:

Unknown said...

CHANG, CHANG, everywhere people are waiting and expecting what change will be happening next.
What will be new policy and new approach on Myanmar from new US President Barack Obama? People
also expect and wait new political party registration law from Myanmar authorities. When will it be
announced? Everybody wonder!!!! New and Change!!! Who will be main players?!!!
But many people in political circles in Yangon, Myanmar are so much being busy and working hard
behind the scene before opening the curtain for the 2010 election reality show or for some people it will
be survival show. Teaming up and ganging each other to show the muscle to the audience who will be
big guys and main players of the 2010‐election drama.
According to reliable and close sources in Yangon, U Thu Wai( former chairman of Democracy Party), U
Ye Htoon( leader of Myanmar Mingalar Foundation & son of former justice minister U Chan Htoon), and
Dr. Tu Jar( KIA leader) are working and organizing as Central Committee members of newly found party‐
United Democratic Party of Myanmar‐UDP in the country. They have hundreds of thousands of UDP
membership inside the country.
Meanwhile U Hla Myint from National Political Group in Yangon and U Nay Myo Wai from Bo Ga Lay are
also reaching agreement to work together with the UDP when the party is officially registered at the
commission in Myanmar. U Ye Htoon’s resident in Yangon is a headquarter of the UDP in Myanmar.
Who else will be main players in upcoming election in 2010? There will be other forces like Daw Sandar
Win ( daughter of Gen. Ne Win), Daw Lei Lei Thinn (Aung San Su Kyi’s sister‐in‐law), Ex‐ Military
Intelligent officials, Gang of businessman U Tay Za, Daw Cho Cho Kyaw Nyein ( daughter of late prime
minister U Kyaw Nyein) are also teaming and talking to form political parties in the country, but not
clear yet who will be with whom in final stage. Many more will come out soon.
What about NLD and 88 generation? What will they do or what are their roles in coming election? Are
they going to stand beside and just watch the game as outsiders or will they be again the main leading
player in the 2010‐election like in 90‐election? Let watch who will bring new and change for country and
who will be out of the ring in short term.
Yin Yin( Nay Pyi Taw)

ခင်မင်းဇော် said...

ကိုခင်မောင်ခန့်ရဲ့ ပို့စ်ကို အပြည့်အ၀ ထောက်ခံပါသည်။
စီးပွားရေးပိတ်ဆို့တာ တို့မမှုပါ ဆိုပြီး သီချင်းလုပ်ဆိုထားသေး။ နောက် တော့လဲ ရုပ်သိမ်းပေးဖို့ ပြောနေပြန်ရော..
စစ်အုပ်စုအကျိုးထိခိုက်လို့သာ စီးပွားရေး ပိတ်ဆို့မှုကို ရုပ်သိမ်းဖို့ သူတို့ ပြောနေတာပေါ့။