Wednesday, January 28, 2009

အသေးအဖွဲလေးပါ (ပေးစာ)

နေသွေး (နော်ဝေ)

၂၄.၁.၂၀၀၉ နေ့စွဲနဲ့ ဆလိုင်းကိုကိုဦးက “နိုင်ငံရေးကြာကူလီများ ဖေါ်ထုတ်ကြစို့” ခေါင်းစဉ်နဲ့ ဆောင်းပါးရေးပါ တယ်။ သူပြောတာက နာမည်ဝှက်နဲ့ ဘလော့ဂ်တွေ၊ ဝက်ဆိုဒ်တွေမှာ စာရေးနေတဲ့သူတွေသည် နိုင်ငံရေးကြာ ကူလီတွေ၊ လွတ်လပ်စွာရေးသားခွင့်ကို မုဒိမ်းကျင့်သူတွေ၊ ကိုယ်ခံစွမ်းအားကျသူတွေ ... စသည်ဖြင့် ရင့်ရင့် သီးသီး ရိုင်းရိုင်းပြပြ စွပ်စွဲရေးသားပါတယ်။ ဒါကို ငြိမ်းချမ်းက “ကလောင်အမည်ဝှက်တခုဖြင့် ရေးသားခြင်းနှင့် ကြာကူလီစွပ်စွဲမှု” ခေါင်းစဉ်ဖြင့် ချေပဖြေရှင်းပြသော ဆောင်းပါးတပုဒ်ကို ထပ်ရေးတာလည်း ဖတ်ရပါသည်။ နောက်တခါ ဆလိုင်းကိုကိုဦးက ငြိမ်းချမ်းကို ပုဂ္ဂိုလ်ရေးရာပါ တိုက်ခိုက်ပုတ်ခတ်ပြီး “နိုင်ငံရေးအိမ်တွင်းပုန်း ကြီး” ဆောင်းပါးကို ရေးပြန်ပါတယ်။

ဒီနေရာမှာ နာမည်ဝှက်ဖြင့် ရေးသားရခြင်းကိစ္စကို ကျွန်တော်တို့ ရိုးရှင်းစွာ နားလည်ထားတာက မည်သူမဆို မည်သည့်အခြေအနေ အချိန်အခါမျိုးမှာမဆို နာမည်ဝှက်ဖြင့် ဆောင်းပါး၊ ကဗျာ၊ ဝတ္ထုတို၊ ဝတ္ထုရှည်၊ ကာတွန်း ဆိုတာတွေကို ရေးခွင့်ရှိပါတယ်။ အများအားဖြင့်လည်း နိုင်ငံတကာမှာ နာမည်ဝှက်တွေ၊ ကလောင်နာမည်တွေ ကိုပဲ သုံးကြပါတယ်။ အမည်ရင်းကိုလည်း သုံးနိုင်ပါတယ်။ ဒါသည် စာရေးသူရဲ့ ရွေးချယ်ခွင့်ပါ။

အမည်ရင်းနဲ့ နေရပ်လိပ်စာ၊ မှတ်ပုံတင်အမှတ်ကိုပေးမှ ထည့်သွင်းဖော်ပြပေးခြင်း၊ မပေးခြင်းဆိုတာကတော့ ဘလော့ဂ်တွေ၊ ဝက်ဆိုဒ်တွေ၊ စာနယ်ဇင်းတွေရဲ့ ဆုံးဖြတ်ချက်ပါ။ အယ်ဒီတာဆိုသူများရဲ့ ဆုံးဖြတ်ချက်ပါ။ ကိုယ်ပိုင်ဘလော့ဂ်တွေ၊ ဝက်ဆိုဒ်တွေမှာ အမည်ဝှက်တွေနဲ့ သူတို့ဘာသာ ရေးသားဖော်ပြတာတွေလည်း ရှိ နိုင်ပါတယ်။ အီးမေးတွေထဲကို လိုက်ထည့်ပြီး ရေးနေတာတွေလည်း ရှိပါတယ်။ ဘာပဲဖြစ်ဖြစ် သူတို့ရေးတဲ့ စာ တွေသည် …

အမှန်တွေလား၊ အမှားတွေလား
စာဖတ်သူအတွက် အကျိုးရှိ၊ မရှိ
ပုဂ္ဂိုလ်ရေးထူထောင်မှုလား၊ ပုဂ္ဂိုလ်ရေးတိုက်ခိုက်မှုလား
စာပေယဉ်ကျေးမှု အဆင့်ရှိ၊ မရှိ ဆိုတာတွေသာ အဓိကပါ။ ဒါတွေကိုလည်း စာဖတ်ပရိသတ်က သိပါတယ်။ အမည်ရင်းသည် အဓိကမဟုတ်တဲ့ကိစ္စသည် စာပေလောကတွင် အသေးအဖွဲလေးသာ ဖြစ်ကြောင်း …။

နေသွေး (နော်ဝေ)

1 comment:

Unknown said...

CHANG, CHANG, everywhere people are waiting and expecting what change will be happening next.
What will be new policy and new approach on Myanmar from new US President Barack Obama? People
also expect and wait new political party registration law from Myanmar authorities. When will it be
announced? Everybody wonder!!!! New and Change!!! Who will be main players?!!!
But many people in political circles in Yangon, Myanmar are so much being busy and working hard
behind the scene before opening the curtain for the 2010 election reality show or for some people it will
be survival show. Teaming up and ganging each other to show the muscle to the audience who will be
big guys and main players of the 2010‐election drama.
According to reliable and close sources in Yangon, U Thu Wai( former chairman of Democracy Party), U
Ye Htoon( leader of Myanmar Mingalar Foundation & son of former justice minister U Chan Htoon), and
Dr. Tu Jar( KIA leader) are working and organizing as Central Committee members of newly found party‐
United Democratic Party of Myanmar‐UDP in the country. They have hundreds of thousands of UDP
membership inside the country.
Meanwhile U Hla Myint from National Political Group in Yangon and U Nay Myo Wai from Bo Ga Lay are
also reaching agreement to work together with the UDP when the party is officially registered at the
commission in Myanmar. U Ye Htoon’s resident in Yangon is a headquarter of the UDP in Myanmar.
Who else will be main players in upcoming election in 2010? There will be other forces like Daw Sandar
Win ( daughter of Gen. Ne Win), Daw Lei Lei Thinn (Aung San Su Kyi’s sister‐in‐law), Ex‐ Military
Intelligent officials, Gang of businessman U Tay Za, Daw Cho Cho Kyaw Nyein ( daughter of late prime
minister U Kyaw Nyein) are also teaming and talking to form political parties in the country, but not
clear yet who will be with whom in final stage. Many more will come out soon.
What about NLD and 88 generation? What will they do or what are their roles in coming election? Are
they going to stand beside and just watch the game as outsiders or will they be again the main leading
player in the 2010‐election like in 90‐election? Let watch who will bring new and change for country and
who will be out of the ring in short term.
Yin Yin( Nay Pyi Taw)