- မြန်မာနိုင်ငံအပေါ် စီးပွားရေးပိတ်ဆို့မှု လူငယ်တွေရဲ့အမြင် (တိုက်ရိုက်လေလှိုင်း အစီအစဉ်) click
- ပထမဆုံး ဗီယက်နာမ်နွယ် အမေရိကန်လွှတ်တော်အမတ် အရွေးချယ်ခံရ click
- နေတိုးစစ်ထရပ်ကားများကို ပါကစ္စတန်စစ်သွေးကြွများ တိုက်ခိုက်ဖျက်ဆီး click
- နိုင်ငံရေးအကျဉ်းသားတွေရဲ့ ရှေ့နေသုံးဦး တရားခွင်က မောင်းထုတ်ခံရ click
- ရွှေဝါရောင်တော်လှန်ရေးအတွင်း ဗကသပြန်လည်ဖွဲ့စည်းရေးအဖွဲ့ဝင် မဟန်နီဦးကို လားရှိုးထောင်ပို့ click
- စပါးဈေးကြောင့် လယ်စရိတ်မကျေတဲ့အတွက် ပဲခူးအနောက်ပိုင်းက လယ်သမားတွေ အခက်အခဲဖြစ် click
- သာစည်က လောင်းကစားဝိုင်း ဆက်လက်သောင်းကျန်းဆဲ click
- ထိုင်း-မြန်မာနယ်စပ် မဲဆောက်ဘက်မှာလည်း စက်ရုံတွေပိတ်လို့ မြန်မာအလုပ်သမားတွေ အလုပ်ပြုတ် click
- ခရစ်ယာန်ဘာသာရေးအဖွဲ့တွေရဲ့ နာဂစ်မုန်တိုင်း ကယ်ဆယ်ရေးလုပ်ငန်းတွေရဲ့ အခြေအနေ click
- အမေရိကန်နိုင်ငံရဲ့ စီးပွားရေးကျဆင်းမှုနဲ့ မြန်မာနိုင်ငံဆက်နွယ်မှု click
- ၁၉၇၄ ခုနှစ်က ဦးသန့်အရေးအခင်းအကြောင်း click
- ထိုင်းစစ်တပ်ရဲ့ လူထုဘက်က ရပ်တည်မှု အရေးပါပုံ ဆွေးနွေးချက် (တနင်္ဂနွေ ဆွေးနွေးပွဲ) click
- လူသားတွေရဲ့ အသက်ကယ်ဖို့ နိုင်ငံတကာက စွက်ဖက်သင့်လား click
- ပီပီပီတဖြစ်လဲ ဖုရားထိုင်း ပါတီခေါင်းဆောင်သစ်ခန့် click
- အိန္ဒိယက ပါကစ္စတန်ကို တိုက်ခိုက်မယ့်အလားအလာ click
- သာယာဝတီဆေးရုံ၌ ဆေးဝါး ကျပ်သိန်းတထောင်ဖိုး ပျောက်ဆုံး click
- စစ်တပ်ပိုင် သံမဏိစက်ရုံအတွက် အဓမ္မသိမ်းသည့်မြေ ဧကတထောင်ကျော်ပြီ click
- လောင်စာဆီဈေးကျသော်လည်း ကုန်ဈေးနှုန်းမကျ click
- ကိုပြုံးချိုအပါအ၀င် နိုင်ငံရေးအကျဉ်းသား ၆ ဦး ကော့သောင်းထောင်ရောက် click
- စစ်အစိုးရကို စိတ်ပျက်၍ မြန်မာပြည်ကိုမသွားဟု ကုလအကြီးအကဲပြော click
- မြန်မာနယ်စပ်တလျှောက် တရုတ်ဘက်က ခြံစည်းရိုးခတ် click
- ဒေါ်အောင်ဆန်းစုကြည်ကို ထပ်မံတွေ့ဆုံခွင့်ပေးရန် ရှေ့နေက ထပ်မံတောင်းဆို click
- ဦးဝင်းတင် ဆေးကုမှုခံယူနေရ click
- အမျိုးသားချင်းပြန်လည်သင့်မြတ်လိုပါက ဖွဲ့စည်းပုံကို ပြင်ဆင်ရန်လိုအပ် click
- သီးလေးသီးအဖွဲ့ အမေရိကားကို ရောက်ပြီ click
- အမေရိကားကို ရောက်ရှိနေတဲ့ သီးလေးသီးဆေးရောင်စုံအငြိမ့်အဖွဲ့ click
- မျှော်စင်ကျွန်းဖျော်ဖြေပွဲအကြောင်း ပြန်ပြောင်းပြောကြားခြင်း (ဂေါ်ဇီလာနဲ့ စကားလက်ဆုံ) click
- သံဃာ့အဖွဲ့အစည်းနဲ့ ဆောင်ရွက်မှုများ (၂) click
- ဆရာဇော်ဂျီ၏ ကဗျာ ၂ ပုဒ် (ဆောင်းပါး) click
- မိတ်ဆွေများထံ ပေးအပ်လိုက်သောအရာ (အတွေးအမြင်) click
- လက်ရေတပြင်တည်း (အသံလွှင့်ဆောင်းပါး) click
- အရှေ့ယွန်းက နေ၀န်းရှိရာ (၀တ္ထုတို) click
- အမှတ်တရ မိုင်ယာမီ (၁) (ခရီးသွားဆောင်းပါး) click
- AFF Cup: Singapore Dump Out Myanmar And Reach Last Four click
- A fine win spoilt click
- S'pore beats Myanmar 3-1 click
Monday, December 8, 2008
မြန်မာ့ရေးရာ သတင်းပဒေသာ (၇-၁၂-၀၈)
Subscribe to:
Post Comments (Atom)
2 comments:
ဒီရက်ပိုင်းထဲမှာ ကိုကိုဦးတို့ကိုမောင်ဘုန်းတို့
ကိုရွှေထီးတို့ရဲ့ ပွင့်လင်းတဲ့ ဒီမိုကရေစီရဲ့အရသာ ဆိုတဲ့ အိတ်ဖွင့်ပေးစာတွေ အင်တာနက်မှာ တွေ့ရတာ အားတက်မိတယ်ဗျာ။ ဒါမှ ဒီမိုကရေစီရဲ့အနှစ်သာရလို့လည်း ထင်မိတယ်။ အခု ငြိမ်းချမ်းဆိုသူ နောက်တစ်ယောက်က အန်စီယူဘီ အထွေထွေအတွင်းရေးမူး ကျောက်ပွဲစားမောင်မောင်ကို ပွင့်ပွင့်လင်းလင်း ဝေဖန်ထားတာတွေ့ရလို့ ပိုပြီးတော့တောင်အားတက်မိပြန်တယ်။ သူပြောသလိုပဲ အန်စီယူဘီမှာ အတွင်းရေးမူး တင်စရာ လူမရှိတော့ဘူးလားဆိုတာမေးစရာမေးခွန်းပါပဲ။ အန်စီယူဘီဆိုတာ လွတ်မြောက်နယ်မြေမှာဖြစ်စေ၊ မြန်မာပြည်ဒီမိုကရေစီအရေးလူပ်ရှားမူမှာဖြစ်စေ အင်မတန်အရေးပါတဲ့ အဖွဲ့အစည်းမဟုတ်လား။ အန်ဒီအက်ဖ်၊ ဒီအေဘီ၊ အန်ပီယူ၊ အန်အယ်ဒီအယ်အေ စတဲ့အဖွဲ့လေးခုနဲ့ ပေါင်းစပ်ထားထာကိုး။ ကျောက်ပွဲစားမောင်မောင်ကိုကြိုက်လို့မဲပေးကြတာလား၊ ဒါမှမဟုတ် ထိုင်းနိုင်ငံရေးလောကမှာ ထိုင်းနိုင်ငံရေးသမလားတွေ လုပ်နေကျအတိုင်း မောင်မောင်က မဲတွေကို ငွေနဲ့ဝယ်ယူလိုက်တာလားဆိုတဲ့ မေးခွန်းကို မဖြစ်မနေမေးရတော့မယ်ဖြစ်လာတယ်။ ဘာဖြစ်လို့လဲဆိုတော့ အန်စီယူဘီလို အကြီးကျယ်ဆုံးတပ်ပေါင်းစုကြီးကမှ အလုပ်မဖြစ်ဘူးဆိုရင် တော်လှန်ရေးလည်း လုပ်မနေနဲ့တော့ဗျို့။ အခုဆိုရင်မောင်မောင်က အန်စီယူဘီအထွေထွေအတွင်းရေးမူးနေရာကို ဒုတိယအကြိမ်မြောက် အရွေးခံထားရတာဖြစ်နေတယ်။ ဒီအတိုင်းဆိုရင် နောက်ထပ်ပြီးတော့လည်း အရွေးချယ်ခံနေရဦးမဲ့ပုံစံပါပဲ။
ဒီနေရာမှာ မောင်မောင် ခေါ်ပြည်သစ်ညွန်ဝေဆိုတာဘယ်သူလဲ ဆိုတာပြောဖို့လိုအပ်လာတယ်။ သူ့အဖေက အန်အယ်ဒီ ဗဟိုအလုပ်အမူဆောင် ဦးညွန့်ဝေဖြစ်ပါတယ်။ မောင်မောင်ငွေရှာတဲ့အခါ သူများတွေထက်ပိုအောင်မြင်တဲ့အချက်ကလည်း သူ့အဖေနာမည်ကြောင့်အများကြီးပါတယ်။ ဒါပေမဲ့ ခက်တာက မောင်မောင်ဟာ ရဲဘော်ငြိမ်းချမ်းပြောသလိုပဲ ရှာထားတဲ့ငွေတွေကို ထိရောက်တဲ့တော်လှန်ရေးလုပ်ငန်းတွေမမှာမသုံးပဲ သူနေရာရဖို့နဲ့ သူ့ကိုထောက်ခံသူတွေများလာအောင် လုပ်တဲ့နေရာတွေမှာပဲ အထူးသဖြင့်သုံးစွဲခဲ့တာတွေ့ရတယ်။ ၂၀၀၀ ခုနှစ်နောက်ပိုင်း ကေအန်ယူကလည်း ဘဏာရေးယိမ်းယိုင်လာတယ်။ အဲဒီအခါမှာ အကွက်သမားမောင်မောင်က ကေအန်ယူခေါင်းဆောင်တွေ ရုံးတွေမှာ ကွန်ပြူတာအသစ်တွေဝယ်ပြီးသွားပို့ခဲ့တယ်။ ကေအန်ယူခေါင်းဆောင်တွေ နေထိုင်မကောင်းလို့ ဆေးရုံတက်စရိတ်ပေးခဲ့တာလည်းမောင်မောင်ပဲ။ အဲဒီလိုနဲ့ ငွေကြေးအရ ရုန်းမထွက်နိုင်အောင် မောင်မောင်က ဂုတ်ခွစီးထားလိုက်တယ်။
အန်ပီယူကိုကြည့်မယ်ဆိုရင်လည်း လက်ရှိဒုဥက္ကဌ၊ အတွင်းရေးမူးတွေဟာ မောင်မောင့်လက်ခုပ်ထဲကရေ။ အန်ပီယူအတွင်းရေးမူး လွှတ်တော်ကိုယ်စားလှယ် သိန်းဦးဟာ ကိုယ်ကျင့်စာရိတ္တကောင်းသူမဟုတ်ဘူး။ မယားကြီးနဲ့ သားသမီးတွေကို သြစတေးလျှမှာ ပို့ထားပြီး၊ သူက မဲဆောက်မှာ ဌေးဌေးဆိုတဲ့ မိန်းမနဲ့ ရူပ်နေသူ။ နိုဖိုးဒုက္ခသည်စခမ်းမှာ နေဖူးသူတိုင်း ဦးသိန်းဦး ဒေါ်ဌေးဌေးတို့အလှူဆိုတာကို သိကြတယ်။ သူတရားမ၀င်ယူထားတဲ့ အဲဒီဌေးဌေးဆိုတာ တစ်ချိန်က ဘန်ကောက်ပြည့်တန်ဆာရုံတစ်ခုမှာ ပြည့်တန်ဆာလုပ်ဖူးတယ်။ ဘန်ကောက်မှာတွေ့ခဲ့ကြတာ။ ဖာဘ၀ကနေ သိန်းဦးက ကယ်တင်လိုက်တာ။ ဌေးဌေးက မြ၀တီမြို့သူ၊ အရင်ယောင်္ကျားဘယ်နှစ်ယောက်ရှိလည်းတော့မသိဘူး၊ ခလေးတွေရှိတယ်။ ဌေးဌေးက မြ၀တီ မြို့နယ်ရဲစခမ်းမူးနဲ့ လည်း တိတ်တိတ်ပုန်းရနေတယ်လို့သတင်းထွက်တယ်။ ပြီးတော့ မဲဆောက်မြို့က နိုင်ငံရေးအခမ်းအနားတွေမှာ ဓါတ်ပုံတွေရိုက်ယူပြီး ဟိုဖက်ကို ပို့နေတယ်ဆိုတာလည်း သတင်းကြီးသူဖြစ်တယ်။ ဖာသည်မကို တော်ကောက်ပြီး အမြောင်မယားထား ထားတဲ့ သိန်းဦးဟာ မယားငယ်နဲ့ သုံးဖြုံးဖို့ ငွေလိုတယ်။ မောင်မောင်ကငွေထုတ်ပေးတယ်။ ဒီနည်းနဲ့ မဲဆောက်ကတခြားအမတ်မင်း တွေလည်း မောင်မောင်လက်အောက်ရောက်တယ်။ ဇာတ်လမ်းက ရှင်းပါတယ်။ ငွေလိုသူနဲ့ ငွေပေးသူ။ ဂျာမဏီက အန်စီယူဘီကိုယ်စားလှယ်ဆိုသူ နွယ်အောင်နဲ့ ဂျပန်က အန်စီယူဘီကိုယ်စားလှယ် မင်းညိုတို့ဟာလည်း မယားတရူးတွေပဲ။ ထိုင်းရောက်ရင် ဖာတန်းစုံအောင်ရောက်သူတွေ။ ပြီးခဲ့တဲ့သက်တမ်းမှာ အမ်ပီယူ ဥက္ကဌလုပ်သွားတဲ့ အမတ်ပီတာလင်းပင်ဆိုရင်လည်း မဲဆောက်ဖာတန်းက သူ့မြေးလောက်ပဲရှိသေးတဲ့ ဗမာဖာသည်မလေးတစ်ယောက်ကို ယူထားပြန်တယ်ဗျာ။ ကောင်းကြသေးရဲ့လား အရပ်ကတို့ရေလို့ပဲပြောချင်တော့တယ်။ မဲဆောက်မှာ သူတို့အတွဲလက်ချင်းချိတ်ပြီး လမ်းသလားနေတာကို မမြင်ချင်အဆုံးပဲဗျာ။ ယိုသူမရှက်မြင်းသူရှက်ဆိုတာ ဒါမျိုးနေမှာ။
အန်စီယူဘီရဲ့ နောက်ဒေါက်တိုင်တစ်ခုဖြစ်တဲ့ အန်အယ်ဒီအယ်အေကိုကြည့်မယ်ဆိုရင်လည်း မောင်မောင့်လက်ခုပ်ထဲရောက်နေတယ်ဆိုတာ တွေ့ရတယ်။ မြင့်သိန်း၊ ညိုအုန်းမြင့်ဆိုသူတွေဟာ မောင်မောင့် သားတပည့်တွေပေါ့။ သူတို့ဟာလည်း သိန်းဦးလိုပဲ၊ မိန်းမမြင် မရဘူးဆိုတဲ့ အထဲက။ ညိုအုန်းမြင့်မှာ တရားဝင်ယူထားပြီးဖြစ်တဲ့ မယားတင် လေးယောက်လောက်ရှိနေပြီဆိုတယ်။ ဒါတင်မကဘူး ချင်းမိုင်း ဘန်ကောက် ဖာတန်းတွေ၊ ရေချိုးခန်းတွေ အနှံ့ကျင်လည်နေသူဖြစ်တယ်။ မြင့်သိန်းအကြောင်းကတော့ နယ်စပ်အဖွဲ့အစည်းတွေမှာ လုပ်ဖူးသူအများစုသိပြီးသားဖြစ်မယ်ထင်တယ်။ ဟိုတစ်လောက အန်အယ်ဒီအယ်အေက တွဲဖက်အတွင်းရေးမူးနှစ်ယောက်မယားလုတဲ့ ကိစ္စက မဲဆောက်နိုင်ငံရေးသမားတွေကြားမှာ ရေပန်းစားခဲ့တယ်။ မိန်းမအဲသလောက်ရှားသလား၊ မိန်းမတစ်ယောက်အတွက်တောင် စိတ်မချရတာ၊ အရေးကြီးတဲ့ နိုင်ငံရေး ကိစ္စတွေမှာ ဘယ်လိုစိတ်ချလို့ရမှာလဲ။ ဒီကောင်တွေအားလုံးငွေလိုနေကြတယ်။ ငွေလိုတော့ မောင်မောင့်လက်အောက်ရောက်ရတာ မဆန်းတော့ဘူးပေါ့။ ပြောလိုက်ဦးမယ် အဲဒီမိန်းမနာမည်က အီနန်းတဲ့။ တစ်ခါမှတော့မတွေ့ဖူးပါဘူး။ သူလည်းနာမည်ကြီးဆိုပဲ။ ယောင်္ကျားတွေနဲ့ရူပ်တဲ့နေရာမှာပြောတာ။ သူက မြန်မာနိုင်ငံအမျိုးသမီးများအဖွဲ့ချုပ်မှာလည်း ခေါင်းဆောင်တဲ့။ ကောင်းကြရော။
နောက်သတင်းတစ်ခုကြားသေးတယ်။ နေတင်မြင့်ဆိုတဲ့ကောင်လည်း အန်အယ်ဒီအယ်အေက ကောင်မလေးတစ်ယောက်ကို ဗိုက်ကြီးနဲ့ ထားခဲ့တယ်ဆိုတဲ့ သတင်းပဲ။ မဲဆောက်မှာတော့ အဲဒီသတင်းလည်း ခေတ်စားခဲ့သေးတယ်ဗျ။ လိင်အရူပ်တော်ပုံဇာတ်လမ်းကြီးပါပဲ။
နောက်ဒေါက်တိုင်တစ်ခုဖြစ်တဲ့ ဒီအေဘီ ကိစ္စ။ ဒီအေဘီမှာပါတဲ့ အဖွဲ့အတော်များများက အဖွဲ့သေးလေးတွေ။ ဘယ်ကမှ ငွေမရတဲ့ အဖွဲ့တွေ။ သူတို့တွေ ရပ်တည်ရတာ သနားစရာကောင်းပါတယ်။ အဲဒီအဖွဲ့တွေကို မောင်မောင်က ဆွဲစားထားတယ်။ ရှင်းပါတယ်။ ငွေပေးမယ်။ မဲပြန်ပေး။ ဒါပဲပေါ့။ ဆိုတော့ကာ ဒါပါပဲဗျာ။ ဘာမှထပ်မပြောလိုတော့ပါဘူး။
အထက်ကဆွေးနွေးချက်တွေဟာ ဘာကြောင့် ကျောက်ပွဲစားလူလိန်မောင်မောင် အန်စီယူဘီရဲ့ အထွေထွေအတွင်းရေးမူးဖြစ်နေရတာလဲဆိုတာကို တစိတ်တပိုင်းရှင်းလင်းတင်ပြခြင်းပဲဖြစ်ပါတယ်။ မောင်မောင့်လက်ထက်မှာ အန်စီယူဘီ ဘာလဲ ဘယ်လဲလို့ပြောရမလိုပဲ။ ဖက်ဒရယ်ကွန်စတီကျူးရှင်းဆိုတာလေးတစ်ခုပဲ အဖတ်တင်တယ်။ ကျန်တာဘာမှ အလုပ်မဖြစ်ခဲ့ပါ။ ဆိုတော့ကာ ဒီလိုကောင်တွေနဲ့ဆိုတော့ မိုးကြီးချုပ်ခဲ့ပြီ။ မောင်မောင်လည်း ငွေတွေနဲ့ ထင်တိုင်းကြဲနေဆဲ... ငွေမရတဲ့ အဖွဲ့အစည်းတွေကတော့ ငတ်ကြပေါ့ဗျာ။ အန်စီယူဘီမှ အလုပ်မဖြစ်ရင်တော့ တော်လှန်ရေးလည်း လုပ်မနေကြနဲ့တော့။ ကျနော်တို့ရူံးပြီလို့သာ အမှန်အတိုင်း ၀န်ခံဖို့ပဲရှိတော့တယ်။
အစစ်အမှန်တော်လှန်ရေးလုပ်သူများကို အလေးပြုလျှက်
ဒီမိုကရေစီစစ်ကိုမြင်လိုသူ
I got the following mail from forwarded message.
Post a Comment