Sunday, October 19, 2008

မြန်မာ့ရေးရာ သတင်းပဒေသာ (၁၈-၁၀-၀၈)

ရန်ကုန်မြို့ ဘောလုံးကွင်းတခုအနီးတွင် အသေးစား ဗုံးတလုံး ပေါက်ကွဲ
သတင်း - အေအက်ဖ်ပီ (၁၉-၁၀-၂၀၀၈)

ရန်ကုန် အရှေ့မြောက်ပိုင်း ဘောလုံးကွင်းတခုအနီးတွင် (၁၈-၁၀-၂၀၀၈) စနေနေ့က အသေးစား ဗုံးတလုံး ပေါက်ကွဲခဲ့သည့်အတွက် အနည်းငယ် ပျက်စီးမှုရှိခဲ့သော်လည်း ထိခိုက်ဒဏ်ရာရမှုမရှိကြောင်း မြန်မာရဲအရာရှိ တဦးက ပြောကြားသည်။

“ဗုံးပေါက်ကွဲမှုမှာ သေဆုံးသူ ဒါမှမဟုတ် ထိခိုက်ဒဏ်ရာရသူ တယောက်မှ မရှိပါဘူး” ဟု အမည်မဖော်လိုသူ ရဲအရာရှိတဦးက ပြောဆိုသည်။ ည ၈နာရီအချိန်ခန့်တွင် ပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး အခင်းဖြစ်ပွားသည့်နေရာကို ရဲ က လုံခြုံရေးတင်းကျပ်ကာ ချက်ချင်းပိတ်ပစ်ခဲ့သည်။ ပြီးခဲ့သည့်လတွင် လေးကြိမ်ပေါက်ကွဲပြီးနောက် စနေနေ့ က ပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ရန်ကုန်မြို့ အရှေ့မြောက်ပိုင်းတွင်ပင် ဖြစ်ပွားခဲ့သည့် ဗွီဒီယိုကဖေးတခု ၌ ပေါက်ကွဲမှုတွင်လည်း နှစ်ဦးသေဆုံးပြီး (၁၀)ဦး ဒဏ်ရာရရှိခဲ့သည်။

မြန်မာစစ်အစိုးရသည် အလားတူ ဗုံးပေါက်ကွဲမှုများနှင့် ပတ်သက်၍ စစ်အစိုးရအာဏာပိုင်များကို ဆယ်စုနှစ် များစွာ တိုက်ပွဲဝင်နေသည့် ပြည်ပလက်နက်ကိုင်အင်အားစုများ၊ တိုင်းရင်သားသူပုန်များ၏ လက်ချက်ဟု ယ ခင်က စွပ်စွဲခဲ့သည်။ ဇူလိုင်လက လှိုင်သာယာ ကြံ့ခိုင်ဖွံ့ဖြိုးရေးအသင်းရုံးတွင် ဖြစ်ပွားခဲ့သည့် ပေါက်ကွဲမှုတွင် လည်း အထိန်းသိမ်းခံ ဒေါ်အောင်ဆန်းစုကြည်၏ အဲန်အယ်လ်ဒီပါတီမှ အဖွဲ့ဝင်နှစ်ဦး၏ လက်ချက်ဟု စွပ်စွဲပြီး ဒီမိုကရေစီးရေး တက်ကြွလှုပ်ရှားသူများအပေါ် အစိုးရပိုင် မီဒီယာက အပြစ်ဖို့ခဲ့သည်။

- ကိုမင်းကိုနိုင်ရဲ့ ၄၆ နှစ်ပြည့်မွေးနေ့ပွဲ ပြည်တွင်းပြည်ပမှာ ကျင်းပ click
- ကရင်အမျိုးသားအစည်းအရုံး ဗဟိုအလုပ်အမှုဆောင်ကော်မီတီကို ပြန်လည်ပြင်ဆင်ဖွဲ့စည်း click
- ကေအန်ယူကွန်ဂရက်မှ အလုပ်အမှုဆောင် ၁၁ ဦး ရွေးချယ် click
- လုံခြုံရေးကောင်စီတွင် နိုင်ငံတကာနှင့် မြန်မာ့အရေးကို ဂျပန် ချဉ်းကပ်မည် click
- ကုလသမဂ္ဂနဲ့ မြန်မာနိုင်ငံ ကြက်ငှက်တုပ်ကွေးရောဂါ ကာကွယ်ရေး အစီအစဉ် click
- မြန်မာစစ်တပ်အတွင်း ကလေးစစ်သားတွေ ရှိနေဆဲ click
- ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမျိုးရန်နောင်သိမ်း ထမ်းစင်နဲ့တင်ပြီး ထောင်ဝင်စာ ထုတ်လာခဲ့ရ click
- မြန်မာနိုင်ငံတဝန်းမှာ ငတ်မွတ်မှု ပြဿနာနဲ့ ရင်ဆိုင်နေရ click
- နိုင်ငံတကာ လူ့အခွင့်အရေးဆုပေးရန် ရှေ့နေဦးအေးမြင့်အား လူကိုယ်တိုင် လာရောက်တွေ့ဆုံ click
- ရုပ်သေးသဘင်နှင့် ရွှေပြည်ကြီးသီချင်း (ဘီဘီစီ အသံလွှင့်ဆောင်းပါး) click
- ပဉ္စမမြန်မာနိုင်ငံတော် တည်ထောင်ခန်း(၁၂) (အောင်ဝေး)click
- တောင်ပြို နယ်စပ်ကုန်စည်ဒိုင်မှ အရောင်းဆိုင်ခန်းတခုကို ကျပ်ငွေ ၁၇၅ သိန်းဖြင့် အစိုးရမှ ကမ်းလှမ်း click
- Brazilian AME to play two cyclone fund-raising soccer matches in Myanmar click
- Pirated DVDs seized at Burma Bazaar click
- GMS countries to develop regional tourism click
- Small bomb explodes near football field in Yangon click
- Bomb blast in Burma causes minor damage click

No comments: