ကောင်းညို
“တိုက်ပွဲတွေက သူရဲကောင်းကို မွေးဖွားပေးတယ်။
သူရဲကောင်းဆိုတာ သမိုင်းခေတ်တွေရဲ့ မှတ်ကျောက်၊
ရွှေအစစ်ဆိုတာ ငရဲမီးကို မကြောက်ဘူး။”
သူရဲကောင်းဆိုတာ သမိုင်းခေတ်တွေရဲ့ မှတ်ကျောက်၊
ရွှေအစစ်ဆိုတာ ငရဲမီးကို မကြောက်ဘူး။”
စစ်အာဏာရှင်စနစ်နဲ့ ကျောင်းသားဆိုတာ သမိုင်းစဉ်တလျှောက်မှာ တိုက်ပွဲတွေနဲ့သာ အစီအရီ ပြည့်လျှမ်းနေခဲ့တယ်။ ကျောင်းသားစိတ် ဓာတ်၊ ကျောင်းသားသမိုင်းဆိုတာ မြန်မာပြည်ရဲ့ မတရားမှု ဆန့်ကျင် တော်လှန်မှုလမ်းကြောင်းမှာ ထင်ရှားခဲ့တယ်။ ကျနော်တို့လက်ထဲက တိုက်ပွဲဝင်ခွပ်ဒေါင်းအလံက အစဉ်အလာအရ လက်ဆင့်ကမ်း သယ် လာခဲ့တဲ့အလံ ဖြစ်ပါတယ်။
စစ်အာဏာရှင်စနစ်နဲ့ ကျောင်းသားတို့ရဲ့ တိုက်ပွဲစဉ်တွေထဲက ၁၉၇၄ မှာ ဖြစ်ပွားခဲ့တဲ့ ဦးသန့်အရေးအခင်းဟာ ကမ္ဘာ့အလယ်မှာ မြန်မာပြည် မျက်နှာမငယ်ရေးအတွက် ဆင်နွှဲခဲ့တဲ့ကျောင်းသားတိုက်ပွဲပါ။ ဦးသန့် ဆိုတာက ကျနော်တို့ မြန်မာအယူအဆအရ ပြောရရင် စင်္ကြာဝတေး မင်းပေါ့။ ခေတ်ပေါ်နိုင်ငံရေး အသုံးအနှုန်းအရပြောရင် ကုလသမဂ္ဂ အ ထွေထွေအတွင်းရေးမှူးချုပ် ဖြစ်တယ်။ ဦးသန့်ဟာ တစ်ကမ္ဘာလုံးက လေးစားရတဲ့ ကမ္ဘာ့ခေါင်းဆောင်ကြီးလည်း ဖြစ်တယ်။ ဖြစ်ပွားလုဆဲဆဲ ကမ္ဘာစစ်ပွဲကြီးကို ဖယ်ရှားနိုင်ခဲ့တဲ့ ငြိမ်းချမ်းရေးသမားကြီးလည်းဖြစ်တယ်။ ဦးသန့်ကွယ်လွန်တော့ သူရဲ့ရုပ်ကလာပ်ကို မြန်မာပြည်မှာ မြှုပ်နှံ ပေးဖို့ ဆန္ဒရှိခဲ့တယ်။ သူ့ရဲ့ ရုပ်ကလာပ်ကို လေယာဉ်နဲ့ အမိနိုင်ငံဆီ သယ်လာတဲ့အချိန်မှာ ဒီဈာပနလေ ယာဉ်ဖြတ်သန်းရာ လမ်းတလျှောက် နိုင်ငံတွေက အမြောက်ပစ်ဖောက် ဂုဏ်ပြုကြရတယ်။
ဒါပေမယ့် ဦးသန့်ရဲ့ရုပ်ကလာပ် မြန်မာပြည်ကိုရောက်လာတော့ မဆလအစိုးရက ဒီလိုတကမ္ဘာလုံးက လေးစား ရတဲ့ တန်းဖိုးထားတဲ့ ခေါင်းဆောင်ကြီးကို သာမာန် သူလိုငါလိုလူတွေလို သဘောထားပြီး အကြံပက်စက်စွာ ကြံတောသင်္ချိုင်းမှာ မြှုပ်နှံဖို့ စီစဉ်ခဲ့တယ်။ ဒါဟာ မဆလအစိုးရရဲ့ ခေါင်းဆောင်ကြီး ဦးနေ၀င်းရဲ့ သဘောထား သေးသိမ်မှုဖြစ်တယ်။ ဒါဟာ မြန်မာပြည် လူထုတရပ်လုံးကို စော်ကားရာလည်း ရောက်ခဲ့တဲ့အတွက် အစဉ်အ လာအရ မတရားမှုကို ခေါင်းငုံ့မခံတတ်တဲ့ ရိုးသားပြီးတက်ကြွတဲ့ ကျောင်းသားတွေက ဆန့်ကျင်ကန့်ကွက်ခဲ့ ကြတယ်။ ဦးသန့်ရဲ့ ရုပ်ကလာပ်ကို ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူး ရာထူးနဲ့ ထိုက်တန်စွာ မြှုပ်နှံ သင်္ဂြုံဟ်ဖို့ ကျောင်းသားတွေက ကြိုးစားကြတယ်။ ဒီမှာတင် အစိုးရနဲ့ ကျောင်းသားတွေဟာ ထိပ်တိုက်တွေ့ခဲ့ ကြတယ်။ အစိုးရက လက်နက်မဲ့ကျောင်းသားတွေကို လူမဆန်စွာ ရက်ရက်စက်စက် သတ်ဖြတ်ခဲ့ကြတယ်။
ဒီလို အကြမ်းဖက် သတ်ဖြတ်မှုကို တဖက်သတ်ခံခဲ့ရတဲ့ ကျောင်းသားတွေဟာ လက်နက်ကိုင် တော်လှန်ရေး လမ်းကြောင်းကို ရောက်ခဲ့ကြတာဟာ အင်မတန်မှ သဘာဝကျတဲ့ ဖြစ်စဉ်တစ်ခုပါပဲ။
အခုဆိုရင် (၂၆) နှစ်ရှိခဲ့ပါပြီ။ ကျနော်တို့ ကျောင်းသားတွေရဲ့ ရင်ထဲမှာတော့ မနေ့တစ်နေ့ကလိုပဲ ခံစားနေရဆဲ ပါပဲ။ ဦးသန့်အရေး တော်ပုံကနေပြီး ထွက်ပေါ်လာခဲ့တဲ့ သူရဲကောင်းတစ်ဦးးကိုလည်း အမှတ်တရ ရှိနေဆဲပါပဲ။ ဒီသူရဲကောင်းကတော့ ကိုတင်မောင်ဦး ဖြစ်ပါတယ်။ ဒါပေမယ့် သူနဲ့ပတ်သက်တဲ့ အချက်အလက်တွေဟာ ရှား ပါးခဲ့ပါတယ်။ ကျနော်က ကျောင်းသားစိတ်ကို ကိုင်စွဲပြီး စစ်အာဏာရှင်စနစ်ကို တိုက်ပွဲဝင်နေတဲ့ ကျောင်းသား တပ်မတော်ဝင် တစ်ယောက်အနေနဲ့ ဦးတင်မောင်ဦးအကြောင်းကို ပီပီပြင်ပြင် သိချင်နေခဲ့တာ ကြာပါပြီ။ ဒါပေ မယ့် အခြေအနေက မပေးဘူး ကျနော်ကလည်း သမိုင်းသုတေသီ တစ်ယောက် မဟုတ်တော့ စနစ်တကျ သု တေသန မလုပ်နိုင်ဘူး။ ကျနော်က ကျောင်းသားတပ်မတော်က ရွက်ကြမ်းရေကြို ရဲဘော်တစ်ယောက်မျှသာ။
တစ်ခါတစ်ရံမှာ အမှတ်မထင် အဖြစ်အပျက်တွေဟာ အမှတ်ထင်ထင် အကြောင်းအရာတွေကို ထုဆစ်တတ် တယ်။ အကြောင်းအရာ ခိုင်ခိုင်မာမာ သိပ်မရှိလှဘဲ ကျနော်ဟာ ပါလီမံဒီမိုအရေစီရဲ့ အတွင်းရေးမှူးဖြစ်သူ ဦး ချစ်ဆွေနဲ့ သိကျွမ်းခဲ့ရတယ်။ သူက ကျနော်တို့ တစ်စုံတစ်ခုခေါင်းစဉ် သက်မှတ်မှုမရှိဘဲ အကြောင်းအရာပေါင်း များစွာ ပြောပြတယ်။ ဒီလိုပြောကြ ဆိုကြရင်း ကိုတင်မောင်ဦးအကြောင်းကို ရောက်သွားကြပါတယ်။
ကိုတင်မောင်ဦးရဲ့ ရုပ်ပုံလွှာကို အန်ကယ် ဦးချစ်ဆွေက သူမှတ်မိသလောက် ရေးချယ်ပြတာက …
ကိုတင်မောင်ဦးက အရပ်အမောင်းကောင်းပြီး လူချောတစ်ယောက် ဖြစ်တယ်။ သပ်သပ်ရပ်ရပ် နေတတ်ပြီး အ မြဲတမ်း ဆံပင်တိုတိုပဲ ထားတတ်တယ်။ စကားနည်းတယ်။ ပြောရင်လည်း တန်ဖိုးရှိတဲ့ စကားကိုသာ ပြောလေ့ ရှိတယ်။ တစ်ခုခုကို လုပ်ရင် စိုက်လိုက်မတ်တတ် လုပ်လေ့ရှိတယ်။ အားသွန်ခွန်စိုက်လုပ်တတ်တယ်။ အမြဲ တမ်း လန်းဆန်းတက်ကြွနေတတ်ပြီး ယုံကြည်ချက်ပြင်းထန်တယ်။
ကိုတင်မောင်ဦး၊ ရစ်ချတ် တင်မောင်ဦး၊ ကိုမြင့်ရွှေဆိုပြီး အမည်သုံးမျိုးရှိတယ်လို့ ဦးချစ်ဆွေက ပြောပြပါတယ်။ ကိုတင်မောင်ဦးနဲ့ စတင်သိကြွမ်းရပုံကို သိရပါစေဆိုတော့ အန်ကယ်ဦးချစ်ဆွေက …
ခင်ဗျားတို့လည်း သိတဲ့အတိုင်း (၁၉၇၄)မှာ ဦးသန့်ဈာပနာနဲ့ ပတ်သက်ပြီး အစိုးရက ကျောင်းသားတွေကို ရက် ရက်စက်စက် ဖြိုခွင်းနှိမ်နှင်းတယ်။ အဲဒီအချိန်မှာ ကျနော်တို့က တောထဲရောက်နေတာ ၄-၅ နှစ်လောက်ရှိပြီ။ မြို့ပြတိုက်ပွဲအကြောင်းတော့ ကျနော် မသိတာများတယ်။ အဲဒီမှာ ကျောင်းသားတွေက တောခိုလာကြတယ်။ တောခိုတယ်ဆိုတော့လည်း ဒီကျောင်းသားတွေဟာ သန်ရာသန်ရာ လက်ဝဲ လက်ယာ တော်လှန်ရေးအဖွဲ့အ စည်းတွေဆီကို သွားကြတယ်။ ဘယ်သူဘယ်သူတွေ ဆိုတာကိုတော့ အဲဒီအချိန်က ကျွန်တော်လည်း မသိ ဘူး။
ကျောင်းသားခေါင်းဆောင်တွေဖြစ်တဲ့ ကိုတင်မောင်ဦးက ပြည်ပြေးတွေနဲ့ပေါင်းသွားပြီး ကိုမြင့်စိုးကတော့ ဗက ပတွေဆီ ရောက်သွားပြီလို့ ကြေညာကြတာတွေကိုတော့ ကြားနေရတယ်။ အဲဒီလိုကျောင်းသားတွေ တဖွဲဖွဲ ရောက်လာနေတဲ့ အချိန်မှာ ကျနော်က နောက်တန်းရုံးမှာ တပ်နားပြီး ရုံးလုပ်ငန်းတွေကို ကူညီနေတဲ့အချိန်၊ အဲ ဒီမှာ ကျနော်တို့ဆီက ဒုဗိုလ်မှူးကြီးက အရင်က တပ်မတော်ရဲ့ ဗြိတိသျှသံချပ်ကာ ယန္တာရားတပ်မှာ တပ်ကြပ် ကြီး၊ သူက ကျနော့်ကို ခေါ်တယ် စာတစ်စောင်ပေးတယ်။ (PDP) စာက ကျနော်တို့ရဲ့ အတွင်းရေးမှူးချုပ်ပါ။ (လပတ) စစ်ဦးစီးချုပ်လည်းဖြစ်တဲ့ ဗိုလ်ချုပ်သွင်ရဲ့ စာ၊ စာထဲမှာ ရေးထားတာက အခုလွှတ်လိုက်တဲ့သူကို မေးမြန်းစုံစမ်းခြင်းမလုပ်ပါနဲ့ သူအကြောင်း သိစရာမလိုဘူး။ သူကို အခြေခံစစ်ပညာ၊ စစ်ကွပ်ကဲမှုပညာနဲ့ လက်နက်ကျွမ်းကျင်မှုတွေကို သင်ကြားပေးလိုက်ပါဆိုပြီးပါတယ်။ သင်တန်းဆရာတွေအဖြစ်နဲ့ ကျနော်ရယ်၊ ဆရာပေါကြွယ်၊ ဆရာဝင်းကြည်ရယ်ကို တာဝန်ပေးတယ်။ ဖောက်ခွဲရေးသင်တန်းကိုတော့ အဲဒီအချိန်က (PDP) ရဲ့ ဖောက်ခွဲရေးတာဝန်ခံဖြစ်တဲ့ ဒု-ဗိုလ်မှူးကြီးတင်ထွန်းက သင်တန်းပေးတယ်လို့ သိရတယ်။ အဲဒီလူက ခင်ဗျားမေးတဲ့ ကိုတင်မောင်ဦးပါပဲ။
သင်တန်းက ( One Man Army) ဖြစ်ပေမယ့် တပ်ဖွဲ့ကြီးတစ်ဖွဲ့ကို သင်တန်းပေးသလိုမျိုး အတော်ပြင်းပြင်း ထန်ထန်ပေးတာ ဒီလိုပြင်းထန်ပင်ပန်းတဲ့ သင်တန်းကို ကိုတင်မောင်ဦင်္းဟာ မငြီးမငြူဘဲ ကြိုးစားခဲ့တယ်။ ဒီ (One Man Army) သင်တန်းဟာ (၁၅)ရက်လောက်ပဲကြာခဲ့ တယ်။ ( One Man Army) သင်တန်းတွေပြီးလို့ ကျောင်းသားခေါင်းဆောင်တွေဟာ သူတို့ချင်းဆုံတဲ့အခါ လွတ်လပ်တဲ့ ကျောင်းသားအဖွဲ့အစည်းတစ်ခု ထူ ထောင်ကြဖို့ ဆွေးနွေးကြတယ်။ စစ်အာဏာရှင်ဆန့်ကျင်ရေး လက်နက်ကိုင်ကျောင်းသားသမဂ္ဂဆိုပြီး ဖွဲ့စည်း ကြတယ်။ ဒီစစ်အာဏာရှင်ဆန့်ကျင်ရေး လက်နက်ကိုင်ကျောင်းသားသမဂ္ဂကို ကျနော်တို့ရဲ့ (PDP) ပါတီက ထောက်ပံ့တယ်။ အကြံပေးတယ် ကူညီတယ် လွတ်လပ်တဲ့ အဖွဲ့အစည်းတစ်ခုအနေနဲ့ အသိအမှတ်ပြုခဲ့တယ်။
ကျနော်တို့ပါတီလိုပဲ (KNU) ကလည်း အသိအမှတ်ပြုခဲ့တယ်။ (PDP) နဲ့ (KNU) ဆွေးနွေးတိုင်ပင်ပြီး တပ်မ ဟာ (၆) နယ်မြေထဲမှာရှိတဲ့ ဖလူးဧရိယာထဲမှာ တစ်နေရာ၊ အဲဒီဖလူး တစ်ဘက်ကမ်းမှာ တစ်နေရာ အဲဒီ (၂) နေရာမှာ ဒီလက်နက်ကိုင်ကျောင်းသားသမဂ္ဂရဲ့ ရုံးတွေ ဖွင့်ခွင့်ပေးခဲ့တယ်။ ဒါတင် မဟုတ်သေးဘူး ရန်ပုံငွေရရှိ ရေးအတွက် ဖလူးဈေးတန်းမှာ ဆိုင်တစ်ဆိုင် တည်ပေးတယ်။ မတည်ငွေအဖြစ် (PDP) က ငွေသုံးသောင်း ထုတ်ပေးခဲ့တယ်။ အဲဒီဆိုင်ကို ကျောင်းသားခေါင်းဆောင်တစ်ယောက်ဖြစ်တဲ့ ကိုမောင်ဆန်းက တာဝန်ခံအ ဖြစ် တာဝန်ယူရတယ်။
ဒီစစ်အာဏာရှင်ဆန့်ကျင်ရေး လက်နက်ကိုင်ကျောင်းသားသမဂ္ဂကိုဖွဲ့တော့ ကျနော်တို့ပါတီမှာ အရင်ရှိနေကြ တဲ့ အစဉ်အလာ ကျောင်းသားတွေကလည်း ဒီသမဂ္ဂထဲကို ကူးပြောင်းသွားကြတယ်။ ဒါကို ပါတီကလည်း ခွင့် ပြုတယ်။ သမဂ္ဂဖွဲ့စည်းကြတော့ ဥက္ကဌက အာဇာနည်သူရဲကောင်းကြီးဖြစ်တဲ့ ကိုတင်မောင်ဦးပါပဲ။ ဒု-ဥက္ကဌက မုဒုံကျောင်းသားခေါင်းဆောင်ဖြစ်တဲ့ ကိုသန့်ဇင် အတွင်းရေးမှူးက ကိုရဲမြင့်စိုး၊ ဒီကိုရဲမြင့်စိုးဆိုတာက ဗကပ တွေနဲ့ ပူးပေါင်းသွားတယ်လို့ အစိုးရက ကြေညာထားတဲ့ ကိုရဲမြင့်စိုးပါပဲ။ အမှန်က ကိုမြင့်စိုးဟာ ဗကပတွေနဲ့ ပူးပေါင်းသွားတာမဟုတ်ပါဘူး၊ ကျနော်တို့ (PDP) ကို ရောက်လာတာပါ။ ယခုထက်တိုင် သက်ရှိထင်ရှားရှိနေ ပြီး တော်လှန်ရေးတာဝန်တွေကို သူ့နည်းသူ့ဟန်နဲ့ ဆက်လက်ထမ်းဆောင်နေဆဲပါ၊ တွဲဘက်အတွင်းရေးမှူးအ ဖြစ်နဲ့ ကိုစိန်မြင့်၊ သူကတော့ (၁၉၇၀) တက္ကသိုလ်ရွှေရတုအထိမ်းအမှတ် ဆန္ဒပြပွဲမှာ မော်လမြိုင်တက္ကသိုလ်က နေ ရာသက်ပန် ကျောင်းထုတ်ခံထားရတဲ့သူ ဖြစ်တယ်။
ဒီလိုသမဂ္ဂဖွဲ့ပြီးတော့ အပိုင်း (၂) ပိုင်း ခွဲလိုက်တယ်။ ကိုတင်မောင်ဦးနဲ့ တချို့ခေါင်းဆောင်တွေက မြို့ပြလုပ် ငန်းတွေကို လုပ်ကြတယ်။ ကျန်တဲ့ခေါင်းဆောင်တွေက တောတွင်းလက်နက်ကိုင်တော်လှန်ရေးကို လုပ်ကြ တယ်။
မြို့ပြလုပ်ငန်းတွေအဖြစ်နဲ့ ကိုတင်မောင်ဦး အပါအ၀င် ကျနော်တို့ပါတီက ( One Man Army) သင်တန်းပေး ထားတဲ့ ကျောင်းသားတွေဟာ မြို့ပြက ကျောင်းသားတွေနဲ့ သူတို့ကို ထောက်ခံသူတွေနဲ့ ဆက်သွယ်ပြီး မြို့ပြ တိုက်ပွဲတွေ ဆင်နွှဲကြိုးစားကြတယ်။ အစိုးရရဲ့ အချက်အချာကျတဲ့ နေရာတွေကို မိုင်းခွဲဖျက်စီးဖို့ လုပ်ဆောင် ကြရတယ်။
ဒီမြို့ပြလုပ်ငန်းတွေလုပ်ကိုင်ကြတဲ့ အုပ်စုထဲမှာ ကျနော်အနေနဲ့ မှတ်မှတ်ရရရှိနေတဲ့ ကျောင်းသားနှစ်ယောက် ရှိတယ်၊ တစ်ယောက်ကတော့ မဆလအစိုးရက ကြိုးမိန့်ပေးကွပ်မျက်တာခံခဲ့ရတဲ့ ကျနော်ကိုယ်တိုင် သင်တန်း ပေးလိုက်ရတဲ့ ကိုတင်မောင်ဦး၊ နောက်တစ်ယောက်ကတော့ အင်း … နှစ်တွေကြာတော့ နာမည်တွေ မေ့ကုန် ပြီ ဆရာတပ်မတော် မင်းရဲထွန်းရဲ့သားလို့ ပြောတယ်။ သူကတော့ မြို့ပြလုပ်ငန်းတွေလုပ်ရင်းနဲ့ ကျုံဒိုးချောင်း မှာ ရေနစ်တယ်။ ရေနစ်တော့ အစိုးရစစ်တပ်က လူအုပ်နဲ့ ကယ်ဖို့ ကြိုးစားတယ်။ တော်လှန်ရေးသမားမှန်း သိဟန် မတူပါဘူး။
ဒါပေမယ့် ဒီကျောင်းသားက မင်းတို့ရဲ့ သွေးပေနေတဲ့ လက်ကို ငါမကိုင်ဘူးလို့ပြောပြီး အသေခံတယ်လို့ ကျ နော်တို့ရဲ့ (PDP) လျှို့ဝှက်ရဲဘော်တွေနဲ့ ကုန်သည်တွေက ပြန်ပြောကြတယ်။ အင်မတန် လေးစားစရာကောင်း တဲ့ ကျောင်းသားတွေပါ။
ဒီလိုပဲ တောတွင်းလက်နက်ကိုင် တော်လှန်ရေးတိုက်ပွဲတွေမှာလည်း ကျဆုံးခဲ့ရတဲ့ ကျောင်းသားတွေရှိခဲ့တယ်။ ဒီစစ်အာဏာရှင်ဆန့်ကျင်ရေး လက်နက်ကိုင်ကျောင်းသားသမဂ္ဂက ကျနော်တို့ ပါတီရဲ့ အကောင်းဆုံး ကွန်မန် ဒိုတပ်ဖြစ်တဲ့ ပေါက်ကြိုင်းတပ်ဖွဲ့နဲ့တွဲပြီး လှုပ်ရှားတယ်။ ဒီပေါက်ကြိုင်းကွန်မန်ဒိုတပ်ဖွဲ့ရဲ့ တပ်မှူးက စစ်အာ ဏာရှင်ဆန့်ကျင်ရေး လက်နက်ကိုင်ကျောင်းသားသမဂ္ဂဖွဲ့တော့ ကျနော်တို့ ပါတီကနေ ကူးပြောင်းသွားပြီး ဒီသ မဂ္ဂရဲ့ တွဲဘက်အတွင်းရေးမှူး တာဝန်ကိုယူနေတဲ့ ကိုစိန်မြင့်ပါပဲ။
တောတွင်းတိုက်ပွဲတွေမှာလည်း ကျောင်းသားတွေဟာ ရွပ်ရွပ်ချွံချွံတိုက်ပွဲ ၀င်ခဲ့ကြပါတယ်။ ယာယီမြို့သိမ်း တိုက်ပွဲတွေ ဖေါ်နိုင်ခဲ့တယ်။ ဒီတိုက်ပွဲတွေထဲမှာ ကျောင်းသားခေါင်းဆောင်တစ်ယောက်ဖြစ်တဲ့ ကိုအောင်နိုင် (၀န်ကြီး ဦးကျော်ငြိမ်းရဲ့တူ) ဟာ ကျဆုံးခဲ့ရတယ်။ ကိုအောင်နိုင်ဆိုတာ မြို့ပြလုပ်ငန်းတွေလုပ်ရင်း ကိုတင် မောင်ဦးကို မဆလက ဖမ်းမိသွားတဲ့အချိန်မှာ ဒီလက်နက်ကိုင်ကျောင်းသားသမဂ္ဂရဲ့ ဥက္ကဌတာဝန်ကို ဆက် လက်ယူခဲ့တဲ့သူ ဖြစ်တယ်။ ကိုအောင်နိုင်ကျဆုံးတော့ သမဂ္ဂရဲ့ ဥက္ကဌတာဝန်ကို ကိုရဲမြင့်စိုးက ဆက်လက်တာ ၀န်ယူရတယ်။ ကိုရဲမြင့်စိုးကတော့ ယခုတိုင် အသက်ရှင်လျက်ရှိနေပါတယ်။
ဒါတွေက ကိုတင်မောင်ဦး အကြောင်းပြောရင်း ဆက်စပ်လာတဲ့ ကိစ္စတွေ ဒီမှာပြောဖို့ရှိတာက အခုကျနော်တို့ ပြောနေတဲ့ ကိုတင်မောင်ဦးဆိုတာကို ကျနော်သူ့ကို သင်တန်းပေးတဲ့ ကာလမှာရော သင်တန်းပြီးသွားတဲ့ ကာ လတစ်ခုအထိ ကိုတင်မောင်ဦးမှန်းမသိခဲ့ဘူး။ ကျွန်တော်ရဲ့ အားသစ်စာစောင်က သူရဲကောင်းပွဲတွေကို သ တင်းထုတ်ပြန်တော့မှ သိရတာ။ သတင်းထုတ်ပြန်တဲ့အချိန်မှာ သူဟာ မြန်မာပြည်တွင်းလုပ်ငန်းတွေကို မလုပ် ဖို့ (PDP)ရဲ့ လူကြီးတွေက ဆွေးနွေးတယ်။ နောက်ထပ်မသွားနိုင်အောင် သတင်းထုတ်ပြန်ချက်တွေ လုပ်လိုက် တဲ့သဘောလည်း ပါမယ်ထင်ပါတယ်။
ဒါပေမယ့် သူတို့က အရမ်း စိတ်အားထက်သန်နေတယ်။ မြို့ပြလုပ်ငန်းတွေကို ကိုယ်တိုင်ကိုယ်ကျ လုံးဝလုပ်လို့ မရတော့မှ တောတွင်းတိုက်ပွဲတွေ ၀င်ချင်တဲ့ ဆန္ဒရှိတယ်။ နောက်တစ်ခေါက်ထပ် သွားမယ်ဆိုပြီး ထွက်သွား တယ်၊ ဘာမှတော့ မဖြစ်သေးဘူး၊ ဒီမှာအတင့်ရဲပြီး လေးကြိမ်မြောက်ဖြစ်တဲ့ (၁၉၇၆) မှိုင်းရာပြည့်မှာ မဆလ အစိုးရက သူကိုဖမ်းသွားခဲ့တယ်။ ကိုတင်မောင်ဦးနဲ့ ပတ်သက်ပြီး မှတ်မှတ်ရရဖြစ်စေတဲ့ ဖြစ်ရပ်ရှိသလား ဆို ရင်တော့ အထက်မှာ ကျွန်တော်ပြောခဲ့သလို အားသစ်စာစောင်က သူရဲ့ (၂) ကြိမ်မြောက် လုပ်ငန်းအောင်မြင် တော့ သတင်းထုတ်ပြန်မှုတွေလုပ်တယ်။ နောက်ပြီး ကျွန်တော်တို့ပါတီနဲ့ သူတို့သမဂ္ဂပေါင်းပြီး ရဲသီဟစခန်းမှာ ကိုတင်မောင်ဦးကို ဂုဏ်ပြုပွဲတစ်ခုလုပ်ပေးတယ်။ ဒီတော့မှ ကျနော်တို့ဟာ ပြန်တွေ့ရတာ၊ ဒီဂုဏ်ပြုပွဲမှာ ကျ နော်တို့က သူရဲ့လှုပ်ရှားမှု အတွေ့အကြုံတွေနဲ့ သူရဲ့တော်လှန်ရေးအပေါ် သဘောထားကို မေးမြန်းကြတယ်။
ဒီပွဲမှာ ကိုတင်မောင်ဦး ပြောသွားတာကို မှတ်မိသလောက်ပြောရရင် အဓိကအချက်ကတော့ (၃)ချက်ပဲဗျ။ ဘာလဲဆိုတော့ တော်လှန်ရေးဆိုတာ ဆင်းရဲပင်ပန်းမယ်၊ တော်လှန်ရေးသမားကတော့ ဒီဆင်းရဲပင်ပန်းမှုဒဏ် ကို ခံနိုင်ရည်ရှိရမယ်ဆိုတာရယ်၊ လူတစ်ရာလောက်ပဲ ရှိနေပါစေ၊ ဒါမှမဟုတ် ဒီထက် နည်းချင်နည်းပါစေ တော်လှန်ရေးအဖွဲ့အစည်းဆိုတာ မတရားမှုတွေ ရှိနေသမျှကတော့ ရှိနေမှာပဲ။ ဘယ်တော့မှ ပျက်စီးသွားမှာ မဟုတ်ဘူး။ အချိန်အခါအရ တိမ်မြုပ်ကောင်း တိမ်မြုပ်နိုင်တယ်။
ဒါပေမယ့် ရှိနေမှာပဲ၊ ပြန်ပေါ်လာရမှာပဲဆိုတဲ့ သဘောရယ်၊ နောက်ဆုံးအချက်အနေနဲ့ ကျောင်းသားတွေ လက် နက်ကိုင်တယ် အကြမ်းဖက်ကြတယ်ဆိုတာလည်း သွေးကြွနေကြလို့ မဟုတ်ဘူး၊ စစ်အာဏာရှင်တွေက ကျောင်းသားအပါအ၀င် လက်နက်မဲ့ လူထုကို ရက်စက်စွာ ဓားမိုးအုပ်ချုပ်နေတယ်၊ ကျနော်တို့ဟာ အဆင့်တစ် ခုမှာ မြို့ပြတိုက်ပွဲတွေအဖြစ်နဲ့ သပိတ်တိုက်ပွဲတွေကို ဆင်နွှဲခဲ့ကြပြီး လက်ရှိအနေအထားမှာ ကျောင်းသားတွေ ရဲ့ နိုင်ငံရေးလှုပ်ရှားမှုကို အဆင့်တစ်ခုဆီကို မြှင့်တင်ဖို့ လိုလာတယ်။ ဒါကြောင့် လက်နက်ကိုင်ရတာဖြစ်တယ်။ မြို့ပြလုပ်ငန်းတွေကို ထိထိရောက်ရောက် ဦးဆောင်လှုပ်ရှားမယ်။ ပီပြင်တဲ့ ကျောင်းသားတပ်မတော်တရပ် ပေါ်လာအောင်ကြိုးစားမယ်။ (PDP) ကလည်း ၀ိုင်းဝန်းကူညီကြဖို့ဆိုပြီး ပြောသွားတယ်။
ဒါပေမယ့် ကျောင်းသားတပ်မတော်ကို သူဖွဲ့စည်းခွင့် မသာခဲ့ဘူး။ သူကိုယ်တိုင် ဦးဆောင်တည်ထောင်ထားတဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး လက်နက်ကိုင်ကျောင်းသားသမဂ္ဂဟာလည်း (၁၉၇၈) ခုနှစ်မှာ ကျနော်တို့ (PDP) နဲ့အတူ အားနည်း ပျက်ပြယ်သွားခဲ့ရတယ်။ သူကိုယ်တိုင်ကတော့ မဆလရဲ့ ကြိုးစင်မှာ သူရဲကောင်းပီသစွာ တိုင်းပြည်နဲ့လူမျိုးအတွက် အသက်စွန့်သွားခဲ့တယ်။
မှတ်မှတ်ရရပေါ့ဗျာ၊ ကျနော်တို့ပါတီရယ် (KNU) ရယ် သူတို့သမဂ္ဂရယ်ပေါင်းပြီး ဖလူးတို့ ၀မ်းခါတို့မှာ 7th July အခမ်းအနားတွေ ကျင်းပခဲ့ကြတယ်။ သူတို့သမဂ္ဂကပဲ ဦးဆောင်ပြီး ကျင်းပခဲ့ကြတာပါ။ အခါအားလျော် စွာ ပြုလုပ်တတ်တဲ့ ကျနော်တို့ပါတီရဲ့ နိုင်ငံရေး အခမ်းအနားတွေကိုလည်း သူတို့သမဂ္ဂက သီးခြားလွတ်လပ်တဲ့ အဖွဲ့အစည်းတစ်ရပ်အနေနဲ့ သ၀ဏ်လွှာပို့တာတို့ ဘာတို့ လုပ်ကြပါတယ်။ တစ်ကြိမ်မှာ … အင်း … အားသစ်စာ စောင် (၆) နှစ်ပြည့် အခမ်းအနားမှာ သူတို့သမဂ္ဂကပေးပို့တဲ့ သ၀ဏ်လွှာကို အခမ်းအနားမှူးလုပ်တဲ့ ဗိုလ်အောင် မျိုးက ဖတ်ခိုင်းလို့ ကျွန်တော်ကိုယ်တိုင် ဖတ်ပေးခဲ့ရဘူးပါတယ်။
အင်း … သူတို့သမဂ္ဂရဲ့ အလံက အခု ခင်ဗျားတို့ရဲ့ အလံလိုပဲဗျ၊ မှတ်မိသလောက် ဒီသမဂ္ဂမှာ ဦးဆောင်ပါဝင် ကြတဲ့ ကျောင်းသားတွေက ကိုတင်မောင်ဦး၊ ကိုစိန်မြင့်၊ ကိုအောင်နိုင်၊ ကိုရဲမြင့်စိုး၊ ကိုမောင်ဆန်း၊ ကိုအောင် မြင့်၊ ဒေါက်ကလပ်ခေါ် ကိုသိမ်ဦး နောက် ခင်ဗျားတို့ (ABSDF) ရဲ့ ဥက္ကဌဟောင်းဖြစ်တဲ့ ထွန်းအောင်ကျော် လည်း ဒီသမဂ္ဂအဖွဲ့ဝင်ဟောင်း ဖြစ်ခဲ့တယ်။
ကျနော်တို့ (PDP) က ထုတ်ဝေတဲ့ အားသစ်စာစောင်မှာ သူတို့နဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေ ရှိ တယ်။ တချို့ လူတွေဆီမှာတော့ ကျန်နိုင်ပါသေးတယ်။
ဒါတွေကတော့ ပါလီမန်ဒီမိုကရေစီပါတီရဲ့ အတွင်းရေးမှူးဖြစ်သူ ဦးချစ်ဆွေပြောပြတဲ့ ကိုတင်မောင်ဦးနဲ့ သူရဲ့ ပတ်ဝန်းကျင် အနေအထားတွေပါပဲ၊ ဒီရုပ်ပုံလွှာကားချပ်ထဲက ထွက်ပေါ်လာတဲ့ အတွေးအတွေ့ကတော့ (၁၉၇၄) ဦးသန့်အရေးတော်ပုံက မွေးဖွားပေးလိုက်တဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး လက်နက်ကိုင်ကျောင်း သားသမဂ္ဂရဲ့ ဥက္ကဌတွေဟာ လက်နက်ကိုင်တိုက်ပွဲပဲဖြစ်ဖြစ် မြို့ပြတိုက်ပွဲတွေကိုပဲဖြစ်ဖြစ် ထိထိရောက်ရောက် နဲ့ အသက်ပေး တိုက်ပွဲဝင်ခဲ့တယ်ဆိုတာကို သိခဲ့ရတယ်။ ကိုတင်မောင်ဦးဟာ ကျနော်ရဲ့ ထာဝရခေါင်းဆောင် ဖြစ်နေမယ့်သူပါပဲ။ မည်သို့ပင်ဖြစ်စေ အောင်ပွဲသည် တိုက်ရဲသူတို့၏ လက်ထဲတွင် ရှိသည်ဟု နားလည်ရတော့ မှာပါပဲ။ ။
ကောင်းညို
(ဤမှတ်တမ်းအတွက် ပါလီမန်ဒီမိုကရေစီပါတီ၏ အတွင်းရေးမှူးဖြစ်သူ ဗိုလ်ချုပ်ချစ်ဆွေအား ကျေးဇူးအထူးတင်ရှိပါသည်။ )
No comments:
Post a Comment