Monday, September 15, 2008

ဘလော့ ကောင်းလား ဆိုးလား

စင်ကာပူရောက် မြန်မာကျောင်းသားတစ်ဦး
(ရေးသူ၏ အာဘော်သာ ဖြစ်ပါသည်)

ဘလော့နှင့် ပတ်သက်သော ဆရာမောင်စူးစမ်း၏ ဆောင်းပါးကိုဖတ်ပြီး ကျွန်တော်လို သာမာန်လူငယ်တစ် ယောက် နောက်ဆုံးအနှစ်ချုပ် နားလည်လိုက်နိုင်သည်မှာ ဘလော့တို့သည် အဆိုးဘက်သို့သာ ဦးတည်နေ သည်ဟူ၍ ဖြစ်ပါသည်။ အကယ်၍ ကျွန်တော်သည် ဘလော့တို့ကို ပုံမှန်မဖတ်ရှု၊ ဘလော့အကြောင်း မသိသူ သာဖြစ်လျှင် ထိုကဲ့သို့သာ စွဲမှတ်ယူသွားမည် ဖြစ်ပါသည်။ သို့သော် ထိုသို့မဖြစ်ဘဲ ဆရာမောင်စူးစမ်း၏ ဆောင်းပါးကိုဖတ်ပြီး ကျွန်တော့်စိတ်ထဲ မတင်မကျဖြစ် ကျန်ရစ်ခဲ့သည်ကို တင်ပြလိုပါသည်။ ကျွန်တော်သည် ဘလော့များကို ပုံမှန်ဖတ်ရှုသူတစ်ဦး ဖြစ်သည့်အတွက် အကယ်၍ ဆရာမောင်စူးစမ်း ရေးသည့်အတိုင်း ဘ လော့တို့သာ အဆိုးဘက်သို့ ဦးတည်နေသည်ဆိုလျှင် ကျွန်တော်သည် လမ်းမှားရောက်နေသူတစ်ဦး ဖြစ်နေ မည်မဟုတ်ပါလား။

ကျွန်တော်ကဲ့သို့ ပြည်ပတွင်ရောက်နေသော မြန်မာလူငယ်အများစုသည် မြန်မာစာပေ ငတ်မွတ်နေရာ online media ကိုသာ အားထားနေရပါသည်။ မြန်မာစာအုပ်၊ မဂ္ဂဇင်း၊ ဂျာနယ် စသည်တို့မှာ ရံဖန်ရံခါ ရနိုင်သော် လည်း ရရှိရန် ခက်ခဲ၍တကြောင်း၊ ဈေးနှုန်းကြောင့်သော်လည်းကောင်း ပုံမှန်ဖတ်ရှုရန် မဖြစ်နိုင်ပါ။ ထိုကြောင့် အင်တာနက်သတင်းဌာန၊ အင်တာနက်မဂ္ဂဇင်း၊ ဘလော့ စသည်တို့ကိုသာ ဖတ်ရှုနေရပါသည်။ မြန်မာနိုင်ငံနှင့် ပတ်သက်သော အကြောင်းအရာတစ်ခုကိုသိလိုလျှင် မြန်မာအင်တာနက် စာမျက်နှာတွင်သာ ရှာဖွေဖတ်ရှုရ ပါသည်။

ဘလော့ရေးသူ အမျိုးမျိုးအစားစား ရှိသည်မှာ မှန်ပါသည်။ ကောင်းသည့် ဘလော့၊ မကောင်းသည့် ဘလော့၊ သတင်းမှားရေးသည့် ဘလော့၊ ဖွသည့် ဘလော့၊ ရသစာပေသာရေးသည့် ဘလော့၊ ကဗျာရေးသည့် ဘလော့ အမျိုးမျိုးရှိပါသည်။ ထိုသို့ဘလော့အမျိုးအစား များပြားသလို ကျွန်တော်တို့တွင်လည်း မည်သည့်ဘလော့က ကောင်းသည် ဖတ်သင့်သည်၊ မည်သည့်ဘလော့က မကောင်း စသည်ဖြင့် ဆုံးဖြတ်ရွေးချယ် ဖတ်ရှုနိုင်သော အရည်အချင်း ရှိသည်ဟု ထင်ပါသည်။

ထို့အပြင် ပေါက်ကရလေးဆယ် ရေးသားထားသော ဘလော့များသည် အင်တာနက်စာမျက်နှာတွင် မည်သူမျှ ၀င်ရောက်ဖတ်ရှုခြင်းမရှိဘဲ မှေးမှိန်ပျောက်ကွယ်သွားသည်ကို စစ်တမ်းကောက်စရာ မလိုအောင်ပင် အလွယ် တကူ မှန်းဆ၍ ရနိုင်ပါသည်။ အွန်လိုင်းတွင် မြန်မာစာပေ အသုံးပြုမှု ကျယ်ကျယ်ပြန့်ပြန့် ပေါ်ထွန်းလာခြင်းကို မြန်မာတစ်ယောက်အနေဖြင့် ဂုဏ်ယူမိပါသည်။ ထို့ကြောင့် အဆိုးဘက်ကိုသာ ရေးသားသည့် ဘလော့တွေ ရှိလျှင်လည်း ဘလော့အသိုင်းဝိုင်း တစ်ခုလုံး မကောင်းခြင်းမဟုတ်ဟု ယူဆပါသည်။

ဘလော့တို့၏ မကောင်းသည့် အချက်များကို ဆရာမောင်စူးစမ်းက အကိုးအကားဖြင့် ဖော်ပြဆွေးနွေးသွား သလို နယ်ခြားမဲ့ဘလော့ဂါများမှလည်း ဘလော့တို့၏ ကောင်းသည့်အချက်များကို အကိုးအကားဖြင့် ဖော်ပြ သွားပါသည်။ ကျွန်တော်တို့ ဆိုလိုချင်သည်မှာ မည်သည့်အရာမှ ရာနှုန်းပြည့်ကောင်းသည် ဆိုးသည်ဟု ဖော် ပြရန်ခဲယဉ်းသည့်အလျောက် အကိုးအကားရှာဖွေရာတွင် မိမိတင်ပြလိုသည့် အကြောင်းအရာနှင့် တိုက်ဆိုင် သော အကိုးအကား ကွက်ကွက်ကလေးကိုသာ ရှာဖွေဖော်ပြလျှင်လည်း ရနိုင်သည်သာ ဖြစ်ပါသည်။ ထိုသို့ဆို လျှင် မိမိတင်ပြလိုသော အကြောင်းအရာသည် ဘက်လိုက်နေမည်ဟု ယူဆပါသည်။ ဥပမာအားဖြင့်ဆိုသော် ကိုလိုနီစနစ်ကို မကောင်းဟု တစ်စုံတစ်ယောက်က အကိုးအကားဖြင့် ဖော်ပြလျှင် ကောင်းသည်ဟုဆိုသော အကိုးအကားများလည်း ကျွန်တော်ရှာဖွေ၍ ပြနိုင်ပါသည်။ တကယ်ကောင်း မကောင်းမှာ အားလုံးကို ခြုံ ကြည့်နိုင်မှ သိနိုင်မည် ဖြစ်ပါသည်။ အကိုးအကား၊ ဥပမာတစ်ခုသည် အကြောင်းအရာတစ်ခု၏ ကောင်းသည် ဆိုးသည်ကို ဆုံးဖြတ်ပေးနိုင်ဖို့ ခဲယဉ်းပါလိမ့်မည်။

ကျွန်တော်မြင်မိသော ဘလော့တို့၏ အားသာချက်များမှာ လူငယ်များ၏ စာဖတ်စာရေး ၀ါသနာဗီဇကို ဘ လော့များတွင် အလွယ်တကူ စမ်းသပ်ခွင့်၊ ဖတ်သူ၏ ဝေဖန်အကြံပေးမှုကို ရရှိနိုင်ခြင်း (မတော်လျှင် အဆဲပါ ခံရပါသည်) ၊ မိမိရေးလိုသော အကြောင်းအရာကို လွပ်လပ်စွာ ရေးသားနိုင်ခြင်းတို့ ဖြစ်သည်ဟု ထင်ပါသည်။ မဂ္ဂဇင်း၊ ဂျာနယ်များတွင် ရေးသားဖို့ဆိုသည်မှာ သာမန်ဝါသနာရှင် လူငယ်များအဖို့ မလွယ်ကူပါ။ ဘလော့ ရေးသူများသည် များသောအားဖြင့် professional များ မဟုတ်ကြပါ။ ထို့ကြောင့် မှားတာ၊ မကောင်းတာတွေ လည်း အများကြီးရှိမည်သာ ဖြစ်သည်။ စိစစ်ရေး မရှိသည့်အတွက် သတင်းမှားများ၊ အတွေးအခေါ်မှားများ ပါမည်မှာ သေချာပါသည်။ စိစစ်ရေးရှိသော မြန်မာနိုင်ငံရှိ သတင်းစာ၊ စာနယ်ဇင်းများသည် ရာနှုန်းပြည့်မှန် ကန်ပါသည်ဟု မည်သူအာမခံနိုင်ပါသနည်း။

မြန်မာဘလော့ယဉ်ကျေးမှုသည် ပြည်ပနိုင်ငံများတွင် တိုးတက်စပြုနေပြီး မြန်မာနိုင်ငံတွင်ကား ဘလော့ယဉ် ကျေးမှုမှာ မထွန်းကားနိုင်သေးပါ။ သို့ကြောင့် သြဇာရှိသော စာရေးဆရာကြီးများမှ အွန်လိုင်းမြန်မာစာပေကို ချီးမြှောက်ပြီး လူငယ်များ၏ စာဖတ်စာရေးစိတ်ကို အားပေးအားမြှောက်ပြုပါလျှင် မြန်မာအွန်လိုင်းစာပေမှာ ပိုမိုတိုးတက်လာမည်ဟု ယုံကြည်ပါသည်။ ဘလော့ကြောင့် အဆိုးဘက် ဦးတည်မှုများ ဖြစ်လာသည်ဟု ကျွန်တော်တို့ လူငယ်အများစု မမြင်ကြပါ။ ဥပမာ - သေနတ်သည် ဆိုးကျိုးကို ပေးစေသလား၊ ကောင်းကျိုးကို ပေးစေသလားဆိုသည်မှာ အသုံးချသူ၏ အပေါ်တွင်သာ မူတည်ပါမည်။ သေနတ်နှင့် မဆိုင်ပါ။

ထို့ကြောင့် ကျွန်တော်တို့ လူငယ်များ၏ ဦးနှောက်၊ မျက်စိ၊ နား၊ နှလုံးသားဖြစ်သော ဘလော့နည်းပညာ၊ အွန် လိုင်းမြန်မာစာပေ တိုးတက်ဖွံဖြိုးပါစေဟုသာ ဆုတောင်းလိုက်ပါသည်။

စင်ကာပူရောက် မြန်မာကျောင်းသားတစ်ဦး

12 comments:

Welcome to Matches Box !!!!!!!!! said...

ပေရွက် ထက်ကောင်းသော ၊ ပို၍အစဉ်ပြေသော စာရွက် ပေါ်ထွက်လာသကဲ့သို့ ။
ဘလော့သည် စာရွက်ထက်ပို၍အစဉ်ပြေသော medium ဖြစ်သည်ဟု ရှင်းရှင်းလေးစဉ်းစားမိသည်။

ဤကဲ့သို့ မမြင်သူမှာ မောင်စူးစမ်းဖြစ်နေသောအခါ........

"ဘလော့ ကောင်းလား ဆိုးလား" ဖြစ်လာရသည်။

Unknown said...

ဘူတားကြီးက ဖော်လံဖားပြီး ရေးထားတာ အရေးလုပ် မနေပါနဲ့ဗျာ။ သူ့သမိုင်းသူ ရေးပါစေ။

Tin said...

Believed he just did the sake of writing for living and should be changed his name as well.

goodchild. said...

"ဘလော့ကောင်းလား၊ ဆိုးလား" ဆိုသည်မှာ ဘလော့နှင့် မဆိုင်။ ဘလော့ရေးသူနှင့် မဆိုင်။ ဘလော့ဖတ်သူနှင့် သာဆိုင်သည်။

ဘလော့ဖတ်သူ၏ အမြင် အကျည်း၊ အကျယ် ပေါ်မူတည်၍ ကောင်းသည်၊ ဆိုးသည် ကွဲပြား၏။ ၀ါးလုံးနှင့် သိမ်းကျူံးရိုက်ခြင်းသည် ကလေး၊ကလားဆန် လွန်းသည်။

မောင်စူးစမ်း ခြေဖျားထောက်၍ အစူးအစမ်းလွန်သော အခါ ကိုယ့်ကိုယ်ကို စမ်းစစ်ရန် မေ့လျှော့နေပြီ။ ထိုသောအခါ မောင်စူးစမ်း အပြစ်ဖြစ်လာသည်။

မှတ်ချက်။ ။ မောင်စူးစမ်း ကိုယ့်ကိုယ်ကို အရင်စမ်းစစ်ပါရန်။

Unknown said...

I don't understand why he criticized on the blog and bloger as he is very familier with the modern eco-politics literatures like the book The World Is Flat by Thomas L. Friedman who is getting the datas for his books from the blogs. And many other writers can easily argue with his remarks. My comment is that the blog is only for those who are open-minded and who welcome the challenge.

ကေကေ said...

I agree with you..

လင်းလက် said...

ကျွန်တော့ဘလော့မှာ သူရေးတဲ့သတင်းပါတဲ့ နေ့ကတည်းက ပြန်ရေးထားပါတယ်...။
ရေစစ်ဖီတာမရှိဘူးလို့သူဝေဖန်တာကို တော်တော်နာမိပါတယ်....။လက်ရှိမြန်မာပြည်က စာပေလောကသားတစ်ယောက်အနေနဲ့ မောင်စူးစမ်းဆိုလိုချင်တဲ့ ဖီလ်တာဆိုတာကို နားမလည်နိုင်ခဲ့ဘုးဗျာ....။
နောက်ဆုံးတော့ လူတွေဟာ ရိက္ခာအတွက်သိက္ခာကိုချရင်းတာပါပဲလားလို့ နားလည်ပေးလိုက်ပါတယ်....။
အဆင်ပြေပါစေဗျာ