Monday, September 15, 2008

ကိုယ့်လူတယောက် သူ့ဘက်ပါသွားပြီလား

ဆန်းဒေး

မြန်မာနိုင်ငံအမျိုးသားညွန့်ပေါင်းအစိုးရရဲ့ မူဝါဒရေးရာ အကြံပေးဟောင်း ဗမာ့ရန်ပုံငွေအဖွဲ့ (Burma Fund)ရဲ့ ညွှန်ကြားရေးမှူး ကိုဇော်ဦးတယောက် နအဖဘက်ကို ပါသွားပြီးလား။ ကိုဇော်ဦး မြန်မာနိုင်ငံကိုသွားတာ ဇူ လိုင်လတုန်းကပါ။ အခုစက်တင်ဘာလမှာမှ ဧရာဝတီက ရေးလို့ အားလုံးသိကြတာပါ။ ဒါမှမဟုတ်ရင်လည်း ဘယ်သူမှ သိကြမှာမဟုတ်ပါဘူး။ ကိုဇော်ဦးက ဧရာဝတီကို ပြောရာမှာ နာဂစ်နဲ့ မြန်မာနိုင်ငံရဲ့ စီးပွားရေးအ ကြောင်း သွားလေ့လာတာလို့ ဆိုတာပဲ။

တတိယနိုင်ငံကိုအခြေချဖို့ ထွက်ခွာသွားတဲ့သူတွေကလည်း သူတို့သားသမီးတွေရဲ့ အနာဂတ်ပညာရေးတွေ ကို အကြောင်းပြသလို သူတို့ကိုယ်တိုင်လည်း မြန်မာနိုင်ငံရဲ့နယ်စပ်ကို တရားဝင်ပြန်လာပြီး နိုင်ငံရေးလုပ် နိုင်အောင် တတိယနိုင်ငံတွေက အထောက်အထား တခုခုရဖို့ … စတဲ့ အကြောင်းပြချက် အမျိုးမျိုးနဲ့ သွားကြ တယ်လေ။

မြန်မာနိုင်ငံကို ပြန်တဲ့သူကော တတိယနိုင်ငံကို သွားတဲ့သူတွေမှာပါ သူ့အကြောင်းပြချက်နဲ့ သူရှိကြတာပဲနော်။ လွန်ခဲ့တဲ့ အနှစ်၂၀လောက်ကနေ အခုအချိန်အထိ တတိယနိုင်ငံကို သွားတဲ့သူတွေ တတပ်တအားနဲ့ ပြန်လာ လုပ်ကြတာတွေကော တွေ့ရပြီလား။ အင်း … သူတို့ဘာကြောင့်သွားကြသလဲ ဆိုတာကိုတော့ ကာယကံရှင် တွေကိုယ်တိုင်ပဲ သိကြမှာပါ။

အွန်လိုင်းမှာ ကိုဇော်ဦး မြန်မာနိုင်ငံကို သွားတဲ့အကြောင်းကို ပြည်ပရောက် (၈၈)တွေအထဲက (က)အုပ်စုရဲ့ အတွေးအခေါ်၊ အယူအဆ၊ မျှော်လင့်ချက်တွေလို့ ဝေဖန်သုံးသပ်မှုတွေကိုလည်း တွေ့ရတယ်။ ဒီအုပ်စုတွေရဲ့ ရည်ရွယ်ချက်က ဘာလဲ။ နအဖကို ပူးပြီးတော့ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးလမ်းစဉ်ကို တဆင့်ချင်း ပြောင်းလဲ အောင် လုပ်မှာလား။

အဲဒါမျိုးဆိုရင် နည်းနည်းတော့ ခက်မယ်လေ။ လူမျိုးစုလက်နက်ကိုင်တွေ နအဖနဲ့ အပစ်အခတ်ရပ်စဲရေး လုပ် တုန်းက ပူးပြီးလုပ်သွားမယ်။ မြန်မာနိုင်ငံက လူမျိုးစုတွေအားလုံးအရေးကို တောင်ဆိုပေးမယ်လို့ ပြောသွား ကြတာပဲ။ တကယ်တမ်းကျတော့ အဲဒီအဖွဲ့တွေအားလုံးဟာ နအဖရဲ့ အမျိုးသားညီလာခံအတွက် အသုံးချခံ လိုက်ရတယ်။ ညီလာခံမှာ တခြားလူမျိုးစုတွေ အကျိုးအတွက် ပြောဖို့နေနေသာ သူတို့လူမျိုးစုတွေအတွက် တောင် ပါးစပ်ဟခွင့်မရခဲ့တာ အားလုံးအသိပါပဲလေ။

လက်နက်ကိုင်ထားတဲ့ လူမျိုးစုတွေ ပြောခွင့်မရပေမယ့် ပြည်ပမှာနေ တိုးတက်တဲ့ နိုင်ငံကြီးတွေက ပညာ တတ်ကြီးတွေမို့လို့ နအဖက နေရာပေးမယ်လို့ကော မျှော်လင့်လို့ရပါ့မလား။ မဆလခေတ်တုန်းက ကွန်မြူနစ်၊ ဆိုရှယ်လစ်တွေက ထောင်ကနေ နားလည်မှုနဲ့ ထွက်လာပြီး တမျိုး၊ အလင်းဝင်ပြီးတဖုံ နည်းအမျိုးမျိုးနဲ့ မဆလကို ချဉ်းကပ်ခဲ့ကြဖူးပါတယ်။

နောက်ဆုံးမှာတော့ မဆလကို ပြောင်းလဲအောင် မလုပ်နိုင်တဲ့အပြင် သူတို့တွေကို မဆလအကျိုးအတွက် မူဝါ ဒရေးဆွဲပေးရာမှာကော တပါတီစနစ် ဥပဒေပြုရာမှာပါ တတပ်တအားနဲ့ ပါဝင်ပြီးတော့ မဆလထဲ အရည် ပျော်ဝင်သွားပြီးတော့ မဆလရဲ့ အသီးအပွင့်တွေကို ခူးစားသွားကြဖူးတာကိုလည်း မေ့လို့တော့ မရဘူးပေါ့ နော်။

ဒီအခြေအနေတွေကို သုံးသပ်ပြီးတော့ ကိုယ့်အကျိုးအတွက် လုပ်ကြမလား။ တိုင်းပြည်နဲ့ လူမျိုးအကျိုးအတွက် လုပ်ကြမလားဆိုတာကို ကိုယ့်ဘာသာကိုယ် သုံးသပ်ပြီး ဆုံးဖြတ်ကြပေါ့ဗျာ။ အတိုက်အခံတွေဘက်ကကော ဒီ လိုလူတွေနဲ့ ပြတ်စဲကြောင်းတွေ လုပ်ကြမှာလား။ သူ့လူ ကိုယ့်ဘက်သား မဖြစ်လာရင်တောင် ကိုယ့်လူ သူ့ ဘက်သား ဖြစ်မသွားအောင်တော့ လုပ်ဖို့လိုလိမ့်မယ်။

ကိုယ့်လူသူ့ဘက်ပါသွားရင်တော့ ကိုယ်ပဲ ပိုအထိနာတယ်။ ဒါဟာလည်း လူမျိုးစုလက်နက်ကိုင်တွေ နအဖနဲ့ အ ပစ်အခတ်ရပ်ပြီး ပူးပေါင်းသွားတဲ့ အချိန်ကနေ အခုအချိန်အထိ ဘယ်လောက်နာနေကြသလဲဆိုတာ ကာယ ကံရှင်အဖွဲ့အစည်းတွေ အသိဆုံးပါပဲ။

ဆန်းဒေး
(အန်ဒါမန်ဟီးရိုးဘလော့မှ ကူးယူဖော်ပြပါသည်)

Exiled Dissident Visits Burma
By WAI MOE
Friday, September 5, 2008

An exiled Burmese dissident who recently traveled back to his troubled homeland said that the purpose of his visit was to gain a better understanding of the economic and humanitarian challenges facing the country, not to talk politics.

Zaw Oo, head of the Vahu Development Institute, based in Chiang Mai, Thailand, told The Irrawaddy that he made a four-day trip to Burma in July as an economist interested in the weaknesses exposed by Cyclone Nargis, the biggest natural disaster to strike the country in generations.

Zaw Oo, head of the Vahu Development Institute
The prominent exiled dissident added that he did not discuss politics during his visit. He also confirmed that he was planning to return to Burma again in the near future.

Returning to Burma for the first time in nearly two decades, Zaw Oo said he was saddened by the widespread poverty that he witnessed there.

As a former policy advisor to the National Coalition Government of the Union of Burma (NCGUB), the government in exile, and director of the Burma Fund, the NCGUB’s think tank, he was once an outspoken opponent of the regime. He was also a leader of the All Burma Students’ Democratic Front, an insurgent group formed by Burmese students in 1988.

Some Burmese activists in exile compared Zaw Oo’s trip to one made by Zarni, co-founder of the Free Burma Coalition, in May 2004. Sources close to the Burmese authorities said, however, that the two trips were handled very differently by officials.

During his one-day trip, Zarni met with high-ranking military intelligence officers, including members of a think tank formed by Brig-Gen Than Tun and Col Hla Min, deputies of the former spy chief Gen Khin Nyunt.

Zaw Oo, by contrast, met mainly with lower ranking figures, including an officer of the Military Security Affairs, which replaced the Military Intelligence Service after the ouster of Gen Khin Nyunt in Oct 2004. Sources also said that Zaw Oo faced some problems applying for a visa.

Zaw Oo denied this, and said that he was well-treated by the authorities when he was in Burma. He said that he met with all of the officials he needed to meet, adding, however, that the meetings were not held formally.

He declined to provide any details about the ranks of the officials he met.

Yin Yin Oo, the sister of Deputy Foreign Minister Kyaw Thu and an official with the Ministry of Foreign Affairs, reportedly played a significant role in helping Zaw Oo to get a visa, according to sources in Rangoon.

Zaw Oo said that his trip wasn’t like Zarni’s because he didn’t go to Burma to talk about politics. “I only talked about Nargis and economic issues there,” he said.

He said that the impact of Cyclone Nargis made many government officials realize that there is a need for change. He added that UN relief experts now have ministerial-level access to the government.

He also said that his trip made him realize that many exiles don’t have a complete picture of the situation inside Burma.

No comments: