Monday, September 22, 2008

ကျမ နားလည်တဲ့ ဘလော့ဂါ

ကျမ နားလည်တဲ့ ဘလော့ဂါ
မြန်မာအမျိုးသမီးတဦး

ကျမ နားလည်တဲ့ ဘလော့ဂါဆိုသည်မှာ ...

ကိုယ်ပိုင်နေရာလေးတစ်ခု လိုချင်တဲ့သူတွေ၊ အတွေးအမြင် ခံစားချက်တွေဖလှယ်ပြီး အသိုင်းအ၀ိုင်းလေး ဖွဲ့ ချင်တဲ့သူတွေ၊ ကိုယ်ဝါသနာပါရာ ပါရာတွေကို မှတ်တမ်းတင်ထား၊ ပြီး ဝေမျှချင်တဲ့သူတွေ ...၊ တချို့ကျတော့ လည်း ဘလော့ဂ်ကို professional ဆန်ဆန်လုပ်သလို၊ တချို့ကျတော့လည်း ကိုယ့်ဒိုင်ယာရီမှတ်စုထဲ ရေးချင် တာတွေ ရေးထည့်ထားတတ်ကြပြန်ပါတယ်။ တချို့ကျတော့လည်း ကိုယ်ပိုင်ဘလော့ဂ်လေးကိုပဲ ကိုယ့်အိမ် ကလေး ပြင်ဆင်သလို ဟိုပြင်သည်ထည့် အလှဆင်တတ်ကြသလို၊ တချို့ကျပြန်တော့လည်း စာကောင်းပေ ခန့်တွေနဲ့ ခန့်ခန့်ထည်ထည်ကြီး မွမ်းမံတတ်ကြပြန်ပါတယ်။ လူတစ်ကိုယ် စိတ်တစ်မျိုးစီပေါ့။

ကဲ ... ထားပါတော့လေ။ ဘလော့ဂါတွေ (ဆိုလိုတာက ကိုယ်ပိုင်ဘလော့ဂ်ပိုင်ရှင်တွေ) များလာတော့ ဘယ် သူတွေ အကျိုးယုတ်သွားပါသလဲ။ ကျမကတော့ ကိုယ်သန်ရာသန်ရာ ဘလော့ဂ်တွေပဲ ရောက်လို့လားတော့မ သိ၊ စာပေအနုပညာ လက်ရာသန့်သန့်လေးတွေ အများကြီး တွေ့မြင်ဖတ်ရှုရတော့လေ ... သဘောကျ လိုက်တာ။ တစ်စစီဖြစ်နေတာကိုတော့ နှမြောမိပါတယ်။ ဒါပေမယ့် တကယ်ကောင်းတဲ့ လက်ရာလေးတွေဆို ဟိုလက်တို့ သည်လက်တို့နဲ့ ဝေမျှတတ်တာကိုက ဘလော့ဂ်အသိုင်းအ၀ိုင်းရဲ့ အလေ့အထတစ်ခု။ အတွေးအ ခေါ်ကောင်းတွေ၊ ရည်ရွယ်ချက်ကောင်းလေးတွေ တွေ့ရတော့ အားရလိုက်ရတာ။ တကယ်ပါပဲ ...။

တစ်ခုရှိတာက ... ကျမတစ်ဦးတည်းအနေနဲ့ ပြောရရင် ... ကျမတင်ချင်တာတွေကို ကျမခံစားချက်နဲ့ ညှိပြီး တင်တတ်ပါတယ်။ တခါတခါ ကျမရေးပြီးမှ အမျိုးသားဖတ်ရတော့မှ ... ကျမကို သူသိရတာမျိုး။ ဆိုလိုတာက ... သိပ်လွတ်လပ်တယ်။ ကိုယ့်ဖာသာကိုယ်ပဲ တင်သင့်၊ မတင်သင့် စဉ်းစား ဆင်ဆာလုပ်ရတာကိုး။ ကျမဘ လော့ဂ်ကတော့ အစကတည်းကိုက ကိုယ်ပိုင်ဘလော့ဂ်လေးပါ။ ဘာအရောင်အသွေးမှ မပါဘူး။ ဒါပေမယ့် ကျ မရဲ့ စိတ်ခံစားချက်ပေါ်မူတည်ပြီး ရေးဖြစ်တဲ့ စာတွေဖြစ်တဲ့အတွက် ချစ်တာ၊ မုန်းတာ၊ မကျေနပ်တာ၊ ပင် ပန်းစိတ်ဓာတ်ကျတာ ...။ တစ်ခါတစ်လေ ... သူများစာတွေ ဖတ်ပြီးမှ စိတ်ထဲ မနေနိုင်မထိုင်နိုင် ဖြစ်လာရင် ကွန်မက်လေးတွေ ကိုယ့်ဖာသာထပ်ပေးဖြစ်မယ်။ ဒီလောက်ပါပဲ။

ဘလော့ဂ်တိုင်းဟာ ကိုယ်ပိုင်ခံယူချက်၊ ကိုယ့် theme နဲ့ ကိုယ် ရပ်တည်နေကြတာပါ။ ဘယ်သူကမှ ကြား က၀င်ပြီး ဆင်ဆာလုပ်၊ edit လုပ်စရာ မလိုပါဘူး။ လာဖတ်တဲ့ သူတွေကလည်း ကိုယ့်အကြိုက်နဲ့ ကိုက်ရင် ကိုက်သလို၊ မကြိုက်ရင် မကြိုက်သလို လွတ်လပ်စွာ ဝေဖန်ခွင့် ရှိပါတယ်။ ဝေဖန်နိုင်တယ်ဆိုတဲ့ သဘောကို လက်ခံလို့ ကွန်မက်ပေးခွင့်၊ စီဘောက်စ်မှာ အော်ခွင့်ပေးထားလေ့ရှိပါတယ်။ ကိုယ့်သဘောနဲ့ကိုယ် ရေးချင်တာ ရေးတင်တယ်ဆိုပေမယ့် လာဖတ်တဲ့သူတွေကိုလည်း အလေးထားကြပါတယ်။ ကိုယ့်ဖာသာကိုယ် ရေးတယ် ဆိုပြီး မိုက်မိုက်ရိုင်းရိုင်းတွေ စော်ကားမော်ကားစကားတွေ ရေးထားလို့ကတော့ လမ်းမှားလို့ရောက်တဲ့ တစ် ခေါက်အပြင် နောက်ထပ်မလာတော့ပါဘူး။ ကျမကတော့ သွားနေကျ ဘလော့ဂ်လေးတွေ သွားဖတ်ပြီး ဖတ် ရင်းဖတ်ရင်းနဲ့ ဘလော့ဂ်ပိုင်ရှင်နဲ့ကို စိတ်ထဲက ရင်းနှီးသွားလိုက်တာ။ တကယ်တမ်း ကိုယ့် သူမသိ၊ သူ့ ကိုယ် မသိလေ။

နိုင်ငံရေးဘလော့ဂ်တွေကရော ... သူတို့လည်း သူတို့ရည်ရွယ်ချက်နဲ့ သူတို့ ရပ်တည်နေကြတာပါပဲ။ သူတို့မှာ လည်း အားပေးတဲ့သူတွေ ရှိမယ်။ လာဖတ်တဲ့သူတွေ ရှိမယ်။ ဒါပေမယ့် အကုန်လုံးကို ငါးကွန်ပစ်ပြီး ဖမ်းသ လို သိမ်းကျုံးစည်းရုံးလို့ ရမတဲ့လား။ စာဖတ်သူတွေဆီမှာ ဝေဖန်စဉ်းစားတတ်တဲ့ အသိဉာဏ်တွေ ရှိပါသေး တယ်။ ဒါက အမှန်၊ ဒါက ချဲ့ကားထားတာ၊ ဒါကတော့ ဇာတ်နာအောင် လုပ်ကြံထားတာ ...။ တစ်ခါ နှစ်ခါ နားလည်လို့ ရသေးတယ်၊ ဒီထက်ပိုလာရင် လက်ခံနိုင်တဲ့သူတွေပဲ ကျန်ခဲ့မှာပဲ။ သေချာတာကတော့ ရင်ဘတ်ထဲက ဘာ သာစကားမတူရင် ရေရှည်စကားပြောလို့ မရဘူးဆိုတာပါပဲ။

နောက်ဆုံးတော့ ...
ဘလော့ဂ်ပိုင်ရှင်တွေ များလာတဲ့အတွက် ...
ကျမကတော့ ၀မ်းသာပါတယ်။
လူတွေမှာ ဖန်တီးနိုင်ဖို့ အခွင့်တွေ ပိုရလာတယ်။ (အနုပညာအင်အားတွေ တိုးတက်လာမယ်)
ကိုယ့်စိတ်ထဲရှိတာတွေ ပြောပြဖို့ အခြေအနေတွေ ပေးလာတယ်။ (စိတ်ထဲမြုံတာမျိုး လျော့သွားလို့ စိတ်ဒဏ် ရာတွေ သက်သာလာမယ်)
ကိုယ့်ခံစားချက်တွေကို နားလည်တူညီနိုင်မယ့် သူငယ်ချင်းအသစ်တွေ ရလာနိုင်တယ်။ (အပေါင်းအသင်းတွေ တိုးလာမယ်)
ကိုယ့်အတွေ့အကြုံ နည်းပညာတွေကို ဝေမျှနိုင်သလို ကိုယ်လိုချင်တာတွေလည်း အကူအညီတောင်းဖို့ ရှာဖွေဖို့ နေရာလေးတွေ ပိုများလာတယ်။ ( ဗဟုသုတတွေ တိုးပွားလာမယ်)

ဘယ်နေရာမှာမဆို pros & cons, advantages and disadvanges ဆိုတာတွေက ဒွန်တွဲနေတာပါပဲ။ မီး တောင် သုံးစွဲသူပေါ်မူတည်ပြီး ရန်သူဖြစ်လိုက်၊ မိတ်ဆွေဖြစ်လိုက် ဖြစ်နေသေးတာပဲ။ တန်ဆေးလွန်ဘေးတဲ့။ ကျမအတွက်တော့ ဘလော့ဂ်မှတ်စုစာအုပ်လေးက ကျမအတွက် ရင်ဖွင့်ရာ။ တခြားဘလော့ဂ်တွေကကျတော့ ကျမအတွက် စိတ်ဓာတ်အားဖြည့်ပေးတဲ့ အားဆေးတွေလေ ...။ ဆေးခါးတွေဆိုရင်တော့ ဝေါင်ဝေါင်ရှေးပါ၏။

အတွေးအခေါ် မြင့်မားဖို့ မလိုပါ။ လွတ်လပ်ပွင့်လင်း ရိုးသားမှုကိုသာ လိုလားပါ၏။
စာအုပ်ကြီးထဲက သီအိုရီတွေ ယူမလာပါနဲ့။ လက်တွေ့ဘ၀မှာ အသုံးချနိုင်မယ့် အရာတွေသာ ချပေးပါ။
အကြောင်းကတော့ ... ကျမက သာမန်အမျိုးသမီးတစ်ဦး ဖြစ်နေလို့ပါ။

မြန်မာအမျိုးသမီးတစ်ဦး

2 comments:

Myo Ohnmar said...

yes, blog means personal freedom. Do you think someone has been trying to monitor Burmese blog activities? Any comment please, http://nyilynnseck.blogspot.com/2008/09/myanmar-blogger-society.html
နောက်တစ်ခုက ဘလောဂ်ပေါင်း ထောင်ချီနေတာကို ကျွန်တော်တို့ လိုက်မဖတ်နိုင်ကြဘူး။ ဒီတော့ အဲဒီဘလောဂ်ပေါင်း များစွာကို တစ်နေရာထဲကနေ ဖတ်နိုင်အောင်၊ ဘယ်သူဟာ ဘယ်လိုစာမျိုး ရေးတယ်ဆိုတာ ခန့်မှန်းနိုင်အောင် ဖြစ်ပါတယ်။

That is obviously the behaviour of military intelligence! I suspect that Nyi Lin Sett has been working for military junta.
Yu Yu Maung

bathein96 said...

we have the right to choose up to our point of views but have to take responsibility.