Friday, August 15, 2008
နေ့ဟောင်းများ (ကဗျာ)
လွမ်းစရာ နေ့ရက်တွေချည်းပါလား
ထုထည်နဲ့ အတုံးအခဲတွေ
ပစ်ထည့်ခံရ။
ကိုယ့်ကိုဆယ်ခဲ့ရတာ နှစ်ပေါင်းသုံးဆယ်
တခက်တခဲကြီးပါ
ရာသီဆိုးသွမ်း လမ်းမကြီးပါလား
ရာသီသစ် ပန်းသစ်တဝေေ၀
ငါတို့တစ်တွေလမ်းမှာ
ဇလပ် ခတ္တာ
အင်ကြင်းဝါနီ
တော်ဝင်ပိတောက်
ပေါက်ပွင့်နီနီရဲရဲ
နွေကိုသောက်ကြပြီး
အသည်းအေးမြကြ
သူငယ်ချင်း ‘ဖော်ဝေး’ရေ
အိုခဲလှ နာခဲ့ကြ ဘုရားတိုင်အလွမ်းတွေနဲ့
ဘ၀ဟာ ပြေးလမ်းဖြစ်ပြီး
လောကကြီးဟာ
အမောပြေသောက်ဖို့ ရေတစ်ပေါက်လောက်ပါ
သန္တိသုခလေပြည်
နေမ၀င်ခဲ့ပါဘူး အမေ။
အမေရယ်
လောကကြီးက သားရဲ့တံခါးကို ဖွင့်မပေးခဲ့ဘူး
ရနံ့မွှေးပြီး
အပွင့်ဝေကြွေတဲ့ ခရေပင်မြစ်ကမ်းပါးလေးမှာ
ထိုင်ခဲ့ရတာလည်း နှစ်သုံးဆယ်ပါ
အမေရယ်
ကျနော့်ရဲ့ နှစ်သုံးဆယ်ဟာလည်း
အရှူံးတွေချည်းပါပဲ
ကျနော်ရောက်အောင် သွားခဲ့ပါတယ်အမေ
ဖြစ်ပြီးသား အပြစ်တွေ
ပျောက်ပျက်လွန်းခဲ့
အမှန်ကို ဖန်တီးခဲ့ပေမယ့်လည်း
ကမ္ဘာကြီးမှာ ဘာမှလည်း လွမ်းစရာမရှိတော့ပါဘူး
တကယ်တော့လည်း ဟုတ်ပါတယ်
ဘ၀ဆိုတာ လေထဲက ဖုန်မှုန့်လေးပါပဲ
အခုတော့ …
အခွံကဖီးမှာ
အမေ့သားဟာ
မိုက်လုံးကြီးကြီး သစ်သီးတွေ ဝေေ၀ဆာဆာ သီးလို့။ ။
မောင်ချောနွယ်
Posted by ဒေါက်တာလွဏ်းဆွေ at 10:18 AM
Labels: မောင်ချောနွယ်ကဗျာ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment