ဂျင်ဂလိ
ဒါပေမယ့် နအဖစစ်သူခိုးတွေ အာဏာရလာတဲ့အခါမှာ (သိတဲ့အတိုင်း နိုင်ငံတကာက အော့ကြောလန်၊ ပြည် သူကလည်း ချဉ်ဆိုတော့) စစ်သူခိုးတွေနဲ့ ပူးပေါင်းလုပ်ဆောင်ချင်တဲ့လူက မရှိသလောက် ရှားတယ်လေ။ အဲဒီ လိုအချိန်မှာ ခုနက အချောင်သမား ငနဲသူခိုးတွေက အကွက်ပဲဆိုပြီး ပြေးကပ်ကြတာပေါ့။ အဲသလို ပြေးကပ် ကြရင်းနဲ့ ငယ်ငယ်တုန်းက ဓားပြလုပ်ခဲ့တဲ့သူက စာပေဆုချီးမြှင့်တဲ့ ဂုဏ်သရေရှိ ပုဂ္ဂိုလ်ကြီးဖြစ်လိုဖြစ်၊ အရင်က စစ်တပ်မှာ တပ်ကြပ်လောက် အဆင့်ရှိတဲ့ လူကလည်း ဒေါက်တာဘွဲ့ အတုကြီးကို အရှက်မရှိ ငွေနဲ့ ပေါက်ယူလိုယူ၊ မင်းသမီးနဲ့ နာမည်ကြီးမော်ဒယ်လ် အတော်များများကို ပေါင်ပေါ်တင်ထားတဲ့ စစ်တက္ကသိုလ် ပြေး သစ်ပွဲစားကလည်း ကုမ္ပဏီဥက္ကဌနဲ့ အာဏာရူးကြီး ဗိုလ်သန်းရွှေရဲ့ သားသမက် ဖြစ်လိုဖြစ်၊ ဖိုးတွမ်းတီး အမှုနဲ့ ထောင်ကျခဲ့တဲ့ အကြီးစားလူလိမ်ကလည်း နအဖစစ်သူခိုးတွေအလိုကျ ပေါ်လစီဇာတ်ကားတွေရိုက်တဲ့ ဒါရိုက်တာ ဖြစ်လိုဖြစ်၊ အဲ … တချို့တချို့ကျတော့ စာနယ်ဇင်းလောကမှာ အယ်ဒီတာချုပ်လုပ်၊ တချို့တချို့ကျ တော့ ရပ်ကွက်အေးချမ်းသာယာရေးနဲ့ ဖွံ့ဖြိုးရေးကောင်စီ ဥက္ကဌဖြစ်၊ တချို့တချို့ကျတော့ ကြံ့ဖွတ်အသင်းမှာ အကောင်ပလောင်လုပ်နဲ့ ဒီကနေ့ မြန်မာပြည်မှာ အဲဒီလို ငနဲသူခိုးလူညာတွေပဲ ပွဲတိုးကာ လူရာဝင်နေကြလေ ရဲ့။
ဒါတင်မကဘဲ အဲဒီလို ငနဲသူခိုး လူညာတွေဟာ အနုပညာလောကထဲမှာပါ ငွေနဲ့ပေါက်ပြီး လူရာဝင်ဖို့ အား ထုတ်လာကြပြန်တယ်။ အနုပညာလောကမှာ မော်ဒန်အနုပညာ ဆိုသဟာကလည်း အချိန်ကိုက် ပေါ်ပေါက် လာတဲ့အခါကျတော့ တောခြစ်တောင်ခြစ် ခြစ်ပြီး ဘောင်သွင်းပြသတဲ့ ငနဲသူခိုးကလည်း မော်ဒန်ပန်းချီဆရာ ဖြစ်လိုဖြစ်၊ ပစ္စည်းတွေကို တောထားတောင်ထား ထားပြီး ပေါကြောင်ကြောင် လုပ်ပြသူကလည်း အင်စတော် လေးရှင်းဆရာ ဖြစ်လိုဖြစ်နဲ့ ဂျင်ဂလိတို့ နေထိုင်တဲ့ ခေတ်ကြီးဟာ နအဖအုပ်စိုးမှုအောက်မှာ အရာရာ ဒစ်စ တောရှင်း ဖြစ်လို့နေရဲ့။
တခါသားမှာတော့ အနုပညာလောကထဲမှာ လူရာဝင်ချင်ရှာတဲ့ (စစ်တပ်အရာရှိတွေနဲ့ပေါင်း ဓာတ်ဆီ၊ ဒီဇယ် မှောင်ခိုအကြီးအကျယ်လုပ်ပြီး သူဋ္ဌေးလေးဖြစ်လာတဲ့) အထစ်ကိုကို ဆိုသူက တစ်ကိုယ်တော် အင်စတော် လေးရှင်း ပြပွဲလေးတခု ခင်းကျင်းလာပါတယ်။ သူ့ကို အထစ်ကိုကိုလို့ ခေါ်တာက သူက ဘယ်သူနဲ့တွေ့တွေ့ သူ့နာမည်ရှေ့မှာ Artist (အားတစ်စ်) ဆိုတဲ့ ဂုဏ်ပုဒ်ကိုခံပြီး မိတ်ဆက်တတ်တာကြောင့်ပါ။ အဲဒါကြောင့်မို့ သူနဲ့ ရင်းနှီးတဲ့ ဘော်ဘော်တွေက သူ့ကို ကျီစယ်တဲ့အနေနဲ့ `အထစ်ကိုကို’ လို့ ချစ်စနိုး ခေါ်ဝေါ်ကြခြင်း ဖြစ်ပါတယ်။ အဲသလို ကျီစယ်တာကိုပဲ သူက ပြုံးပြုံး ပြုံးပြုံးနဲ့ သဘောကျနေတတ်သူပါ။
ပြပွဲကျင်းပတဲ့နေ့မှာ သူဋ္ဌေးလေး အထစ်ကိုကိုက အရက်၊ ဘီယာတွေ အလျှံအပယ် တိုက်ကျွေးလေတော့ ပရိသတ်ကလည်း ဘာစည်သလဲ မမေးနဲ့ပေါ့။ ပွဲချိန်တစ်ဝက်လောက်ရောက်တော့ အထစ်ကိုကို ကို ဘီယာ တထွေထွေ ရီဝေရီဝေနဲ့ ချီးမွမ်းစကားဆိုသူဆို၊ အရက်မူးမူးနဲ့ လက်ဆွဲ နှုတ်ဆက်သူဆက်၊ အမြည်းဝါးရင်း ပြပွဲမှတ်တမ်းစာအုပ်မှာ အမှတ်တရစကား ရေးသူရေးနဲ့ဆိုတော့ လူရာဝင်ချင်ရှာတဲ့ အထစ်ကိုကိုလေးဟာ `ပျော် မဆုံး မော်မဆုံး ဘောလုံးကစားကြသည်’ ဆိုတဲ့ သီချင်းထဲကလို တက်ကြွနေတော့တာပေါ့။
ဂျင်ဂလိလည်း သူ့ရဲ့ တစ်ကိုယ်တော် အင်စတော်လေးရှင်းပြပွဲကို ကြည့်လို့အပြီးမှာ ဘီယာ၊ အရက်တိုက် ကျွေးတဲ့ အထစ်ကိုကိုရဲ့ မျက်နှာကို ထောက်ထားပြီး မှတ်တမ်းစာအုပ်မှာ အမှတ်တရစကား ရေးသားဖို့ ကြွ မြန်းခဲ့လေရဲ့။ ဒါပေမယ့် မရေးခင်မှာ ရှေ့ကရေးသွားတဲ့ မော်ဒန်ကဗျာဆရာကြီးတယောက်ရဲ့ အမှတ်တရစ ကားကို ဖတ်ပြီး `အထစ်ကိုကို’ ကို ဂျင်ဂလိ မျက်နှာပူနေမိတော့ရဲ့ (သူကတော့ ပြုံးပြုံး ပြုံးပြုံး လုပ်နေတုန်းမို့ သိရှာသေးဟန်မတူ)။ အဆိုပါ မော်ဒန်ကဗျာဆရာကြီး ကာရန်လေးနဲ့ ရေးသွားတဲ့ အမှတ်တရစကားကတော့ ဒီလိုပါ။
‘ငနဲသူခိုးလူညာတွေ တောက်ကြွားနေတဲ့ ခေတ်ကြီးထဲ ပွဲတိုးကာ လူရာဝင်ချင်နေပါပေါ့လား မောင် မောင်အထစ်ရေ …’ တဲ့။
ဂျင်ဂလိ
No comments:
Post a Comment