ငါတို့ဟာ
အလှဆုံး ထိုးဖောက်မှုတွေနဲ့
တဖက်အသင်းကို ထိုးဖောက်နိုင်ခဲ့ကြတယ်။
မိမိရရ ကန်ချက်တွေနဲ့
တဖက်အသင်းရဲ့ ထိုးစစ်တွေကို
ခုခံနိုင်ခဲ့ကြတယ်။
တချိန်လုံး တဖက်အသင်းကို ဖိကစားနိုင်ခဲ့ကြတယ်
ဒါပေမယ့် …
တဖက်အသင်းရဲ့ ထောင့်ကန်ဘောတွေဟာ
ကြောက်ခမန်းလိလိ
တဖက်အသင်းရဲ့ ထောင့်ဖြတ်ဘောတွေ
လျှပ်တစ်ပြက် ထိုးစစ်တွေကလည်း
အသည်းကို အေးအေးသွားရအောင်ပါပဲ
ငါတို့တွေ
ဘ၀နဲ့ရင်းပြီး အသေအလဲ ကစားခဲ့ရတယ်
ထိုးစစ်အရှင် ခံစစ်အရှင်တွေနဲ့
အမျိုးမျိုးပြောင်းလဲပြီး
အလဲလဲအပြိုပြို ကစားခဲ့ရတယ်
အခု … အချိန်ပို ကစားရလို့ ရေနက်ပိုင်းကို ရောက်ခဲ့ပြီ။
“ကန်နာဗာရိုရေ
မင်းအကောင်းဆုံး ကစားခဲ့ပေမယ့်
မင်း ဂိုးမရခဲ့ဘူး မဟုတ်လား
အေး … ငါတို့လည်း မင်းလိုပဲ
ဂိုးမရခဲ့ကြဘူးလေ
သူတပါးရဲ့ ခြေကြိုခြေကြားက
ဘောလုံးတွေ
ငါတို့တွေ ဖြစ်ခဲ့ကြလို့နေမှာပါကွာ” ။ ။
မောင်ချောနွယ်
Monday, February 11, 2013
ကန်နာဗာရိုရဲ့ ဘောလုံးတွေ (ကဗျာ)
Posted by ဒေါက်တာလွဏ်းဆွေ at 9:45 AM
Labels: မောင်ချောနွယ်ကဗျာ
Subscribe to:
Post Comments (Atom)
6 comments:
ဘောလြုံးချစ်သူမို့လို့ခံစားလို့၇ပါတယ်.....
ကန်နာဗာရို က နောကိတန်းအဖျက်ခံစစ်မှူး၊ဂိုးမရဖို့ဆိုတာထက် ဂိုးမပေးရဖို့တာဝန်ကို ယူထားတာ
သူဂိုးမသွင်းနိုင် လို့ဘာမှမဖြစ်ပေမယ့်သူ့ကြောင့်ဂိုးမပေးရဖို့လိုတယ်။
ဂိုးမရလို့ဝမ်းမနည်းပါနဲ ကန်နာဗာရိုးရေ။တစ်ခါတစ်လေ ကိုယ့်ကိုကိုယ်ဘာမှန်းမသိဘဲ မလိုအပ်ဘဲဂိုးသွင်းဖို့ကြိုးစားရင် ကိုယ်ကြောင့်ကိုယ့်အသင်းရှုံးတတ်တယ်။
ကန်နာဗာရိုးတို့ရဲ့ အီတလီ ခံစစ်အဖွဲ့ကိုလေးစားလျက်
ဆရာမောင်ချော်နွယ်အကြောင်းကို ဖော်ပြပေးပါလား ဆရာ လေးစားလို့ပါ
ဆရာမောင်ချော်နွယ်အကြောင်းကို ဖော်ပြပေးပါလား ဆရာ လေးစားလို့ပါ
Post a Comment