ဓာတ်ပုံ - လင်းဒါ
(၁၉-၆-၀၈) ကြာသပတေးနေ့ နံနက် (၉း၀၀)နာရီက မဲဆောက်မြို့တွင် မြန်မာနိုင်ငံအမျိုးသမီးများနေ့ အခမ်း အနား ကျင်းပပြုလုပ်ရာ ပရိသတ် (၅၀၀)ခန့် တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။ အခမ်းအနားတွင် ကေအဲန်ယူ ကရင်အမျိုးသားအစည်းအရုံးခေါင်းဆောင် ဗိုလ်ချုပ်ကြီး တာမလာဘော၊ ဆိပ်ကမ်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်စန်းစန်းနှင့် မယ်တော်ဆေးခန်းမှ ဒေါက်တာစင်သီယာမောင်တို့က အမှာစကားများ အသီးသီး ပြောကြားကြသည်။ ထို့နောက် နာဂစ်မုန်တိုင်းအလွန် ထိုင်း-မြန်မာနယ်စပ်သို့ ရောက်ရှိလာသည့် မုန်တိုင်းဒဏ်သင့် အမျိုးသမီးဒုက္ခသည်များအနက်မှ အမျိုးသမီး (၈)ဦးက သူတို့ကြုံတွေ့ ခဲ့ရသည့် မုန်တိုင်းဖြစ်ရပ်ဆိုးကြီးအကြောင်းကို မျက်ရည်လည်ရွဲ ရင်ဖွင့်ပြောဆိုခဲ့ကြကြောင်း သတင်းရရှိသည်။ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ဂုဏ်ပြုသည့်အနေနှင့် လွတ်မြောက်နယ်မြေတွင် သူမ၏ မွေးနေ့ကို မြန်မာနိုင်ငံအမျိုးသမီးများနေ့အဖြစ် သတ်မှတ်ကျင်းပခဲ့သည်မှာ (၁၂)ကြိမ်ရှိပြီဖြစ်ပြီး မြန်မာနိုင်ငံ အမျိုးသမီးထုလှုပ်ရှားမှု ကော်မတီက ဦးဆောင်ကျင်းပခြင်းဖြစ်သည်။


No comments:
Post a Comment