Tuesday, June 3, 2008

မြန်မာ့ရေးရာ သတင်းပဒေသာ (၃-၆-၀၈)

- ၁၉၉၀ ရွေးကောက်ပွဲရလဒ်ကို မြေမြှုပ်လိုက်ကြောင်း သတင်းစာမှာ ဖော်ပြ click
- ၉၀ ပြည့် ရွေးကောက်ပွဲရလဒ် ပျက်ပြယ်ပြီဆိုတာ အဲန်အယ်လ်ဒီ ပယ်ချ click
- နိုင်ငံရေးအာဏာ လိုခဵင်လျှင် ရွေးကောက်ပွဲဝင်ဖို့ စစ်အစိုးရ ပြောဆို click
- ထိုင်းနယ်စပ် မြန်မာဒုက္ခသည်များ ဆန်ပြတ်လပ်မှု ကြုံတွေ့ဖွယ်ရှိ click
- အာဏာပိုင်များ ဟန့်တားမှုကြောင့် ဒုက္ခသည်များ အကူအညီ နည်းနည်းသာရ click
- နိုင်ငံရေးနှင့် ပတ်သက်၍ ဝန်ထမ်းကို အလုပ်မှ ထုတ်ပယ် click
- ကုလသမဂ္ဂ ရဟတ်ယာဉ်များကို ဝင်ခွင့်ပြုမည် click
- အာဆီယံမူကို ချိုးဖောက်သော အဖွဲ့ဝင်နိုင်ငံအား ပိတ်ဆို့အရေးယူနိုင် click
- မက်သနောဓာတ်ငွေ့ရည်ကြောင့် မြန်မာသင်္ဘောသားတဦး သေဆုံး click
- နယ်စပ်ဒုက္ခသည် တသိန်းခွဲနီးပါးအတွက် အရေးပေါ် အကူအညီ တောင်းဆို click
- မုန်တိုင်းကြောင့် လူထောင်ချီ သေဆုံးရသည့် ရွာများ၌ အကူအညီ လိုအပ်နေ click
- ရန်ကုန်က နာဂစ်မုန်တိုင်း တလပြည့် ဆုတောင်းပွဲ click
- ပွဲပြီးသော်လည်း မီးမသေနိုင်ပါ (ဆောင်းပါး) click
- U.S. warships to leave Myanmar after aid refused click
- Too little, too late for Burma click
- US ships abort Myanmar mercy mission click
- Britain pledges 21 million dollars more for Myanmar cyclone victims click
- ဗိုလ်ချုပ်မှူးကြီးသန်းရွှေ နေ၀င်ချိန် နီးလာပြီ (အယ်ဒီတာ့အာဘော်) click
- ကျောင်းများ ပြုပြင်နိုင်ခြင်းမရှိဘဲ ကျောင်းဖွင့် click
- ကော့မှူး၊ ကွမ်းခြံကုန်း၊ ဒေးဒရဲ လေဘေးဒုက္ခသည် ရှင်းလင်းရေးလုပ် click
- စစ်အစိုးရကို ငွေကြေးပံ့ပိုးသည့် ရှက်ဖွယ်ကုမ္ပဏီကြီးများအဖြစ် ကမ္ဘာ့ထိပ်တန်းကုမ္ပဏီကြီးများ ကြေညာခံရ click
- HIV ရပ်တန့််ဆေးရရှိသည့် ဝေဒနာရှင် (၃) သန်းခန့် ရှိပြီ click
- နာဂစ်မုန်တိုင်း ကျရောက်ပြီး လပွတ္တာမြို့နယ်တွင်း (၁)လကြာ အခြေအနေကို လပွတ္တာမှ နာရေးကူညီမှုအ သင်းဝင်တဦးနှင့် ခေတ်ပြိုင် ဆက်သွယ်မေးမြန်းချက် (အင်တာဗျူး) click
- သန်လျက်နဲ့ စောဥမ္မာ (ဆောင်းပါး) click
- ဒုက္ခသည် တသိန်းခွဲနီးပါးအတွက် အရေးပေါ် အကူအညီ တောင်းဆို click
- မုန်တိုင်းကြောင့် လူထောင်ချီ သေဆုံးရသည့် ရွာများ၌ အကူအညီ လိုအပ်နေ click
- မတရားသည့် လူထုဆန္ဒခံယူပွဲဟု အဖွဲ့ချုပ် မိတ္ထီလာခရိုင်က ကန့်ကွက်ရှုတ်ချ click
- ကယ်ဆယ်ရေးလုပ်ရန် သင်တန်းပေးဖို့ စီစဉ်နေဆဲ click
- ဒဏ်ရာရ အဖြူရောင်လေးတွေက … ကျောင်းနေပျော်နိုင်ပါ့မလား … (ဆောင်းပါး) click
- လေဘေးရန်ပုံငွေ ဗီဒီယိုကားများ ရိုက်ကူးမည် click
- မုန်တိုင်းကြောင့် ဆုံးပါးသွားသူများအတွက် တလပြည့်ဆုတောင်းပွဲ ပြုလုပ် click
- အန်ဒီဒီဥက္ကဋ္ဌ ဒေါ်ခင်ဥမ္မာ ဆွီဒင်လူ့အခွင့်အရေးဆု ချီးမြှင့်ခံရ click
- ညောင်လေးပင်ခရိုင်၊ မွန်ကာဒါ ခံတပ်နှင့် သံလွင်ညများ ... (ဆောင်းပါး) click
- တရုတ်ဘက်သို့ ဆန်စပါး မရောင်းရန် တိုင်းမှူးက ပိတ်ပင် click
- အမြင့်ပျံငှက် (ဆောင်းပါး) click
- ဒုက္ခသည်များကို ပုံမှန်အတိုင်း ထောက်ပံ့ရန် အလှူရှင်များကို တောင်းဆို click
- Aid groups to press Myanmar on camp evictions, red tape click
- 9 helicopters to enter Myanmar this week: UN click
- U.N.: 1M in Burma aren't getting basic aid click
- Bangladesh prepares for future storms in wake of Myanmar cyclone click
- Malaysia Says Asean Should Step Up Humanitarian Efforts click
- Burma Says New Constitution Washes Away NLD Victory click
- Burma survivors still lacking assistance: Humanitarian groups click

လပွတ္တာတွင် လေဘေးဒုက္ခသည်များ အတည်တကျ မရှိသေး
အလောင်းများ ထောင်ချီရှိနေဆဲ

သတင်း - ခေတ်ပြိုင်
နာဂစ်မုန်တိုင်းဒဏ် ခံခဲ့ရသည်မှာ (၁) လ ကြာခဲ့ပြီဖြစ်သော်လည်း ဧရာဝတီတိုင်း လပွတ္တာမြို့နယ်မှ လေဘေးဒုက္ခသည်များသည် နေစရာ အတည်တကျ မရှိသေးသကဲ့သို့ မြို့နယ်အတွင်း၌လည်း လူသေအလောင်းများ ထောင်နှင့်ချီ ရှိနေသေးကြောင်း ဒေသခံများက ပြောသည်။ လပွတ္တာမြို့နယ်မှ လေဘေးသင့် ဒုက္ခသည်များအား မြောင်းမြမြို့တွင် ကယ်ဆယ်ရေးစခန်းများ ဖွင့်လှစ် ထားရှိခဲ့သော်လည်း ယခုလ (၁)ရက်တွင် လပွတ္တာသို့ ပြန်ပို့လိုက်ကြောင်း မြောင်းမြမြို့ခံ မျက်မြင်တဦးက ပြောသည်။

“မော်တော် (၄) စီးနဲ့ ပို့တာဗျ။ ဒုက္ခသည်တွေကို တက်တက်ဆိုပြီး ပြောနေတာ” ဟု ၎င်းက ပြောသည်။ အဆိုပါ မော်တော်များဖြင့် သယ်ဆောင်သွားသော ဒုက္ခသည်များမှာ (၆၀၀) ခန့်ရှိပြီး ယခုအခါ လပွတ္တာမြို့ပေါ် လေးထပ် ဘုန်းတော်ကြီးကျောင်းတွင် ခေတ္တနေထိုင်နေကြသည်။ လေးထပ် ဘုန်းကြီးကျောင်းမှတဆင့် မိမိနေရပ်သို့ ပြန်ခိုင်းကာ ပြန်လိုသူများကို စရိတ်ပေးကမ်း မည်ဖြစ်ကြောင်း၊ မပြန်လိုပါက ထားသည့်နေရာတွင် နေရမည်ဖြစ်ကြောင်း အာဏာပိုင်များက ပြောသဖြင့် ဒုက္ခသည်များမှာ မည်သို့ ရွေးချယ်ဆုံးဖြတ်ရမည်မသိ ဖြစ်နေကြကြောင်း လပွတ္တာ မြို့ခံတဦးက ပြောသည်။

စစ်အစိုးရက ဒုက္ခသည်များကို ကယ်ဆယ်ရေးစခန်းများမှ လျှော့ချကာ ယခုအခါ နာဂစ်အပြီး (၁) လအကြာတွင် ဒုက္ခသည် အရေအတွက် မည်မျှလျော့နည်းသွားပြီဖြစ်ကြောင်း နိုင်ငံတကာသို့ လိမ်လည်ရန် ဥာဏ်ဆင်ခြင်းဖြစ်ကြောင်း ဒေသခံများက ဝေဖန်ပြောဆိုကြသည်။ လပွတ္တာမြို့နယ်အတွင်း ကျေးရွာအုပ်စု (၆၀) ခန့်ရှိပြီး ကျေးရွာပေါင်း (၅၀၀) ခန့်အနက် ရွာပေါင်း (၄၉၀) မှာ ရွာလုံးကျွတ်နီးပါး သေကျေ၊ ပျက်စီး၊ ပျောက်ဆုံးသွားကြောင်း၊ မုန်တိုင်းကြောင့် လပွတ္တာမြို့နယ်အတွင်း သေဆုံးသူပေါင်း (၁၉၆,၇၂၀) ဦးရှိကြောင်း ၎င်းမြို့နယ်တွင် အချက် အလက်များ စုဆောင်းနေသည့် ကြက်ခြေနီအဖွဲ့ဝင်တဦးက ပြောသည်။

သို့သော် အဆိုပါစာရင်း၌ ပျောက်ဆုံးနေသော လူဦးရေနှင့် မိသားစုလိုက် သေဆုံး၊ ပျောက်ဆုံးသူများ မပါဝင်သေးကြောင်း၊ ၎င်းမြို့နယ်တွင် အိမ်ထောင်စုမဲ့ ပျံကျအလုပ်သမားများလည်း ရှိသည့်အတွက် တမြို့နယ်လုံး သေဆုံးသူစုစုပေါင်း (၂) သိန်းကျော်ရှိမည်ဟု ခန့်မှန်းကြောင်း ၎င်းက ပြောသည်။ လပွတ္တာမြို့နယ်အတွင်း လူသေအလောင်းများ ထောင်နှင့်ချီ ရှိနေသေးသည်ဟုလည်း မိမိဒေသ ပြင်စလူသို့ နာဂစ်မုန်တိုင်းအပြီး မေ (၃၁) က သွားရောက်ခဲ့သည့် မုန်တိုင်းဘေးမှ လွတ်မြောက် ခဲ့သူ ကိုဟန်စိုးက ပြောသည်။

၎င်းက “လပွတ္တာနဲ့ ပြင်စလူကို သွားတဲ့ရေလမ်းမှာ ရေ၀ဲတွေရှိတယ်။ အဲဒီ ရေ၀ဲတ၀ဲမှာ လှည့်လည် နေတဲ့ အလောင်းတွေက (၅၀၀) ကျော်လောက်ရှိတယ်။ အဲဒီလိုမျိုး ၀ဲတွေ အများကြီးပဲ ” ဟု ပြောသည်။ ပြင်စလူမြို့နယ်ခွဲ၌ အိမ်ခြေ (၁,၀၀၀) ကျော် ရှိသည့်အတွက် လပွတ္တာမြို့နယ်၏ မြို့နယ်ခွဲအဖြစ် ပြီးခဲ့သည့် (၂) နှစ်ခန့်က သတ်မှတ်ခံထားရကာ သောက်ရေ၊ သုံးရေအား ရေကန်ကြီးများမှ သောက်သုံးရကြောင်း၊ ယခုအခါ သောက်သုံးရေကန်များထဲတွင် လူသေလောင်းများနှင့် ကျွဲ၊ နွား တိရိစ္ဆာန်အလောင်းများ ရှိနေဆဲဖြစ်သည့်အတွက် ၎င်းဒေသ၌ ပြန်လည်နေထိုင်ရန် အခက်အခဲများ ဖြစ်နေကြောင်း ပြင်စလူမှ ဒေသခံများက ပြောသည်။

“မနေ့က ကျမအစ်ကို သွားကြည့်တာပါ၊ ရေကန်တွေမှာ အလောင်း (၅) လောင်း တွေ့ခဲ့တယ်တဲ့၊ အဲဒီမှာ ပြန်နေဖို့က ရေပြဿနာ အဓိကပါ” ဟု လပွတ္တာ လေဘေးကယ်ဆယ်ရေးစခန်းက မထွေး ထွေးမော်က ပြောသည်။ လပွတ္တာမြို့ပေါ်တွင် ရပ်ကွက်ပေါင်း (၁၀) ခု ရှိပြီး နေအိမ်များ အားလုံးပျက်စီးကြကာ ယခု
(၁) လပြည့်သည်အထိ အိမ်အနည်းငယ်သာ ပြုပြင်ရသေးကြောင်း မြို့ခံတဦးက ပြောသည်။ စစ်အစိုးရက လူသေ၊ ကျွဲ၊ နွား စသည့် တိရိစ္ဆာန်များ၏ အလောင်းများကို မျက်ကွယ်ပြုကာ ကယ် ဆယ်ရေး လုပ်ငန်းများ ပြီးစီးကာ ပြန်လည်ထူထောင်ရေးများကို စတင်နေပါပြီဟု ၎င်းတို့ပိုင် မီဒီ ယာများတွင် ကြေညာနေသည်။ ။

No comments: