Tuesday, June 3, 2008

အာဆီယံအဖွဲ့က စစ်အင်အားဖြင့် နာဂစ်ကယ်ဆယ်ရေးဆောင်ရွက်လိုဟု မလေး ရှားက ပြော

သတင်း - မိုးမခ
နာဂစ် မုန်တိုင်းဒဏ် ခံစားနေရသော ဒုက္ခ သည်များကို အာဆီယံနိုင်ငံများ၏ စစ်တပ် များမှ ကူညီဆောင်ရွက်ခွင့်ပြုရန် မလေးရှား နိုင်ငံ ဒုတိယ ဝန်ကြီးချုပ် နာဂျစ်ရာဇတ်က လုံခြုံရေးနှင့် ပတ်သက်သည့် နိုင်ငံတကာ အ စည်အဝေးတွင် တောင်းဆိုလိုက်သည်။ နာ ဂစ်မုန်တိုင်း အလွန်တွင် မြန်မာစစ်အစိုးရမှ ကယ်ဆယ်ရေးလုပ်ငန်းများကို ထိထိရောက် ရောက် လုပ်ကိုင်ခဲ့ကြောင်း မြန်မာနိုင်ငံ ကာ ကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်အေးမြင့်၏ စစ်အ စိုးရအား ကာကွယ် ပြောဆိုမှုများ အပြီးတွင် ထိုသို့ တောင်းဆိုလိုက်ခြင်း ဖြစ်သည်။

မလေးရှားနိုင်ငံ ဒုတိယဝန်ကြီးချုပ် နာဂျစ်ရာဇတ်မှ ပြောဆိုရာတွင် "ယခုမုန်တိုင်းဒဏ်ကြောင့် သေဆုံးသွားသူ များ စာရင်းဟာ ၂၀၀၄ ခုနှစ် အင်ဒိုနီရှားနိုင်ငံ ဆူနာမီငလျင်လှိုင်းကြောင့် သေဆုံးသွားသူပေါင်း ၁၆၇,၀၀၀ ထက်ပင် ပိုနိုင်တယ်" ဟု ဆိုပါသည်။ စစ်အစိုးရ ထုတ်ပြန်သော သတင်းအရ သေဆုံးသူ လူဦးရေ စုစုပေါင်း ၇၈၀၀၀ ပျောက်ဆုံးနေသူ ၅၆၀၀၀ ရှိကာ၊ လူဦးရေ ၂.၄ သန်းခန့် အစားအသောက်နှင့် သောက်ရေသန့်များ အရေးတကြီး လိုအပ်နေသည်ဟုဆိုသည်။

မြန်မာစစ်အစိုးရဟာ လေမုန်တိုင်းဒဏ် ခံစားနေရသူများကို နိုင်ငံတကာမှ စစ်ရေးအကူအညီ ပံ့ပိုးမှုများဖြင့် တိုက်ရိုက်ကူညီဖို့ကို ငြင်းပယ်ခဲ့သော်လည်း မြန်မာစစ်အစိုးရမှ ခွင့်ပြုမည်ဆိုပါလျှင် အာဆီယံ (၁၀)နိုင်ငံမှ အကူအညီ ပေးချင်ကြောင်း မလေးရှားနိုင်ငံ ဒုတိယဝန်ကြီးချုပ် နာဂျစ်ရာဇတ်မှ အကြံပေး ပြောဆိုခဲ့ခြင်းဖြစ်သည်။ “အာဆီယံအဖွဲ့ကြီးရဲ့ ကိုယ်စား မြန်မာစစ်ခေါင်းဆောင်တွေကို အတိုက်အခံလုပ်ပြီး ပြောဆိုရမယ်ဆိုရင် မြန်မာပြည် လေဘေးကယ်ဆယ်ရေး လုပ်ငန်းတွေအတွက် အာဆီယံအဖွဲ့ကြီးအနေနဲ့ အရေးကြီးတဲ့ အခန်းကဏ္ဍကနေ ပါဝင်ချင်ပါတယ်” ဟု ပြောကြားခဲ့သည်။ ၄င်းအစည်းအဝေးခန်းတွင် မြန်မာဒုတိယ ကာကွယ်ရေးဝန်ကြီး ဦးအေးမြင့် အနားတွင် ထိုင်ကာ မလေးရှား ဒုဝန်ကြီးချုပ်က ပြောဆိုလိုက်ခြင်း ဖြစ်သည်။

ထိုသို့ပြောဆိုခြင်းသည် မြန်မာအစိုးရမှ နိုင်ငံတကာ အကူအညီ အထောက်အပံ့များကို ငြင်းဆိုနေခြင်းများအား ဖယ်ရှားပေးဖို့ အာဆီယံနိုင်ငံများအတွင်းမှ သိသာထင်ရှားသည့် ဖိအားပေးခြင်း ဖြစ်သည်။ အာဆီယံ နိုင်ငံများအတွင်း နိုင်ငံတစ်နိုင်ငံ၏ ပြည်တွင်းရေးကို ဝင်ရောက် မစွက်ဖက်ရေးမူဝါဒ ကျင့်သုံးခဲ့ရာ ယခုကဲ့သို့ မလေးရှားနိုင်ငံ ဒုတိယဝန်ကြီးချုပ် နာဂျစ်ရာဇတ်၏ တောင်းဆိုချက်သည် ပုံမှန်မဟုတ်သော တောင်းဆိုချက်တစ်ခု ဖြစ်သည်။

နာဂျစ်ရာဇတ် မှ ယခုကဲ့သို့ စစ်ရေးအကူအညီများ ရယူလိုက်ခြင်းအားဖြင့် စစ်အစိုးရအတွက် တစ်စုံတစ်ရာ ခြိမ်းခြောက်မှု မရှိဘူးဟုလည်း ပြောဆိုခဲ့သည်။ ဒုက္ခရောက်နေသူတွေထံကို စစ်ရေးအထောက်အကူပြု ပစ္စည်းများ သုံးစွဲပြီး အကူအညီများ ပေးရေးမှအပ တခြားဘာရည်ရွယ်ချက်မှ မရှိဘူးဟုလည်း နာဂျစ်ရာဇတ်မှ သတင်းထောက်များကို အစည်းအဝေးအပြီးတွင် ပြောဆိုခဲ့သည်။

အစည်းအဝေးတွင် မြန်မာပြည် အခြေအနေသည် အလွန်တရာကို စိုးရိမ်စရာဖြစ်ပြီး စစ်အကူအညီပေးမှုနှင့် ပတ်သက်ပြီး “စစ်တပ်ဆိုတာ အရည်အသွေးရှိတဲ့ အဖွဲ့အစည်းဖြစ်ကြောင်း၊ စစ်ရဟတ်ယာဉ်များ ရေလမ်းကြောင်းသွား မော်တော်ငယ်များဟာ မုန်တိုင်းဒဏ်ခံနေရသူများကို ထိထိရောက်ရောက် ကယ်ဆယ်မှုများ ပေးနိုင်မှာဖြစ်ကြောင်း၊ ဒီလို သယ်ယူပို့ဆောင်ရေး လုပ်ငန်းများစဉ်များဟာ အသွားအလာ ခက်ခဲ့တဲ့ နေရာများမှာ အမှန်တကယ် လိုအပ်ကြောင်း၊ အကယ်လို့သာ မြန်မာစစ်အစိုးရအနေနဲ့ အာဆီယံနဲ့ ကမ္ဘာ့နိုင်ငံအသီးသီးရဲ့ အကူအညီတွေကို အခုလို မယူခဲ့ဘူးဆိုရင် ဒုက္ခသည်ပေါင်းများစွာရဲ့အသက်တွေ ဆုံးရှုံးနိုင်ဖွယ်ရာရှိကြောင်း” သူက ဆက်လက် ပြောကြားခဲ့သည်။

No comments: