Saturday, May 17, 2008

ပန်တျာပွစိရဲ့ အငိုမျက်လုံး အပြုံးမျက်နှာ

တုတ်ကြီး (ခေတ္တ တာဝတိံသာ)

ကျွန်ုပ်ရဲဘော်တုတ်ကြီးသည် နွမ်းပါးသူတို့ ထုံးစံအတိုင်း လက်ဖက်ခြောက်ဖတ်ကလေးများအား အခါးရည် သောက်ပြီးတိုင်း ကျကျနန စုဆောင်းပြီး နည်းနည်းများလာလျှင် အရည်ညှစ် ဆားနယ်ကာ ဆီလေး ခပ်စပ်စပ် စိမ်လျက်ထားသော လက်ဖက်သား အနည်းငယ်ကို မြေပဲလှော်လေး မည်ကာမတ္တဖြင့် ရောနယ်ကာ ညစာ ပြင်ဆင်နေမိစဉ် သကာလ …

ကျွန်ုပ်၏ ယူဂျီ (ကျွန်ုပ်ပေးသမျှကို ယူကာ ဂျီကျတတ်သော ညီငယ် ညီမငယ်) များနှင့် မိဘများရော လေဘေးမှ လွတ်ပါ့မည်လားဟု တွေးတောရင်း ဒဇဂ္ဂသုတ်ကို နာနာဖိရွတ်နေမိ၏။

နှာဘူးရုပ်နှင့် အာလူးသုတ်ကိုသာ စားခဲ့ရသည်မှာ ကြာတော့ ခုလို လက်ဖက်သုတ်လေး ပြောင်းစားရသည်မှာ အကောင်းသား ရှိလှသော်လည်း မြို၍ကား မကျ။ ဒါကြောင့် ကျွန်ုပ် အာလူးများတာလည်း ဖြစ်နိုင်သည် ကံ၊ စိတ်၊ ဥတု၊ အဟာရလို့ ရှေးသုခမိန်များ အဆိုရှိခဲ့သကိုး …။

သုတ္တံဒေသနာလေး ရွတ်လိုက် အတွေးတို့ ဟိုရောက် သည်ရောက်လိုက်ဖြင့် တိတ်ဆိတ် အထီးကျန်လှသော်လည်း အေးငြိမ်းလှသည့် ညစာကို လေးလံ အံတိုနေသော ပါးစပ်ကြီးဖြင့် တချက်ချင်း ၀ါးနေရင်း မိမိ၏ ယူဂျီ (မြန်မာပြည်အတွင်းတွင် မနေထိုင်သည့်) ဖြစ်သော ရဲဘော် (အတင်း မိမိဘက်မှ ခံယူထားသော) တစ်ယောက်မှ လှမ်းခေါ်ပြောကြားလာသည်ကို ကြားလိုက်မိတော့ …။

အလိုဗျာ ဘာတဲ့တုန်း …။
ရင်တုန်စရာ ခင်ဥမ္မာရယ် … မျက်ရည်သုတ်လိုက် ခေါင်းရမ်းလိုက် အကယ်ဒမီရှော့တွေပဲ နန္ဒာလှိုင်နဲ့ နင်လား ငါလားပဲ “ဟင့် … အိုင်လွှတ်ထားတဲ့ ယူဂျီတွေ ခုဆိုရင်လေ helping and saving people ပါ ဟင့် … ရွှတ် ဖတ် …” (နှပ်ညှစ်ပြီး ဘေးနှားမှ သတင်းစာရှင်းလင်းပွဲ အခမ်းအနားမှူးဖက်သို့ လက်ခါလိုက်သံ) ပြောချလိုက်ပုံက ...။

ဟော … မင်းသမီးရဲ့ ယူဂျီဖော်ထုတ်ပွဲ ပြီးမယ်မှ မကြံသေး၊ မင်းသားတပါး တက်လာပြန်သည်။ မဆလခေတ် တလျှောက်လုံး နေ၀င်းတပည့်များ လုပ်လာကြသည့် ဒေသက ခေါင်းဆောင်ကြီး ဦးဆီပြန်ဟင်းမို့မုန်းက ပြောပြန်ပြီ “မြစ်ဝကျွန်းပေါ်ဆိုတာ ကရင်တွေချည်းပဲမို့ နအဖဟာ ဖိနှိပ်တာ ဖြစ်တယ်”တဲ့ … ဆရာကြီးက သူ၏ လေးပေ ကိုးလက်မသာသာ အရပ်အမောင်းဖြင့် ဒေါဖောင်းနေပြန်သည်။ INJUSTICES & CHEATING DETECTED on REFERENDUM DAY သတင်းစာရှင်းလင်းပွဲကြီးမှာ ငိုလိုက်ကြ ရယ်လိုက်ကြ အလယ်က မျက်လုံးလေး ကလယ်ကလယ်နဲ့ ပုဂ္ဂိုလ်ကတော့ ဆေးဆိုးထားသော ဆံပင်ဖြူများ ထိုးထိုးထောင်ထောင် ထကာ ဟိုကြည့်သည်ကြည့် ...။

ကျွန်ုသည် မြန်မာပြည်အပြင်က ကျွန်ုပ်၏ သတင်းထောက်တဖြစ်လဲ ယူဂျီဖြင့် gtalk ဆိုသည့် communication system ကြီးကို အသုံးပြုကာ ပြောကြားထားသည်များအားသာ ပြလိုက်ပါတော့မည်။

ရဲဘော်တုတ်ကြီး ။ ။ ဟုတ်ပြီ … အဲဒီ သတင်းစာရှင်းလင်းပွဲ နာမည်က ဘယ်လိုလဲ …။
မြေပေါ်ယူဂျီ ။ ။ INJUSTICES & CHEATING DETECTED on REFERENDUM DAY
Press conference by NCUB၊ NUGUB၊ ENC၊ WLB၊ FDB၊ SYCB၊ NYF
FOREIGN CORRESPONDENTS’ CLUB OF THAILAND (FCCT) BKK
MAY 15, 10:00 am
ဒေါ်ခင်ဥမ္မာနဲ့ ဦးအောင်မိုးဇော်က မြန်မာ့ဒီမိုကရက်တစ်အင်အားစု၊ ဒေါ်ခင်ဥမ္မာက coordinator of Burma Partnership၊ အေအေပီပီက ကိုတိတ်နိုင်တို့လည်း တွေ့တယ်။

ရဲဘော်တုတ်ကြီး ။ ။ ဟုတ်လား ‘အေးအေးပြီးပြီ’က ကိုတိတ်နိုင်တို့က နာမည်နဲ့ လိုက်အောင်ပဲ တိတ်နိုင်လှချည် ဖြစ်သလား။
မြေပေါ်ယူဂျီ ။ ။ သူကတော့ ပြုံးပြီးပဲ နားထောင်နေပါတယ်။

ရဲဘော်တုတ်ကြီး ။ ။ ဟုတ်လား … သွားပေါက်ချင်လို့ ဖြစ်မယ် ဒါမှမဟုတ် အံတိုသွားလို့လား။
မြေပေါ်ယူဂျီ ။ ။ အဲဒါတော့ မသိဘူး၊ ခေါင်းတညိတ်ညိတ်ပဲ။

ရဲဘော်တုတ်ကြီး ။ ။ ပုတ်သင်ညို ဖြစ်သွားတာလား … ကဲကဲ … ထားလိုက်ပါ။ တခြားလူတွေ ဘယ်သူတွေ ပါ သေးလဲ။
မြေပေါ်ယူဂျီ ။ ။ လူဘောင်သစ်က ရဲဘော်တွေရောပဲ။ NCGUB က ဦးဇင်လင်းကတော့ ခေါင်းပဲ တဆတ်ဆတ် ညိတ်နေတာ တွေ့တယ်။

ရဲဘော်တုတ်ကြီး ။ ။ ဦးဇင်လင်းလည်း ပုတ်သင်ညို ဖြစ်သွားတာလား ...။
မြေပေါ်ယူဂျီ ။ ။ အာ ... အဲလိုတော့ မဟုတ်ပါဘူး လူတွေပါပဲ၊ သိသိသာသာ မပြောင်းသေးပါဘူး။

ရဲဘော်တုတ်ကြီး ။ ။ အေးလေ … ဒါဆို ပန်းကန်ဆေးလိုက်ဦးမယ်၊ နောက်မှ ထပ်ပြောကြတာပေါ့ ညီလေးရာ ဟုတ်လား …။

ကျွန်ုပ်သည် ကွန်ပြူတာအနားမှ ထကာ စားပြီးသား ပန်းကန်အား ဆေးရန် ပျင်းပျင်းရှိသဖြင့် လက်နှစ်ဖက်ဖြင့် ကိုင်ကာ ခွေးလျက်သလို အားပါးတရ လျက်ပြီးနောက် ရေဆေးကန်လေးဘေးတွင် မှောက်လျက် ချထားလိုက်ပါ တော့သည်။

ပြည်သူ့ခမျာမှာတော့ သေလိုက်တာ သောက်သောက်လဲ၊ ငတ်လိုက်တာလဲ လူ့သမိုင်းမှာ ဟစ်တလာခေတ် အ ကျဉ်းစခန်းများထဲက ဂျူးအကျဉ်းသားများနှင့် နင်လားငါလား …။ နအဖ အကျင့်ယုတ် လိမ်ညာမည် ဆိုသည်ကို ကနဦးကတည်းက သိနေကြပြီး ဖြစ်သော်ငြား သတင်းစာရှင်းလင်းပွဲဖြင့် ရှင်းလိုက်တော့လည်း မကောင်းလောဟု တော့ တွေးမိပါသည်။

အမှန်တော့ ယူဂျီတွေ ပူစီတွေဆိုတာ ယုံတမ်းစကားများသာ၊ လူစိတ်ရှိသူတိုင်း တခုရလျှင် တပိုင်းစီ စားမယ်ဆို တဲ့ လူစိတ်ဖြင့် သွားရောက် ကူညီကြခြင်း ဖြစ်သည်။ နောက်တော့ နအဖသည် ကရင်မှ ကရင်နီမှ ရှမ်းမှ မွန်မှ ရ ခိုင်မှသာ ရက်စက်သည်မဟုတ် နအဖသည် ၄င်းတို့၏ အကျိုးစီးပွားအား ထိခိုက်လာမည်ဆိုလျှင် ဗုဒ္ဓဘုရားရှင်ကို တောင် သင်္ကန်းဆွဲချွတ် တိုက်ပိတ် ရိုက်နှက်မည့် သူများဖြစ်သည် ဆိုသည့်အချက်အား နှစ်လေးဆယ်ကျော် ပြည်တွင်းစစ်ကို မျှစ်စားတိုက်လာကြသော တိုင်းရင်း သားတိုင်း သဘောပေါက်ခဲ့သည်မှာ ကြာပြီဖြစ်ကြောင်း ဦးဆီပြန်ဟင်းမို့မုန်းအား အသိပေးလိုစိတ်ဖြင့် တိတ်ဆိတ်စွာ သည်စာလေးအား ပဏာမ အနေဖြင့် နေမမြင့်ခင် ရေးလိုက်မိပါသည်။

တုတ်ကြီး (ခေတ္တ တာဝတိံသာ)

1 comment:

Tin Moe Aye said...

ko tote Kyi,

I just want to laugh..hahaha

MyaungMya Lauk Pyar