Friday, May 16, 2008

Global Action Day for Burma's Cyclone Victims (17-5-2008)

ကုလသမဂ္ဂ၏ စစ်ရေးအရ ၀င်ရောက်စွက်ဖက်ပိုင်ခွင့်
(Responsibility to Protect)
“အစိုးရတရပ်အနေဖြင့် မိမိပြည်သူများအပေါ် ကာကွယ်နိုင်စွမ်း မရှိတော့လျှင် လူမှုရေးကိစ္စ အခြေခံပြီး နိုင်ငံတကာ အသိုင်းအ ၀ိုင်းက စစ်ရေးနည်းဖြင့် ၀င်ရောက်စွက်ဖက်ခွင့် ရှိသည်။”


“ အစိုးရတရပ်အနေဖြင့် မိမိပြည်သူများအပေါ် ကာကွယ်နိုင်စွမ်း မရှိတော့လျှင် လူမှုရေးကိစ္စ အခြေခံပြီး နိုင်ငံတကာ အသိုင်းအ၀ိုင်းက စစ်ရေးနည်းဖြင့် ၀င်ရောက်စွက်ဖက်ခွင့် ရှိသည်ဆိုသည့် ကုလသမဂ္ဂလုပ်ပိုင်ခွင့် (Responsibility to Protect) သည် အစိုးရတရပ်က မိမိပြည်သူများအတွက် ကယ်ဆယ်ရေး အကူအညီများ လက်မခံဘဲ ငြင်းဆန်နေလျှင်လည်း အကျုံးဝင်သည်”
(သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီးဟောင်း Gareth Evans ၏ ပြောကြားချက် - မေလ ၁၃၊ ၂၀၀၈)

သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီးဟောင်း Gareth Evans သည် အစိုးရတရပ်အနေဖြင့် မိမိ ပြည်သူများအပေါ် ကာကွယ်နိုင်စွမ်း မရှိတော့လျှင် လူမှုရေးကိစ္စ အခြေခံပြီး နိုင်ငံတကာ အသိုင်းအ၀ိုင်းက စစ်ရေးနည်းဖြင့် ၀င်ရောက်စွက်ဖက်နိုင်ခွင့်ရှိသည်ဆိုသည့် ကုလသမဂ္ဂလုပ်ပိုင်ခွင့် (Responsibility to Protect) ကို ၂၀၀၅ နှစ်တွင် ချမှတ်နိုင်အောင် ဦးဆောင်စည်းရုံးခဲ့သူဖြစ်သည်။

“သဘာဝဘေးအန္တရာယ် ကျရောက်သည့် ကိစ္စမျိုးတွင် ထိုကုလသမဂ္ဂ လုပ်ပိုင်ခွင့်ကို အသုံးချနိုင်သလား ဆိုသည့် BBC Channel 4 ၏ အမေးကို စစ်ရေးနည်းဖြင့် ၀င်ရောက်စွက်ဖက်ရန် ဖြစ်နိုင်သည်ဟု ဗြိတိသျှ နိုင်ငံခြားရေးဝန်ကြီး David Miliband က အင်္ဂါနေ့တွင် ဖြေကြားခဲ့သည်။”
(ဗြိတိသျှ နိုင်ငံခြားရေးဝန်ကြီး David Miliband - မေ ၁၃၊ ၂၀၀၈)

Save Our People by Forced Humanitarian Intervention Immediately!!!
ကျွန်ုပ်တို့၏ နာဂစ်မုန်တိုင်းဘေးဒုက္ခသည် မြန်မာနိုင်ငံသားများကို အင်အားသုံး ၀င်ရောက်ကယ်တင်ရန် နိုင်ငံတကာ ကယ်ဆယ်ရေးတပ်များ အဆင်သင့် ဖြစ်နေပါပြီ။
အင်အားသုံး ၀င်ရောက်ကယ်တင်ပေးရေးအတွက် နိုင်ငံတကာရောက် မျိုးချစ်မြန်မာများအားလုံး မနက်ဖြန် Global Action Day for Burma's Cyclone Victims (17-5-2008) တွင် အင်တိုက်အားတိုက် တက်ညီလက်ညီ တောင်းဆို
ဆန္ဒပြကြပါစို့။

5 comments:

YEA CHAN said...

Save Our People by Forced Humanitarian Intervention Immediately.

YEA CHAN said...

Save Our People by Forced Humanitarian Intervention Immediately.

Forrest Gump said...

Just FYI :)

Australia's Ambassador to the United Nations says there is no way the international community can force Burma's military government to open its borders to foreign relief workers to help the victims of Cyclone Nargis.

Nearly two weeks after the Irrawaddy Delta was hit by the cyclone, the official death toll is more than 43,000.

Robert Hill has told the ABC that coercive intervention is not being discussed at the UN.

"The world is frustrated and disappointed but there's not a serious discussion about a coercive response," he said.

"Basically states have the primary responsibility to address the needs of their peoples in these difficult times.

"It's good that others offer assistance. Whether it's accepted really depends on the national government in place at the time."

The full interview with Ambassador Hill can be heard on The National Interest on ABC Radio National.

Source:

http://www.abc.net.au/
news/stories/2008/05/16/2247309.htm?
section=justin

Unknown said...

ကောင်းပါတယ်ဗျာ၊
ကိုယ်ပြည်သူတွေကို ကိုယ်တိုင်းပြည်ကအစိုးရကထိထိရောက်ရောက်၊ အတွေ့အကြုံရှိ၊တိုးတက်နေသော၊နိုင်ငံတွေအတိုင်းခြေလှမ်းမှီမှီ လည်းကယ်ဖို့တော့လည်းမလုပ်နိုင်၊ ၀ိုင်းရောက်ကူညီဆောင်ရွက်လိုပါတယ်လို့လည်းပြောတာကိုရွေးချယ်လက်ခံနေတော့ ကျန်မြန်မာလူမျိုးတွေအားလုံးဖြစ်သော၊ပြည်တွင်းပြည်ပနှစ်ဖက်စလုံးက ပြည်ပနိုင်ငံကြီးများအပါအ၀င် ကုလသမဂ္ဂငြိမ်းချမ်းရေးတပ်များပါဝင်ရောက်ဖို့ကိုတောင်းဆိုနေတာ ကိုတရားတယ်လိုတော့မြင်ပါတယ်။
သိုပေမဲ့ထိုသိုသောတောင်းဆိုမှုအားလုံးသည် လက်ရှိခံစားနေရသောအခြေအနေ၊ဒေါမနသနှင့်
ညှစ်ပတ်စုတ်ပြတ်မှု့ အောက်တွင်ခံစားရသောမကြေနပ်ချက်များနှင့်အတူ၊မိမိ၏တင်ပြလုပ်ဆောင်ချက်များမအောင်မြင်သောကြောင့်ဟူသောအကြောင်းထက်၊မိမိလက်ဦးမှုမရမှုခြင်းတို့အ ပေါ်မှာလည်းအခြခံပါသည်။ မည်သို့ပင်ဖြစ်စေကာမှု-
အားလုံးအားအရေးတကြီးမေတ္တရပ်ခံလိုခြင်းထက်။ ကိုယ်လုပ်သောအမှုကိုကိုယ်တိုင်ရဲရဲဝံ၀ံရင်ဆိုင်ရှင်းရဲသောစိတ်တော့မွေးကြပါ၊တာဝန်ယူကြပါ၊ သမိုင်းတွင် ကိုယ်ကြောင့်ဆိုတာကြီးကိုဆိုတာတော့ အပြောမခံကြပါစေနှင့်
နောက်ဖြစ်လာမဲ့ဆိုးကျိုးတွေ၊ နောက်ဆက်တွဲတွေအားလုံးသော၊ နယ်မြေလုံခြုံရေး၊ တည်ငြိမ်ရေး၊ ဒေသတွင်းလုံခြုံရေး၊ တည်ငြိမ်ရေး ကိစ္စရပ်အားလုံးသည် ကျွန်ပ်တို့ ၏ လုပ်ဆောင်မှုတိုင်းတွင်အခြေခံသည်ဆိုတာကိုတော့ရဲရဲကြီးစဉ်းစားပြောဆိုဆုံးဖြတ်ကာရှေ့သိုတက်လှမ်းနိုင်ကြ ပါစေလို့ဆုတောင်းပါတယ်။
တာဝန်သည်သင့်တွင်အပြည့်အ၀ရှိပါသည်။ဆိုတာကိုတော့သင်သေသေချာချာနားလည်ပါ၊သောက်တရမ်းတွေတော့မလုပ်ပါနှင့် မပြောပါနှင့်မခင်းကျင်းပါနှင့်၊ သမိုင်းတရားခံကိုမိမိလုပ်ခဲ့သောသမိုင်းတွင်ကောင်းတွေကိုပင်မထောက်ဘဲအလွန်ဆိုးဝါးစွာခံစာရပြီး။ မြန်မာနိုင်ငံလူမျိုးတိုင်းပါ သမိုင်းနှင်ချီပြီးခံရမည်ကိုတော့ သိထားရင် ထိုသိုအကြောင်းအရာများပေါ်ပေါက်လာခြင်းမရှိအောင် မည်သို့ ရှောင်ရှားလုပ်ဆောင် ၍
အောင်မြင်နိုင်မည့်လမ်းကိုသေသေချာချာစဉ်းစားလုပ်ဆောင်ကြရန်အကြံပေးခြင်းဟုသာယူဆပါကုန်သော်-

Unknown said...

Yes, Please save the people
immediately.I Beg you, people are dying every second.