မြန်မာ့ဒီမိုကရေစီအင်အားစုများ၏ ဂျပန်နိုင်ငံ မြန်မာသံရုံးရှေ့
နအဖအခြေခံဥပဒေ ဆန့်ကျင်ကွက်ပွဲ အဓိကရုဏ်း ဓာတ်ပုံများ
ကျွန်ုပ်တို့၏ သတင်းထောက်နှင့် အာဟာရစာစောင် ၀ိုင်းတော်သားများ ပေးပို့သည်
နအဖအခြေခံဥပဒေ ဆန့်ကျင်ကွက်ပွဲ အဓိကရုဏ်း ဓာတ်ပုံများ
ကျွန်ုပ်တို့၏ သတင်းထောက်နှင့် အာဟာရစာစောင် ၀ိုင်းတော်သားများ ပေးပို့သည်
ဒေါက်တာလွဏ်းဆွေခင်ဗျား …
စာ(၁) - အခု အရေးကြီး သတင်းတရပ် ပေးချင်ပါတယ်။ ဂျပန်မှာ အခုလို ရုန်းရင်းဆန်ခတ် ဖြစ်နေတယ်ဆိုတာ အသိပါ။ ဂျပန်နိုင်ငံရောက် ၀န်ထမ်းများ မဲပေးရန် သံရုံးအတွင်း ၀င်ရောက်ခွင့် မရပါသဖြင့် သံရုံးမှ ဖုံးနံပါတ်တခုဖြင့် ဆက်သွယ်ကာ အချင်းချင်း လက်ဆင့်ကမ်းရန် ပြောလာပါသည်။ ဟော်တယ်တခု အတွင်းတွင် သွားရောက် မဲပေးရန် ဖြစ်ပါသည်။ ထိုသို့ မဲပေးရာတွင် ၀န်ထမ်း၏ အမည်နှင့် အတိအကျ မဲပေးရပြီး ထိုမဲများမှာ မှန်ကန်မှု မရှိပါ၍ ယခု ဆရာ့ဘလော့တွင် ဖတ်ရှုနေကြသော ၀န်ထမ်းအပေါင်းအား လက်ဆင့်ကမ်း ဖြန့်ဝေခြင်းဖြစ်ပါသည်။ အမှန်တရားကို တန်ဖိုးထားသူ ၀န်ထမ်းများ အမြန်ဆုံး လက်ရှောင်နိုင်ရန်အတွက် သတိပေးပါသည်။ အချိန်မလုံလောက်၍ အမြန်ဖြန့်ဝေရခြင်း ဖြစ်ပါသည်။
စာ(၂) - အဖေနာမည်ပါ ပါပါသည်တဲ့ …. ထပ်မံအကြောင်းကြားလာပါသည်။
စာ(၃) - အခု ထပ်မံရရှိလာတဲ့ သတင်းများအရ အစိုးရ၀န်ထမ်း စကော်လာသမားများထဲက တချို့ကို ထမင်းဖိတ်ကျွေးပြီး တမျိုး၊ shopping mall တွင် တွေ့ဆုံ၍ တဖုံ တိုးတိုးတိတ်ခေါ်ကာ မဲပေးခိုင်းခြင်းဖြစ်ကြောင်း သိရသည်။ ဘိုင်အိုဂရပ်ဖီနှင့် အမှန်အမှားကိုတွဲ၍ တခါတည်း တင်ရပါသည်။ မိမိသဘောထားအမှန် ဖြေခွင့်မရပါ။
ဆရာခင်ဗျား …
စာ(၄) - သံရုံးကို ညနေ (၆)နာရီ သာသာတွင် ပြန်ဖွင့်ပြီး ယခုအခါ လွပ်လပ်စွာ မဲပေးလို့ရပြီဖြစ်ကြောင်း မဲပေးလာသူ ကိုယ်တိုင် ပြောကြားလာပါသည်။ ဂျပန်ရဲများ ဘာကြောင့် ဒီလိုလုပ်ရသည်ကို နားမလည်နိုင်အောင် ဖြစ်နေကြပြီး သံရုံးဝန်ထမ်းများ အတွင်း၌ပင် သဘောထားကွဲလွဲမှု ရှိနေကြောင်းကို တွေ့ရှိရသည်ဟု ဆိုပါသည်။
လေးစားစွာဖြင့် …
အမည်မဖော်လိုသူတဦး (ဂျပန်)
ဂျပန်သတင်း - နောက်ဆက်တွဲ(၁)
ရဲများနှင့် အဓိကရုန်းဖြစ်စဉ် မိန်းခလေး (၂) ဦး ထပ်မံဒဏ်ရာရရှိ၍ ဆေးရုံကားဖြင့် တင်ဆောင်သွားကြောင်း၊ သံရုံးအတွင်းသို့ မရမက ၀င်ရောက်ပြီး မဲသွားပေးသူ အမျိုးသမီးတဦး သံရုံးအပြင်သို့ ပြန်ထွက်လာစဉ် မေးမြန်းကြည့်ရာမှာ သူမက အခုလို ပြောပြပါတယ်။
“ကျမက ကန့်ကွက်မဲပေးဖို့ မရမက တိုးသွားတာပေါ့။ ရဲနဲ့ သံရုံးဝန်ထမ်းတွေကလည်း ပိတ်ထားတာပေါ့နော်။ အထဲရောက်တော့ မဲပေးမှာလားလို့ မေးတယ်။ ဟုတ်တယ်လို့ ပြောတော့ မဲစာရွက်ပေါ့နော် အမှားအမှန် ခြစ်ပေါ့။ ခြစ်ပြီးတော့ စာအိတ်တလုံးထဲ ထည့်ပိတ်ပြီး နောက်ခန်းက ပုံးထဲမှာ သွားထည့်ရတယ်။ ကျမ မဲခြစ်နေတော့ ဓာတ်ပုံရိုက်ယူတယ်။ ကန့်ကွက်မဲ ကြက်ခြေခတ် ခြစ်နေတာကို ရိုက်တာပေါ့။ ပြီးတော့ ထမင်းစားသွားပါလားတဲ့။ ကျမလှည့်တောင် မကြည့်ဘူး ပြန်ထွက်လာခဲ့တာ။ ဘာဖြစ်ဖြစ် အခွန်လည်း မဆောင်နိုင်ဘူး၊ ကိုယ်လုပ်နိုင်တဲ့ အပိုင်းကို လုပ်တာပဲ။ ဂျပန်ရဲတွေက ဒီတခါ အရမ်းမိုက်ရိုင်းတယ်၊ ကျမသူငယ်ချင်းတချို့ အရိုက်ခံရတယ်။”
ဆန္ဒပြ ရဲဘော်တဦးကလည်း “သံရုံးအတွင်းဘက်ကနေ သံရုံးဝန်ထမ်းတဦးက အော်ဟစ်ပြီး ဆဲနေတယ်ဗျာ။ ၀င်လာရဲတဲ့ကောင် ၀င်ခဲ့၊ ရိုက်ထုတ်ပစ်မယ်၊ ဘာညာပေါ့။ ကျနော်တို့ ရဲဘော်တွေကလည်း ပြန်ဆဲပေါ့ဗျာ၊ ပွဲက မပြီးသေးဘူး။ ခုသံရုံးဝမှာတော့ ရဲကားတွေ၊ အချုပ်ကားတွေ၊ ဆေးရုံကားတွေနဲ့ ကျနော်တို့တွေကို ၀ိုင်းလည်းဝိုင်း၊ ကာလည်းကာထားတာပေါ့။ လောလောဆည်တော့ သံရုံးအတွင်းနဲ့အပြင် ဆဲလိုက် ကြွေးကြော်လိုက်နဲ့ ဆက်ချကြဦးမယ်” လို့ ပြောဆိုပါတယ်။ အဆိုပါ ရဲဘော်ကပဲ ဆက်လက်ပြီး “ဟော ခုပဲ သံရုံး မဲလာပေးတဲ့သူတွေကို မောင်းထုတ်ပြီး ပြန်ခိုင်းနေတယ်ဗျ၊ ကျနော်တို့ဆီမှာ ၄နာရီ ၄၀ ပေါ့နော်၊ ကျနော်တို့ ဆန္ဒပြ ရဲဘော်တွေကတော့ အခြေအနေ စောင့်ကြည့်နေကြတယ်။ မပြန်ကြသေးဘူး။ ပ ဆက်ရမယ့် အခြေအနေပဲ” လို့ ပြောပြပါတယ်။ ဒီကနေ့ ဆန္ဒပြတဲ့ လူဦးရေ ၃၀၀ ကျော်ရှိတယ်လို့လည်း သိရပါတယ်။
နအဖအခြေခံဥပဒေကို ကန့်ကွက်ဆန္ဒပြသည့် ဂျပန်ရောက် မြန်မာ့ဒီမိုကရေစီအင်အားစုများနှင့် ဂျပန်ရဲများ အဓိကရုဏ်းဖြစ်ပွားနေ
ယနေ့ နံနက်ပိုင်းက ဂျပန်နိုင်ငံ နအဖသံရုံးရှေ့၌ မြန်မာ့ဒီမိုကရေစီ အင်အားစုများမှ နအဖဖွဲ့စည်းပုံ အခြေခံဥပဒေ ဆန္ဒခံယူပွဲအား ကန့်ကွက် ဆန္ဒပြခဲ့ကြကြောင်း သတင်းရရှိသည်။ ဆန္ဒပြပွဲအား ဂျပန်ရဲတပ်ဖွဲ့မှ အင်အားအလုံးအရင်းဖြင့် ရိုက်နှက်ဖြိုခွင်းသဖြင့် ဦးမြင့်သိန်း (အဲန်အယ်လ်ဒီ)၊ မသော်တာမင်းထွန်း (ဘီဒီ အေ)၊ ကိုစိုးမင်းအောင် (ဘီဒီအေ)၊ မမြဖြူပြာ (လူ့ဘောင်သစ်)၊ နော်သာဘလူးနှင့် အမျိုးသမီးတဦး အပါအ၀င် အမျိုးသား (၈) ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြကြောင်း သိရသည်။ ကိုယ်ဝန်ဆောင် အမျိုးသမီးဖြစ်သည့် မသော်တာမင်းထွန်းမှာ ဗိုက်ကို ရိုက်နှက်ခံရသဖြင့် ကိုယ်ဝန်ပျက်ကျမလို ဖြစ်နေကြောင်း သိရသည်။ ကိုလင်းအောင် (အဲန်အယ်လ်ဒီ)မှာ ရိုက်နှက်သည့် ရဲများအား ပြန်လည်ခုခံ ထိုးကြိတ်သဖြင့် ဖမ်းဆီးသွားကြောင်း ဆန္ဒပြနေသော ရဲဘော်များမှ သတင်းပေးပို့လာသည်။ ယခုအချိန်ထိ ဆက်လက်ဆန္ဒပြ ကြွေးကြော်နေကြဆဲဖြစ်ပြီး ဆန္ဒပြရဲဘော်များအား ဂျပန်ရဲတပ်ဖွဲ့မှ ၀ိုင်းပတ်ပိတ်ဆို့ထားကြောင်း သတင်းရရှိ သည်။ (ကိုလင်းအောင်နှင့် မြန်မာလူငယ်(၄)ဦးအား ဂျပန်အာဏာပိုင်များက ဖမ်းဆီးထိန်းသိမ်းလိုက်သည်ကို တိုကျိုရုပ်မြင်သံကြား အစီအစဉ်မှ ထုတ်လွှင့်သွားခဲ့သည်)
နောက်ဆက်တွဲ သတင်းပေးပို့ချက်အရ ဆန္ဒပြ ရဲဘော်များနှင့် ဂျပန်ရဲများ အပြန်အလှန် ထိုးကြိတ်ရိုက်နှက် တိုက်ပွဲဝင်လျက်ရှိကြောင်း သိရသည်။ မြန်မာမိန်းကလေးငယ်များအား ခြေနှင့်လက်တို့ကို ချုပ်နှောင်၍ ပက်လက် တရွတ်တိုက်ဆွဲခေါ်ကာ သံရုံးဘေး ပန်းခြံ၌ ထိန်းသိမ်းထားကြောင်း၊ သံရုံးမိုးကောင်းကင်တွင် စစ်ရဟတ်ယာဉ် ၅ စီး ၀ဲပျံ လျက်ရှိကြောင်း၊ မိန်းခလေးများမှာ အ၀တ်အစားများ ဖရိုဖရဲဖြစ်လျက် ဘောင်းဘီကျွတ် စကတ်ကျွတ် ဖြစ်နေကြကြောင်း၊ ဂျပန်အာဏာပိုင်များ ယခုကဲ့သို့ နှိမ်နင်းဖြိုခွဲသော်လည်း ဆက်လက် တိုက်ပွဲဝင်သွားကြမည်ဖြစ်ကြောင်း သတင်းရရှိသည်။
ထပ်မံပေးပို့လာသော သတင်းများအရ ဆန္ဒပြသူဦးရေ (၃၀၀)ခန့်ရှိပြီး မိန်းကလေးနှစ်ဦး ထပ်မံဒဏ်ရာရရှိကာ ဆေးရုံးတင်ပို့လိုက်ရကြောင်း၊ ဂျပန်ရဲတပ်ဖွဲ့ဝင်များ အင်အားထပ်မံဖြည့်တင်းနေပြီး ဆက်လက် အကြမ်းဖက်ဖြိုခွင်းရန် ပြင်ဆင်ကြောင်း၊ သို့သော် ဒီမိုကရေစီအင်အားစုများအနေနှင့် စုစည်းညီညွတ်စွာ ဆက်လက် တိုက်ပွဲဝင်လျက်ရှိကြောင်း၊ ဂျပန်ရဲများ ဖြိုခွင်းသည့်ပုံစံမှာ နအဖစစ်ခွေးများ၏ နည်းနာနှင့် ဆင်တူကြောင်း သတင်းရရှိသည်။
ယနေ့နံနက်တွင် တောင်ဒဂုံမြို့နယ်၌ ကျောင်းသားလူငယ်တစုက
X - NO မှုတ်ဆေးကမ်ပိန်း ပြုလုပ်
X - NO မှုတ်ဆေးကမ်ပိန်း ပြုလုပ်
ယနေ့နံနက် (၈)နာရီက စတင်ပြီး တောင်ဒဂုံမြို့နယ် မုခ်ဦးနှင့် ကားမှတ်တိုင်များမှ အုတ်ထိုင်ခုံများတွင် ကျောင်းသားအရွယ် လူငယ်တစုမှ နအဖ အခြေခံဥပဒေကို ကန့်ကွက်သည့်အနေနှင့် X - NO စာလုံးများကို အနက်ရောင် စပရေးနှင့် လိုက်ရေးပြီး ပြည်သူတွေသိရှိအောင် လုပ်ဆောင်ပြသခဲ့ကြကြောင်း သတင်းရရှိသည်။ ဆေးနှင့် အမြန်မှုတ်လိုက် လူပြန်ခွဲလိုက်နှင့် အချိန်အတော်ကြာ လုပ်နိုင်ခဲ့ကြပြီး အာဏာပိုင်တွေ၏ ဖမ်းဆီးခြင်း မခံရအောင်လည်း ရှောင်တိမ်းနိုင်ခဲ့ကြောင်း သိရသည်။
ပြည်တွင်းမှ ပြည်သူတွေအနေနှင့် အခုအချိန်အထိ မည်ကဲ့သို့ ဆုံးဖြတ်ရမည်မသိ ဖြစ်နေကြသည့်အတွက် ယခုကဲ့သို့ လုံခြုံရေး တင်းကြပ်ထားသည့်ကြားမှ ကျနော်တို့ အတိုက်ခံတွေအနေနှင့် လုပ်လို့ရသည်ဆိုသည်ကို ပြသလိုက်ခြင်းဖြစ်ကြောင်း၊ ပြည်သူတွေ အနေနှင့်လည်း ရဲဝံ့စွာ ကန့်ကွက်ကြပါဟု တိုက်တွန်း ပြောကြားလိုကြောင်း ယခုလှုပ်ရှားမှုတွင် ဦးဆောင်ပါဝင်သူ ကိုအောင်နိုင်က ပြောပါသည်။ လာမည့် ၂၇ ရက်နေ့တွင် ရန်ကုန်တမြို့လုံး၌ ယခုလို မှုတ်ဆေးကမ်ပိန်း ထပ်မံပြုလုပ်ဖို့ အစီအစဉ်ရှိကြောင်း သူက ထပ်လောင်း ပြောကြားသည်။
ဂျပန်ရောက် မြန်မာနိုင်ငံသားများရဲ့ ပထမရက် မဲပေးပွဲ အခြေအနေ
သတင်း - မိုးသောက်ကြယ်ဘလော့ဂ်
သတင်း - မိုးသောက်ကြယ်ဘလော့ဂ်
အသည်းကောင်းလို့ မဲတောင်းတဲ့ပွဲကို ဂျပန်နိုင်ငံမှာ ယနေ့ဧပြီလ(၂၆)ရက် (စနေနေ့)မှာ စတင် ပြုလုပ်ပါတယ်။ ဆန္ဒမဲပေးမယ့် ဂျပန်ရောက် မြန်မာတိုင်းရင်းသား ညီအကိုမောင်နှမများဟာ နံနက် (၈)နာရီ မထိုးခင်ကတည်းက နအဖစစ်အခွန်ရုံးရှေ့မှာ စည်းကမ်းတကျ တန်းစီစောင့်ဆိုင်းပါတယ်။ မြန်မာနိုင်ငံသား စစ်စစ်ဖြစ်ကြောင်း မြန်မာ နိုင်ငံကူးလက်မှတ်များ ကိုင်ဆောင်ထားကြပြီး တချို့ကလည်း အမျိုးသားမှတ်ပုံတင် ကတ်များပါ ကိုင်ဆောင်ထား ကြပါတယ်။ စောင့်ဆိုင်းနေကြသူများ အားလုံးဟာ ‘NO’ စာတမ်းပါ တီရှပ်အင်္ကျီများ ၀တ်ဆင်ထားကြပြီး တချို့ကလည်း ‘NO’ ဆိုတဲ့ စာလုံးကို မိမိတို့ရဲ့ ရင်ဘတ်များမှာ ကပ်ထားကြပါတယ်။ နအဖအခွန်ရုံးက ဒီလောက်အထိ မဲပေးကြလိမ့် မယ်လို့ မတွက်ထားလို့ အမှန်တကယ် မဲပေးမယ်လည်းဆိုရော တံခါးပိတ်ထားပါတယ်။
ဖိတ်စာရလို့ နယ်ကနေ တကူးတက လာကြတဲ့ ကျောင်းသားကျောင်းသူများနဲ့ နိုင်ငံကူးလက်မှတ် စာအုပ်အစိမ်း ကိုင်ဆောင်ထားကြတဲ့ ပညာတော်သင်နဲ့ အလုပ်သင်များဟာ အခွန်ရုံးအ၀ကနေ ဖုန်းနဲ့ ဆက်သွယ်ကြပေမယ့် ဘာမှ အဖြေပြန်မလာဘဲ တချို့လူများကိုတော့ ဒီနေ့(စနေနေ့) မလာခိုင်းဘဲ မနက်ဖြန် (တနင်္ဂနွေနေ့)မှ လာဖို့ ပြန်လည်ဖြေကြားတယ်လို့လည်း အမည်မဖော်လိုသူ ကျောင်းသူတဦးက ရှင်းပြပါတယ်။
နောက်ဆုံးသိရတဲ့ သတင်းတွေအရ နယ်ကနေ ရထားတစ်တန်၊ ကားတစ်တန်နဲ့လာပြီး ထောက်ခံမဲပေးဖို့ ကျိန်းသေပေါက်တွက်ထားတဲ့ စာအုပ်အစိမ်းကိုင် ပညာတော်သင်နဲ့ အလုပ်သင်များကို စစ်အခွန်ရုံးမှ တောင်းအေ့စ် ကားနှစ်စင်းထုတ်ပြီး ကားပေါ်မှာ မဲပုံးထောင်ကာ မဲပေးခိုင်းကြောင်း သိရှိရပါတယ်။
မနက်ဖြန်ကျရင် ဂျပန်မှာ မြန်မာ့ဒီမိုကရေစီအဖွဲ့ချုပ်က ဦးစီးကျင်းပမယ့် ၁၇ ကြိမ်မြောက် မြန်မာရိုးရာ အတာသင်္ကြန်ကို ကျင်းပမှာ ဖြစ်ပါတယ်။ ဂျပန်ရောက် မြန်မာတိုင်းရင်းသား ညီအကို မောင်နှမများကတော့ အဓိကနဲ့ သာမညကို ခွဲခြားဆုံးဖြတ်ပြီး အသည်းကြားက မဲတပြားကို မရရအောင် ပေးကြမယ်လို့ ဆုံးဖြတ်ထားကြကြောင်းလည်း သိရှိရပါတယ်။
4 comments:
ဂျပန်မှာဒီလိုဖြစ်တာဘာကြောင့်လည်းဆိုတာကိုမေးရ တော့မယ်ဆိုတာထက်ဘာကြောင့်ရဲတွေကဒီလိုရိုက်ခွင့်ရတာလည်းဆိုတာရယ်၊ရိုက်ခွင့်ကိုဘယ်သုကပေးတာလည်းဆိုတာကိုဖေါ်ထုပ်ရမယ်။
ဒါအရေးကြီးဆုံးခြေလှမ်းတစ်ခုရယ်၊ဂျပန်အစိုးရကို ဒီလိုလုပ်ရပ်အတွက်တာဝန်ရှိစွာပြန်လည်ရှင်းပြဖို့ ကိုပါပြင်းပြင်ထန်ထန်တောင်းဆိုသင့်ပါတယ်။
ဟုတ်တယ်ဗျို့ .. ဒါ မဖြစ်သင့်တာ..။
ဘာဖြစ်လို့ သူတို့ အကြမ်းဖက် ဖြေရှင်းရတာလဲ။
ဒီလိုဖြေရှင်းတာ ဂျပန် တနိုင်ငံပဲ ထင်တယ်။
Bcoz ,Japan Gov want to show Myanmar Gov that How they feel when they saw their citizen died in Yangon.They want to show a EXAMPLE for expression.
As Mr.Micheal said if Japan government want to show for expression to Burmese military regime that how Japen felt when the Japanese jouranlsit Kenji Nagani was killed by the military regime. Then Japan govenrmet will never be successful for expression because military dictator killed their own people och monks who they should have a great respect for.
Post a Comment