Thursday, March 20, 2008

NO VOTE , VOTE NO နဲ့ ပတ်သက်ပြီး ကိုသံတုတ်၏ ပေးစာ

ဒေါက်တာလွဏ်းဆွေခင်ဗျား ..

စစ်ကျွန်အဖြစ် နွံနစ်မခံနိုင်တဲ့ စိတ်ဓာတ်ကတော့ ကျွန်တော်တို့အားလုံး တူညီကြပါတယ်။ No Vote ရဲ့ ရည်ရွယ်ချက်က ၉၀ပြည့် ရွေးကောက်ပွဲရလဒ် ရှိပြီးသားဖြစ်နေလို့ ဆိုတာကို ကျွန်တော် လုံးဝ သဘောတူညီပါတယ်။ ဒါပေမယ့် ကျွန်တော့် အမြင်ကိုပြောရရင် ဒီတစ်ခုတည်းကို အသေဆုပ်ကိုင် ထားခြင်းအားဖြင့် Flexibility ပျောက်သွားနိုင်ပါတယ်။ စစ်အစိုးရမှာ က အခုလက်ရှိ အခြေအနေအရ သူလိုချင်သလို ကစားနိုင်တဲ့ Maneuveribilty အပြည့်ရှိနေပါတယ်။ အဲဒီလို အချိန်မျိုးမှာ ကိုယ့်ဘက်က ၉၀ ပြည့် ရွေးကောက်ပွဲရလဒ်ကို ဖက်တွယ်ပြီး နေမယ်ဆိုရင် မြုပ်မယ့်လှေကို အသေဖက်တွယ်ထားသလို ဖြစ်နေမှာကို စိုးရိမ်ရပါတယ်။ ၉၀ပြည့် ရွေးကောက်ပွဲရလဒ်ကို စွန့်လွှတ်ဖို့ ပြောတာမဟုတ်ပါ။ စွန့်လွှတ်ဖို့လည်း မလိုပါ။ ဒါ ကို တဖက်က ဆုပ်ကိုင်ထားရင်း တခြားတဖက်ကလည်း ဖြစ်နိုင်တဲ့နည်းမှန်သမျှနဲ့ ဆန့်ကျင်သွားဖို့ကို ဆိုလိုရင်းဖြစ်ပါတယ်။ အခြေအနေအရ လိုအပ်ရင် လိုအပ်သလို သင့်လျော်မယ့် ဗျူဟာကို ပြောင်းလဲကျင့်သုံးနိုင်ဖို့ အရေးကြီးတယ်လို့ ယူဆပါတယ်။ အခု လက်ရှိအခြေအနေက ဆရာဖြေရှင်းထားသလို ဒီဆန္ဒခံယူပွဲကို မဖြစ်မြောက်အောင် လုပ်နိုင်ရင်တော့ အ ကောင်းဆုံးပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ဒါဟာ လက်တွေ့မှာ မလွယ်ကူပါ။ မဖြစ်အောင် တားဆီးနိုင်တဲ့ လက်တွေ့ကျတဲ့ နည်းလမ်းတွေကို အခုအချိန်အထိ မဖေါ်ထုတ်နိုင်ကြသေးပါ။

ဆရာ့ဆောင်းပါးထဲမှာ ပါသလို ပြည်သူတွေရဲ့ ဆန္ဒအစစ်အမှန်က ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲမှာ မဲအပြတ်အသတ်နဲ့ အနိုင်ရရှိခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကိုပဲ အာဏာလွှဲပြောင်း ပေးစေလိုတယ်ဆိုတဲ့ အချက်ကို အပြည့်အ၀ လက်ခံ ပါတယ်။ ၁၉၉၀ ရွေးကောက်ပွဲမှာ မဲအနိုင်ရခဲ့တဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ ရေးဆွဲတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကိုသာ ဆန္ဒမဲပေး အတည်ပြုလိုတယ် ဆိုတာလည်း မှန်ပါတယ်။ ပြည်သူတရပ်လုံးက ဒီလိုပဲ သဘောထားရှိကြပါတယ်။ ဒါပေမယ့် ဆရာပြောတဲ့ ချဲဒိုင်ရဲ့ ဥပမာနဲ့ပဲ ပြန်ပြောရမယ်ဆိုရင် ကိုယ့်လက်ထဲမှာ လက်ဆုပ်လက်ကိုင်ရှိတဲ့ အရင်ပေါက် ထားတဲ့ ချဲလက်မှတ်ကိုသာ အလျော်ပေးဖို့ တောင်းဆိုလို့ မရတော့ပါဘူး။ မပေးဘူးကွာ၊ ဘာလုပ်ချင်လဲ၊ တိုင်ချင်ရာတိုင် လို့ သူက ပြောနေပါပြီ။ ရဲကိုတိုင်လို့လည်း ရတဲ့ကိစ္စမျိုးမဟုတ်တော့ သူ့ဆီကတော့ တောင်းလို့ရတော့မှာ မဟုတ်ပါဘူး။ တောင်းဆိုမှုတွေလုပ်လာတာလည်း ၁၈ နှစ် ရှိခဲ့ပါပြီ။ မအောင်မြင်တာလည်း အထင်အရှားပါပဲ။ ဒီတော့ မအောင်မြင်တဲ့ ဗျူဟာတစ်ခုကို ကျွန်တော်တို့ ဆက်လက်ဆုပ်ကိုင်ထားသင့်ပါသလား။ ဗျူဟာအသစ်တစ်ခု ဖေါ်ထုတ်သင့်နေတာ ကြာပါပြီ။

၉၀ ရလဒ် ပျက်ပြယ်အောင် မလိမ့်တပတ်နည်းနဲ့ ဖျက်ချင်လို့ ကျင်းပမယ့် ဆန္ဒခံယူပွဲကို မဲသွားပေးမယ်ဆိုရင် (ကန့်ကွက် မဲ ပေးပေး၊ ထောက်ခံမဲ ပေးပေး) အရင်ပေါက်ပြီးသား ချဲလက်မှတ်ကို ဆုတ်ဖြဲပစ်သလိုမျိုး ၉၀ ရလဒ်ကို နင်းချေဖျက်ဆီး ပစ်တာနဲ့ အတူတူပဲ ဖြစ်ပါလိမ့်မယ် ဆိုတာကို ကျွန်တော့်အနေနဲ့ သဘောမတူပါ။ ဘာကြောင့်လဲဆိုရင် အရင်ပေါက်ပြီး သား ချဲလက်မှတ်က ဆုတ်ဖြဲ ခံလိုက်ရပါပြီ။ ကန့်ကွက်မဲ ပေးနိုင်သမျှ ပေးထားရင် ဒီအခြေခံဥပဒေဟာ ပေါ်ပေါက်မလာ နိုင်ပါဘူးဆိုတဲ့ မျှော်လင့်ချက်ရှိနေပါတယ်။ ဒီအခြေခံဥပဒေ ပေါ်ပေါက်မလာဘူးဆိုရင် ၉၀ ရွေးကောက်ပွဲရလဒ်ကို ပစ် ပယ်ရာလည်း မရောက်ပါဘူး။ မဲမပေးဘဲနေရင်တော့ လာပေးတဲ့ လူရဲ့မဲအပေါ်မှာ အခြေခံပြီး သူ့လူတွေပေးတဲ့ မဲနဲ့အ တည်ပြုသွားမှသာ ၉၀ ရွေးကောက်ပွဲရလဒ် လုံးဝပျက်ပြယ်သွားမှာ ဖြစ်ပါတယ်။

ဒီအခြေခံဥပဒေမူကြမ်းဟာ မြန်မာပြည် နိုင်ငံရေးမှာ စစ်တပ်ကသာ ထာဝရ ဂုတ်သွေးစုပ် ခြယ်လှယ်ပြီး ပြည်သူတွေကို စစ် ကျွန်အဖြစ် ထာဝရ သွတ်သွင်းဖို့ ရေးဆွဲထားတဲ့ အခြေခံဥပဒေဆိုတာ အငြင်းပွားစရာ လုံးဝမရှိပါ။ သံဃာကိုတောင် သတ် ဖြတ်တဲ့ စစ်အုပ်စုကို ဘယ်လိုနည်းနဲ့ပဲ ဆန့်ကျင်ဆန့်ကျင် တရားတယ်လို့ ယူဆတာကိုလည်း ကျွန်တော် အပြည့်အ၀ လက်ခံပါတယ်။ ဒါတင်မက မဆိုင်တဲ့ အပြစ်မရှိတဲ့ မိသားစုဝင်တွေကိုပါ ဓားစာခံအဖြစ်ဖမ်းပြီး တော်လှန်ရေးမှာ လှုပ်ရှား တက်ကြွသူတွေကို အကြပ်ကိုင် အဖမ်းခံခိုင်းတာဟာလဲ အလွန်သိက္ခာမဲ့တဲ့ လုပ်ရပ်ဖြစ်ပါတယ်။ ဒီတော့ သူ့ဖက်က ဘာ စည်းမှမထားတဲ့ အစိုးရမျိုးကို ကျွန်တော်တို့ကလည်း ဘယ်လိုနည်းနဲ့ ဆန့်ကျင်ဆန့်ကျင် လုံးဝတရားပါတယ်။

ဒါပေမယ့် အခု လက်ရှိအခြေအနေအရ လက်တွေ့ဖြစ်နိုင်တဲ့ အခြေအနေကို သုံးသပ်ရရင် ကျွန်တော့်အမြင်အရ ကတော့ ဒီဆန္ဒခံယူပွဲကို လုံးဝဖြစ်မလာအောင် လုပ်နိုင်ဖို့ဆိုတာ မလွယ်တော့ပါ။ စစ်တပ်က မဖြစ်ဖြစ်တဲ့နည်းနဲ့ ဇွတ်ကျင်းပမှာ ဖြစ်ပါတယ်။ အဲဒီအခါ မဲသွားမပေးဘဲနေရုံနဲ့ ဒီဆန္ဒခံယူပွဲ ပျက်သွားမှာ မဟုတ်ပါ။ ဆရာ ဥပမာပေးထားတဲ့ "လေ့လာဖို့ သူတို့ ဖြန့်ဝေမယ့် အခြေခံဥပဒေမူကြမ်း စာအုပ်တွေကို မီးပုံရှို့ပြီး ဆန္ဒပြတာမျိုး၊ လာရောက်စည်းရုံးတဲ့ နအဖ လက်ကိုင်တုတ်တွေကို ၀ိုင်းဝန်းဆန့်ကျင် မောင်းထုတ်တာမျိုး၊ ဒီကြားထဲကနေ နအဖက ဇွတ်တရွတ် ကျင်းပမယ်ဆိုရင် လမ်းပေါ်ထွက် ဆန္ဒပြတာမျိုး၊ မဲရုံတွေကို မီးရှို့ဖျက်ဆီးတာမျိုး … " စတဲ့ နည်းတွေဟာ လက်တွေ့မှာ မလွယ်ကူပါ။

စစ်တပ်က မျက်လုံး ဒေါက်ထောက် ကြည့်နေပြီး နည်းနည်းလေး စ လိုက်တာနဲ့ ချက်ခြင်း ချေမှုန်းပစ်မှာ ဖြစ်ပါတယ်။ လာရောက်စည်းရုံးတဲ့ နအဖ လက်ကိုင်တုတ်တွေကို ၀ိုင်းဝန်းဆန့်ကျင် မောင်းထုတ်တာမျိုးကတော့ ပိုပြီး မလွယ်ကူပါ။ လက်ရှိဖြစ်နေတဲ့၊ ဖြစ်ခဲ့တဲ့ အဖြစ်အပျက်တွေကို အခြေခံပြီး တွေးကြည့်ပါ။ ငြိမ်းချမ်းစွာ လမ်းလျှောက် ဆန္ဒပြခဲ့ကြတဲ့ ၈၈ မျိုးဆက်တွေကို နအဖ လက်ကိုင်တုတ်တွေက လူစုလူဝေးနဲ့ အတင်း အနိုင်အထက်ပြုပြီး အကြမ်းဖက် ဖမ်းဆီးသွားတာကိုတောင် ဘယ်သူမှ ၀င်မတားတာကို ထောက်ရင် လာရောက် စည်းရုံးတာလောက်ကိုတော့ ဘယ်သူမှ ၀ိုင်းဝန်းဆန့်ကျင် မောင်းထုတ်မှာ မဟုတ်ပါ။ လမ်းပေါ်ထွက် ဆန္ဒပြတာမျိုး၊ မဲရုံတွေကို မီးရှို့ဖျက်ဆီးတာမျိုးလုပ်ရင် အကြမ်းဖက်တယ်ဆိုတဲ့ ပုဒ်မတပ်ပြီး ရက်ရက်စက်စက် နှိမ်နင်းမှာ ဖြစ်ပါတယ်။ ပြည်သူတွေ ထပ်ပြီး အနာခံဖို့၊ သွေးမြေကျဖို့ဆိုတာ နောက်ဆုံးအဆင့်မှ ရွေးချယ်သင့်ပါတယ်။ ပြည်တွင်းက လူအများစုကတော့ အရင်ကန့်ကွက်မဲ ပေးကြည့်ပြီး အခြေအနေကို စောင့်ကြည့်ချင်တဲ့ သဘောမှာ ရှိနေတယ်လို့ ထင်ပါတယ်။ မလိုအပ်ဘဲ ဘယ်သူမှ အနာမခံချင်တဲ့ သဘောမျိုး ဖြစ်နေပါတယ်။

အားလုံးက ၀ိုင်းပြီး ကန့်ကွက်ကြလျက်နဲ့မှ မဲလိမ်ပြီး အတင်းအတည်ပြုမယ်ဆိုရင်တော့ ပြည်သူအားလုံး မခံမရပ်နိုင်ဖြစ်ပြီး လမ်းပေါ်ထွက် ဆန္ဒပြတာမျိုး ဖြစ်လာနိုင်ပါတယ်။ ဖိလစ်ပိုင်က မားကို့စ် ပြုတ်ကျသွားတဲ့ အရေးအခင်းဟာ နောက်ဆုံး မဲလိမ်ပြီးမှ ပြည်သူအားလုံး စတင် အုံကြွလာတာ ဖြစ်ပါတယ်။ ဒီကြားထဲမှာက ကြိုကြားကြိုကြား ဆန္ဒပြတာမျိုးလောက်ပဲ ရှိ နေတာပါ။

ဒီတော့ အချုပ်ပြောရမယ်ဆိုရင်တော့ ဒီဆန္ဒခံယူပွဲကို လုံးဝဖြစ်မလာအောင် လုပ်နိုင်ရင်တော့ အကောင်းဆုံးပဲ ဖြစ်ပါ တယ်။ ဒါပေမယ့် ဒါဟာ ဖြစ်နိုင်ချေ အလွန်နည်းနေပါတယ်။ အဲဒီတော့ ဖြစ်လာခဲ့ပြီဆိုရင် မဲသွားမပေးဘဲနေလို့ ဆန္ဒခံယူပွဲ ပျက်သွားမှာ မဟုတ်ပါ။ အဲဒီအခြေအနေမှာ ကန့်ကွက်မဲ ထည့်ခြင်းကသာလျှင် အကောင်းဆုံးဖြစ်မယ်လို့ ကျွန်တော် ယူပါ တယ်။ ကန့်ကွက်မဲထည့်ခြင်းဟာ ၉၀ ရွေးကောက်ပွဲ ရလဒ်ကို ပစ်ပယ်ခြင်းမဟုတ်ပါ။ ဆက်လက် ဆုပ်ကိုင်ထားနိုင်တဲ့ အ ခြေအနေမှာ ရှိနေပါသေးတယ်။ ဒါပေမယ့် ဆုပ်ကိုင်ထားလည်း သိပ်အကြောင်းမထူးတော့ဘူးလို့ ကျွန်တော်ကတော့ ထင် ပါတယ်။ ကုလသမဂ္ဂကိုတောင် ဒီရလဒ်ကို ဆက်လက်ပြောဆိုနေတာ မသင့်တော်တော့ကြောင်း ပြောင်ပြောင်တင်းတင်း ငြင်းပြီးပြီပဲ။ အဲဒီတော့ Vote No သာလျှင် လက်ရှိ အခြေအနေအရ အသင့်တော်ဆုံး နဲ့ ပြည်သူအများစုအတွက်လည်း အန္တရာယ်ကင်းကင်းနဲ့ ကိုယ့်ဆန္ဒကို ထုတ်ဖေါ်လို့ရတဲ့ အနေအထားမှာ ရှိနေတယ်လို့ ယူဆမိပါတယ်။ အဲဒါကိုမှ မဲထပ် လိမ်ရင်တော့ ဘာဆက်လုပ်ရမလဲဆိုတာ အခုတည်းက ကြိုစဉ်းစားပြီး ဒေါ်အောင်ဆန်းစုကြည် မှာလိုက်သလို အဆိုးဆုံး အတွက် ဘာတွေ ပြင်ဆင်ထားမလဲ ဆိုတာ ဒီမိုကရေစီခေါင်းဆောင်များ ကြံစည်တွေးတော ပြီး ပြည်သူလူထုကို လမ်း ညွှန်ကြဖို့ လိုနေပါပြီ။

ဒါပေမယ့် တစ်ခု အားမရတာက စစ်တုရင်စကားနဲ့ ပြောရရင် ပြိုင်ဘက်ရဲ့ ရွှေ့ကွက်ပေါ်မှာ တစ်ကွက်ချင်းပဲ လိုက်ရွှေ့နေကြပြီး ရှေ့သုံးလေးကွက်လောက် ကြိုမစဉ်းစားထားနိုင်၊ သူ့ရွှေ့ကွက် ကိုလည်း ထိထိရောက်ရောက် မဖျက်နိုင်ပဲ ဖြစ်နေတယ်လို့ မြင်ပါတယ်။ တနည်းအားဖြင့် ပြောရရင် Strategic Planning ရော၊ Action plan ပါမရှိတဲ့ သဘောဖြစ်နေပါတယ်။ စစ်တပ်ကတော့ စစ်သားတွေ ပီပီ Battle Plan ဆွဲထားပြီးလောက်ပါပြီ။ အောက်က ပုံစံလေးကို ကြည့်ရင် သိသာပါလိမ့်မယ်။
အဲဒီတော့ ဆန္ဒခံယူပွဲ ဖြစ်မလာအောင် လုပ်နိုင်ပြီပဲ ထားပါတော့ ... ပြီးရင် ဘာဆက်လုပ်ကြမှာလဲ။ မလုပ်နိုင်လို့ ကန့် ကွက်မဲပေးပြီဆိုပါတော့ ... အောင်မြင်သွားရင် ဘာဆက်လုပ်ရမလဲ။ မအောင်မြင်ဘဲ မဲလိမ်ပြီး ဇွတ်အတည်ပြု လိုက်ပြီဆို ရင်ရော ၂၀၁၀ ရွေးကောက်ပွဲအထိ စောင့်ကြမှာလား၊ ဒါမှမဟုတ် ဘာဆက်လုပ်ရမလဲ၊ စစ်တပ်ကရော ဘာတွေ လုပ်လာ နိုင်မလဲ ... ဆိုတာ ကွက်လပ်တွေ ဖြစ်နေပါတယ်။ ကျွန်တော်ကတော့ ဥာဏ်မမီပါဘူး။ တတ်နိုင်သလောက်လေး တင်ပြ ဆွေးနွေးရခြင်း ဖြစ်ပါတယ်။ ဒီမိုကရေစီ ခေါင်းဆောင်များ ကြိုတင်စဉ်းစား ထားပြီးသားဖြစ်ပြီး အချိန်မကျသေးလို့ မထုတ် ပြန် သေးတာဆိုရင်လည်း ကျွန်တော့်ရဲ့ ဆန္ဒစောမှုကို တောင်းပန် ပါတယ်ခင်ဗျား။ ဆရာ့အနေနဲ့လည်း အချိန်ရမယ်ဆိုရင် အသေးစိတ် ဆွေးနွေးပေးစေ လိုပါတယ်ခင်ဗျား။

သံတုတ်

6 comments:

mgkarlu said...

Hi Ko Than Doke,

1) If we can cancel referendum, we can strongly call for three parties dialog( spdc, NLD, ethnic groups) at least. If junta refuse to hold three parties dialog, we have to try to hold a peaceful public protest against junta in the whole country.

2) If we cannot cancel referendum
(A) if we win in referendum by voting NO, junta will cancel their constitution and 1990 election result and will hold new national convention with NLD and real ethnic leaders to rewrite new constitution. Six months later NLD and real ethnic leaders will withdraw from national convention because junta is writing constitution as they like and junta doesn't accept any idea from NLD and ethnic leaders and there is no democracy in national convention. Junta will continue national convention without including NLD and real ethnic leaders.At that time we have to try to hold a peaceful public protest against junta in the whole country.

(B) if junta win in referendum, we have to try to hold a peaceful public protest against junta in the whole country.

Best Regards,
Htin Aung Kyaw

သံတုတ် said...
This comment has been removed by the author.
သံတုတ် said...

ကျေးဇူးပါ ကိုထင်အောင်ကျော် ..
အခြေအနေကို သုံးသပ်ထားတာ အတော်လေး လက်တွေ့ကျပြီး ဖြစ်နိုင်ချေလည်းများပါတယ်ခင်ဗျ။
ဒီပုံအတိုင်းဆိုရင်တော့ ဘယ်လမ်းကြောင်းကပဲသွားသွား နောက်ဆုံးတော့ လူထုတိုက်ပွဲ ဆီကိုသာ ဦးတည်နေတာ တွေ့ရပါတယ်။
ဒီအတိုင်းသာ ဆက်လျှောက်ကြပါစို့။
လက်နက်ကိုင်တိုက်ပွဲပါ ပေါင်းစပ်ပြီး ပါဝင်နိုင်မှ အောင်မြင် ဖို့ ပိုနီးစပ်လိမ့်မယ်လို့ အကြံပြုပါရစေ။ အချိန်ကိုက် ပေါင်းစပ်ပြီးလုပ်နိုင်ရင် စစ်မျက်နှာ နှစ်ဖက် ကြားမှာ စစ်တပ်ဗျာများပါလိမ့်မယ်။
စက်တင်ဘာတော်လှန်ရေးမှာ ဒီအခွင့်အရေး လက်လွတ် ခဲ့ရပါတယ်။
လက်နက်အားကိုးတဲ့သူတွေဟာ လက်နက်ကိုမှ ကြောက် တတ်ကြပါတယ်ခင်ဗျား ...
လေးစားလျှက်
သံတုတ်

mgkarlu said...

Yes, Ko Than Doke
We have to use every way to fight junta.
We have to make pressure on junta from every angle.
Junta also use every way to last their power.

Best Regards,
Htin Aung Kyaw

Nanda said...

လူထုတိုက်ပွဲလမ်းကြောင်း(လူထုအားဖြင့် ဖိလစ်ပိုင်၊အင်ဒိုနီးရှားတို့မှာကဲ့သို့) ဖြင့် အစိုးရကိုဖြုတ်ချချင်းလမ်းကြောင်းသည် လူထုလှုပ်ရှားမှုအားကောင်းပါက အစိုးရတစ်ရပ် ပြုတ်ကြရန်အကောင်းဆုံးနည်းလမ်းဖြစ်ပေသည်။ လူထုလှုပ်ရှားမှု ထိုမျှအားကောင်းလာစေရန် အလွန်မှ demanding ဖြစ်လှသော အခြေအနေ အခင်းအကျင်းလိုအပ်သည်ဟု ယူဆပါသည်။ စစ်မရောက်ခင်မြားကုန်သည်ဟု ဆိုချင်ဆို ဗျူဟာကျကျတွေးလျင် မြန်မာပြည်တွင်း၌ ထိုအခြေအနေကိုဖန်တီးရန် (သို့) ရောက်ရန် အလွန်ပင်ဝေးကွာသေးသည်ဟုယူဆပါသည်။ တိုက်ပွဲအားလုံးတွင် Plan A, Plan B ရှိသင့်ပါသည်။ ကိုသံတုတ် ပြထားချက် ကောင်းမွန်ပါသည်။ Plan B မရှိသေးတာကိုလဲ ပိုမိုပေါ်လွင်နေစေပါသည်။ ကိုသံတုတ်ကဲ့သို့ တော်လှန်ရေး တွင်ရှေ့တန်းကပါနေသော သူပင် plan B အတွက် အဆင်သင့်မဖြစ်သေးပါက ပြည်တွင်းက သာမန်လူတွေ မှာ Vote No လား No Vote လားကိုပင် ဝေခွဲရန်ခက်လှသည်မှာ သဘာဝအလွန်ကျပါသည်။ အရှေ့ဥရောပနိုင်ငံများမှာကဲ့သို့ ပြည်သူလူထုကြီးတစ်ရပ်လုံးအုံကြွမှုဖြစ်နိုင်ရန် အခင်းအကျင်းအခြေအနေ (ပထ၀ီနိုင်ငံရေးအရ) ခက်ခဲလှပါသည် ( မဖြစ်နိုင်ဘူးမဆိုလိုပါ)။ ကိုထင်အောင်ကျော် သုံးသပ်ချက်အရ ဘယ်လမ်းကြောင်းရွေးရွေး လူထုအုံကြွမှုမဖြစ်မနေလိုအပ်နေသလိုဖြစ်ပေသည်။ ဘယ်လမ်းကြောင်းဖြစ်ဖြစ် လူထုအုံကြွမှု လိုအပ်နေလျင်.. ထိုမျှအင်အား ရှိလာမည်ဟု ယုံကြည်လျှင် ဆန္ဒခံယူပွဲ. ဘာပွဲ ညာပွဲ စောင့်နေရန်ပင်မလိုပါ။ စစ်အစိုးရ မြန်မြန်ပြုတ်ကျလေလေကောင်းလေ ချက်ချင်းပင် လူထုံအုံကြွမှုကြီးဖြစ်အောင် ကြိုးစား၍လုပ်ဆောင်ရုံပဲရှိပါသည်။ ကျွန်တော်ထင်သည် ထို ယူဆချက်က ဒေါက်တာလွမ်းဆွေ အမြင်နှင့်နီးစပ်သည်ဟု။ သို့သော် ပြည်တွင်းလက်ရှိအခြေအနေက ထိုမျှခွင့်ပြုရန်မလွယ်ကူပါဟုသိနေပါသည်။ ထို့ကြောင့် လူထုအားဖြင့် အစိုးရပြုတ်ကျသွားအောင် မပြုလုပ်နိုင်သေးရင် အခြားဘာလုပ်လို့ရနိုင်သေးသလဲ? ယခုလက်ရှိအဓိကဖြေရှင်းရမည့် ပြသနာသည် စစ်တပ်လွှမ်းမိုးမှုကို တရားဝင်ခွင့်ပေးထားသော constitution ကိုလက်မခံရေး၊ ပြည်သူလူထု အမှန်တကယ်လိုလားသော Civilian government ဖြစ်ပေါ်လာရေးအတွက် အာမခံချက်ပေးမထားသော constitution ကိုလက်မခံရေးဖြစ်ပါသည်။
ကျွန်တော့ အမြင်ကတော့ Vote No ပေးလိုက်ခြင်းဖြင့် ၉၀ရွေးကောက်ပွဲ အဖြေပျက်ပီဟု ပြောလိုဲ့မရပါ။ ၉၀ရွေးကောက်ပွဲ ဥပဒေအရကိုက ရွေးကောက်ပွဲနိုင် ပါတီမှ ကိုယ်စားလှယ်များ ဦးစီးကာ အခြေခံဥပဒေကိုရေးပါဟု ပြောထားပါသည်။ ခုနောက်ဆုံး NC မှာ ရွေးကောက်ခံကိုယ်စားလှယ်များ မပါသလောက်ပါ။ ပါသည့် ကိုယ်စားလှယ်များကလဲ ဦးဆောင်ရေးပိုင်ခွင့်မရှိခဲ့ပါ။ နောက်တစ်ခုက mandate ရှိသော ကိုယ်စားလှယ်များ ပါဝင်ခွင့်မရှိသည့်အတွက် ပြည်သူလူထုဆန္ဒမထင်ဟပ်ပါ။ ကန့်ကွက်မဲပေး၍ အောင်မြင်စွာပယ်ချနိုင်ပါက ထို့ထက် ရှင်းလင်းသော ပြည်သူ့ဆန္ဒမရှိပါ။ ပြည်သူ့ဆန္ဒသည် လွှတ်တော်ကိုယ်စားလှယ်များ ဆန္ဒဖြစ်သည် လွှတ်တော်ကိုယ်စားလှယ်များ ဆန္ဒအရဆိုပါလျင် ထို constitution ဖြစ်လာစရာ အကြောင်းမရှိပါ။ ထို့ကြောင့် constitution ကို ကန့်ကွက်မဲပေး၍ပယ်ချချင်းသည် အကောင်အထည်မဖေါ်ရသေးသော ၉၀ရွေးကောက်ပွဲရလဒ် ကိုအကောင်အထည်ဖေါ်ပေးရန်တောင်းဆိုခြင်း ဟုပင် ယူဆနိုင်ပါသည်။

mgkarlu said...

Why we vote "NO" in referendum?
(1) Is it because we don't like junta?
(2) Is it because we don't agree on the facts of constitution?
(3) Is it because constitution was not written by the senators of 1990 election?
(4) Is there anything else?

Ok, let's consider what we can do after we win by voting "NO".
(1) Can we remove junta?.It will be the best.
(2) Can we hold conference with senators of 1990 election and write constitution ourselves?It will be very good.
(3) Is there anything else we can do?
(4) If junta promises us that they will write new constitution with the senators of 1990 election in "Nyaung Thown Pin" convention , what should we do?
(5) If junta promises us that constitution should be written by senators that's why they will hold new election to choose senators to write new constitution, what should we do?

Best Regards,
Htin Aung Kyaw