Wednesday, March 12, 2008
သွားနှင့်သူများနှင့် ကျန်ရစ်သူများအတွက် (ကဗျာ)
သေခြင်းတရားကလည်း
မြက်ခုတ်ဓားနဲ့ မြက်ပင်တွေ
တပင်ပြီးတပင် ရှင်းသလို ရှင်းလို့ …။
ငါတို့ဟာ အပင်တွေဆိုရင်
အရွယ်အစား အမျိုးမျိုး
အကြီးအငယ်
အသက်အမျိုးမျိုး
နာမည်အမျိုးမျိုး
ဂုဏ်ပုဒ်အမျိုးမျိုး
သွားပြီ၊ သွားကြပြီ …။
ဒီလို အချိန်မရွေး သေမယ်မှန်းသိရင်
ငါ့အလှည့်မှန်းသိရင်
တယောက်က တယောက်ကို
အပြန်အလှန် ပေးအပ်ရမယ့်အရာတွေ
ပေးခဲ့မှာပေါ့လို့
ကွယ်လွန်သူတချို့က နောင်တရချင် ...။
ငါ့အလှည့် … ငါတို့အလှည့်က မကျသေးဘူးဆိုရင်
နောင်တရစရာများ ယူဆောင်မသွားဖို့ပါပဲ …။ ။
သုခမိန်လှိုင်
(မေငြိမ်းဘလော့မှ ကူးယူဖော်ပြသည်)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment