Monday, February 25, 2008
ကြောင်နိုင်ဘူးကွယ် (တော်ကီ)
ငါ့ညီမောင်ပျင်း၊ ဗြောင်လစ်ခြင်း
မင်းကိုယ်မင်းထင်၊ ပညာရှင်တဲ့
နူံနဲ့ ညံ့ဖျင်း၊ ဒူးထောက်ခြင်းအား
မင်းသွားမယ့်လမ်း၊ မင်းလှမ်းလိုက
လှမ်းလိုက်ပ …။
ပြည်သူခမျာ၊ စားစရာမဲ့
ချို့တဲ့ဘ၀၊ နွမ်းပါးလှပြီ
မျက်ရည်သောက်သုံး၊ ပိန်ချုံးသက်ဆက်
မင်းမြင်ရက်ရင်၊ ပညာရှင်ယောင်
ဒေါင်းယောင်ဆောင်ခြင်း၊ ခပ်ရှင်းရှင်းရပ်
ခပ်ပြတ်ပြတ်သာ၊ မင်းရွေးရာလမ်း
သွားလိုက်စမ်းပါ၊ ငါ မတားဘူး
အရူးအမိုက်၊ မျက်ဖြူဆိုက်မှ
ယောင်ယမ်း ထအော်၊ ညီစေနော်လို့
လက်မတို့နဲ့၊ နောက်ကျခဲ့ပြီ
အချိန်မီစေ၊ ပြင်ပါလေ ...။ ။
တော်ကီ
(တမတ်သားကို သွားရည်တမြားမြား ကျနေသော
မ.က.ဒ.တ လူထွက် ရုံးထိုင်ကြီး ပဏ္ဍိတနှင့် အပေါင်းအပါများ ဖတ်ရန် …)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment