Tuesday, January 15, 2008

OPPOSITE EYE (ခ) ဗိုလ်နေလင်းမောင် (ခ) စွေစောင်းသို့ …

အဂ္ဂ

ငါ့ညီ … မင်းက စစ်ဗိုလ်ဆိုတာ ဘာဖြစ်တယ်၊ တိုင်းပြည်တာဝန်ကို ဘယ်လို ထမ်းဆောင်တယ်ဆိုပြီး ကြီးကြီးကျယ်ကျယ်တွေ ပြောနေရအောင် မင်းတိုက်ပွဲ ဘယ်နှစ်ခါ တိုက်ဖူးသလဲ။ သေနတ် ဘယ်နှစ်ချက် ဖောက်ဖူးသလဲ။ မင်း ရုရှားကို သွားဖို့အတွက် အခန်းထဲမှာ စာကုန်းကျက်ပြီး စက်ပစ်ကွင်းကို ရှောင်ခဲ့တယ်။ မင်းနဲ့ ရွယ်တူ သူငယ်ချင်းတွေ (အပတ်စဉ်တူ) ရှေ့တန်းမှာ အပြစ်မဲ့တဲ့ ပြည်သူတွေကို သတ်ဖြတ်နေရချိန်မှာ (ဒါပေမယ့် မင်းလိုတော့ ဇိမ်နဲ့ မဟုတ်ဘူးပေါ့ကွာ) မင်းက ရုရှားတိုင်းပြည်က (မင်းတို့ရဲ့ အနှိပ်စက် ခံနေရသူတွေရဲ့) ပိုက်ဆံနဲ့ စာသွားသင်တယ်ဆိုပြီး လေလွင့်ခွင့်ရခဲ့တယ်။ Chatting ခေတ်တုန်းကလည်း တနေကုန် Chatting ၀င်ပြီး Chatting ခဲ့ကြသလို၊ Blog တခေတ်ကျပြန်တော့လည်း လိုက်ပြီး Blog ပြန်တယ်။ ဘယ်မှာလဲ မင်းပြောတဲ့ တိုင်းပြည်အတွက်ဆိုတာ။ မင်းပြောနေတာကရော ဘယ်လောက်အထိ ခိုင်လုံနေလို့လဲ။

ကောင်းပြီ … မင်းနဲ့ တပတ်စဉ်ထဲ ဆင်းတဲ့ ညီလေးတယောက်ဆီက သိရသလောက် ပြောရရင် (သူ့ကို ထိခိုက်နိုင်တာကြောင့် သိပ်တိတိကျကျ မပြောသေးဘူး) မင်းဟာ ခုနက ပြောသလို စာကို ကြက်တူရွေး ကျက်သလို ကျက်ပြီး ရုရှားရောက်အောင် ကြိုးစားခဲ့တယ်။ DSA ရဲ့ ခပ်ပျော့ပျော့ Training လုပ်တာကိုတောင် မလုပ်နိုင်ခဲ့ဘူး။ အဲဒါ မင်းဘာပြောဦးမလဲ။ ရှားရှားပါးပါး သင်ခွင့်ရတဲ့ လက်ဝှေ့သင်တန်းကို ရှောင်ခဲ့တာ မင်းဘာပြောဦးမလဲ (ကြောက်လို့လေ)။ မင်းသူငယ်ချင်းတွေက ဒိုက်အကြိမ် (၁၀၀)လောက် ထိုးနိုင်ချိန်မှာ မင်းဟာ ၁၀ကြိမ်လောက်နဲ့ ဟောဟဲလိုက်နေတာ မင်းငြင်းဦးမလား။ တာဝန်ခွဲတဲ့ အချိန်ကျတော့ အကြိမ် (၁၀၀)ထိုးနိုင်တဲ့ မင်းသူငယ်ချင်းတွေက ရှေ့တန်းသွား၊ (၁၀)ကြိမ်နဲ့ ဟောဟဲလိုက်နေတဲ့ မင်းကို အမောပြေသွားအောင် ရုရှားကို သွားခိုင်းခဲ့တယ်။ ဒါပေမယ့် ဒီစကားကို ငါပြောလို့ မင်းနဲ့ နီးစပ်တဲ့ အပတ်စဉ်တူ သူငယ်ချင်းတွေကို ရန်လုပ်ဖို့ မစဉ်းစားနဲ့နော်။ အဲဒါ ယောင်္ကျားကောင်းတွေရဲ့ အကျင့် မဟုတ်ဘူး။

မင်းနဲ့ အပတ်စဉ်တူ သူငယ်ချင်းတွေက ရှေ့တန်းမှာ “မတရားသော စစ်”ကို တိုက်နေရတာဟာ စစ်အာဏာရှင်က သူတို့ရဲ့ မျက်လုံးတွေကို ပိတ်ပြီး တိုက်ခိုင်းနေလို့ပါ။ မင်းလိုသာ Blog တွေ၊ Internet တွေ သုံးခွင့် ရခဲ့မယ်ဆိုရင်တော့ မင်းသူငယ်ချင်းတွေရဲ့ သေနတ်ပြောင်းဟာ စစ်အာဏာရှင် အကြီးစားတွေဆီ မရောက်သေးခင်မှာ နီးစပ်တဲ့ မင်းဆီ အရင်လှည့်လာလိမ့်မယ်။ မင်း ကြားဖူးပါလိမ့်မယ်။ လက်အောက်ငယ်သား တပ်မတော်သားတွေကို နှိပ်စက်တဲ့၊ ဗိုလ်ကျ အနိုင်ကျင့်တဲ့၊ သူတို့ရဲ့ မိန်းမတွေကို ကြာခိုတဲ့ စစ်ဗိုလ်တွေကို ရှေ့တန်းမှာ နောက်စေ့ကို Gun Shot နဲ့ ဖွင့်လိုက်တဲ့ သတင်းတွေကိုလေ …။ အခုတော့ အဲဒီလို အဆင့်တင် မဟုတ်တော့ဘူး။ မင်းတို့ အရာရှိ အချင်းချင်းကို အဆင့်အတန်း ခွဲထားတဲ့အတွက် Gun Shot လုပ်ချင်နေပြီဆိုတာ မင်းသိလား။ အထူးသဖြင့် မင်းလိုကောင်မျိုးပေါ့။ မင်းတို့ အပတ်စဉ်တူ သူငယ်ချင်းထဲမှာ မင်းအညံ့ဆုံး။ ဒါပေမယ့် မင်း အခွင့်အရေး အရဆုံး။ စာအံနိုင်တာနဲ့ စာတတ်တာ မတူဘူး။ Urban Squad ဆိုတာ မင်းသိလား၊ Assault ဆိုတာ မင်းသိလား၊ Platoon ဆိုတာ မင်းသိလား။ အေးပေါ့ကွာ … သိတဲ့ မင်းသူငယ်ချင်းတွေက ပင်ပန်းတာတွေလုပ်၊ မသိတဲ့ မင်းကတော့ ကြော့ကြော့လေးနေပေါ့ … မဟုတ်ဖူးလား။

ဒါပေမယ့် … မသိသေးရင် သိအောင် ကြိုးစား။ မင်းသူငယ်ချင်းတွေနဲ့ မင်းလုပ်ဖော်ကိုင်ဖက်တွေ အပေါ်မှာလည်း မသင်္ကာမဖြစ်နဲ့၊ မငြိုငြင်နဲ့၊ စိတ်ကို ဖြူဖြူစင်စင်ထား။ ငါတို့ ဒီမိုကရေစီ ဘက်တော်သားတွေ ဘက်မှာလည်း စစ်အာဏာရှင်တွေကို လျှို့ဝှက်ပြီး ဆန့်ကျင်နေတဲ့ မျိုးချစ်တပ်မတော်သားတွေ ရှိနေပြီဆိုတာ မင်းသိအောင် ပြောထားလိုက်မယ်။ သိပ်တိကျအောင် မပြောသေးတာကတော့ သူတို့ရဲ့ အသက်အန္တရာယ်နဲ့ ငါတို့အတွက် အဖိုးတန်တဲ့ သတင်းတွေ မရမှာ စိုးလို့ပါ။ အဲဒါတော့ “မတိကျရကောင်းလား”လို့ အပြစ်တင် မစောဖို့ ကြိုပြီး တောင်းပန်ပါရစေကွာ။ မင်းကိုမင်း သိပ်တော်တဲ့ သိတတ်တယ်ဆိုတဲ့ မာနစိတ်ကို ပြင်။ စစ်သားကောင်း တယောက်ဆိုတာ အမှန်တရားဘက်က ရပ်တည်ရဲရမယ်။ ကိုယ်သင်ထားတဲ့ စစ်ပညာဟာ နိုင်ငံတော်ကို ကာကွယ်ဖို့၊ ကိုယ့်ထက် သိပ်တော်တဲ့ စစ်တပ်တွေနဲ့ လက်ရည်သွေးဖို့ဆိုတဲ့ အခြေခံစိတ်လောက် ထားရင်ကိုပဲ မဆိုးဘူးလို့ ဆိုရမှာပါ။ လက်နက်မဲ့ အပြစ်မဲ့တဲ့ သံဃာတွေ၊ ကျောင်းသားတွေ၊ ပြည်သူတွေကို သတ်ဖို့အတွက် ဒီစစ်ပညာ သင်ထားတာ မဟုတ်ဘူးဆိုတာ မင်းသဘောပေါက်ဖို့ လိုတယ်။ မင်းအသက် ငယ်သေးတယ်။ မင်းသိမယ်ဆိုရင် မင်းအတွက် နေ၀င်ချိန် မရောက်သေးပါဘူး။ အချိန်မီပါသေးတယ် ငါ့ညီ …။

အဂ္ဂ

4 comments:

Unknown said...

ဦးမီုးသီး ရဲ. ၃ မျီုး လုံခြုံရေး

၁။ မိမိ AMERICA တွင် လုံခြုံရေး၊
၂။ မိမိ NEW YORK တွင် လုံခြုံရေး၊
၃။ မိမိ နေထိုင်ရာ QUEENS က အိမ်တွင် လုံခြုံရေး၊

ရဲဘော်တို့၊AMERICA DEMOCRACY တို့ ဟု တွင်တွင် ကြီး သုံးပြီး
တ ကယ် ရဲဘော် စိတ် ရှိ ရင် မြန်မာပြည် ကိုပြန် လာ ပြီး
ရဲဘော်တို့ နဲ့ လက် တွဲ ပါ၊။

NEW YORK က ဘာနိုင်ငံရေး အတွေ့အကြုံ မှ မရှိ သေး တဲ့
ကျောင်းသူကျောင်းသား များ ကို စည်း ရုံး ပြီး
ဒီလို ပေါတောတော CAMPAIGN တွေ ဆက် လုပ် နေ မယ်ဆိုရင်
ရဲဘော်တို့ တင် မဟုတ် အဲဒီ ကျောင်းသူကျောင်းသား များ
ပါ ဆံပင် ဖြူ သည် အထိ မြန်မာ ပြည် DEMOCRACY ရ သေးမှာ မ ဟုတ်၊

မြန်မာ ပြည် ပြန်လာရင် အိုးဘို ထဲ ကိုလာ ခဲ့ ပါ၊ရေကျော်၊ ပုဇွန်တောင် ၊ ရန်ကုန်မှာ
[ နိုင်ငံရေးအစ ရေကျော် က ]

ဦးမီုးသီး ရဲ့ FROM AMERICA, MADE IN CHINA ဖိနပ်ကြီး ကို တိုက် ပေး ဆို
တိုက် ပေး ပါ့ မယ်

စာလေး ကတော့ yangon မှာ blog တွေ ကို တ ခါတလေ ပိတ်
ထား လို့ email ကနေ ဘဲ တူ က တဆင့် လက် ဆင့် ကမ်းလိုက် ပါတယ်။
တော် လှန်ရေး ကြီး ရှည် လာ သ လို ဦးမီုးသီး တို့ ပြည် ပ ဂု ရု ကြီးများ
အ သက် ရှည် ပါ စေ။

အားလဲနာတယ် ခင်လဲ ခင် တယ်

Unknown said...

good bro pls send to other public magazines e.g. Irrawaddy magazine

Unknown said...

ဒီ ပို့ကိုတင်တဲ့သူရေ (ကိုလွန်းဆွေ)စစ်တိုက်ဘူးတယ်နဲ့တူတယ်။ မတိုက်ဘူးရင်မရေးနဲ့နော့်။ လေ့လာချင်လို့ပါ။စိတ်ပါရင်ဆွေးနွေးကြည့်မလား။ ကော့မတ်ကိုမဖျက်နဲ့နော်။ စိတ်ပါရင်အပ်လိုက်ပါ။ မည်သူမဆို အခမဲ့ငြင်းပေးသည်။

Unknown said...

ဒီပို့တင်သူရေ သေချာလည်းမသိဘဲနဲ့ဗျာ အတညိပေါက်နဲ့ဖေါမနေပါနဲ့ ဂဃနဏ သိတဲ့သူတွေကရီနေမှာပေါ့ ရှက်စရာကြီး။