Friday, January 18, 2008

စဉ်းစားမိသော ဒီမိုကရေစီရေးအတွက် ရှေ့ဆက်ရမည့် တိုက်ပွဲဝင်နည်းနာများ

မောင်ငြိမ်းချမ်း

(က) နအဖကို သံတမန်နည်းလမ်းနဲ့ ကြိုးပမ်းလို့ကတော့ ဘယ်တော့မှ အောင်မြင်မှာမဟုတ်။ ကျနော်ကတော့ မယုံကြည်။ သူတို့သည် တဘက်သားကို အညံ့ခံစေ၊ သူတို့ဖြစ်စေချင်တဲ့အတိုင်း လိုက်နာစေ၊ သူတို့ဆီမှာ ဒူးထောက်စေဆိုတဲ့ ပုံစံမျိုးနဲ့ အမြဲတမ်း အသာစီးက ယူထားပါတယ်။ (သာဓက - အပစ်ရပ် ငြိမ်းချမ်းရေးအဖွဲ့ များကို သုံးနှုန်းရာတွင် အစိုးရ၏ စေတနာအမှန်ကို နားလည်၍ဟု … စသဖြင့် ခပ်နှိမ်နှိမ် အသုံးအနှုန်းမျိုး သုံးနှုန်းပါတယ်။)

(ခ) ငြိမ်းချမ်းစွာ ဆန့်ကျင်ရေး၊ အကြမ်းမဖက် ဆန့်ကျင်ရေး ပထမဦးစာပေး လုပ်ဆောင်ရမည်ဟု ထင်ပါသည်။ ရဟန်းသံဃာတို့၏ ရည်မှန်းချက် ခံယူချက်အတိုင်း လမ်းကြောင်း မလွဲချော်စေလိုပါ။ အောင်မြင်နိုင်သော အကြောင်းအရင်းများမှာ …

၁။ ရဟန်းသံဃာ၊ လူများအား စည်းရုံး၍ လွယ်ကူနိုင်ခြင်း
၂။ အများ လက်ခံနိုင်ခြင်း။
၃။ သူ့လူကို ကိုယ့်လူဖြစ်အောင် လုပ်ဆောင်နိုင်ခြင်း
၎။ လူအများစု ယောက်ျား မိန်းမမရွေး လုပ်ဆောင်နိုင်ခြင်း
၅။ ပြည်သူတရပ်လုံး၏ အသည်းနှလုံးကို ကျုံးသွင်းစည်းရုံးနိုင်ခြင်း
ထိုမှတဆင့် နအဖ၏ အုပ်ချုပ်ရေးယန္တယားကို နှောင့်နှေးအောင် အားနည်းအောင် အကျပ်ရိုက်အောင် ပြုလုပ်သင့်သည်။

ယခုလက်ရှိအခြေအနေသည် နောက်လာမည့် တိုက်ပွဲအတွက် ကြိုတင် အားယူထားရမည့် အချိန်ဖြစ်သည်။
လတ်တလော လုပ်ဆောင်နိုင်သည့် နည်းလမ်းများမှာ …

၁။ မြို့၊ တောရွာပါမကျန် စက်တင်ဘာ အကြမ်းဖက်သတ်ဖြတ်မှုအပေါ် အခြေခံ၍ နအဖရဲ့ သတင်းပြန်ကြားရေး မမှန်မကန် အောက်တန်းကျပုံကို ဖြစ်ရပ်မှန်များဖြင့် အစားထိုး သက်သေပြကာ တန်ပြန်ဝါဒဖြန့်ရန်။ (မြန်မာပြည်ရှိ တောရွာတရွာတွင် ဘုန်းကြီးကျောင်းတကျောင်း အနည်းဆုံးရှိ) ဤသို့ပြုလုပ်ရာတွင် အန္တရာယ် အကင်းနိုင်ဆုံး နည်းလမ်းများကို ရှာဖွေလုပ်ဆောင်ရန်။ (ဥပမာ - သတင်းဓာတ်ပုံပါ လက်ကမ်းစာစောင်များကို အစိုးရစာတိုက်များ အသုံးပြု၍ ဘုန်းကြီးကျောင်း မြို့ရွာများသို့ ဖြန့်ဝေရန် ၊ ဗွီစီဒီများကို တိတ်တဆိတ် ဖြန့်ဝေရန်)

၂။ နအဖ၏ အသုံးချခံ အနုပညာရှင် အဆိုတော်များအား သပိတ်မှောက်ရန်အတွက် ပြည်သူများအတွင်း အတွင်းကျကျ နှိုးဆော်ခြင်း (အောင်မြင်သည် ဖြစ်စေ မအောင်မြင်သည် ဖြစ်စေ ကာယကံရှင် အနုပညာရှင်များ သိရှိသွားစေရန်၊ အနုပညာရှင်များ နအဖနှင့် ပတ်သက်ရမည်ကို လက်တွန့်သွားစေရန်။ ဥပမာအားဖြင့် - မကြာမီ နေပြည်တော်တွင် ကျင်းပပြုလုပ်မည့် ရုပ်ရှင်အကယ်ဒမီ ထူးချွန်ဆုပေးပွဲအား ရုပ်ရှင်လောကသားများ တက်ရောက်ခြင်း မပြုဘဲ သပိတ်မှောက်ကြဖို့ စည်းရုံးလှုံ့ဆော်ရန်၊ ရဟန်းသံဃာ ကျောင်းသားပြည်သူများကို သတ်ဖြတ်ထားသော သွေးစွန်းလက်များနှင့် ပေးအပ်ချီးမြှင့်မည့် အကယ်ဒမီဆုကို တက်မယူကြဖို့ စည်းရုံးလှုံ့ဆော်ရန်)

၃။ နအဖ သတင်းစာများကို သပိတ်မှောက်ရန်

၎။ နအဖ လက်ကိုင်တုတ် ဂျာနယ်များအား လက်တွေကျကျ သပိတ်မှောက်ရန်
ဥပမာ - လူ (၁၀)ယောက် ဂျာနယ်အရောင်းဆိုင်ကို သွားမယ် (တပြိုင်နက် မဟုတ်)။ ပထမတယောက်က ဂျာနယ် သွားကြည့်မယ်။ အဲဒီဆိုင်မှာ လျှပ်တစ်ပြက်ဂျာနယ် တင်ထားတယ်ဆိုရင် ဆိုင်ရှင်သိအောင် 'ဒီ လျှပ်တစ်ပြက်ဂျာနယ်တင်ထားလို့ သူ့ဆိုင်ကို အားမပေးတောဘူး"ဆိုတဲ့ ပုံစံမျိုး ပြောသွားမယ်။ နောက် ၁နာရီလောက်အကြာ ဒုတိယလူလည်း ဒီနည်းအတိုင်း လုပ်မယ် … စသဖြင့် ရောင်းသူပါ ဒီဂျာနယ်ကြောင့် စိတ်ညစ်လာအောင် သပိတ်မှောက်မယ်။ (မြို့ကြီးတိုင်းလိုလိုတွင် ရှိသည့် "လောကနတ်" အမည်ရှိ ပြန်ကြားရေးဝန် ဗိုလ်ကျော်ဆန်း၏ စာအုပ်ဆိုင်များကို သပိတ်မှောက်ရန်)

၅။ နအဖ လူကြီးအသိုင်းအ၀ိုင်းမှ သားသမီများ ဖြုန်းတီးနေပုံ၊ သောက်စားမူးယစ် ပျော်ပါးနေပုံများကို ပြည်သူလူထု ဆင်းရဲမွဲတေနေပုံများနှင့် နှိုင်းယှဉ် ၀ါဒဖြန့်ရန်။ (တပ်တွင်း၊ ဌာနဆိုင်ရာတွင်း၊ ပြည်သူလူထုကြားပါ မကျန်)

၆။ လမ်းများပေါ်တွင် လစ်ရင် လစ်သလို နအဖကို ဆန့်ကျင်သော စကားလုံးများ၊ လှောင်ပြောင်သော စကားလုံးများ ရေးရန်၊ စာကပ်ရန်၊ စာပစ်ရန်။

၇။ လူငယ်များအတွင်း နအဖ အာရုံပြောင်း လုပ်ပေးသော ပျော်ပွဲ ရွှင်ပွဲ၊ လောင်းကစားပွဲများအား သပိတ်မှောက်ခြင်းကို ပြုလုပ်ရန်၊ စိမ့်ဝင် နှိုးဆော်ရန်။

၈။ သပိတ်မှောက် ကံဆောင်ထားသည့် ဘုန်းကြီးကျောင်းများကို ပြည်သူတရပ်လုံးက အထူးဂရုစိုက် လှူတန်းခြင်းများ ပြုလုပ်လာအောင် စည်းရုံးလှုံ့ဆော်ရန်။

(ယင်းသို့ ပြည်တွင်းငြိမ်းချမ်းရေး ကမ်ပိန်းများ လုပ်ဆောင်သူများကို ကုန်ကျစရိတ် ထောက်ပံ့ပေးနိုင်ဖို့ ရန်ပုံငွေအဖွဲ့ ဖွဲ့စည်းရန် လိုအပ်ပါသည်။)

(ဂ) လက်နက်ကိုင် တိုက်ပွဲဝင် ရင်ဆိုင်ခြင်း၊ အကြမ်းဖက်ခြင်းသည် မိမိဘက်မှလူသည် ရန်သူဘက်ကို ရောက်သွားနိုင်သည်။ ရန်သူ၏ ၀ါဒဖြန့်စရာ လက်နက်တခု ဖြစ်သွားနိုင်သည်မှာ သမိုင်းသာဓက တွေ့ရပါသည်။ သို့သော် မလိုဘူးမဟုတ်။ အချိန်ကိုက် ဆောင်ရွက်နိုင်ဖို့ လိုသည်ဟု ထင်ပါသည်။ ပြီးခဲ့သည့် စက်တင်ဘာ အရေးအခင်း အချိန်တွင် အစိုးရကို အကျပ်ရိုက် ဒုက္ခပေးသည့် တိုက်ပွဲမျိုး စီးနင်းမှုမျိုး လုပ်ဆောင်ရမည် ဖြစ်သော်လည်း လုပ်ဆောင်နိုင်ရန် အင်းအားမရှိခဲ့။ သိုဖြစ်ပါ၍ ယခုအချိန်သည် လက်တွေ့ လုပ်ကိုင်ရမည့် အခြေအနေထက် နောင် လိုအပ်သောအချိန်တွင် အသင့်အနေအထား ဖြစ်စေရန် လူအင်အား စည်ရုံးခြင်း၊ ငွေနှင့် လက်နက် စုဆောင်းခြင်း အားယူထားရမည့်အချိန် ဖြစ်ပါသည်။ ချိန်ကိုက်လုပ်ဆောင်နိုင်ပါက ပြည်သူတို့ အတွက် အားတက်ဖွယ်၊ အာဏာရှင်အတွက် အကျပ်ရိုက်ဖွယ် လုပ်ငန်းများကို လုပ်ဆောင်နိုင်မည် ဖြစ်ပါသည်။ လက်နက်ကိုင် ရင်ဆိုင်ခြင်း၊ အကြမ်းဖက်ခြင်း လုပ်ငန်းများတွင် သတိထားရမည့် အချက်များမှာ

၁။ ပြည်သူတို့ လက်ခုပ်တီး အားပေးစေမည့် လုပ်ငန်များကို လုပ်ဆောင်ရန်
(ဥပမာ - စစ်တပ်နှင့်ဆိုင်သော အဆောက်အဦး၊ နေရာများကို ပစ်မှတ်ထားရန်။ နအဖ ဘက်တော်သား ကြံဖွတ်၊ စွမ်းအားရှင် ခေါင်ဆောင်ပိုင်းကို ပစ်မှတ်ထားရန်)

၂။ အများပြည်သူတို့ စိတ်သောကရောက်စေမည့် လုပ်ငန်များကို ရှောင်ကျဉ်ရန်
(ဥပမာ - ဈေးများ၊ ရုပ်ရှင်ရုံများ၊ လမ်းတံတားများ၊ လျှပ်စစ်ဓာတ်အားပေးစက်ရုံများ စသည့် အများပြည်သူနှင့် ဆိုင်သည့် နေရာများကို ပစ်မှတ်ထားခြင်းများ ရှောင်ကြဉ်ရန်)

၃။နောက်တခု အရေးကြီးသည့် အချက်မှာ ထိမ်းချုပ်ထားနိုင်သည့် နယ်မြေတခု၊ မြို့ရွာရှိနိုင်ရန် ကြိုးစားရပါမည်။

မောင်ငြိမ်းချမ်း

1 comment:

Unknown said...

sooo easy mg nyein chan..humm???
how about try to start from your family , all of your relatives and all your best friends
i hope you already talked to them and they all will follow every single steps of your ideas

a lot of genius were came out after sep 2007

i don't know where they fall sleep before
20 years brother
useful strategy is never come out like that in public before they use on enemy target or plan
we will be living in the dream now