Friday, January 4, 2008

လှုပ်လှုပ်ရှားရှား ပြည်တင်းသတင်း အတိုအထွာများ (၄-၁-၂၀၀၈)

ကျွန်ုပ်တို့၏ သတင်းထောက် ပေးပို့သည်
သတင်း (၁) - ဒီကနေ့ (၄-၁-၂၀၀၈) လွတ်လပ်ရေးနေ့တွင် ပြည်တွင်း၌ လမ်းလျှောက်သရုပ်ပြပွဲ (street performance) တခု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။ နိုင်ငံရေးအကျဉ်းသားများ (political prisoners)ဟုဆိုပြီး ထောင်ဝတ်စုံ အပြာများဝတ်၍ လမ်းလျှောက်ကြခြင်းဖြစ်ကြောင်း သတင်းရရှိသည်။

သတင်း (၂) - အင်းစိန်ထောင်တွင်း၌ အထိန်းသိမ်းခံနေရသည့် နိုင်ငံရေးအကျဉ်းသားများ၏ အခြေအနေများ အထူးဆိုးရွားနေကြောင်း နိုင်ငံတကာမှ သိရှိစေရေးအတွက် အောက်ပါ သတင်းမှန်များကို မီဒီယာများမှ အမြန်ဆုံး ကူညီရေးသား ထုတ်လွှင့်ပေးကြပါရန် ပြည်တွင်းရှိ နိုင်ငံရေးအကျဉ်းသားများ အခြေအနေ စောင့်ကြည့်လေ့လာသူများက မေတ္တာရပ်ခံခဲ့သည်။

ထောင်မကြီး တိုက်ကြီး(၁)တွင် ကိုမင်းကိုနိုင်၊ ကိုဂျင်မီ၊ ကိုတင်ထူးအောင်၊ ကိုဇင်လင်းအောင၊် ကိုမျိုးသန့်၊ ပတ်ခမ်းကွာ တို့အား အခြားရာဇ၀တ် အကျဉ်းသားများနှင့် အတူထားရှိပြီး ထောင်ထဲတွင်ပင် လူသတ်မှုနှစ်ခါ ကျူးလွန်ထားသည့် ကျွဲကြီး (ခ) ခင်မောင်သိုက်ကို ထိုတိုက်ကြီး(၁)၏ တန်းစည်းခန့်ထားကြောင်း သိရသည်။
တိုက်ကြီး(၂)တွင် ကိုကိုကြီး၊ ကိုမြအေး၊ ကိုမျိုးခင် (ခ) မုန်းခက်၊ ကျော်ကျော်ထွေး (ခ) မာကီး တို့အား သေဒဏ်ကျထားသည့် ရာဇ၀တ်သားများနှင့်၎င်း၊ တိုက်ကြီး(၃)တွင် ဒီငြိမ်းလင်း၊ ကိုသိန်းဆွေ တို့အား သေဒဏ်ကျထားသည့် ရာဇ၀တ်သားများနှင့်၎င်း၊ (၅)ဆောင် (၂)တိုက်တွင် ကိုဌေးကြွယ်အား အခြားအကျဉ်းသား (၃၀)နှင့်၎င်း၊ ထောင်ဆေးရုံတွင် ကိုလှမျိုးနောင်နှင့် ကိုထင်ကျော် တို့အား စိတ်ဖောက်ပြန်နေသည့် စစ်ဗိုလ်ဟောင်း လှဝင်းအောင်၊ အခြားအရူးတယောက်တို့နှင့်၎င်း အတူရော၍ ထားရှိကြောင်း သတင်းရရှိသည်။ ကိုမျိုးခင်ကို ပုဒ်မ ၅၀၅၊ ၁၄၃ တို့နှင့်၎င်း၊ ကိုသိန်းဆွေကို ပုဒ်မ ၆ခုနှင့်၎င်း တရားစွဲထားကြောင်းလည်း သိရသည်။

No comments: