Thursday, January 3, 2008
နယူးရီးယား ည (ကဗျာ)
ကောင်းကင်ကြီးကို ကြည့်ပြီး ငါကြေကွဲနေမိရဲ့
ဘန်ကောက်မှာ ကောင်းကင်ကြီးကို မီးပန်းတွေနဲ့ ပစ်ပေါက်ကြတော့မယ်လေ
သူ့ဘာသာသူ နေနေတဲ့ ကောင်းကင်ကြီးက ပြောတယ်
သူ့ရင်ကို မီးနဲ့ ပစ်ပေါက်မှ ပျော်မယ်ဆိုရင် ပျော်ကြပါတဲ့ …။
ဘန်ကောက် ကောင်းကင်ကြီးကို ငါမကြည့်ရက်တော့ဘူး
ငါ့လိုပဲ မိုးမင်းကြီးက မကြည့်ရက်ပေမယ့်
ဆောင်းနတ်မင်းကြီးကတော့ နှင်းမှုန်လေးတွေ ပက်ဖျန်းပေးပါမယ်တဲ့
နှစ်သိမ့်ပုံများ ပြောပါတယ် …။
သံပြိုင် အော်ဟစ်သံတွေ အလန့်တကြား ငါကြားလိုက်ရ
‘ဟက်ပီး နယူးရီးယား’
ကောင်းကင်ကြီးမှာ မီးတွေ ဖြာကျနေခဲ့
အဲဒီအချိန်မှာ …
ငါလည်း သူတို့လို အလန့်တကြား ထအော်လိုက်မိ
‘ဖရီး ဘားမား’ …။ ။
ဆုမွန်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment