Monday, January 14, 2008

အပြာရောင် အကျဉ်းသားများနှင့် ဗြူရိုကရက် တိုက်ပုံဟောင်းများ (ကဗျာ)

အပြာရောင် အကျဉ်းသားများနှင့် ဗြူရိုကရက် တိုက်ပုံဟောင်းများ
ကိုမွှေး

မျှော်လင့်ချက်တဲ့ တခက်ဆယ်ပြား
ပျားရည်တဇွန်းတဲ့ သူ့အချိုတွေ သူစွန်းလို့ …
တချို့ ... ငါတို့ မျိုးဆက်တွေ
ကြက်တူရွေး အုပ်ကြီးဖြစ်ခဲ့ ...
ငြင်းဖို့ လူဖြစ်လာလိုက်တာ
ဆံပင်တောင် ဖြူကြလို့ တဟင်းဟင်းနဲ့
ငြင်းကြတုန်း ...။
နစ်နာစရာလား
ကျနော်တို့နဲ့ မဆိုင်ပါဘူး
ကျနော်တို့နဲ့ မဆိုင်ပါဘူး ...။

ရပိုင်ခွင့်လား
ပြောပါခင်ဗျား ... အာရ်အက်ဖ်အေလား ...
အန်ကယ်တို့ စဉ်းစားထားပါတယ်
ဒါက ဒီလိုရှိပါတယ် … အခုပြောလို့ မဖြစ်သေးပါဘူး ...
ဒီကလေးတွေ သူ့ဟာသူ လုပ်တာပါ
ဘူတိုသေတာ နစ်နာစရာ ...
ဒီဟာကတော့ ဒီလိုပါ ...။

ဒါနဲ့ပဲ စောက်ရေးမပါ
နောက်ဖေးမှာ ထမိန်ရုပ်သွားမှုတွေကို
ထိုင်ကြည့်ခဲ့ရတာ ဆယ့်ကိုးနှစ်ရှိခဲ့ ...။ ။

ကိုမွှေး

No comments: