Friday, January 4, 2008

တုတ်ကြီး ပျားတုတ်ခြင်း

တုတ်ကြီး (ခေတ္တ တာဝတိံသာ)

တနေ့သား လျှပ်စစ်စာ (မြန်မာမှု အတင်းပြုလိုက်သည်)များ မစစ်ရသည်မှာ ကြာသဖြင့် စစ်ကြည့် လိုက်မိတော့ ကြေးစိတမတ်ဆိုသည့် အင်တာနက်ပေါ်မှ အလကားရမှုများဖြင့် စကားလုံး ဖောင်းပွ နေသူများထဲမှ အနက်ရောင် သိုင်းသမားအုပ်စု (သိုင်းလောကစကားဖြင့် ဆိုရပါမူ)မှ ၀ါဒဖြန့်ချိရေး ဘလော့တခုတွင် တင်ပြရေးသားချက် တခုအား မိတ်ဆွေအမျိုးသမီးတဦးက တကူးတက ကူးယူပြီး ပို့ပေးလိုက်ပါသည်။ ဒါက ဘာအထာလဲ ဆိုသည့် သဘော ...။

မွေးမေလေ့...၊ ဆံပင်များ ထောင်သွား၏။ ကျောချမ်းလာ၏။ ပြီးသည်အထိ သည်းခံဖတ်ဖြစ်လိုက်၏။ န.အ.ဖ ဖက်ကတော့ သူတို့တာဝန်အရ ဟုတ်သည်ရော မဟုတ်သည်ရော ရောနှောကာ ထင်ယောင်ထင်မှား ရေးကြမည်ဖြစ်သည်။ အေးလေ ... ငါက တာဝတိံသာမှာ ခဏရောက်နေတဲ့ တုတ်ကြီးပဲဟု လိပ်ပြာ သန့်သန့်ဖြင့် ပြောဆိုတုန့်ပြန်စရာ မရှိဟု ယူဆကာ နေလိုက်မိသည်။

ထိုတုတ်ကြီးကတော့ သူရေးချင်သည်များအားသာ ရေးသွားခဲ့ပုံ ငါနဲ့ တိုက်ရိုက် မပတ်သက်ဟုဘဲ တွေးလိုက်မိသည်။ မှန်၏။ ထိုတုတ်ကြီးက မပတ်သက်ပေမယ့် မိတ်ဆွေများက ဒီတုတ်ကြီးကို လူမှား ချောင်းရိုက်ကြမည့် အရေးက မြင်လာ၏။ သို့ဖြင့် … ဒီတုတ်ကြီးသည် ဟိုတုတ်ကြီး မဟုတ်ရပါကြောင်း ရှင်းလိုက်ရပါသည်။

ဒီတုတ်ကြီး ရေးချင်လျှင် မစ္စတာလွဏ်း ဘလော့တခုထဲကပင် ရေးပါသည်။ ဆဲလိုလျှင်လည်း သည်နေရာမှပင် သံခမောက်ဆောင်း တွင်းတူးကာ ၀င်ပုနေရင်း ပြောင်ပြောင်ဆဲမည် ဖြစ်ပါသည်။

တုတ်ကြီး (ခေတ္တ တာဝတိံသာ)

1 comment:

Anonymous said...

စောင်းမပြောနဲ့လေ တည့်တည့်ပြော