Friday, January 4, 2008
လွတ်လပ်ရေး (ကဗျာ)
လွတ်လပ်ရေးတဲ့ ... ငါ့အဖိုးက ပြုံးပြုံးကြီး ငှက်ကြီးတောင်
သူ့ထိုးကွင်းတွေနဲ့ ပေါင်ပေါ်တင်ပြီး ပြောပြခဲ့ဖူးတယ် ...
လွတ်လပ်ရေးတဲ့ ... ငါ့အဖွားက ကွမ်းတွေ ထောင်းစားရင်း
စစ်အတွင်း အဖြစ်အပျက်တွေ
အိပ်မက် ပြန်မက်သလို မျက်လုံးတွေနဲ့ ပြောပြခဲ့ဖူးတယ်
အဖိုးက ပြုံးပြုံးကြီး ကြည့်လို့ ...။
လွတ်လပ်ရေးတဲ့ ... အဖေက ပြောပြဖူးတယ်
အာဝါဒေးကွင်းထဲမှာ ညလုံးပေါက် မိုးအလင်း
သီချင်းတွေ ဇာတ်ပွဲတွေ ခြိမ့်ခြိမ့်သည်းသမျှ ...။
တူမလေးက မေးတယ် ...
‘ဦးဦး ဘာလဲဟင် လွတ်လပ်ရေး’ တဲ့ …
ငါဘယ်လိုဖြေရပါ့ကွယ် ...။ ။
ကိုမွှေး
Subscribe to:
Post Comments (Atom)
No comments:
Post a Comment