Monday, December 31, 2007

အင်းစိန်ထောင်တွင်း နိုင်ငံရေးအကျဉ်းသားများသတင်း အကျဉ်းချုပ်

(၁) Talky ကျော်စိုး (ကိုကျော်စိုး)ကို (၂၇)ရက်နေ့ ညပိုင်းက သီးသန့်ဆောင်မှ ပင်မဆောင်သို့ ရွှေ့ပြောင်း၊ အဖမ်းခံရစဉ် ခေါင်းတွင် ထိခိုက်ဒဏ်ရာ ရရှိမှုကြောင့် အာရုံကြောထိခိုက်နေ၊ ကိုကျော်စိုး အပါအ၀င် ၆ဦးမှာ ပါဆယ်သာ ပေးနိုင်၊ ထောင်ဝင်စာ လူချင်းတွေခွင့်မရ။
(၂) ကိုမြင့်လွင်ဦး (ခ) သားကြီးကို (၂၆)ရက်နေ့ က ရုံးထုတ် ။
(၃) ငွေကြာယံကျောင်းတိုက်မှ ဆရာတော် ၅ ပါး (ဦးနန္ဓ၊ ဦးဇာနည်ရ၊ ဦးအဂ်ဂဓမ္မ၊ ဦးအိမ်သရိယ၊ ဦးလာသက) တို့ကို ပုဒ်မ - ၅၀၅/ခ ၊ ၂၉၅ ၊ ၁၄၃နှင့် တရားစွဲဆို။
(၄) ကိုကျော်စွာဌေး - ပုဒ်မ(၇)၊ ကိုထွန်းထွန်းနိုင် - ပုဒ်မ(၅၀၅)။
(၅) ကိုအောင်မင်းနိုင် - ရုံးချိန်းရက်ပေး၊ ရုံးမထုတ်သေး။
(၆) ကိုလှမျိုးနောင် - ပင်မဆောင် ဆေးရုံတွင်ရှိ၊ ကောင်းမွန်စွာ ဆေးကုသမှု ခံယူခွင့်မရရှိ။
(၇) ၂၆ - ရက်နေ့က ရှေ့နေချုပ်များ၊ တရားသူကြီးများ အစည်းအဝေးလုပ်၊ ဖမ်းဆီးထိန်းသိမ်းထားသူ အ တော်များများကို ရုံးမထုတ်ရန် ဆုံးဖြတ်။
(၈) ကိုမင်းကိုနိုင်၊ ကိုကိုကြီးနှင့် ကိုဌေးကြွယ်တို့၏ ဆုံးဖြတ်ချက် …
မိမိတို့ကို ထိန်းသိမ်းထားသည်မှာ (၄)လနှင့် (၈)ရက် (စုစုပေါင်း ရက်၁၃၀) ရှိပြီ။ မြန်မာနိုင်ငံ အပါအ၀င် နိုင်ငံတကာ ဥပဒေအရ ရက်ပေါင်း (၉၀) အတွင်း တရားစွဲဆိုရမည်ထက် ပိုမို ကျော်လွန်လာပြီ ဖြစ်သည်။
မိမိတို့ကို တရားမစွဲဆိုပါက မိမိတို့၏ မိသားစုများမှ န.အ.ဖကို ပြန်လည် တရားစွဲဆိုပါမည်။ မိမိတို့ကို တရားစွဲဆိုမည် ဆိုပါက ပြည်သူလူထု ရှေ့မှောက်တွင် စစ်မှန်၊ တရားနည်းလမ်းကျစွာ စစ်ဆေးပြီး ပြစ်ဒဏ် ချမှတ်ရမည်။ ထိုသို့မဟုတ်ဘဲ စစ်အစိုရထုံးစံ မမြင်ကွယ်ရာ ဆုံးဖြတ်ချက်ချပါက မိမိတို့ လုံးဝ လက်မှတ်ထိုး မည်မဟုတ်။
(၉) သီးသန့်ဆောင်နှင့် ပင်မဆောင်မှ နိုင်ငံရေး အကျဉ်းသားအားလုံး ရေချိုးချိန်မှလွဲလျှင် အပြင် (အဆောင် အပြင်) ထွက်ခွင့်မရ။
(၁၀) ခေါင်းဆောင်ပိုင်းမှ လွဲလျှင် ကျန်လူငယ်အများစုကို စစ်ကြောရေးစခန်းများတွင် ရိုက်နှက်ညှင်းပန်းမှု များရှိ။

No comments: