Friday, December 7, 2007

တော်လှန်သော ပြည်သူ့သူရဲကောင်းများ

တော်လှန်သော ပြည်သူ့သူရဲကောင်းများ
အောင်ဝေး

“သူရဲကောင်း”

‘သူရဲကောင်း’နှင့် ‘သူရဲကောင်းဝါဒ’ ဟူသော ဝေါဟာရ နှစ်ရပ်မှာ အဓိပါယ်မတူပါ။ တချို့က သူရဲကောင်းဝါဒကို မနှစ်သက်ကြပါ။ သူတို့က သူရဲကောင်းဝါဒသည် တကိုယ်ကောင်း ဆန်သည်။ တကိုယ်တော် စွန့်စားမှုဖြစ် သည်ဟု ဆိုပါသည်။ အချို့ကဆို သူရဲကောင်းဝါဒကို မိုက်ရူးရဲဆန်သည်ဟုပင် ဆိုပေသည်။ ဂျပန်သူရဲကောင်းဝါဒ ‘ဘူ ရှီဒို’ စိတ်ဓာတ်ကို သူတို့မကြိုက်ကြပါ။

သို့သော် ခြွင်းချက်တော့ ရှိပေမည်။ တိုင်းပြည်နှင့် လူမျိုးအတွက် အခြေအနေနှင့် အချိန်အခါကို လိုက်၍ အသက်စွန့် ကြိုးပမ်းရသော သူရဲကောင်းများ ရှိပါသည်။ သူတို့၏ လုပ်ရပ်သည် ကြောင်းကျိုး ဆီလျော်ပြီး ဆင်ခြင်တုံတရားနှင့်လည်း ကိုက်ညီနေသည်ကို တွေ့ရပေမည်။
မည်သို့ဖြစ်စေ သူရဲကောင်းဝါဒဟု ဆိုလိုက်လျှင် တချို့က ဂယက်အနက်ကို မကြိုက်ကြပါ။ Bad sense အ နက်ဆိုး ထွက်သည်ဟု ယူဆကြပါသည်။

သို့ရာတွင် ‘သူရဲကောင်း’ တွေကိုတော့ ပြည်သူတွေက နှစ်သက်ကြ ချစ်ကြပါသည်။ ထို့ကြောင့်ပင်လျှင် မြန် မာတိုင်း မြန်မာတိုင်း တွင်တွင် အော်ဆိုခဲ့ရသည့် ‘ဗိုလ်ချုပ်အောင်ဆန်း’ သီချင်းထဲတွင် … ‘ကျနော်တို့ မြန်မာပြည်ဝယ် … မိဘတိုင်းကကွယ် … ဗိုလ်အောင်ဆန်းလို … သူရဲကောင်းတွေ မွေးရမယ် …’ ဟူ၍ ထည့်သွင်း ရေးဖွဲ့ထားသည် မဟုတ်လား။

ယခုအချိန်မှာကား မြန်မာ့ဒီမိုကရေစီ တော်လှန်ရေးအတွက် ဗိုလ်ချုပ်အောင်ဆန်းလို၊ ဒေါ်အောင်ဆန်းစုကြည်လို သူရဲကောင်းတွေ အမြောက်အမြား လိုအပ်နေသော အခါသမယလည်း မဟုတ်ပါလား။

“ပြည်သူ့သူရဲကောင်း”

တော်လှန်ရေးများသည် သူရဲကောင်းများကို မွေးဖွားပေးပါသည်။

ဒုတိယကမ္ဘာစစ်ကြီးအတွင်းက ချက်နိုင်ငံ နာဇီဟစ်တလာ လက်အောက်သို့ ကျရောက်သွားစဉ်က ဖြစ် သည်။ နာဇီဖက်ဆစ်များကို ခုခံဆန့်ကျင်ကြသည့် ချက်အမျိုးသား လွတ်မြောက်ရေး တိုက်ပွဲကြီးတွင် သတင်းစာဆရာ ‘ဂျူးလိယက်ဖူးချစ်’ကို မွေးဖွားလိုက်ပါသည်။ ဖူးချစ်သည် နာဇီဂက်စတာပို အကျဉ်းထောင်ထဲတွင် လူမဆန်အောင် နှိပ်စက်ညှဉ်းပန်း ခံခဲ့ရပါသည်။

နာဇီစစ်ဗိုလ်က ဖူးချစ်ကို ဖြောင့်ချက်ပေးခိုင်းသည်။ ‘မင်းလိမ္မာစမ်းပါ၊ ခေါင်းမမာစမ်းပါနဲ့’ဟု ဆိုသည်။ ထိုအခါ ဖူးချစ်က …
‘ငါ့အဘိဓာန်ထဲမှာတော့ လိမ္မာခြင်းဆိုတာ သစ္စာဖောက်ခြင်းပဲ’ ဟူ၍ ပြန်ပက်လိုက်ပါသည်။
ဖူးချစ်ကို သူတို့ ကြိုးပေး သတ်လိုက်ကြပါသည်။ သို့သော် ချက်ပြည်သူတို့၏ နှလုံးသားထဲတွင် ဖူးချစ်မသေပါ။

အလားတူ ဗီယက်နမ် စစ်ပွဲကာလတုန်းက တောင်ဗီယက်နမ် နိုင်ငံတွင်လည်း သူရဲကောင်းတဦး ထွန်းကားခဲ့ ပါသည်။ သူကား ‘ငုယင်ဗန်ထရွိုင်း’ ပင်တည်း။ ဗန်ထရွိုင်းသည် စက်ရုံအလုပ်သမား တယောက်ဖြစ်သည်။ အမေရိကန် ကာကွယ်ရေးဝန်ကြီး မက်နာမားရားကို ဗုံးဖောက်ခွဲ သတ်ဖြတ်ရန် ကြံစည်မှုဖြင့် အဖမ်းခံ လိုက်ရသည်။

သူ့ကို ဆိုင်ဂုံ ရုပ်သေးအစိုးရက နှိပ်စက်ညှဉ်းပန်းသည်။ သူ့ဇနီး ဖန်သီကြူရင်နှင့် များပြီး ဖြောင့်ချက်ပေးခိုင်း သည်။ ဗန်ထရွိုင်းက မပေးပါ။ အသေခံသွားပါသည်။

ဗန်ထရွိုင်းကို သေဒဏ် စီရင်သည့်နေ့က သူ့ကိုသေနတ်နှင့် မပစ်ခင် သူ့မျက်လုံးတွေပေါ်က စည်းထားသော အ၀တ်စကို ဖယ်ပေးဖို့ အာဏာပိုင်များထံ တောင်းဆိုသည်။ ဗန်ထရွိုင်းသည် သူ့မြေကို မမှိတ်မသုန် ကြည့်ရင်း သေနတ်ပြောင်းတွေကို ရင်ကော့ စိန်ခေါ်လိုက်သည်။ သေနတ်သံတွေ ဆူညံစွာ ထွက်ပေါ်လာပြီး ယမ်းငွေ့တွေ ပြယ်မသွားခင် ဗန်ထရွိုင်းသည် ‘သမ္မတကြီး ဟိုချီမင်း အဓွန့်ရှည်ပါစေ’ဟု ကြွေးကြော် သွားခဲ့ပါသည်။ ထိုမြင်ကွင်းကို ကြည့်နေကြသော နိုင်ငံခြား သတင်းထောက်များ မျက်ရည်ဖြိုင်ဖြိုင်ကျ ငိုကြွေးခဲ့ကြပါသည်။

ဗီယက်နမ် စစ်ပွဲကြီးပြီး၍ နောင်နှစ်ပေါင်း အစိတ်ကျော်ကျော် ကြာသည့်အချိန်တွင် မက်နာမားရားက ‘ဗီ ယက်နမ် စစ်ပွဲမှာ အမေရိကန်တို့၏ အမှားဖြစ်ပါသည်’ဟု ၀န်ခံခဲ့ပါသည်။

ငုယင်ဗန်ထရွိုင်း မမှားပါ။ ပြည်သူ့ဘက်က ရပ်တည်သော သူရဲကောင်းများမှာ ဘယ်တော့မှ မမှားပါ။

“တော်လှန်သော ပြည်သူ့သူရဲကောင်း”

ယနေ့ ဗဟုဝါဒခေတ်၊ ဂလိုဘယ်လိုက်ဇေးရှင်း ခေတ်ကမ္ဘာကြီးတွင် အရှေ့ဖြစ်ဖြစ် အနောက်ဖြစ်ဖြစ် ဘယ်နိုင်ငံ ဘယ်လူမျိုးက ဖြစ်ဖြစ်၊ လူငယ်ထုကြီးသည် ‘ချေဂွေဗားရား’ ဆိုသော သူရဲကောင်းတယောက် အကြောင်းကို ကောင်းကောင်း သိကြပါသည်။ လေးစားမြတ်နိုး တန်ဖိုးထားကြပါသည်။

ထိုလူငယ်များသည် ချေဂွေဗားရားကို သိမီလိုက်ကြသူများ မဟုတ်ကြပါ။ သူတို့ ရှေ့အထက် မျိုးဆက်နှစ်ဆက် သို့မဟုတ် သုံးဆက်ကျော်က သူရဲကောင်းတယောက်ကို ယနေ့ခေတ် လူငယ်တွေက ဘာကြောင့် စွဲလန်း ဂုဏ် ယူကြတာပါလဲ။

ချေမှာ ၁၉၆၀ပြည့် တ၀ိုက်က ကျူးဘားလွတ်မြောက်ရေး၊ ဘိုလီးဗီးယား လွတ်မြောက်ရေး တိုက်ပွဲများတွင် ကိုယ်ကျိုးစွန့် တိုက်ပွဲဝင်ခဲ့သော အာဂျင်တီးနား နိုင်ငံသား ဆရာဝန်တဦး ဖြစ်သည်။ ၁၉၆၇တွင် ဘိုလီးဗီးယား စစ်အစိုးရတပ်က ချေကို ပစ်သတ် ဖမ်းဆီးခဲ့ကြပါသည်။

သို့ရာတွင် ချေသည် မသေပါ။ အာရှ၊ အာဖရိက၊ လက်တင်အမေရိက အမျိုးသားလွတ်မြောက်ရေး ပြောက် ကျားတိုက်ပွဲများတွင် ချေ၏ ၀ိညာဉ်က လမ်းပြနေခဲ့ပါသည်။

မနေ့တနေ့ကတော့ ဘိုလီးဗီးယားနိုင်ငံ ကျေးရွာတခုအနီးတွင် မြှုပ်နှံထားသော ချေဂွေဗားရား၏ အရိုးစုကို တွေ့ရှိတူးဖော်ပြီး ကက်စထရိုကိုယ်တိုင် ကျူးဘားနိုင်ငံမြို့တော် ဟာဗာနာတွင် မြှုပ်နှံ ဂုဏ်ပြုခဲ့ပါသည်။

ချေသည် ကွန်မြူနစ် တယောက်၊ ပြောက်ကျား တယောက်၊ နိုင်ငံတကာဝါဒီ တယောက်။

သို့သော် ယနေ့လူငယ်ထုက သူ့ကို လေးစားကြသည်မှာ ထိုအချက်များကြောင့် မဟုတ်။ လူငယ်တွေက ချေကို လေးစားသည်မှာ ချေ၏ ‘ကိုယ်ကျိုးစွန့် အနစ်နာခံမှု’ ကြောင့်သာ ဖြစ်သည်ဟု ဆိုပါသည်။

ယနေ့မြန်မာနိုင်ငံတွင် စစ်အာဏာရှင်စနစ်ကို ဖြုတ်ချရန် တော်လှန်သော ပြည်သူ့သူရဲကောင်းများ လိုအပ်နေပြီ ဖြစ်ပါကြောင်း။

အောင်ဝေး

3 comments:

Burmakin said...

Try to think economically.

Despite the fact that the birth of heroes are appreciated,those heroes also need to know Mathematics for calculating the profit margin and losses they have to pay.

For e.g,In one of Aung Thin's speeches,he asked youths in Burma need to do any job they get no matter that is paid well or not referring the socialist's phrase,"All jobs are honorable". Do you think a medical doctor's brain should be paid one US$ per month and every new medical doctor should serve the government in this way no matter they will pay as they like and they will post you anywhere they like?

No job in this world is honorable if you are not entitled to earn what you are worthy of.Heroism can be blamed as temerity if the so-called heroes just lose the investment and can't earn what they are worthy of.

The author has a honest good-will to see the new generation of heroes.But the heroes should know what should be their entitlements for their investments.Losing a million of heroes and nothing is got in return is a tremendous and non-replaceable loss to we people who are hoping the best earning from the heroes.

Remember a quote of Edmund Burke:
"I thought ten thousand swords must have leaped from their scabbards to avenge even a look that threatened her with insult. But the age of chivalry is gone" Be aware that this dark age of military brutalism was also guarded by very good political science brains from the military side. This is a new enemy with well-prepared strategies that we are facing.We also need wise strategies for our revolution.

Thanks,
Burmakin
http://www.burmakin.blogspot.com/

Ni Thit said...

ကို အောင်ဝေးရေ.......
ခင်ဗျားရဲ့  ဆောင်းပါးကို ဖတ်ရင်းနဲ့  ဟိုး တုန်း က ဆရာ (ကို)ကြည်အောင်ရေးခဲ့ တဲ့ ဒီ ကဗျာလေး ကို သွားသတိရမိပါတယ်ဗျာ၊ ဒါကြောင့် အခုပြန်ပြီးဝေမျှလိုက်ပါတယ်။ public ကိုpost မလုပ်လဲ ရပါတယ်။ ဆက်လုပ်ပါဗျာ..ထောက်ခံ အားပေးလျှက်ပါ။
လေးစါးစွါဖြင့်......ဏီသစ်




မျိုးချစ်သူရဲကောင်း
(ကြည်အောင်)

ကမ ၻာလူထု၊ အေလးၿပဳၿပီ
အို…..ငုယင်ဗန်ထရွိုင်း
သမိုင်းတွင်ရစ်၊ကျောက် ဆစ်စာကြောင်း
မျိုးချစ်ဗီယက်နမ် သူရဲကောင်း။

တကမ္ဘာလုံး၊ ကြွက်ကြွက်ဆုံးမျှ
မဆုံနှစ်ပေါင်း၊ သင့်အကြောင်းကို
ပြန်ပြောင်းပြောရစ်၊ တွင်မည်တကား။

တိုင်းပြည်မငဲ့၊ သစ္စာမဲ့သည့်
နယ်ချဲ့ စေပါး၊ စစ်ကြေးစားတို့ 
သင်အား ဖမ်းဆီးကြလေပြီ။

ဖမ်းကြခြင်းသည်
သင့်ပြည်သူကို သင်က ချစ်သောကြောင့်။
အသားထဲကလောက်၊ သစ္စာဖေါက်တို့ 
အော်…….ငေါက်သင့်အား ညှဉ်းကြပြီ။

ညှဉ်းကြခြင်းသည်
သင်ပြည်သူဘက်မှ သင်ကရပ်သောကြောင့်။

အာရှမြေ ၌
အမေရိကန်၊ စစ်ဖောက်ပြန် တို့ 
စစ်ရန်မီးမွှေး၊ စစ်သံပေးကာ
စစ်သွေးမာန်ပြ နယ်ချဲ ရမ်း။

နယ်ချဲ ရှူးတိုက်၊ မြင်တိုင်းတိုက်သည့်
ခွေးမိုက်ဗိုလ်ချုပ် ငုယင်ခန်း။
အာဏာမူးယစ်၊ စစ်ဖက်ဆစ်တို့ 
မျိုးချစ်များကိုသတ်သော်လည်း။


မျိုးချစ်မသေ၊ သေလည်းဂုဏ်ယူ
သရဖူဖြင့်
ပြည်သူဂုဏ်ပြုပါလိမ့်မည်။

သင့်မျက်နှာထက်
နက်သောအ၀တ်၊ စည်းနှောင်ပတ်ကာ
လူသတ်ကုန်းသို့  ထုတ်လာစဉ်။

သင့်ပြည်သူတို့ 
ကြည်ဖြူလေးမြတ်၊ဆံခင်းညွတ်ကာ
ရင်ဘတ်စည်တီးငို ကြ၏ ။
အငိုလည်းရပ်၊ သံစိတ်ဓာတ်ဖြင့်
ဦးမတ်တဖန် ထောင်လာ၏ ။

စစ်ဖေါက်ပြန်ကို
တော်လှန်ပုန်းစား၊ ဓားကိုဓားနှင့်
သင်ကားနည်းပြ၊ ပြည်ကြွပြီ
ဟုန်းထနေသော ခွန်အားများ ။
ဟုန်းထနေသော ခွန်အားများ ။
ဟုန်းထနေသော ခွန်အားများ ။

မတုန်မရီ သင်တေးသီသည်
“ဟိုချီမင်းတို့  အောင်ပွဲ ခံ”
ရဲ ၀ံ့ လှစွာ၊ သင်ဆိုရာကား
“သစ္စာဖေါက်တို့  ရှုံးမည်အမှန်”

ငါ၏လင်္ကာ၊ သ၀ဏ်လွှာဖြင့်
သစ္စာမြွတ်ကြား၊ သင့်စကားကို
ကျောက်သားထွင်းထုလိုက်ပါသတည်း။

အို…..ငုယင်ဗန်ထရွိုင်း
သမိုင်းတခေတ်၊ စာတွင်ရစ်ပြီ
“ဖူးချစ်” “ဂျ မီလာ”
“လုမွန် ဘာ့” “ရို ဇင်ဘတ်”
သတ်လည်းမသေ
သေလည်း သက်ရှိ၊ တည်တံ့ ဘိ သည်
အသိသက်သေ၊ ကမ္ဘာမြေ က
မျက်ရည်ယိုကျ၊ ပြလိမ့်တကား ။

ရန်ကုန်
၁၉၆၅ ဖေဖ၀ါရီ ၂၃။
(ဒုဋ္ဌ၀တီ မှ ဧရာဝတီ သို့  ကဗျာများမှ)

CYNEX said...

Thanks for the article. You can watch
Nguyen Van Troi execution video in youtube.