Saturday, December 1, 2007

အောင်ပွဲဆီသို့ …

အောင်ပွဲဆီသို့ …
ဒေါက်တာလွဏ်းဆွေ

အခြေအနေကတော့
ခွေးဝဲစား နအဖအပေါ်
အိမ်နီးချင်းကောင်း ပီသလွန်းနေတဲ့
အာဆီယံနဲ့ တရုတ်ကို
‘ငါ’ နဲ့ပဲ ကိုင်တုတ်ရတော့မလို။

အာဆီယံဆိုတဲ့အတိုင်း
ခွေးဝဲစား အရိုင်းအစိုင်း အယုတ်တမာကို
‘အာ’တွေနဲ့ ‘စီ’ညံပြီး ၀န်း‘ရံ’ပေးခဲ့
(၀ဲကူးချင်လို့ ထင်ပါရဲ့)
တော်သေးတယ်ကွဲ့
အာရိုယို ကယ်ပေလို့
နို့မို့ဆို
အဲဒီ ‘ငါ…’တွေနဲ့တော့
ငါတို့တိုင်းပြည်
သူဋ္ဌေးအိမ်တွေကြား
တဲစုတ်ဖွတ်ကျားဘ၀နဲ့ပဲ
ရေစုန်မျောရလိမ့်မယ်ကွဲ့။

ဖြစ်နိုင်ရင်
အိမ်နီးချင်း ဘယ်‘ငါ…’ကိုမှ
အားမကိုးကြပါနဲ့
အောင်ပွဲဟာ
တိုက်ရဲတဲ့ ငါတို့လက်ထဲမှာပဲ ရှိတယ်ကွဲ့
ငါတို့ ကြမ္မာကို ငါတို့ပဲ ဖန်တီးဖို့ လိုတယ်ကွဲ့။

ဆင့်ဟိုဒင်း ခွေးမျှော်ဝါဒနဲ့
ဆက်မချီတက်ကြပါနဲ့
ဗီယက်နမ် လွတ်မြောက်ရေး
ဗီယက်နမ်ပြည်သူတွေပဲ
တိုက်ပွဲဝင်ခဲ့ရတာကွဲ့
အားကျအတုယူကြစမ်းပါကွဲ့။

ကုလသမဂ္ဂမှာ လက်တဖြန့်ဖြန့်
ဟိုလူ့ဆီလက်ဖြန့် ဒီလူ့ဆီလက်ဖြန့်
လည်တဆန့်ဆန့်
သွားလုပ်မနေကြစမ်းပါနဲ့
ရှက်စရာ ကောင်းလွန်းလှတယ်ကွဲ့
(ငါတို့တတွေဟာ သူတောင်းစားမျိုးနွယ်စုက
ဆင်းသက်လာကြသူတွေ မဟုတ်ဘူးကွဲ့)
တိုက်ပွဲက ပြည်တွင်းထဲမှာပဲ ရှိတာကွဲ့
ပြည်တွင်းထဲက သူရဲကောင်းတွေနဲ့ပဲ
ချိတ်ဆက် တိုက်ပွဲဝင်ကြရမယ်ကွဲ့။

ဘန်ကီမွန်းလည်း စိတ်ညစ်တာကလွဲ
ဂမ်ဘာရီလည်း စိတ်မကောင်းတာကလွဲ
ပီညဲရိုးလည်း စိတ်ပျက်တာကလွဲ
ဘာများ တတ်နိုင်လို့လဲကွဲ့။

ဘယ်စစ်အာဏာရှင် ခွေးသူခိုးမဆို
ပြည်သူကလွဲ ဘာကိုမှ ကြောက်တာ မဟုတ်ဘူးကွဲ့
ပြည်သူတွေသာ တော်လှန်ရေးရဲ့ အား
ပြည်သူတွေသာ တော်လှန်ရေးရဲ့ ဓား
ပြည်သူ့အင်အားကို ကိုင်စွဲ
လူထုတိုက်ပွဲနဲ့ပဲ စစ်ခွေးတွေကို မောင်းထုတ်ကြစို့ရဲ့။ ။

ဒေါက်တာလွဏ်းဆွေ

6 comments:

Unknown said...

very good

Thiha Kyaw Zaw said...

"ဖြစ်နိုင်ရင်
အိမ်နီးချင်း ဘယ်‘ငါ…’ကိုမှ
အားမကိုးကြပါနဲ့
အောင်ပွဲဟာ
တိုက်ရဲတဲ့ ငါတို့လက်ထဲမှာပဲ ရှိတယ်ကွဲ့
ငါတို့ ကြမ္မာကို ငါတို့ပဲ ဖန်တီးဖို့ လိုတယ်ကွဲ့။

ဆင့်ဟိုဒင်း ခွေးမျှော်ဝါဒနဲ့
ဆက်မချီတက်ကြပါနဲ့
ဗီယက်နမ် လွတ်မြောက်ရေး
ဗီယက်နမ်ပြည်သူတွေပဲ
တိုက်ပွဲဝင်ခဲ့ရတာကွဲ့
အားကျအတုယူကြစမ်းပါကွဲ့။

ကုလသမဂ္ဂမှာ လက်တဖြန့်ဖြန့်
ဟိုလူ့ဆီလက်ဖြန့် ဒီလူ့ဆီလက်ဖြန့်
လည်တဆန့်ဆန့်
သွားလုပ်မနေကြစမ်းပါနဲ့
ရှက်စရာ ကောင်းလွန်းလှတယ်ကွဲ့
(ငါတို့တတွေဟာ သူတောင်းစားမျိုးနွယ်စုက
ဆင်းသက်လာကြသူတွေ မဟုတ်ဘူးကွဲ့)
တိုက်ပွဲက ပြည်တွင်းထဲမှာပဲ ရှိတာကွဲ့
ပြည်တွင်းထဲက သူရဲကောင်းတွေနဲ့ပဲ
ချိတ်ဆက် တိုက်ပွဲဝင်ကြရမယ်ကွဲ့"

အရမ်းကိုသဘောကျတယ်..
ဒါမျိုးများများလေးရေးပါဗျာ...

Kyaw Zin said...

လူရပ်း မို့အားမနာတမ်း စေဖန်ရရပ် ကွဲ့ (KWE ရေးမရလို့)
တွေများနေတယ်။

Kyaw Zin said...
This comment has been removed by the author.
Kyaw Zin said...
This comment has been removed by the author.
Nwe Oo said...

Thank you Dr Lun Swe. This poem reflects how our people feel while our 'neighbours' turn blind eye on brutal violation of human rights in our country. I hope our nation becomes the second democratic country in South East Asia region, after Phillipines. My only question is how I can support this movement when I live abroad? I also feel only minority of Burmese people living abroad are into it. How can we promote awareness within Burmese community abroad?