Sunday, November 25, 2007

အနီအကြောက်နှင့် အနောက်အကြည်

အနီအကြောက်နှင့် အနောက်အကြည်
တုတ်ကြီး (ခေတ္တ တာဝတိံသာ)

ဆန္ဒစွဲမပါ စိတ်ကူးယဉ်မှု ကင်းကင်း တွေးကြပါစို့…။
ကျနော်ပြောတဲ့ ဒေါ်အောင်ဆန်းစုကြည် ခမျာမှာလည်း စိတ်ဓာတ်ကလွဲလို့ လူကအိုနေပါပြီ ဆိုတာ အမှန်ဆိုတာ ကျနော်တို့အားလုံး သိကြပါတယ် …ဒါနဲ့ပတ်သက်ပြီး ကျနော့်ကို ကွန်မြူနစ်လားလို့ မေးတဲ့ သူကိုလည်း စိတ်ပျက်လက်ပျက် ပြန်ပြောလိုက်ပါရစေ။ ကျနော့်ကို သိပ်အထင်မကြီးပါနဲ့လို့။

ကွန်မြူနစ်တယောက် ဖြစ်နိုင်လောက်တဲ့ စွန့်လွှတ်မှု၊ အနစ်နာခံမှု၊ဇွဲရှိမှု၊ ပြတ်သားရဲရင့်မှု၊ တွေးခေါ်တတ်မှုတွေ ကျနော့်မှာ မရှိသေးပါဘူးလို့ ဆိုတာနဲ့ ခုလို အထင်တကြီး တံဆိပ်ကပ်ပေးတဲ့ အတွက်လည်း စိတ်ထဲက ကြိတ်ပြီး ကျေးဇူးတင်မိကြောင်းပါ။

တကယ်တော့ န.အ.ဖ နဲ့ ရာခိုင်နှုန်းတူတူ ကွန်မြူနစ်ကြောက်တဲ့ ရောဂါတွေကို တိုင်းဖို့ ပြဒါးတိုင်ကြီးကြီး လိုနေတာ ကြာနေပြီ ဖြစ်ပါတယ်။ အဲဒီအဖျား အ၀င်မခံချင်ရင်တော့ စာများများ ဖတ်ကြပါ ပါးစပ်ပြောပြောပြီး တိုင်းပြည်ချစ်ပြတာထက် လက်တွေ့ အနစ်နာခံ လုပ်ကြပါ၊ အခွင့်အရေးတခုကို အသိစိတ်နဲ့ ငြင်းနိုင်တဲ့ စိတ်တွေ မွေးနိုင်အောင် ကြိုးစားကြပါ။

လမ်းပေါ် ဖြတ်လျှောက်သွားရင်း ရှေ့က အသက်ကြီးကြီး အဘွားကြီးတယောက် ဂျိုင်းကြားက ပိုက်ဆံအိပ် ကျခဲ့တာကို ဘေးလူတွေ တယောက်မှ မရှိတုန်း အသာလေး ကောက်ပြီး ဖွင့်ကြည့် ပိုက်ဆံတွေရှိနေရင် ပြန်မပေးဘဲ ဖြေးဖြေးလေး တခြားလမ်းထဲ သူခိုးချွတ်နင်းသလို ကွေ့ပြီး ရှောင်သွားရင်း အိုကြီးအိုမ ပိုက်ဆံအိတ်လေး ပြန်မပေးဘဲ ယူချင်တတ်တာနဲ့တူတဲ့ စိတ်ဓာတ် ကလေးတွေကို နှိမ်နင်းပါ။ ခုလို ပြန်ပြီး ပြောပြတာလည်း အသိအမှတ်ပြုလို့ ပြန်လည် ရှင်းလင်းပြောပြခြင်းပါ။ တုတ်ကြီးက ဆန်သာမရှိတာ အစားကလည်း ကြီးချင်တဲ့ ကောင်တယောက်ဆိုတော့ တော်ယုံကိုတော့ ရှင်းလင်းပြောပြစရာ မဟုတ်လောက်ဘူးဆိုတဲ့ ဆုံးဖြတ်ချက်နဲ့ ပုတီးစိတ် မပျက်ပါဘူး။ ဆိုချင်တာက ခေါင်းထောင် မကြည့်ဘူးပေါ့ဗျာ။ အိပ်ရေးပျက် အာရုံပျက်လို့။

အခုလည်း တခုတင်ပြီး ပြောချင်ပါတယ်။ ကဲ … အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည် မရှိခဲ့ရင် မင်းကိုနိုင်တို့လို လူတွေလည်း ကုန်သလောက် ဆွဲစိခံနေရချိန်၊ အောင်နိုင်ဦးတို့၊ တင်မောင်သန်းတို့၊ အေးလွင်တို့လို ကောင်တွေကလည်း ဂျိုးပြောမိုးပြော ပြောနေချိန်။ န.အ.ဖကလည်း နည်းမျိုးစုံနဲ့ တိုင်းပြည်ချစ်စိတ်နဲ့ ဒီမိုကရေစီ လိုလားစိတ်ကို အပြုတ်တိုက်ပြီး သူတို့ န.အ.ဖ လမ်းပြမြေပုံကို အသက်သွင်းနေချိန်။ ကဲ…ဘာလုပ်ကြမလဲ…။

အမေရိကန်ဘွဲ့တွေ၊ အင်္ဂလန်ဘွဲ့တွေနဲ့ ဒေစီခေမာစာရီ ၊ ပီတာပဏ္ဍိတတွေ များမှများတာလည်း တုတ်ကြီးသိတယ်။ လေးလည်း အသေအလဲ ပေါက်ပန်းလေးဆယ်ကို လေးစားတယ်။ ဒါပေမယ့် နိုင်ငံတကာ အစိုးရအသိုင်းအ၀ိုင်းတွေက ပြည်တွင်းပြည်သူတွေရဲ့ အခြေအနေကို မသိဘဲ သူတို့လိုချင်တဲ့ မြင်ချင်တဲ့ လမ်းပေါ်ကိုတင်ဖို့ ပြောနေဆိုနေတာကို တချိန်က ငပိကို အားပါးတရ လက်နဲ့ ထမင်းကြမ်း အပုံလိုက်ကြီး ၀ါးတတ်တဲ့ သူတွေက သံယောင်လိုက်ပြီး တွေ့ဆုံဆွေးနွေးရေးလမ်းကြောင်း အတုကြီးကို ချီးမြှောက်ပြီး လမ်းပြမြေပုံကြီးကို ယောင်ယမ်းကိုင်လို့ ချေးခြောက် ကောက်စားနေတာတွေ ရှိနေကြတဲ့အချိန်မှာ ကဲ… တိုင်းပြည်ချစ်သူများ တွေးကြ။

နောက်တော့ အမြန်အာရေး ကျွမ်းကျင်သူများ.. ခင်ဗျားတို့လည်း Political theorists တွေ၊ နိုင်ငံရေး သူ့ထမီကြီး (သုခမိန်မဟုတ်ပါ) တွေယောင်ယောင် ဘာယောင်ယောင် ခင်ဗျားတို့ကိုယ်မင်းတို့ စိတ်ကြီးတွေဝင်ပြီး လူတတ်ကြီးတွေလုပ် ပြည်သူကို ဒူးထောက်အညံ့ခံ သားသတ်ရုံဘေးက သိုးငယ်လေးတွေ စိတ်ထားမျိုးတွေ ဖြစ်အောင် ရေဒီယိုတွေကနေ ဖျက်ဆီးနေတာ ပြန်စဉ်းစားကြတော့…။ ခင်ဗျားတို့ ရှက်တတ်ရင် လဲသေသင့်ပြီ။ ခုလောက် ပြောရတာလဲ။ အစက ပုဂ္ဂိုလ်ရေး သံယောဇဉ်လေးတွေကြောင့် နာမည်တွေ တပ်မပြောခဲ့ဘူး အကြမ်းဖျင်းပဲ သတိပေးစကားတွေ ပြောခဲ့တယ်။

အားလုံးဟာ တဦးချင်းအလိုက် လေ့လာရေး တည်ဆောက်ရေးနဲ့ အားဖြည့် ခိုင်မာရေးတွေကို ပိုင်းဖြတ်ချက်ရှိရှိ လုပ်ကြပြီးတော့ ပန်းတိုင်ကို အပျောက်မခံဘဲ ဟိုအပင် ဒီအပင်ကူးပါလို့ မျောက်ကြီး ဖင်ခေါင်းကျယ်တွေ မလုပ်ဘဲ စိုက်လိုက်မတ်တပ် လုပ်သွားဖို့ အင်မတန်ကို လိုအပ်တဲ့ အချိန်တခု ဖြစ်ကြောင်း ခပ်တိုတိုပဲပြောရင်း အခါးရေလေးတအိုး ကြိုလိုက်ပါဦးမယ်ခင်ဗျား…။

တုတ်ကြီး (ခေတ္တ တာဝတိံသာ)

7 comments:

boke said...

I don't care about your ကွန်မြူနစ် opinion.I just told about your comment upon DASSK as OLD and LADY.Do you think that is she out of date? your fathers, than shwe and Ne Win,who are in 80s can control the corrupted politics and the people to be blind through their wicked talent.For the case of DASSK, she possesses clear mind, enough bravery to do justice and to face the wicked cronies, for the sake of you, understand? you must know that she is mature enough what she has to do for you. be quiet and bless her and hope for the better future through her perseverance for our country.

Thiha Kyaw Zaw said...

စိတ်ဓာတ်ကလွဲလို့ လူကအိုနေပါပြီဆိုတာလောက်
ရှင်းတဲ့မြန်မာစကားလဲမရှိတော့ဘူး၊
ကိုယ့်လူမြန်မာစကားပြန်လေ့လာဖို့လိုပြီနဲ့တူတယ်။
အသက်60ကျော်လူတစ်ယောက်ကိုနုတုန်း၊
သန်တုန်းမြန်တုန်း၊တက်ကြွဆဲအရွယ်လို့
ကိုယ့်လူကသတ်မှတ်ချင်လို့လား။
စိတ်ဓာတ်ကနုတုန်း၊သန်တုန်းမြန်တုန်း၊
တက်ကြွဆဲဟုတ်ချင်ဟုတ်မယ်၊
ဇရာကတော့ထောင်းနေပြီ။
ဒေါ်အောင်ဆန်းစုကြည်ရဲ့သက်တန်းကို
အသက်80သက်မှတ်ရင်နောက်15နှစ်ကျော်ကျော်ဘဲ
ဒေါ်အောင်ဆန်းစုကြည်အသက်ရှင်နေနိုင်တော့မှာ၊
ဒီအချိန်အတွင်းဒီမိုကရေစီရအောင်
ဘယ်လိုလုပ်မလဲ။5နှစ်အတွင်းဒီမိုကရေစီရရင်တောင်
10နှစ်အတွင်းတိုင်းပြည်တစ်ခု၊စနစ်တစ်ခု
အထိုင်ကျအောင်တည်ဆောက်ဖို့မလွယ်ဘူး။
လုပ်စရာတွေကအများကြီး။ ဒီကြားထဲ
ဒေါ်အောင်ဆန်းစုကြည်သေသွားရင်ရော၊
ဒါမှမဟုတ်လုပ်ကြံခံလိုက်ရရင်ရော..
ဒါကိုမေ့လျော့မထားသင့်ဘူး။
နောက်တစ်ခုကကိုယ့်လူဘာကြောင့် out of date
ဆိုတဲ့စကားလုံးသုံးလဲဆိုတာမရှင်းဘူး။
Old or agedအဓိပ္ပါယ်နဲ့
out of dateအဓိပ္ပါယ်နဲ့လုံးဝမတူပါဘူး။
out of dateလို့အဓိပ္ပါယ်ထွက်တဲ့ခောတ်မမှီတော့ဘူး၊
ဒီနေ့နိုင်ငံရေးနဲ့အံ့မဝင်တော့ဘူး၊
အသုံးမဝင်တော့ဘူး ဆိုတဲ့အသုံးအနှုန်းလဲမမြင်မိဘူး။
နောက်ဆုံးပြောချင်တာကဒေါ်အောင်ဆန်းစုကြည်
ကိုခင်ဗျားမှမဟုတ်ဘူးကျတော်လဲလေးစားပါတယ်၊
ဒါပေမယ့်ပုဂ္ပိုလ်ရေးအရမကိုးကွယ်ကြပါနဲ့လို့
ပြောချင်တယ်။

boke said...

don't limit the truth. just limit your life by yourself through your limited knowledge.

boke said...

နိုင်ငံရေးစေတနာရှိတယ်ဆိုရင်လဲ တဲ့တဲ့ပြော တဲ့တဲ့ရေး တဲ့တဲ့ကိုယ့်ကိုကိုဖော် ပြလေ။ စေတနာအရင်းခံနဲ့ပေါ့။ ဒီ blog တွေထဲလာနေကြတာ ဘယ်သူမှလဲ identity ကိုစိတ်မဝင်စားကြပါဘူး (ဟိုကောင်တွေကလွဲရင်ပေါ့)။ အခုတော့ နိုင်ငံရေးသမိုင်းကြောင်းတွေ အဖြစ်အပျက်တွေ ဒိုင်တွေကို သိပ်မသိသေးဘဲ စိတ်ဝင်တစားနဲ့ လာကြည့် လာမှတ်ကြတဲ့ innocent တွေကို တာဝတိန်သာ address ယူထားတဲ့နတ်ဆိုတဲ့ဟာက မရှင်းမလင်း သွယ်သွယ်ဝိုက်ဝိုက် အနှောင့်မလွတ်တလွတ် အရာတွေ နဲူ့ပြောပြောနေတာ ဘယ်မှာစေတနာမှန် လို့လဲ။ DASSKကို ontological hope အဖြစ် စွဲမှတ်ထားနေကြတဲ့သူလေး တွေရဲ့အာရုံကို ပြောင်းသွားအောင် ပေါ့သွားအောင် ပျောက်သွားအောင် လုပ် နေတာ။ DASSK မှိန်သွားရင်နိုင်ငံရေးစိတ်ဝင်စားမှုအရှိန်လဲ ရော့သွားနိုင်တယ် ဆိုတာ သိနေတယ်နဲ့တူတယ်။

moehtet said...

"DASSKကို ontological hope အဖြစ် စွဲမှတ်ထားနေကြတဲ့သူလေး တွေရဲ့အာရုံကို ပြောင်းသွားအောင် ပေါ့သွားအောင် ပျောက်သွားအောင် လုပ် နေတာ။ DASSK မှိန်သွားရင်နိုင်ငံရေးစိတ်ဝင်စားမှုအရှိန်လဲ ရော့သွားနိုင်တယ် ဆိုတာ သိနေတယ်နဲ့တူတယ်။"
အဲဒီအချက်ကို ထောက်ခံပါတယ်။ ဒါပေမဲ့ ဒါကအမှန်တရား မဟုတ်ဘူးလို့ ထင်ပါတယ်။ အဲလို မဖြစ်အောင်ကျနော်တို့ တတ်နိုင်သလောက်ကြိုးစားဖို့ လို မယ်ထင်ပါတယ်။ အန်တီစု ကို ဝန်းရံရင် ဘာတွေထပ်လုပ်ပေးနိုင် မလဲဆိုတာ သိအောင်လုပ်ပေးဖို့ 
တာဝန်ရှိပါတယ်။ မြေဂမူ တစ်ခုဖြိုတယ် ဆိုတာ တစ်နေရာထဲက ဖြိုတာထက် ဘက်ပေါင်းစုံက ဖြိုရင် မြန်မြန်ပြိုမယ်ထင်ပါတယ်။ အန်တီစု မေးမိန်သွားတာနဲ့ နိုင်ငံရေး စိတ်ဝင်စားမှုနည်းပါးသွားမယ်ဆိုတာကို လက်ပိုက်ကြည့်နေလို့ မရပါဘူး။
အဲဒီ အတွေးအခေါ် ကို ပြုပြင်ပေးဖို့ လို ပါတယ်။ ပုဂ္ဂိုလ်စွဲတွေ ကြောင့် သာ ဆို ဗိုလ်ချုပ် ကျဆုံးသွား တဲ့ အချိန်မှာ ကျနော်တို့ လွတ်လပ်ရေး ရခဲ့မှာမဟုတ်ပါဘူး။

Anonymous said...

ကျွန်မ လင်းလက်ကြယ်စင်ရဲ့ အမြင်လေးကို တင်ပြချင်ပါတယ်။

ဒီစာရေးသူဆိုလိုတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို စိတ်ဓါတ်နုပေမယ့် လူကအိုနေပြီဆိုတဲ့ အဓိပ္ပါယ်ကို ကျွန်မနားလည်ပုံက

၁) စာရေးသူ ကိုတုတ်ဆိုသော လူက ဒေါ်စုကို မလေးစား မထောက်ခံ မအားပေးလို့ ရေးတယ်လို့ မယူဆမိပါဘူး ။ ကျွန်မကိုယ်တိုင် ဒေါ်စုကို အမေတစ်ယောက်လို ချစ်တာပါ ။ ဒေါ်စုရဲ့အသက်က လွန်ခဲ့တဲ့နှစ် ၂၀လောက်ကနဲ့ယှဉ်ရင် အချိန်တွေအများကြီးကို အကျယ်ချုပ်ဘ၀နဲ့ ဖြတ်သန်းနေခဲ့ရပါတယ် .. ။ အဲဒီအတွက် ကိုတုတ်ဆိုသောသူက ကျွန်မ အမြင်မှာ ဒေါ်စုအပြင် ဒေါ်စုလို ခေါင်းဆောင်သစ်တွေကို ကြိုဆိုချင် ၊ ဖြစ်စေချင်ပုံရပါတယ် ။ ဒါက သူက တိုင်းပြည်ရဲ့ နောက်နှစ်ပေါင်းများစွာကို သွားကြည့်ပြီး လေးလေးနက်နက်ပြောတယ်လို့ မြင်မိပါတယ်။

၂) ဒေါ်အောင်ဆန်းစုကြည်က တိုငးပြည်အတွက် တကယ့်ကယ်တင်ရှင်ပါ ။ ဒေါ်စုတစ်ယောက်တည်းကို မျှော်ကိုးထိုင်စောင့်နေရုံနဲ့ မပြီးသေးဘူးလို့လည်း မြင်မိပါတယ်။

၃) အသက်ကြီးတယ်လို့ပြောလိုက်တာက out of date လို့ ဆိုလိုတယ်လို့ မမြင်မိပါဘူး။ ဘေးဖယ်လိုက်တဲ့ သဘောလည်း မဟုတ်ပါဘူး။ အရှိကို အရှိအတိုင်းတင်ပြလိုက်တာပါ။


၎) ရှုပ်ထွေးလွန်းလှတဲ့ အယောင်ဆောင် နိုင်ငံရေးသမားအချို့ကို သတိပေးထားတယ်လို့လဲ မြင်မိပါတယ်။

ကျွန်မ မြင်မိတာတွေအတွက် ကောင်းကောင်းမွန်မွန် ပြောမယ်လို့ မျှော်လင့်မိပါတယ်။

လေးစားလျက်

လင်းလက်ကြယ်စင်

Thiha Kyaw Zaw said...

ခင်ဗျားကဒေါ်အောင်ဆန်းစုကြည်
ဘယ်လောက်ကောင်းကြောင်း
တော်ကြောင်းလေးပြော၊
လူတိုင်းကလေးစားရတယ့်
ဒေါ်အောင်ဆန်းစုကြည်ကို
ဆောင်းပါးရှင်ဟာပုတ်ခတ်နေပါပြီဆိုပြီး
စာဖတ်သူတွေဝေဝေဝါးဝါးဖြစ်အောင်
ဟော့ဒီ
"I just told about your comment upon
DASSK as OLD and LADY.Do you think
that is she out of date?"
Own Tune နဲ့ထောင်ခြောက်ဆင်
စသည်ဖြင့် half truthလေးတွေဖန်တီးပြီး
ဆောင်းပါးထက်လူကိုတိုက်ခိုက်ဖို့ ၊
အပုတ်ချဖို့ ကြိုးစားနေတယ် လို့မြင်တယ်။
နောက်ဆုံးဆောင်ပါးရှင်ဘယ်သူလဲဆိုတာ
သိချင်လွန်းလှလို့ညာတာပါးတေးနဲ့
ဗြောင်ဖွင့်မေးရတဲ့အခန်းကလဲ
သိတ်မနိတ်လှပါဘူး၊